Thursday, June 25, 2009

အိမ်သာရေ ပြန်သောက်တဲ့ နိုင်ငံလား???


“ခင်ဗျား အခု စင်္ကာပူမှာ နေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊ သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကို သန့်စင် (treatment) လုပ်ထားတဲ့ရေတွေလား” အဲဒီလို တစ်ယောက်ယောက်က မေးလာရင်ဘယ်လို ဖြေမလဲ။

စလုံးမှာ ရေရှားတယ်ဆိုတာ (ရေ အရင်းအမြစ်ရှားတာပါ..ပိုက်ပိုက်တတ်နိုင်ရင် ကြိုက်သလောက်သုံးလို့ရတယ်နော် ..) အားလုံးသိကြပါတယ်။ ရေအများစုကို မလေးရှားကနေ ဝယ်ရပါတယ်။ မလေးရှားနဲ့ ၂၀၁၁ အထိ စာချုပ်ချုပ်ထားပါတယ်။

စင်္ကာပူမှာ ရေရနိုင်တဲ့ အရင်းအမြစ်ကြီးလေးခု ရှိပါတယ်။ အဲဒါတွေကတော့ (1) local Catchments (2) Johor Water (3) Desalted Water (4) NEWater တို့ပါပဲ။ အဲဒီထဲက ထူခြားတဲ့ NEWater အကြောင်းပြောချင်ပါတယ်။ NEWater ဆိုတာကတော့ စွန့်ပစ်ရေ ကိုပြန်သန့်စင်ထားတဲ့ ရေပါ။ အဲဒီလို စွန့်ပစ်ရေတွေကို ပြန်သန့်စင်ထားတဲ့ရေကို ကမ္ဘာမှာ စင်္ကာပူက စတင်သတ်မှတ် ခေါ်တာကတော့ NEWater လို့ခေါ်ပါတယ်။


စင်္ကာပူ ရေအရင်းအမြစ်ကြီးလေးခု



စွန့်ပစ်ရေ တွေကို သန့်စင်တဲ့ စက်ရုံလေးရုံ အခုလောလောဆယ် စင်္ကာပူလည်ပတ် နေပါတယ်။ အဲဒါတွေကတော့ Bedok, Kranji, Ulu Pandan and Seletar Water Reclamation Plants တို့ပါပဲ။ ၂၀၀၈ ဧပြီလမှ စတင်တည်ဆောက်တဲ့ Changi Water Reclamation Plant ဟာ လုံးဝ ပီးစီးသွားရင် အကြီးဆုံးဖြစ်လာမှာ ဖြစ်ပီး အဲဒီစက်ရုံကနေ တစ်နေ့ကို ရေဂါလံ ၅၀မီလီယံ ဂါလံ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။

စွန့်ပစ်ရေကို သန့်စင်တဲ့နည်းကတော့ အကြမ်းဖျင်းပြောရရင် စွန်ပစ်ရေတွေကို tanks ကြီးတွေနဲ့ စုပါတယ်။ အဲဒီစုထားတဲ့ ရေဆိုးတွေကို ဖစ်တာတွေနဲ့ စစ်ပါတယ်။ အဲဒီလိုစစ်ထုတ်လိုက်တဲ့ အခါမှာ အညစ်အကြေးတွေနဲ့ ရေဟာ ကွဲပြားသွားပါတယ်။ အညစ်အကြေးတွေကို သတ်သတ် tank တွေနဲ့ စုပါတယ်။ ဖစ်တာကို ဖြတ်သွားတဲ့ရေတွေကို RO နည်းနဲ့ထပ်မံသန့်စင်ပါတယ်။

အဲဒီလို နည်းအဆင့်ဆင့်နဲ့ သန့်စင်လိုက်တဲ့ အခါ ရေဟာ လုံးဝနီးပါး သန့်စင်လိုက်တဲ့ ရေကို ရရှိပါတယ်။ ဖစ်တာကို ဖြတ်မသွားတဲ့ အညစ်အကြေးတွေကို tank တွေနဲ့ စုထား။ digester တွေမှာသိုလှောင်ကာ ဓါတ်ငွေ့ ထုတ်ပါတယ်။ ရရှိလာတဲ့ ဓါတ်ငွေကိုတော့ plant က စက်တွေလည်ပတ်ဖို့ လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ သုံးပါတယ်။

နောက်ဆုံး ဘာမှသုံးမရတော့တဲ့ အညစ်အကြေးတွေကို အပင်တွေ စိုက်ပျိုးဖို့ မြေသြဇာအနေနဲ့ သုံးပါတယ်။ ဒါကတော့ sewage water တွေကို သန့်စင်တဲ့ နည်းလမ်းအကြမ်းဖျင်းပါ။

Water Reclamation Plant တစ်ခု၏ အစိတ်အပိုင်းတစ်ချို့



အဲဒီလို စွန့်ပစ်ရေကို ပြန်သန့်စင်လို့ ရလာတဲ့ရေ အများစုကို စက်မှုလုပ်ငန်းတွေမှာ သုံးးပါတယ်။ သောက်သုံးရေအဖြစ်မသုံးဘူးလား ဆိုတော့ ဟုတ်ကဲ……..သုံးပါတယ်။ သောက်ပါတယ်။ ဟိဟိ။

စွန့်ပစ်ရေတွေကို RO နည်းနဲ့ သန့်စင်လိုက်တဲ့ အခါမှာ ရေမှာပျော်ဝင်နေတဲ့ Mineral အကျိုးပြု ဓါတ်သတ္တုတွေ အကုန်လုံးနီးပါးဟာ ဖယ်ရှားခံလိုက်ရပါတယ်။ ဒါကြောင့် စွန့်ပစ်ရေကို သန့်စင်လို့ ရရှိတဲ့ ရေ (NEWater) ကို သဘာဝရေတွေနဲ့ ရောပီး သုံးပါတယ်။ အဲဒါကိုတော့ အခုကျတော်သောက်နေ သုံးနေတဲ့ရေ pub ရေ (portable water) လို့ခေါ်ပါတယ်။ ဘယ်လောက်ပမာဏလဲ ဆိုတော့ အခု ကျတော်တို့ သောက်နေ၊ သုံးစွဲနေတဲ့ ရေရဲ့ ၁ရာခိုင်နှုန်းပါ။ နောက်ပိုင်းဆို ၂.၅ ရာခိုင်နှုန်း အထိတိုးဖို့ရှိပါတယ်။

အဲဒီအိမ်သာရေလို့ အလွယ်ခေါ်တဲ့ စွန့်ပစ်ရေကနေ သန့်စင်လို့ ရရှိတဲ့ ရေဟာ လုံးဝ ရေသန့်နီးပါသန့်စင်ပါတယ်။ ဒါဆို ကျတော်တို့ စွန့်ပစ်ရေကို ဘာလို့ ဒါရိုက်မသောက်တာလဲ။ ဟုတ်ကဲ ဘာလို့လဲဆိုတော့ လူတွေ စိတ်ထဲမှာ အိမ်သာရေကို ပြန်သောက်တယ်၊ သုံးတယ်လို့ စွဲသွားမှာဆိုးတာက တစ်ချက်။ နောက်တစ်ချက်က အကျိုးပြု ဓါတ်သတ္တုတွေ (mineral) တွေ မပါတော့တာကြောင့်ပါ။



“ခင်ဗျား အခု စင်္ကာပူမှာနေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊ သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကို သန့်စင်(treatment) လုပ်ထားတဲ့ရေတွေလား” ကဲ တစ်ယောက်ယောက်က မေးလာရင်ဘယ်လို ဖြေမလဲ။
“ဟုတ်ကဲ သောက်လဲသောက်ပါတယ်..မသောက်လဲ မသောက်ပါဘူးပေါ့..” တရားဝင်ကြေငြာထားတာကတော့ ၂.၅ ရာခိုင်နှုန်းပဲ။ ဒီထက် ဘယ်လောက်ပိုတယ် မပိုတယ်ဆိုတာကတော့ ပုလုကွေးလဲ မသိ။
“ကဲ ရေးရတာ ပင်ပန်းတယ်ဗျာ အိမ်သာရေ(စွန့်ပစ်ရေ) တွေကို သန့်စင်ထားတဲ့ရေတွေ ရောထားတဲ့ရေ တစ်ခွက်လောက် သောက်လိုက်အုံးမယ်ဗျာ… ဂလု ဂလု ဂွတ်”

(ဒီစာဖတ်ပီးလို့ စင်္ကာပူမှာနေပီး ရေသောက်ရတာ စိတ်ညစ်သွားရင် ပုလုကွေးနဲ့ မဆိုင် စာဖတ်သူနဲ့သာ သက်ဆိုင်ပါကြောင်း)

Ref: www.pub.gov.sg
www.wikipedia.com
(all photos are captured from the pub website)

19 comments:

WWKM said...

စလုံးလာရင် ရေသောက်တော့ဘူးးး
ဂျပန်ကနေ ရေတစ်ပတ်စာသယ်လာရမှာလား..း)

Rita said...

ဝန်ကြီးချုပ် ကိုယ်တိုင် စသောက်ပြခဲ့တယ် မဟုတ်လားကွယ်။ သူတောင် သောက်သေးတာပဲ။

(ဒါပေမယ့် ဟို ဆေးကျောင်းမှာ စာသင်တဲ့ ဟာသလို ဖြစ်နေဦးမယ်။ ဆရာလုပ်တဲ့လူက dead body ရဲ့ စအိုထဲ ထည့်လိုက်တာ လက်ခလယ်၊ သူ့ပါးစပ်ထဲ ထည့်လိုက်တာက တခြားလက်ချောင်း ဆိုတာလို...)

Ree Noe Mann said...

ဘာပဲ ဖြစ်ဖြစ် သောက်ရတော့မှာပေါ့
မတက်နိုင်ဘူးလေ။
ရောမရောက် ရောမလိုပဲ ကျင့်ရတော့မှာပေါ့လေ။
ဟုတ်ဘူးလား

ရီနိုမာန်

ZT said...

Civil နဲ့ ကျောင်းပြီးထားတဲ့ သူငယ်ချင်းတွေဆီက ကြားရတာတော့ မျိုးစုံပဲ။ NEWater ထဲမှာ ယောက်ျားလေးတွေ အတွက် မသင့်တော်တဲ့ ဟော်မုန်းတစ်ခု ပါတယ်လို့ တစ်ယောက်က ပြောတယ်။ နောက်တစ်ယောက် ကတော့ NEWater စက်ရုံကို လေ့လာရေးသွားတော့ ရေတွေသန့်စင်တာကို တိုက်ရိုက် ဗွီဒီယို ရိုက်ပြတာကို ကြည့်ရင်း အဲဒီအထဲမှာ အမျိုးသမီးသုံး ဂွမ်းထုပ်ကြီး ပါလာတာတွေ့တော့ လေ့လာရေး လာတဲ့သူ အားလုံး စိတ်ညစ်သွားကြတယ်လို့ ပြန်ပြောပြဖူးတယ်။

Anonymous said...

အမှန်တော့ ကျနော်တို့သောက်နေတဲ့ရေတွေကရော ဘာထူးတုန်းဗျာ... မြေကြီးထဲက ရတဲ့ရေပါပဲ။ အဲဒီစွန့်ပစ်ရေဆိုတာလဲ မြေကြီးထဲ ဝင်သွားတာပဲလေ ပြောမယ်ဆို ဘာမှ မထူးဆန်းပါဘူး။ နိုင်ငံအတော်များများက သဘာဝက ရတဲ့ရေ သောက်တယ် စလုံးက သဘာဝကမရတော့ ကြံဖန်ပြီး လုပ်သောက်တယ် ဒါပါပဲ

Anonymous said...

ကျနော်တို့ အထက်ကျောင်းမှာ တုန်းက ဘိုင်အိုမှာလား မသိဘူး သင်ခဲ့ရတယ်လေ သံသရာလည်ခြင်းဆိုတဲ့ သဘောသဘာဝကို နားလည်ရင် သဘောပေါက်မှာပါ။ တခုတော့ ကွာသွားတာပေါ့လေ၊ ဒီဟာကြီးက နာမည်တော့ဆိုးတာပေါ့ဗျာ ဒီတော့ သောက်ရမဲ့သူကခပ်တွန့်တွန့်ဖြစ်တာ ပေါ့ဗျာ.. ဟားဟား နောက်ဆို စလုံးကလူတွေကို ... .............ပြောတော့ပါဘူးဗျာ တော်ကြာ ဝိုင်းဆဲနေမှ ဟုတ်ပေ့ဖြစ်နေမယ် အဟီးဟီးဟီး အေးရာအေးကြောင်းပဲ နေတော့မယ်။

နွေးနေခြည် said...

ဘာဖြစ်ဖြစ်သောက်ရမှာပဲ...
ကျိုသောက်ရင်ရော ဘာဓာတ်တွေပြုသွားလဲဟင်..

P.Ti said...

သုံးပြီးသားရေ သန့်စင်ထားလို့သာ လူတွေက တမျိုးဖြစ်နေတာပါ။
ငယ်ငယ်တုန်းကဆို ဧရာဝတီမြစ်ရေကို ဒီလိုပဲ အနည်ထိုင်ပြီးသောက်ခဲ့ကြတာလေ။ သိတဲ့အတိုင်းမြစ်ရေ ဆိုတာ ဘယ်လောက်သန့်လဲဆိုတာ...

ဒါပေမယ့် အဲဒီရေက အရသာအရှိဆုံးပဲ...

မေဇင် said...

သိတော့ သိပေမယ့် ဒီလောက်ကြီး တော့ မသိထားဘူး...ဘာပဲဖြစ်ဖြစ် ဒီ နိုင်ငံမှာ နေ ဒီရေ မှ မသောက်ရင်..ဘယ်လို လုပ်မလဲ.ကျို ချက်ပြီး ပြန်သောက်ရင်ရောဟင် .. ခုတော့ အဲ့လို သောက်နေတယ်..အိမ်မှာရော ရုံးမှာရောပေါ့..း

Anonymous said...

စင်ကာပူလာလည်မလားလို့ စိတ်ကူးထားတာ ရေသောက်ရမှာကြောက်လို့ စဉ်းစားနေတယ်...
ဘာဘဲဖြစ်ဖြစ် မသိတာလေးတွေ သိရတဲ့အတွက် ကျေးဇူးပါ.... ma mie nge

nyimuyar said...

good post, :D i like it :D

သီဟသစ် said...

ရေသန့်သောက်ပါတယ်
ရုံးမှာပြောပါတယ်(ရေသန့်ဘူးကြီးနဲ့တော့ ထည့်ထားတာပဲ)
:)

အိမ်မှာတော့ ကြိုသောက်တယ်

ဗဟုသုတတွေ ယူသွားပါကြောင်း
ခင်မင်စွာဖြင့်
သီဟသစ်

တောင်ပေါ်သား said...

ဟီးးးး ရွံသွားပြီး မသောက်တော့ပါဘူး.. ဟီး စကားမစပ် ဘီယာကကော အဲ့ဒီရေတွေနဲ့လုပ်ထားတာလား ရေအစား ဘီယာလေး ပြောင်းသောက်မလားလို့း) စဉ်းစားတုန်း ဟူး မောလိုက်တာ ရေခဲသေတ္တာထဲက ရေယူသောက်ဦးမှ (အထင်မကြီးနဲ့ ရေပိုက်ကရေတွေ အေးအောင် ထဲ့ထားတာ သားကတော့ ဒီလိုသောက်နေတာပဲ ) ဂလု ဂလု ဂလု...

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဗဟုသုတပွား အကျိုးများစေတဲ့ ပို့စ် တစ်ခုပါ အစ်ကိုရေ ... ဒီအကြောင်းကို ကျွန်တော်ကြားဖူးနေတာတော့ ကြာပါပြီ ... ဂဃနဏကို ခုမှ သိရတာပါ ... သောက်တာတော့ သောက်ပါ အစ်ကိုရာ .. but ဂလု ဂလွတ်နဲ့တော့ မမြည်ပါနဲ့နော် ... စိတ်ထဲ တစ်မျိုးကြီးပဲ .. အဟီး :D
ကျေးဇူးပါ ....

မိုးခါး said...

ရေသန့်ဗူးနဲ့တော့ထည့်တာပဲလေ
သန့်မယ်လို့တော့ထင်တာပဲ
အိမ်သာရေသောက်လားဆိုတော့ ဟုတ်ကဲ့ သောက်ပါတယ် :P မသောက်လည်းမသောက်ပါဘူး .. :D

မသက်ဇင် said...

ပုလုကွေးရေ
ဗဟသုတတွေလာဖတ်သွားပါတယ်
ခင်မင်လျက်

Orange Chit Thu said...

Pu Lu yay,
This post is very knowledgable.
Nice One...

ကြည်ဖြူပိုင် said...

ဒီပို့စ်လေးကို ဖတ်လိုက်တာ ဗဟုသုတတွေအားကြီးရသွားတယ်

Anonymous said...

အမ် ရေတောင်မသောက်ချင်တော့ဘူးကွယ်