Sunday, July 26, 2009

Obsessed နှင့် ကျွန်ုပ်၏ ရုံးပိတ်ရက်

ဒီတစ်ပတ် ဘယ်မှ ဂျလန်းဂျလန်း မလုပ်ပဲနဲ့ အိမ်မှာပဲနေမယ်စိတ်ကူးထားတယ်ဗျ။ ဒါကြောင့် အိမ်အလုပ်တွေကို လုပ်၊ နောက်ပြီး အားရင်ကြည့်ရအောင် movies တွေကို ဒေါင်းလုပ်ဆွဲထားမိတယ်။ ဆွဲထားတဲ့ movies တွေက
၁။ obsessed
၂။ harry potter and the half blood prince
၃။ Transformer 2

အရင်ဆုံးကြည့်ဖြစ်တာက ကိုရွာသားလေး (ဝိုင်တီယူ) ညွှန်းထားတဲ့ Obsessedပဲ။ သူက ဂျူးရဲ့ ကြေမွသွားသော တိမ်တိုက်များနဲ့ ဒီ Obsessed ကို ယှဉ်ညွှန်းထားတာကိုး။ ကျတော်က ဂျူး ရဲ့ကြေမွသွားသော တိမ်တိုက်များကို ကြိုက်လွန်းလို့ အပိုင်ဝယ်ထားတာ။ မကြာခန ဖတ်ဖြစ်တယ်။ အဲဒီထဲက မြနှင်းဆီ ရဲ့ အချစ်ကိုလည်း ခံစားလို့ရတယ်။ ဒါပေမဲ့ ခပ်ကြောက်ကြောက်ရယ်။ မိန်းမတွေက ချစ်မိရင် မလွယ်ပါလား ဆိုတာကိုတွေးမိတာ။


Lisa ကိုကျတော် တွေ့လိုက်ရတဲ့ အချိန်ကျတော့ ဘုရားတမိသွားတယ်။ အလိုလေး။ Lisa ကို ကြောက်လွန်းလို့ အဲဒီကားကို ကြည်နေတုန်း ၃ ခါ နားပြီး ဆက်ကြည့်ရတယ်ဗျာ။ မြနှင်းဆီ နဲ့ မြတ်စု၊ Lisa နဲ့ Derek ။ သူတို့ကြားက သနားစရာ ဖြူ နဲ့ Sharon။ အချစ်ကို ပိုင်ဆိုင်ဖို့ကြိုးစားတဲ့ Lisa၊ မြနှင်းဆီတို့ကို ကြည့်ပြီး ရင်မောလွန်းလို့ဗျာ။


ဒီဇာတ်ကားကို ကြည့်ပြီး ဟိုတလောကမှဖတ်ထားတဲ့ ဆရာတော် ရဝေနွယ်(အင်းမ)ရဲ့ မင်္ဂလာ အတွေးများ စာအုပ် စာမျက်နှာ ၂၄၃ မင်္ဂလာအတွေးများ အပိုင်း ၃၇ ကို သွားသတိရမိတယ်။ ဘုရားကတော့ အချစ် ၃ မျိုးရှိသတဲ့ဗျ။ အဲဒီအချစ် ၃မျိုးကတော့
၁။ ဝီတိက္ကမ အချစ် (အာရုံတစ်ခုခုကို တွေ့ပြီး ကိုယ်နှုတ် ကို မစောင့်ထိန်းနိုင်တော့ဘဲ ကာယကံမြောက်၊ ဝဇီကံမြောက် လွန်းကျူးလိုက်တဲ့ အချစ်
၂။ ပရိယုဋ္ဌာနအချစ် (စိတ်ထဲကပဲ ထကြွသောင်းကျန်းနေတဲ့အချစ်)
၃။ အနုသယ အချစ် (သတ္တဝါတွေရဲ့ သန္တန် မှာ အစဉ်သဖြင့် ကိန်းနေတဲ့ အချစ်၊ ပဋ္ဋိသန္ဓေကတည်းက ပါလာတဲ့ အချစ်


အနာဂါမ် မဖြစ်သေးသမျှတော့ ဘယ်သူမှ အချစ်နဲ့မကင်းကြပါဘူး (အနာဂါမ်စစ် သူမဖြစ် အပြစ်လွန်ကျူးသည်)။ ဒါပေမဲ့ဗျာ အပြစ်နည်းတဲ့ အချစ် ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။

မြတ်စု၊ Derek တို့ကလည်း သာမန်ပုထုဇဉ်ဆိုတော့ လဲ သူတို့ခမျာ ဘယ်လိုထိန်းနိုင်ပါမလဲဗျာ။ သီချင်းလေးတောင် ရှိသေးတယ်မဟုတ်လား။ မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့လို့လာတယ် တဲ့ဗျာ။ ကျတော်လေကြောရှည်နေတာ ကြာပါတယ်။ ဒီ Obsessd ဇာတ်ကားလေးကို ကြည့်ကြည့်လိုက်ပါအုံးဗျာ....


ဒီမှာဒေါင်းလုပ်လင့်တွေပါ။

http://www.mediafire.com/?itwgwuyzzqf
http://www.mediafire.com/?yfnmnyykmtc
http://www.mediafire.com/?dn1gmwqyqmq
http://www.mediafire.com/?mzezc0nb5jl
http://www.mediafire.com/?gkm4kyozqnj
http://www.mediafire.com/?jnimnitmgmz
http://www.mediafire.com/?4znunktzcmu
http://www.mediafire.com/?utzqrkvjdm2


ဒေါင်းပြီးသွားရင် HJsplit နဲ့ ပြန်ပေါင်းပါ။ ပေါင်းပုံ ပေါင်းနည်းကတော့
၁။ အရင်ဆုံး movies ဖိုင် ဒေါင်လုပ်လင့်များအားလုံးကို ဒေါင်းပါ။ ဒေါင်းပီးရင်..ဖိုင်အားလုံးကို ဖိုလ်ဒါတစ်ခုထဲထည့်လိုက်ပါ။
၂။ ပြီးနောက် အဲဒီ အပိုင်းမျာ ကိုဆက်ရန်အတွက် Hjsplit ရှိရန်လိုအပ်ပါသည်။ မရှိသူများ ဒီနေရာမှာ ဒေါင်းလုဒ်လုပ်ပါ။
၃။ Hjsplit ကိုဒေါင်းလုဒ်လုပ်ပြီး ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ မျှားခြစ်ပုံစံလေးနဲ့ Hjsplit လို့ရေးထားတဲ့ Icon လေးကိုတွေ့ပါလိမ့်မယ်။
၎။ သင်ခုန ဒေါင်းလုပ်ချထားတဲ့ Part 1, Part 2. 3 4 5 ဖိုဒါ (Folder) ထဲကို Hjsplit Icon ကို copy ကူးလိုက်ပါ။
၅။ ပြီးနောက် Hjsplit ကို click လုပ်ပြီးဖွင့်ပြီးတာနဲ့ Join ဆိုတာကို Click လုပ်ပါ။ Input File ဆိုတာကို Click ထပ်လုပ်ပြီး ကိုယ်ခုန ဒေါင်းထားတဲ့ Part 1 ကိုရွေးပေးပြီး Open လုပ်လိုက်ပါ။
၆။ Start ဆိုတာကို Click လုပ်လိုက်တာနဲ့ သူဟာသူ ဖိုင်ဆက်ပေးပြီး ကိုယ်လိုချင်တဲ့ ဖိုင်တစ်ခုရသွားပါလိမ့်မယ်။
၇၊ အဲဒီ movies ဖိုင်ကို ကြည့်ဖို့ အကောင်းဆုံး ပလေယာကတော့ VLC player ပါ။ ဒီနေရာကနေ ဒေါင်းပါအုံးဗျာ....

17 comments:

Anonymous said...

ကိုပုလုကြီး ကျနော့ပို့စ်လေးကနေ နောက်ထပ်ဝေမျှခံစားပေးတာကျေးဇူးပါခင်ဗျာ

သက်ပိုင်သူ said...

စိတ်ထဲကနေပဲ ထကြွသောင်းကျန်းတဲ့ အချစ်နဲ့ ဒေါင်းလုပ်ဆွဲပီး ကြည့်ဦးမယ်

တလနွန် said...

ဒေါင်းပြီး ကြည့်အုံးမယ်ဗျာ။ လင့်လေးပေးထားတာ ကျေးဇူးဗျို့ ။ ဂျူး ရဲ့ ကြေမွသွားသောတိမ်တိုက် ကိုလည်း ကြိုက်တယ်။

ရွက်လွင့်ခြင်း said...

ကျေးဇူးပဲ ကိုပုလုရေ
ကျွန်တော်က ဟယ်ရီပေါ်တာ ကြိုက်တာ
အခုလို ဖြန် ဝေ့ပေးတဲ့အတွက် ကျေးဇူး

Rita said...

ဟယ်ရီပေါ်တာပဲ ကြည့်ချင်တယ်။ စိတ်ချမ်းသာလို့။

သုခုမလေဒီ said...

ဂျူးဝတ္ထုနဲ့ ထပ်တူထပ်မျှလား။
ကြည့်တော့ကြည့်ချင်တယ် ဒေါင်းရတာ ခက်လို့  ကွန်နက်ကလည်းသိပ်မကောင်းဘူးဆိုတော့။ ဌားကြည့်လို့ ရရင်တော့ ကြည့်လိုက်အုံးမယ်။
ခုလို ပိုစ့်တင်ပေးတာတော့ ကျေးဇူးပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

Yu Ya said...

ကိုပုလုကွေး... Movies တွေကို DVD Quality နဲ့ ကြည့်ချင်တယ်ဆိုရင်
http://yuya2007.blogspot.com/2009/06/movies-download.html
ကို အနည်းငယ် လေ့လာကြည့်ပါ။

yu ya

Dream said...

အဲ..အချစ်သုံးမျိုးရှိတယ်လား..ရဝေနွယ်အင်းမရဲ့ စာအုပ်ကိုလဲ ပေးဖတ်ဦးလေ....

အခုမှပဲ သုံးမျိုးရှိတာ သိတော့တယ်....ကျေးဇူးပဲ...

ဒါနဲ့ မူးဗစ်ကိုတော့ဒေါင်းကြည့်ဦးမယ်..မရရင်တော့ ဦးပုဒေါင်းထားတာကို ပြန်အတ်လုတ်ပေးလေ... ဟိဟိ... :D

khin oo may said...

မလေးလေးကျပ်

khin oo may said...

ဒေါင်းရမှာ စိတ်ညစ်လို့.

ကိုလူထွေး said...

အဲဒါ အီလီဂယ်လ်နော်...

းဝ)

ကိုလူထွေး said...

အဲဒါ အီလီဂယ်လ်နော်...

းဝ)

မယ့်ကိုး said...

နှစ်ယောက်တောင် ညွှန်းထားတော့ ကြည်ချင်လာပြီ။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကြည့်လိုက်ပါအုံးမယ်

ဘာလို့များမုန်းနေကြပါလိမ့် ????????

ကြည်ဖြူပိုင် said...

ဟိုလူ (ကိုရွာသား) ကပြောလိုက်။ ဒီလူ (ကိုပုလု) ကပြောလိုက်ဆိုတော့ မဲကတော့များနေပြီ။
ဖတ်နေရင်းနဲ့ ကြည့်ချင်စိတ်က အလိပ်လိုက်ထွက်လာပြီသိလား။

ဒါပေမယ့်အနမ်းပြောသလိုပဲ ဒေါင်းရမှာခက်လို့ ငှားကြည့်လို့ ရရင်တော့ ဂယ်ကြီးကို အားရပါးရကြီးကိုကြည့်လိုက်ချင်သား

ရွှေပြည်သူ (ShwePyiThu) said...

ကိုရွာသား ရေးထားကတည်းက ကြည့်ချင်နေတာ။ အခုပဲ Download လုပ်နေပြီ။ ကျေးဇူးပါပဲ မောင်လေး ပုလုကွေးရေ။ Lisa နဲ့ မြနှင်းဆီတို့အချစ်က အတ္တလွန်ကဲတဲ့ အချစ်ပြင်းပြင်းမျိုး ထင်ပါရဲ့...

Anonymous said...

ဒါရိုက်လင့်ပေးပါလားဗျာ ဒါရိုက်ေးဒါင်းမလို့