Sunday, June 14, 2009

ရောက်တက်ရာရာ အတွေး သတင်းများ




၁။ အာရှထိပ်သီး စီပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အင်အားကြီးမားတဲ့ မြန်မာနိုင်ငံမှ သူတို့ရဲ့ လူလိုက်ပါစီးနင်းမဲ့ တတိယမြောက်အာသယာဉ်ကို လာမဲ့ အင်္ဂါနေ့မှာ လွှင့်တင်မှာ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှာ မနေ့ဖော်ပြပါရှိပါတယ်။ အဆိုပါ ဇင်ယော်၃ အမည်ရ အာကာသယာဉ်ကို နိုင်ငံအဓိပတိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စက်ခလုပ်နှိပ် ကာလွှင့်တင်မည့် အကြောင်း သတင်းများမှာဖော်ပြပါရှိပါတယ်။

၂။ စင်္ကာပူနိုင်ငံမှ တာဝန်ရှိသူများဟာ သူတို့နိုင်ငံမှ ကျွမ်းကျင်လုပ်သားများအား မြန်မာနိုင်ငံသို စေလွှတ်ရေး အတွက် သဘောတူ စာချုပ်တစ်ရပ်ကို ရေးထိုးနိုင်ရန် မြန်မာနိုင်ငံသို လာမည့် စနေနေ့တွင် ရောက်ရှိမှာဖြစ်ကြောင်း၊ အဆိုပါသဘောတူညီမှုရရှိပါက စင်ကာပူနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံတွင် ဆိုက်ကားမောင်းခြင်း၊ လယ်ထွန်ခြင်း၊ ဆီအုန်းစိုက်ခြင်း စတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာ ဖြစ်တဲ့ အကြောင်း သိရှိရပါတယ်။

၃။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ေ၇းကုပ္မဏီကြီးမှ ယခုလ အကုန်တွင် touch screen ဖုန်း အလုံးတစ်သိန်း အား ဦးရာလူစနစ်ဖြင့် အလကားပေးသွားမှာဖြစ်ကြောင်း စီအန်အန် သတင်းမှ ကြေငြာသွားပါတယ်။ အဆိုပါဖုန်းများတွင် မြန်မာကျပ်ငွေ ၅၀ဖိုး ဖုန်းခေါ်ဆိုနိုင်မည့် ပရီပိတ်ကဒ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

၎။ မြန်မာ့လျှပ်စစ် ဓါတ်အားလုပ်ငန်းပိုင် အလုံဓါတ်အားဖြန်ဖြူးရေးငှာနခွဲမှ ဓါတ်အားပို့လွှတ်စက်များ ယာယီချို့ယွင်းမှုကြောင့် ဓါတ်အားပို့လွှတ်မှု ၄ မိနစ် ၃စက္ကန်ကြာမျှ ပြတ်တောက်မှု မနေ့က ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ၄မိနစ် ၃စက္ကန်ကြာ ဓါတ်အားပြတ်တောက်မှု အတွက် စက်မှုလုပ်ငန်းရှင်များသို လျှော်ကြေး မြန်မာကျပ် ၅သန်းပေးချေရမည့် အကြောင်း မြန်မာလျှပ်စစ် ဓါတ်အားလုပ်ငန်း ဝဘ်ဆိုဒ်တွင် တရားဝင် ကြေ ငြာထားကြောင်း သိရှိ၇ပါသည်။


၅။ ယနေ့ ငွေကြေးပေါက်ဈေးများကတော့ မြန်မာကျပ်ငွေ ၁ ကျပ်= အမေရီကန် ၁၂၀၃ ဒေါ်လာ၊ စတာလင်ပေါင်၉၀၆ပေါင်၊ တရုတ်ယွမ်=၅၃၈ယွမ်၊ ဂျပန်ယမ်း=၁၀၀၁.၈ယမ်း၊ အိန္ဒိယ ယူပီး ၁၁၃၇ယူပီး၊…..
ရွှေတစ်ကျပ် သား=မြန်မာကျပ်ငွေ ၁၂၉ကျပ်
ပလက်တီနမ် တစ်ကျပ်သား=မြန်မာကျပ်ငွေ ၅၀၇.၁၇ကျပ်

( အခုတလော ကျတော် စိတ်ညစ်နေလို့ (ကျတော့်ကို စိတ်ညစ်အောင် လုပ်တာဘယ်ချစ်ချစ်လဲ…) ဘာမှရေးချင်စိတ်မရှိဘူး။ ရေးတော့လဲ အခုလို ပေါက်တက်ကရလေးတွေပဲ ရေးမိတာပါ)

12 comments:

Taungoo said...

၁။ တံဆိပ်ကပ်တော်ပါပေတယ်။ ကိုယ့်နိုင်ငံက တကယ့်ဒုံးပျံကြီးအလား ထင်မှတ်ရတယ်။ ဒါနဲ့ အာကာသယာဉ်လွှတ်တာက စက်ခလုပ်နှိပ်ပြီး လွှတ်ရတာမျိုးလား။ မမြင်ဖူးတော့ မသိဘူးခင်ဗျ။

၂။ နည်းနည်းဆင်ဆင်လေးတော့ ဖတ်ဖူးသလိုပဲ။

၃။ အခုကတ်တွေကတော့ ၅၀ ဖိုးဆို အဝင်တစ်မိနစ်ပဲ ရမယ်ကွဲ့။

၎။ အလုံမှာ လျှပ်စစ်ဖြန့်ဖြူးရေးဌာနမရှိတော့ဘူးကွဲ့။ မလုံလို့တဲ့ ဘုရားကြီးကို ရွှေ့ထားတယ်။ ပြန်ပြင်လိုက်ဦး။း)

၅။ ရွှေတစ်ကျပ်သား = မြန်မာငွေ ၁၂၉ ကျပ်ဆိုတဲ့ ဈေးက တို့အဖေရဲ့ အဖွားတွေ ရွှေဆိုင်ရောင်းစဉ်က ရှိခဲ့ဖူးတဲ့ ဈေးနှုန်းပဲ (သြော် ကြုံလို့ပြောရဦးမယ်။ တို့အဖေရဲ့ အဖွားတွေ တောင်ငူမှာ ရွှေဆိုင်ထွက်စဉ်က တစ်မြို့လုံးမှာ ရွှေဆိုင် ၃ ဆိုင်ပဲ ရှိသတဲ့။ ဝယ်ချင်တဲ့သူက တန်းစီစောင့်ရသတဲ့။ မယုံရင် ပုံပြင်မှတ်ပေါ့ကွယ်။ )

P.S ချစ်ချစ်ဆိုတာကလဲ ဘာရေးရေးပါနေတာပဲနော်။ အဲဒါ ဘာတွေလဲဟင်။ ငါးကြော်တွေလား။

thetpaingthu said...

ပေါက်တတ်ကရလေး
တကယ်ဟုတ်ရင်လည်း အကောင်းသား
း)

WWKM said...

မှားပါတယ်.. အဲလိုသာငွေဈေးပေါက်ရင်တော့ အစ်မရ
ထားတဲ့ အလှူငွေတွေ ယန်း ၅၀၀၀ ဆိုရင် ငွေ ၅ကျပ်ပဲ
ရတော့မှာပဲ...ဗြဲးးးးးးးးးးးးး

ဟတ်ဟတ်... ပေါက်တတ်ကရတွေ သိတ်မလုပ်နဲ့ ကောင်လေးရေ... အစ်မဦနှောက်ခြောက်သွားတယ်...
မဟုတ်သေးပါဘူး.. ဒီကလေးတွေ မိန်းမမြန်မြန်ရမှ အေးမှာပါပဲ.း)

တောင်ပေါ်သား said...

မကြီးဝါကတော့ လုပ်ပြီ ဟိုက ဘယ်က ချစ်ချစ် လုပ်မှန်းမသိလို့ စိတ်ညစ်နေပါတယ်ဆိုမှ အဟီးးး
ဖတ်သွားတယ် အကိုရေ တကယ်ဆိုရင်တော့ ပျော်စရာပေါ့နော့် ဒါပေမဲ့ မကြာမီလာမည် မျှော် နောင် အနှစ် ဘယ်လောက်လဲတော့ မသိသေးဘူးဗျာ... စောင့်နေပါတယ် စိတ်ညစ်ရင် မိန်းမ မြန်မြန်ယူလိုက် အဲ မရှိဘူးဟုတ်လား ဒါများ ကျနော့်ကိုဆက်သွယ်


လေးစားလျက်

တောင်ပေါ်သား

Anonymous said...

ဟဟဟ . အတွေးကောင်း အရေးကောင်း .. ကိုပုလုကွေးဆိုတာ သူကိုး :D

Rita said...

ဟားဟားဟားဟား
ဒါနဲ့ စင်ကာပူသားတွေက ဆိုက်ကားလာမောင်းမယ်ဆိုတော့ တို့တွေဆီမှာ အဲဒီချိန်ထိ ဆိုက်ကားရှိနေဦးမယ် ဆိုတဲ့ သဘောပေါ့။ ဒါတော့ မမိုက်ဘူး။ taxi လောက်တော့ ပေးမောင်းလိုက်ပါ။ သနားပါတယ်။ ကိုယ်နဲနဲ ဖြည့်ရေးကြည့်မယ်။

၁) အာကာသယာဉ်နှင့် အာကာသတွင်း အပျော်ခရီးလိုက်ပါမယ့် သူကတော့ ကမ္ဘာ့အကြီးဆုံး Software & Hardware အရောင်းကိုယ်စားလှယ် M81 Multimedia ကုမ္ပဏီ ဥက္ကဌကြီး Mr. Puluque ဖြစ်ပါတယ်။ သူဟာ အာကာသတွင်း သီတင်းနှစ်ပတ်ကျော်ကြာမြင့်တဲ့တိုင်အောင် (တကိုယ်တော်) ပျော်ပွဲစားထွက်ရင်း နေထိုင်မှာ ဖြစ်ပါတယ်။ (အပြန်တော့ ကိုယ့်ဘာသာ ကြည့်ကျက် ပြန်လာခဲ့တော့။)

၂) က ပြောပြီးသွားပြီ။

၃) အလကားပေးတာတောင် မြန်မာနိုင်ငံသားများ ယူမယ့်သူ မရှိလို့ ပြည်ပမှ လာရောက် အလုပ်လုပ်ကိုင်နေသူများကိုသာ ဝေပေးလိုက်ရကြောင်း။

၎) အဲဒါတော့ ဆက်မရေးတော့ဘူး။ ဓါတ်လိုက်မှာကြောက်လို့။

၅) မြန်မာကျပ်ငွေနှင့် စင်ကာပူဒေါ်လာ လဲလှယ်နှုန်း
မြန်မာငွေ ၁ ကျပ် = စင်ကာပူ ၉၅၅.၃၄၅ ဒေါ်လာ

(ပေါရဲလိုက်တာနော် ငါ့နှယ်)
:D

နွေးနေခြည် said...

တကယ်သာ ဖြစ်လိုက်ပါတော့နော်....

ဖိုးသင်္ကြန် said...

(ပေးတဲ့ဆုနဲ့ မြန်မြန်ပြည့်ပါစေ)^n
မသေခင်လေး စာထဲကဟာ တစ်ခုခု မြင်ရရင် သေပျော်ပါပြီ။

ZT said...

ကျွန်တော်သာ ဆိုရင်တော့ အာကာသယာဉ် နာမည်ကို ပုရစ် လို့ ပေးလိုက်မယ်။ :D

မင်းအိမ်ဖြူ Minn Eain Phyu said...

Rita နဲ့ နေခြည်ရယ် မလုပ်ပါနဲ.
ကျွန်တော်တို. ဘယ်လိုပြန်ကြမတုံး ...
ရတဲ့လစာလေးမြန်မာငွေ ချိန်းလိုက်ရင် ဘယ်လောက်ရ မလဲ.... (၅) မြန်မာကျပ်ငွေနှင့် စင်ကာပူဒေါ်လာ လဲလှယ်နှုန်း
မြန်မာငွေ ၁ ကျပ် = စင်ကာပူ ၉၅၅.၃၄၅ ဒေါ်လာ
ဒီလိုတော့ မဖြစ်သင့်ပါဘူး

ကောင်းတယ်ဗျ .. ဒီအိမ်ရောက်မှ ခေါင်းကြည်သွားတယ်
Good Idea and very Nice Post.

Anonymous said...

ဖြစ်လာရင်တော့ ရှယ်ပေါ့ဗျာ..။ ဒါပေမဲ့ ဒါမျိုးဖြစ်ဖို့ ဆိုတာ.. အင်း...........

မိုးခါး said...

နဲနဲလေးပဲလွဲတာ ရှေ့နဲ့နောက် :P
တိုက်ပင်း အယ်ရာထင်တာပဲ

ဖြစ်လာမှာပေါ့

အင်း နာတော့မှီတော့ဝူး :P