Saturday, June 6, 2009

သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ

(အမှတ်တရပေါ့ဗျာ)


ဒီစကားပုံလေး ပုလုကွေး ရင်ထဲကို ရောက်နေတာ တော်တော်ကြာပေါ့။ စကားပုံလေးကို အစဉ်အတိုင်း ဖတ်ကြည့်စဉ်းစားမိရင်တော့ တကယ်ကောင်းပါတယ်။ သင်ကောင်းနေမှတော့ ကျွန်ုပ်ဆိုးလို့ ဘယ်ဖြစ်မလဲ။ ကိုယ်ဆိုးရင် ကိုယ်ပဲ လူမိုက်ကြီး မသိတက်သူကြီး ဖြစ်ပေတော့မပေါ့။ အဲဒီတော့ ပုလုကွေးတို့တွေ တစ်ပါးသူ ကောင်းနေသမျှတော့ ကောင်းနေမယ်ပေါ့။


စကားပုံလေးကို ပြောင်းပြန်ပြန်စဉ်းစားကြည့်မိတယ်လေ။ သူမကောင်းရင် ကျွန်ုပ်ဆိုးမယ်ပေါ့နော်။ ဟုတ်တယ်ဟုတ်။ သူများမကောင်းတိုင်း ကိုယ်ဆိုးသင့်ပါသလား။ မသိတက်ပဲနေသင့်ပါသလား။ အဲဒီလိုသာ ဆိုရင် လောကကြီး ဘယ်ကောင်းတော့မလဲနော်။ လောကကြီးမပြောပါနဲ့ ကိုယ်ပတ်ဝန်းကျင်တောင် လှပတော့ပါ့မလားမသိ။


တစ်ချို့တွေက တကယ်မသိတတ်တာလား။ နားမလည်တာလားမသိ။ သူများဆီက သာလိုချင် တက်ကြတယ်လေ။ ကိုကပေးဖို့ကျတော့ ဝန်လေးတက်ကြတယ်။ သူများအပေါ် မကောင်းနိုင်ရင်တောင်မှ မဆိုးတော့ မဆိုးသင့်ပါဘူးလေ။ လူဆိုတဲ့ သတ္တဝါဟာ အတ္တကိုေ၇ှ့တန်းတင်တာ မှန်ပေမဲ့ အဲဒီအတ္တတွေ သိပ်များလာတဲ့ အခါ ကိုယ့်အတ္တက ကိုယ့်ကို ပြန်ဝါးမျိုပီး ဇာတ်သိမ်းမလှတက်ကြပါဘူးလေ။


ပုလုကွေးရဲ့ ခံယူချက်ကတော့ ကိုယ်ကတော့ ဘယ်သူကိုမဆို ကိုယ်တက်နိုင်သလောက် လုပ်ပေးဖို့ ဝန်မလေးတက်ပါဘူး။ သူဟာ ကိုယ်အပေါ်မကောင်းမှန်း သိတယ်။ တစ်ခါတလေ တော့လဲ အော်သူငါ့အပေါ်မကောင်းတာပဲ သူ့ကို ဘာလုပ်ပေးစရာလိုလဲ လို့တွေးမိတယ်။ ဒါပေမဲ့ သူမကောင်းတိုင်းသာ ကိုယ်ဆိုးရရင် ပုလုကွေးတို့ အဆိုးတွေနဲ့ ကြုံရပေတော့မပေါ့။ ဒါကြောင့် သူကောင်းမကောင်း သူ့ဟာသူပဲ။ ကိုယ်ကတော့ အာလုံးအပေါ်ကောင်းနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်ကို အမြဲမွေးမြူဖို့ ကိုယ့်ကိုယ်ကို သတိပေးရင်း အားလုံးလဲ သူမကောင်းပေမဲ့ ကိုယ်က သူ့အပေါ်ကောင်းနိုင်အောင် ကြိုးစားနိုင်ကြပါစေလို့….


(ဒီပို့်စ်လေးကို ရေးပီတာ ကြာလှပေါ့။ တစ်လတောင်ကျော်ပီ။ ဘာပုံလေးတင်ရင်ကောင်းမလဲလို့ စဉ်းစားနေတာ မနေ့က သောကြာနေ့ 5.6.09 ညနေ ၇ခွဲ စလုံးအချိန်ကို ရှဲဂျူးလုပ်ပီးတင်ထားတာ ဘာမှားသွားတယ်မသိ..ပို့စ်က မတက်ဘူး။ ညဘက်ကလဲ အွန်လိုင်းမတက်ဖြစ်ဘူး။ မနက် ရောက်မှ စစ်ကြည့်တော့ ပို့စ်လဲမတက်ဘူး ဆီပုံးထဲမှာလဲ ဘယ်သူမှန်းမသိ လာဆဲသွားတော့ အမှတ်တရအနေနဲ့ ကတ်ချာဆွဲပီး တင်လိုက်ပါတယ်ဗျာ။ ဘာပဲပြောပြော ပိုစ့်လေးအတွက် ပုံလေးတစ်ပုံရတယ် :) :) မဂွတ်ဘူးလားနော်)
------------
ပုလုကွေး
------------

12 comments:

သက်ပိုင်သူ said...

ဟာဟ...
ကိုကိုဂွေးတော့
မ၀ယ်ဘဲနဲ့ နေရင်းထိုင်ရင်း ထီပေါက်သွားတယ်

Ree Noe Mann said...

ဒီလိုပါပဲဗျာ လူတွေက

ရီနိုမာန်

Lu Pyo Gyi said...

ဟောဗျာ ဘယ်လိုဖြစ်တာလဲ လာလည်မှပဲ တကယ့် ပို့နဲ့တိုးနေပါလား။

JulyDream said...

မဂွတ်ဘူးလားဗျာ မေးထားတော့ ပြန်ဖြေရရင် ဂွတ်ပါတယ် ဂွတ်ပါတယ်။

Anonymous said...

နတ်တို့ဖန်ရေကန်အသင့် ကြာအသင့်ဆိုတာ ဒါမျိုးနဲ့တူတယ်

မြရေလျဉ် said...

သင် မန့်လျှင် ကျွန်ုပ် လည်း ပြန် မန့် ရန်မမေ့ပါ။

ဟဲ ဟဲ ။ဒါက ကိုကိုပု အတွက် ယဉ်ယဉ့် စကားပုံ အသစ်။:P

Anonymous said...

ကွတ်ကြီးက ဘာရေးမိလို့လဲ... လိုက်ကြည့်တာ ဘာမှလဲ ထူးထူးခြားခြား မှားထားတာ မတွေ့မိပါဘူး...

လူမှားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့...
ဒါမှမဟုတ်လဲ မူးလို့ ရူးလို့ တွေ့ရာလူကောင်းကို လိုက်ရမ်းနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့...

းဝ) ကိုလူထွေး

mabaydar said...

အင်း.. အစ်ကို့ဘလော့မှာလဲ သူများတွေ ထိခိုက်အောင်ရေးထားတာ မတွေ့မိပါဘူး.. ပြီးတော့လဲ အစ်ကိုလဲ ဘလော့လောကမှာဆိုရင် အနေအေးတဲ့လူတစ်ယောက်ပါ.. အဲဒိနေ့က အဲဒါကို ဆီဗုံးမှာတွေ့တော့ ဘာတွေဖြစ်တာလဲလို့တောင် စဉ်းစားမိသေးတယ်... ဟုတ်ပါတယ်.. ကိုယ့်ကိုလာဆဲတဲ့သူကို ဒီလို အေးအေးဆေးဆေးလေး တုန့်ပြန်နိုင်တာလဲ အလွန်မှ ကောင်းတဲ့ တုန့်ပြန်မှုလေးပါ.. ခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူတယ်ဆိုတာ အရမ်းလဲ အေးချမ်းတယ်.. ကိုယ့်စိတ်ထဲမှာလဲ ခွင့်လွှတ်ထားတဲ့အတွက် အရမ်းစိတ်သက်သာတယ်.. ခွင့်လွှတ်ခံရတဲ့သူထက် ခွင့်လွှတ်လိုက်တဲ့သူက ပိုအမြတ်ရတယ်လေ... အဲလိုလုပ်နိုင်တဲ့အတွက်လေးစားပါတယ် အစ်ကို... မဗေဒါကတော့ ကျင့်ဆဲပဲ.. :)

Anonymous said...

ဘီလိုဖြစ်တာလဲဗျို့..။ ကိုပုရေ အပင်မြင့်လေ
လေတိုက်ခံရလေပါပဲဗျာ...။

WWKM said...

အဆင်ပြေပါစေ ပုလုကွေးရေ..
စိတ်မကောင်ဖြစ်မိပါတယ်...
မေတ္တာသာထားနိုင်ပါစေကွယ်.

မမ၀ါဝါ

မယ့်ကိုး said...

ဒေါသထွက်စရာ အခြေအနေကို လျစ်လျူရှုကာ စာကောင်းလေးရေးနိုင်တဲ့အတွက် တကယ်ပဲ လေးစားမိပါတယ်။

မိုးခါး said...

အိုင်ဒီယာက ဂွတ်တယ် :D