Sunday, August 2, 2009

နှောင်းနွေ ဆုံမှတ်

ဘယ်သူမှလဲ မဖိတ်၊ ဘယ်သူနဲ့မှလဲ မသိ၊ သွားမယ်လို့လဲ အစီအစဉ်မချထားပေမဲ့ ရောက်ဖြစ်သွားပါတယ်။ နှောင်းနွေဆုံမှတ် လို့ အမည်ပေးထားတဲ့ sp သင်္ကြန်ပွဲကိုပါ။





























သူတို့တွေ ဒီလို ဓါတ်ပုံစုရိုက်ကြတော့လဲ ကျောင်းတော်ကြီးကို သတိရနေမိတယ်။




ကြေငြာထားတဲ့ စတင်ချိန်ထက် ၁နာရီကျော်နောက်ကျပေမဲ့ ဖြေဖျော်တင်ဆက်မှုလေးတွေက ကျတော့ရဲ့ ညစ်နေတဲ့ စိတ်ကို ပြန်လည်ကြည်နူးစေပါတယ်။




ပွဲချိန်မှာ ဓါတ်ပုံမရိုက်ဖို့ ပြောထားပေမဲ့ တန်ဆောင်မုန်းနက္ခတ်သမားမို့ ရသလောက်တော့ ရိုက်ခဲ့ပါသေးတယ်။



ဒါက ဘရိတ်တိုင်း မှာ snack စားပီး နားနေချိန်မှာ ကျတော် တွေရာမြင်ရာကို ရိုက်ထားတာဗျ။ တိုက်ပုံဖြူဖြူ၊ပိုးပုဆိုး.ရွှေအိုရောင်ဆံပင်နဲ့ မြန်မာ ညီငယ်လေးတွေကို လဲတွေ့ရသဗျ။ အပြင်မှာဆို ရွှေစစ် မစစ် ခွဲလို့ လုံးဝမရလောက်နိုင်အောင် လန်တဲ့ ညီမငယ်လေးတွေကိုတော့ ငေးမောကြည့်ရတာလဲအမောရယ်။

နားချိန်ပီးတော့ နှစ်ပါသွားပါ ။ ကျတော်လဲ ချိန်းထားတာရှိနေတာကြောင့် နှစ်ပါးသွား တစ်ဝက်ပဲကြည့်ပီးပြန်ခဲ့ရတယ်။ ထောပတ်ထမင်းနဲ့ ကြက်သားဟင်းလဲ လွတ်သွားသဗျ။ ဒီပွဲမှာနေတုန်း ကျတော့ အသက် တစ်ဝက်လောက်ငယ်သွားတယ်လို့ ထင်ရပေမဲ့ ပွဲလဲပီးကော ငါအသက်တော်တော်ကြီးနေပါပကောလားလို့ သံဝေဂရသွားသဗျ။။။။

7 comments:

သီဟသစ် said...

အော
အဲဒါကြောင့်ကိုး

ညီမငယ်လေးတွေကြားမှာ ငယ်ချင်ယောင်သွားဆောင်တာပေါ့လေ
:)

ခင်မင်စွာဖြင့်
သီဟသစ်

မင်းအိမ်ဖြူ said...

လူကနေပေမယ့် ဇရာက မနေတော့ဘူးဗျ..P:

ငယ်ပါသေးတယ်ဗျာ ကိုယ့်စီနီယာတွေကိုသာတွေးလိုက်D::

တလနွန် said...

ပျော်ခဲ့တယ်ပေါ့။ ဓါတ်ပုံထဲကနေကြည့်ရင်တောင် လန်းနေကြတာတွေ့ တယ်။ :)

Sonata Cantata said...

သွားချင်စိတ်ပေါ်မိတယ်။ အခြားသွားစရာတခုခုနဲ့ တိုက်နေတတ်လို့ တခါမှ မရောက်ဖြစ်ဘူး။

Htoo Aung Lwin said...

ငယ်မူငယ်သွေးကြွတယ်ဆိုတာ ဒါမျိုးထင်တယ်နော်..........။

Rita said...

သူငယ်ပြန်တယ် ဆိုတာ ဒါမျိုးထင်တယ်နော်
:)

Anonymous said...

ပွဲချိန်နောက်ကျတာ ထုံးစံဖြစ်နေပြီ ထင်ပါ့ဗျာ...။