Wednesday, July 15, 2009

ရခိုင်သခွားသီးသုပ်

အခုလို ဂျွန်၊ ဂျူလိုင် မိုးရာသီရောက်ပြီဆို ကျတော်တို့ ရွာမှာ ခဝဲသီး၊ သခွားသီး၊ ပဲထောင့်ရှည်သီတွေ လှိုင်လှိုင်ပေါ်ပီဗျ။ ကျတော်တို့ ရွာရဲ့ အပိုင်းတစ်ပိုင်း ဖြစ်တဲ့ ရှမ်းစုလို့ အများခေါ်ကြတဲ့ အရပ်မှာ ပအို့စ် တွေနေကြတယ်ဗျ။ သူတို့က ရာသီအလိုက် သီးနှံတွေကို စိုက်ကြပြီး ဒီရာသီဆို ခဝဲသီး၊ သခွားသီး တို့ထွက်ပြီလေ။




အိမ်ကို သတိရတာနဲ့ ဒီအချိန်ဆို မာမီသုပ်ကျွေးလေ့ရှိတဲ့ ရခိုင် သခွားသီးသုပ်ကလေးကို စားချင်လာတယ်။ ဒါနဲ့ အိမ်နားက ဆိုင်မှာ သခွားသီး ဝယ်ပြီး ကိုယ်ဖာသာ ကိုယ်သုပ်စားလိုက်တယ်ဗျာ..။ ဘယ်လိုသုပ်ရတာကိုလဲ ဘလော့ကနေမျှချင်တာနဲ့ပဲ ….



ရခိုင်လို သခွားသီးသုပ်ဖို့..သခွားသီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်၊ နံနံပင်၊ ပုစွန်ငါးပိ၊ သံပုရာသီး၊ ပုစွန်ခြောက် တို့လိုပါတယ်။







အရင်ဆုံး သခွားသီးကို ထက်ခြမ်းခြမ်းပြီး ဇွန်းအမြီးဖျားလေးနဲ့ ခြစ်ရမယ်။ ခြစ်ထားတာလေးကို ဇလုံတစ်လုံးနဲ့ ထည့်ထားပေါ့။




ငရုတ်သီးထောင်းဖို့က ငရုတ်သီးရယ်၊ ကြက်သွန်နီရယ်၊ ပုဇွန်ခြောက်ရယ်ကို ရောထောင်း။ ငရုတ်ဆုံ မရှိရင်တော့ မွှေစက်နဲ့သာ မွှေပါဗျာ။ တကယ်တော့ ပုဇွန်ခြောက်က မထည့်လဲရတယ်။ အချိုအတွက်သာ ထည့်တာပါ။
နောက် ဆား၊ ဟင်းချိုမုန့် နည်းနည်းထည့်။ ထောင်ထားတဲ့ ငရုတ်သီးနဲ့ ခြစ်ထားတဲ့ သခွားသီးကို ရောနယ်လိုက်ဗျာ။ ပြီးတော့ သံပုရာရည် လေးညှစ်ထည့်။ အနံလေးမွှေးဖို့ ပင်စိမ်းလေးထည့်ဗျာ။ စလုံးမှာက ပင်စိမ်းရွက် ရှားတော့ နံနပင်ပဲထည့်ပေါ့ဗျာ။ အပေါ့ အငန် မြည်းပြီး ရင် သုံးဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့ ရခိုင်သခွားသီးသုပ် ကိုရရှိမှာပါ။

(စလုံးက သခွားသီးတွေက မြန်မာပြည်မှာလို လတ်လတ်ဆက်ဆက် မဟုတ်တော့ မချိုဘူးဗျ တစ်ခုခု လိုနေသလိုပဲ သိပ်စားလို့ မကောင်းဘူး)

20 comments:

Rita said...

အမယ် ဒါတွေလဲ ရတာပဲလား

သက်ပိုင်သူ said...

ချိုချို မ ချိုချို
သုပ်ကြွေး
စားချင်တ.်

:P said...

ပုစွန်ခြောက်အစား ငါးဟင်းအသားကိုချေပြီး သုတ်စားဖြစ်တယ်။

တလနွန် said...

ရခိုင်သခွားသီးသုတ် လာငေးပါတယ်ဗျာ။ စားကောင်းမဲ့ပုံပဲ :)

WWKM said...

အိုကေ..
စလုံးလာရင် ပုလုကွေးရဲ့ သခွါးသီးသုတ် ၂ပွဲ.း))
ရေသန့် ၁၀ ဘူး .း)))

သက်ဝေ said...

တယ်ဟုတ်တဲ့ ပုလုကွေးပဲ...
သခွားသီးသုပ်စားဖို့ သူပဲ အကြံရတယ်...
ကောင်းတယ်ဟေ့...

Anonymous said...

သခွားသီးသုပ်တော့ မစားဖူးသေးပါ...သခွားသီးကြော်ဘဲစားဖူးပါသေးတယ်....
ကျေးဇူးပါ...သုပ်စားကြည့်လိုက်ပါဦးမယ်....
ဒီက ဟင်းသီးဟင်းရွက်တွေလည်း အတူတူဘဲ ဗမာပြည်ကနဲ့ မတူဘူး မွှေးလည်းမမွှေးသလို အရသာလည်း ပေါ့တယ်...
ရခိုင် ခရမ်းသီးနှပ်တော့ ရခိုင်သူငယ်ချင်းကျွေးလို့စားဖူးပါတယ်...ရခိုင်ဟင်းတွေက အစပ်ကြိုက်တဲ့ ကျမအတွက်တော့ ခံတွင်းတွေ့စရာပါ.... mie nge

ကိုလူထွေး said...

ခင်လို့ကျွေးရင် သေဆေးတောင် ကြမ်းပေါက်က လွှင့်ပစ်ရသတဲ့...

ခင်လို့ သခွားသီး သုပ်ကျွေးမှတော့...

ကုန်အောင် စားသွားတယ်...

းဝ)

နွေးနေခြည် said...

ကိုပုလု
ပုစွန်ငါးပိ က ငရုတ်သီးထောင်းတဲ့ထဲထည့်ရမှာလား...

စားချင်စရာကောင်းလိုက်တာ...

Anonymous said...

လက်စသတ်တော့ ကိုပုလုကြီးက သခွားသီးတွေသုပ်စားနေတာကိုး။ ဒါကြောင့်ငြိမ်နေပါတယ်မှတ်တာ။

အိမ်မှာ အမကသခွားသီးကိုရှမ်းလိုသုတ်သုတ်ကျွေးတယ်
အိမ်လွမ်းသွားပြီဗျာ။

သုတ်ရင်ခေါ်လိုက်ပါလို့ မပြောတော့ပါဘူးလေ။ ရခိုင်မုန့်တီကျွေးတောင်မကြေသေးပဲနော့ဗျာ

မေဇင် said...

သခွာသီး သုတ်စားကြည့်ဦးမယ်.... ဟင်းချက်ရဖို့အရမ်း စိတ်ညစ်ပဲ...ဟင်း မစီစဉ်တတ်လို့ ..ခုတော့ တစ်မျိုးတိုးပြီ.....း) မချိုရင် ပုဇွန်ခြောက်များများ ထည့်လို့ရလား....း)

Anonymous said...

မရီတာပြောသလိုပဲပြောမလို့
ဒါလည်းရတာပဲလား :D

မိုးခါး

MrDBA said...

ကောင်းမယ့်ပုံဘဲ စမ်းကြည့်ဦးမယ်။

nu-san said...

ပုံကြည့်ပြီး စားချင်လိုက်တာ.. တရက်တော့ သုပ်စားဦးမယ်.. :)

မောင်မောင် said...

ကိုပုလုကွေး ရဲ့  ရခိုင်သခွားသီး သုတ် ကိုနဲနဲ လေး ဖြည့်မလို့ ပါ။
ကျွန်တော် တို့ ငယ်ငယ် က မေမေ က အမြဲသုတ်ကျွေးတော့ မြင်နေမိတယ်ပေါ့ဗျာ။
သခွားသီး ၀ယ်ရင် အကြီးကြီး ရင့်တာတွေ ၀ယ်လာတယ်။ အခွံ ကိုမနွာပဲထက်ခြမ်းခြမ်းပြီးတော့ ဇွန်းနဲ့ခြစ်တယ်ဗျ။ အစေ့ ကိုထုတ်ပစ်တယ်ဗျ။
ပြီးတော့ ငပိစိမ်းသား ကို မီးဖုတ်တယ်။
လိုတဲ့အတိုင်းအဆ နဲ့ပေါ့နော်။ ငရုတ်သီးစိမ်း က တော့ အလောတော်ပေါ့နော်။ များယင်လဲ သိပ်စပ်မယ်။ မထောင်းခင် မီးကင်ယင်ကင် မကင်ယင် ပြုတ်ထားတာပေါ့။ ( ဒါမျိုးမလုပ်ယင် ငရုတ်သီးစိမ်းကြောင့် ဗိုက်နာတတ်တယ်။) ပြီးတော့ ငရုတ်သီး ကိုထောင်းတယ်။ အစာမထည့်တော့ဘူး။ ကြက်သွန်နီကြိုက်ယင်တော့ ထည့်ထောင်းတာပေါ့နော်။
သတိထားမိသလောက်တော့ ပုဇွန်ခြောက် က ဈေးကြီးလို့လား ဘာလား တောသားသုတ်တာ ဟုတ်လို့လားမသိဘူး မတွေ့ မိဘူးရယ်။
အဲဒီ ခြစ်ထားတဲ့ သခွားသီး၊ ငပိဖုတ်၊
အချဉ်( သံပုရာသီး) ၊ အချိုမုန့်၊ငရုတ်သီး လေး ကို သမအောင်မွှေသုတ်ပြီး ဆားမြည်းကြည့်လို့ ရပါပြီ။
ကျွန်တော် မသုတ်ဖူးပေမယ့် ၊တောက်တိုမယ်ရလုပ်ပေးရလို့ မြင်ဖူးတာပါ။
ရခိုင်ဟင်းတော်တော်များများ တော့ ချက်တတ်ပါတယ်။ မေမေ တို့က မြန်မာ လိုမချက်တတ်ဘူးလေ။
ဆရာလုပ်တယ်တော့ မဟုတ်ပါဘူးဗျာ။ အလျှင်းသင့် လို့  ပါ။
ကျေးဇူးနော်။
မောင်မောင်

Yu Ya said...

ကိုပုလုကွေးရေ... သခွားသီးသုတ်က စားကောင်းတယ်ဗျို့ ။

yu ya

ကြည်ဖြူပိုင် said...

ကိုပုလုကွေးရေ..တခါမှအဲလိုသုပ်မစားဖူးဘူး။ အနော်က အဲလိုအစပ်တွေဆိုတအားကြိုက်တာ

ဒီနေ့ ရုံးမှာ ဘလော့ဂ်လည်ရင်းနဲ့ ရခိုင်သခွားသီးသုပ်ဆိုတာတွေ့လိုက်လို့ အပြေးလာစားတာ။ နည်းပညာတွေယူသွားတယ်။ မဖြစ်မနေကို သုပ်စားဦးမယ်။

အရမ်းကြိုက်။ ကြည့်ရင်းကြည့်ရင်းနဲ့ တကယ်ကြီးစားချင်စိတ်တွေထွက်လာပြီ

မယ့်ကိုး said...

အားလပ်ရက်မှာ သုပ်စားချင်စိတ်တောင် ပေါက်လာတယ်။ :)

Anonymous said...

သပ်သပ်လွတ်ထွက်မှာ လာသုပ်ကျွေးခိုင်းမယ်နော်။

Anonymous said...

ဟား ဒါလေးလဲ ထမင်း မိန်တယ်ဗျ တခါတလေ စားတယ် အဲဒါမျိုးလေး...။