Tuesday, June 2, 2009

နောင် အနှစ် ၂၀

မမဝါဝါ တက်စ်ထားတဲ့ ဒီတက်စ်ပို့စ်လေးကို ကျတော်ရေးဖို့ တော်တော် အားယူရတယ်။ တက်စ်ပိုစ်ဆို တော်တော်များများ ကျတော်ရေးပါတယ်။ မရေးတာဆိုလို့ ညီငယ်တောင်ပေါ်သား (အခုတော့လဲ တောင်ပေါ်သားမဟုတ်တော့ဘူးရယ်လို့ ဂျီတော့မှာအော်ထားသဗျ) တက်စ်တဲ့ အချစ်အကြောင်းတက်စ်ပို့ တစ်ခုပဲ ရှိမယ်ထင်ပါတယ်။ အဲဒီတုန်းက ကျတော့ ဟတ်အခြေအနေမကောင်းလို့ မရေးတာပါ။ ချစ်လို့ ခင်လို့ တက်စ်တာကို ရေးပါတယ်ဗျာ။
.
နောင်အနှစ် ၂၀ ကျတော် ဘာဖြစ်မလဲ။ ကျတော်ကိုယ်တိုင် မတွေးချင်ဘူး။ ဘာလို့ဆို အနာဂတ်ဆိုတာ ကြိုမမြင်ရလို့ပါ။ ကျတော်ကတော့ ကျတော့ road map ကို ရေတို ၁နှစ် ၂နှစ်လောက်ပဲချလေ့ရှိတယ်။

နောင်အနှစ် ၂၀…
Option 1
ကျတော်ဖွင့်ချင်တဲ့ (သူမဝါသနာပါတဲ့) ဆော့ဝဲလ်ဆိုင်၊ကွန်ပျူတာဆိုင်လေး တစ်ခု ဖွင့်ဖြစ်မယ်ထင်တယ်။ သူမက electrical နဲ့ကျောင်းပီတာလေ။ ကျတော်က စက်မှုနဲ့ပီးတာဆိုပေမဲ့ ဒီလိုင်းမှာ သူမနဲ့ကျတော် ဝါသနာချင်းတူတယ်။ m81 multimedia ဆိုတဲ့ နာမည်နဲ့ ဖြစ်မယ်ထင်ပါတယ်။ ရန်ကုန် ဒါမှမဟုတ် နေပြည်တော် ဒါမှမဟုတ် ပဲခူးမှာပေါ့။ သုံးခုလုံးမှာလဲ ဆိုင်ခွဲလေးတွေ ဖွင့်ဖြစ်ချင်ဖြစ်မှာပေါ့။

Option 2
ပါကြီး(ကျတော့်ဖေဖေ) ရဲ့ လက်ရှိအလုပ်ဖြစ်တဲ့ ကားလုပ်ငန်းကို ဆက်ဦးစီးဖြစ်မလားမသိ။ “အမေ့သား” ဆိုတဲ့ ကုန်တင်ကားတွေ ရန်ကုန်-မန်းလေး အဝေးပြေးလမ်းတစ်လျှောက် မြင်ရအုံးမလားမသိ။ ကျတော်က စက်မှု အင်ဂျင်နီယာတစ်ယောက်ပေမဲ့ ရဲအရာရှိဟောင်း ဖေဖေလောက် ကားတွေ၊ ဒရိုင်ဘာတွေ၊ စပယ်ယာတွေ ကို အုပ်ချုပ်နိုင်ပါ့မလားမသိ။ ပါးကြီးက ကျတော့ထက် ကားအကြောင်းကို ခေ၇စေ့တွင်းကျသိတယ်လေ။ ပါးကြီးဆီကနေ သင်ယူရမှာပါပဲ။

Option 3
ဒါမှမဟုတ် အားလုံးကို အဆက်ဖြတ်ပီး ဘုန်းကြီး ပဲဖြစ်နေမလားမသိ။ ပဲခူးအောင်သုခ ဆရာတော် ဘုရားကြီး ဥူးစန္ဒိမ ရဲ့ အဆုံးအမတွေကို ခံယူပီး တရားတွေပဲ အားထုတ်ဖြစ်နေမလားမသိပါ။

Option တွေလဲသုံးခုတောင်ရှိပီ။..တော်လောက်ပါပီ နောင် အနှစ် ၂၀ရယ် ရင်မောတယ်ကွယ်။

13 comments:

မင်းအိမ်ဖြူ Minn Eain Phyu said...

နောက်ဆုံး Option က အကောင်းဆုံးများ ဖြစ်မလားမသိ ဟာဟ ...
နောက်တာပါ
လုပ်နိုင်ရင်တော့ အကောင်းဆုံးလမ်းပါ
ဟိုတစ်နေ.သူငယ်ချင်းတစ်ယောက် ဘုန်းကြီးဝတ်တော့ မယ်ကြားရတယ် ၊ တကယ်သာဓုခေါ်မိပါတယ်
သာယာမှုမရှိတဲ့ ဒုကတွေထဲမှာ ကျွန်တော်တို. ရုန်းမထွက်နိုင်သေးပါဘူး ..............

အဆင်ပြေပါစေ

Rita said...

ဒီ post တွေ ဖတ်လာတာ ပုလုကွေးနဲ့ ကျမှပဲ နှမလက်လျော့ နေလေတော့ ကို သတိရမိတော့တယ် (စာဆိုက ရှင်မဟာရဋ္ဌသာရ လား၊ မသိတော့ဘူး)

WWKM said...

သြော်..ဖြစ်ပုံ ဖြစ်ပုံ ရီတာလေးပြောသလိုပဲ ပြောလိုက်
တော့မယ်.....

ဟုတ်ပါပြီ.. ပုလုကွေးရယ်..
သူမ၀ါသနာပါသော ကွန်ပြူတာဆိုင်ကြီးကို အောင်မြင်စွာဖွင့်နိုင်သလို ၊ မိဘအမွေဖြစ်တဲ့ ကားလုပ်ငန်းကြီးကိုလဲ ဦးစီးနိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပါစေလို့...

မမ၀ါဝါ

မိုးခါး said...

ပဲခူး အောင်သုခ ဆရာတော်ကြီးရဲ့ လင့်တွေအတွက် ကျေးဇူးပါ .. တရားတွေလို့ထင်ပါတယ် .. ဟုတ်မဟုတ် အိမ်ကျမှ နားထောင်တော့မယ် ..
ဖြစ်လိုတဲ့ ဆန္ဒတွေ ပြည့်စုံအောင်မြင်ပါစေနော် ..း)

ZT said...

ဘုန်းကြီးပဲ ဝတ်တာ ကောင်းပါတယ်။ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ဖို့လမ်းစ။

Anonymous said...

စကားမစပ် သူမဆိုတာက ?
အရင်ဆို ဘယ်နားမှာ သွားဖတ်ပါလို့ ပါနေကျမို့ လင့်လိုက်ရှာနေတာ

နွေးနေခြည် said...

Option3 ပဲကောင်းပါတယ်။
ဘုန်းကြီးမ၀တ်နိုင်ရင်လည်း တရားနဲ့နေနိုင်ရင် မဆိုးပါဘူး

Orange Chit Thu said...

စကားမစပ် သူမဆိုတာက ?
Di lo bae may: kyi lite tar par lay.
Option 1: ko myan myan ah kg ah hte phaw ng par say naw........Pu Lu yay...(ae di ah khar kya lae Ngar doe ko ma mae` twer nat own :))

Taungoo said...

နံပါတ်သုံးကတော့ ဘယ်လိုမှ ဖြစ်နိုင်တော့မှာ မဟုတ်တာ သိနေတယ်။

နံပါတ်တစ်ကတော့ သူမက ELECTRICAL မဟုတ်ပါဘူး။ ELECTRONICS ဖြစ်ပါတယ်။ နောက်တစ်ယောက် တွေ့ထားပြီဆိုရင်တော့ မသိပါဘူး။

အနီးစပ်ဆုံးက နံပါတ်၂ပါ။ သူ့အိမ်မှာ ဒီလုပ်ငန်းဆက်လုပ်ဖို့ ဖြစ်နိုင်ခြေရှိတာ သူပဲရှိပါတယ်။ နံပါတ်၁ လုပ်ငန်းကိုပါ တွဲလုပ်ဖြစ်နိုင်ပါတယ်။

Bonus:
နောက်ထပ် ဖြစ်နိုင်စရာတစ်ချက်ကိုတော့ ဒီမှာ မရေးခဲ့တော့ဘူး။ သိချင်ရင် လာမေးပါး)

ကိုလူထွေး said...

ကြပ်ပြေးသွားမလို့လား...

mabaydar said...

နံပါတ်သုံးတော့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ နံပါတ်၁ အဖြေမှာပြနေသလိုပဲ... ၅တန်းလားတုန်းက သင်ရတဲ့ မောင်ရင်လောင်းကဗျာထဲကလို သံယောဇဉ်တွေ မပြတ်နိုင်လောက်ဘူး...
ဒါမှမဟုတ် သူမကိုများ ဒီပိုစ့်ရေးပြီး လှမ်းခြိမ်းခြောက်လိုက်တာလား.. ဟီး.. ဟီး..

MrDBA said...

ဘုန်းကြီးဝတ်ဖို့တိုက်တွန်းတယ်သိလား။

Anonymous said...

ဘုန်းကြီးသာ ဝတ်ဗျား အကောင်းဆုံးပဲ အဟီး