Friday, August 21, 2009

သင်္ကြန်ပန်း

ကျတော့် နှလုံးသား ဥယျာဉ်ထဲမှာ ပွင့်လန်းခဲ့တဲ့ ပန်းကလေးတွေ တော်တော်များများ ရှိခဲ့မှာပေါ့။ တစ်ချို့ကလည်း ခဏတာ ပွင့်လန်းခဲ့တယ်။ တစ်ချို့ကလည်း သက်မှတ်ထားတဲ့ အချိန်မှာ အချိန်မှန်ပွင့်လန်းခဲ့တယ်။ (အမြဲတမ်းရင်ထဲမှာ ရှိနေတာကတော့ တစ်ပွင့်ထဲသော ပန်းလေးပေါ့…။)
အဲဒီနေ့ သင်္ကြန်မတိုင်ခင်တစ်ရက် ၁၂ရက်နေ့ပေါ့။ ကျတော်တို့ သယ်ရင်းတစ်စု သင်္ကြန်ပွဲနွှဲဖို့ တိုပါးရိုး ဘုန်းကြီးကျောင်းကို ချီတက်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းရဲ့ အဝင်ဘယ်ဘက်မှာက ကျတော်တို့ ရခိုင်မဏ္ဍပ်၊ ညာဘက် မှာက စတုဒီသာ မဏ္ဌာပ်တွေ အများကြီး။ ဘုရားကို ဦးချ။ အောက်ကို ပြန်ဆင်းလာတော့ ရခိုင်မဏ္ဍပ်ကနေ လွင့်လာတဲ့သီချင်းသံက

ရိုးရာပွဲဆို အမျိုးသွီးနဲ့ အားပီးရအောင်
မပျက်မကွက် ကိုယ်ရောက် အခေါက်တိုင်းပင်
ထိုင်မသိမ်းနဲ့ ရင်ယှားဆင်ထား
မမတစ်ယောက် တစ်ဖြောက်ဖြောက်ကဟန်
လက်ခုပ်သံ သြဘာမဆုံးအောင်

အိုး..ဒီသီချင်းကြားလိုက်မှ ကျတော့် ရင်ထဲကိန်းအောင်နေတဲ့ ရခိုင်စိတ်ကလေး ဘယ်လိုမှထိန်းမရခဲ့။ ညီအစ်ကိုတွေ အစ်မတွေနဲ့ တူတူကဖို့ ကျောင်းအောက်ကို အပြေးကလေး ဆင်းသွားခဲ့မိတယ်။

ဂစ်တာသမား အမျိုးသားစိတ် တရိပ်ရိပ်ဝင်
ရိုးရာက မမတို့ကျေးဇူးပင်
လေးစားလို စိတ်က ခင်မင်ချင်
မိတ်ဆက်မှ အရေးမထား ဟန်ကိုမြင်
လပြည့်တိမ်ဖုံးလား ပုံအသွင်

ကျတော်လည်း ညီအစ်ကိုတွေနဲ့ အတူကနေလိုက် ကျတော်မျက်ဝန်းထဲ သင်္ကြန်ပန်းလေး ရောက်လာတော့ ကနေတဲ့ လက်အစုံ ရပ်တန့်သွားတယ်။ အိုး..ကျတော့ရဲ့ သင်္ကြန်ပန်းကလေး ပါလား။ သူလေးဟာ မဏ္ဍပ် အပြင်မှာ သယ်ရင်းတစ်ယောက်နဲ့ အတူကနေပါလား။

ဆံပင်ကုပ်ဝဲလေးနဲ့ သင်္ကြန်ပန်းကလေး ဟာ လှပလွန်းလှတယ်။ ဘုန်းကြီးကျောင်း အဝင် ခြင်္သေ့ရုပ်ကြီးဘေးမှာ လှပစွာကနေတဲ့ သူမ။ ကျတော်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ရေသန့်ပုလင်းလေးထဲ ရေတွေဟာ သင်္ကြန်ပန်းအပေါ် သွန်း ဖြန်းမိနေပါကလား။ ရေစိုစို သင်္ကြန်ပန်းလေးဟာ မျက်လုံးကလေး ပင့်ကြည့်ပီး ကျတော့သင်္ကြန်ရေစင်တွေကို ခံယူနေရှာတယ်လေ။

ရိုးရာက မမ
ရိုးရာက မမ
ဂစ်တာသမားအား စိမ်းကားလိုက်တေပင်
စိမ်းရေပင် တရားများပါးဖိုးကား
ရိုး….ရာကမမ
ရိုး…ရာကမမ
ဂီတ ဥယျာဉ် ပန်းမျိုးက တစ်ရာနှစ်ရာ
ရနံဖြာဖြာ ခြားနားဂတ်စော်မဆန်းပါ
ကိုင်တွယ်သုံးစွဲ တူရိယာရာ ကွဲစော်ပါ

သီချင်းသံတွေနဲ့ အတူ ကျတော်နဲ့ သင်္ကြန်ပန်းကလေး ပျော်ရွှင်စွာ ကနေမိတယ်။ အိုး..သင်္ကြန်မလေးရေ။ သူမရဲ့ နွဲနှောင်းတဲ့ အကတွေကြားထဲမှာ ကျတော် နစ်မျောနေမိပါလား။

“ဒီးးးးးးးး ဒီးးးး”
အဲဒီ အချိန်မှာပဲ ကျတော့ ဖုန်းကလေးမြည်လာတယ်ဗျာ။ သယ်ရင်းတစ်ယောက် ခေါ်တာ။ ဖုန်းပြောဖို့ သီချင်းသံတွေနဲ့ အနည်းငယ်ဝေးရာ နေရာကို လျှောက်လာခဲ့မိတယ်။ ခဏတာ သယ်ရင်းနဲ့ ဖုန်းပြောပြီး ကျတော် သင်္ကြန်ပန်းကလေး ဆီပြန်အလာ။ ဟင် ကျတော့် သင်္ကြန်ပန်းကလေး ဘယ်ရောက်သွားသလဲ။ ဟို ဟို ဒီ ဒီ အမြန်ရှာနေမိတယ်။ စတုဒီသာ မဏ္ဍပ်တွေ ဘက်များသွားသလား။ ဘုန်းကြီးကျောင်းပေါ်ပဲတက်သွားသလား။ ကျတော့် ရှေ့က ခုလေးတင်ပျောက်သွားတဲ့ သင်္ကြန်းပန်းကလေးကို အမောတကော လိုက်ရှာနေမိတယ်။ သွားပြီ..ကျတော် သင်္ကြန်ပန်းကလေး..ဘယ်မှာမှ ရှာမရတော့ပါလား။

တစ်နှစ်မှာ၊တစ်လ
တစ်လမှာ တစ်ရက်
ခက်ခဲတဲ့ ရက်ဗု…

အိုး…ကျတော့်ရဲ့ သင်္ကြန်ပန်းကလေး။ တစ်နှစ်မှာ တစ်ရက်ပဲ ပွင့်လန်းသွားပါလား။ နောက်နှစ်ခါမှာ ကျတော့် ရင်ထဲ တဖန်ပြန်လည်ကာ ပွင့်လန်းစေဖို့ မျှော်နေမိတယ် သင်္ကြန်ပန်းကလေးရေ…။




14 comments:

Anonymous said...

ကိုပုလုကြီး
ဒီပန်းကအဆန်းနော်

အပုရှည်တို့ သင်္ကြန်ပွဲက ပျော်စရာ လောင်းလှေကြီးနဲ့ ဟိုတစ်ဖက် ဒီတစ်ဖက် ပက်ကျတဲ့ပွဲ

နွှဲပျော်ရင်း ပွင့်တဲ့ သင်္ကြန်ပန်းလေး လွမ်းငေးသွားတယ်ဗျာ.

တခုတ်တရလေးရေးဖြစ်အောင်ရေးပေးတာ ကျေးဇူးပါခင်ဗျာ

ဖိုးသင်္ကြန် said...

သိပ်တော့ မကျေနပ်ဘူး။
တရုတ်စကားပန်းကြီးကျတော့ ဖွတ်ထားဒယ်။

Yu Ya said...

ကိုပုလုကွေးရေ.. သင်္ကြန်ပန်းလေး အမြန်ပွင့်လန်းနိုင်ပါစေဗျာ

yu ya

WWKM said...

မျက်နှာများပါ့ မောင်ပုလုရယ်.. အစ်မသိတာပဲ ၃ယောက်
ရှိနေပြီ။း))

မောင်ဖားကြီး said...

ဟဲ ဟဲ ... ကျွန်တော်တို့ကလေ သင်္ကြန်ဆိုလည်း သင်္ကြန်.. သီတင်းကျွတ်ဆိုလည်း သီတင်းကျွတ် .. ဟုတ်တယ်နော် ကိုပုလု... အစ်မ၀ါကို ရှင်းပြလိုက်စမ်းပါဗျာ :)

JulyDream said...

သင်္ကြန်ပန်းဆိုတော့ ပိတောက်ပန်းကို ပြေးမြင်မိတယ်။ ပိတောက်က ရွှေအိုရောင်လေး ဆိုတော့ ပုလုကွေး ကြိုက်တာ ရွှေပန်းပေါ့နော်။

သြော်... ရွှေပန်းသခင် ပုလုအရှင်... ပါလား...

Mogok Thar said...

သင်္ကြန်ပန်း လေး တွေ့ဖို့အရေး
ပုလုကွေး၊ ပုလုကွေးးးး

းးး))))))))))))))))

မိုးခါး said...

ကိုပုလုကြီး
မမ၀ါပြောသွားတယ် ၃ယောက်ဆို
:P
တရက်ဆို ဆိုသလောက် ဒီပန်းလေး ရင်ထဲ ၀င်မွှေးသွားတယ် ထင်ပါရဲ့း)

ကိုလူထွေး said...

ကောင်းကင်ပြာဆီမှာလဲ အခုပဲ ပိတောက်အကြောင်း ဖတ်ခဲ့တယ်...
ဟိုက ကိုကိုပိတောက်
ဒီက မမပိတောက်ပေါ့...

ကောင်းပါပေတယ်...
းဝ)

တောင်ပေါ်သား said...

သနားပါတယ် ငါ့အကိုး)
တနှစ်မှာတခါပဲ ပွင့်တဲ့ သင်္ကြန်အမြောက် အဲလေ ပန်းလေးနဲ့ တွေ့သွားတာကိုးဗျ စိတ်မပူနဲ့ တီဝါက လာရင် တခါထဲ ပါဆယ် ဆွဲလာမယ်တဲ့


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

နောင်နှစ်လဲ မွှေးပါစေဗျာ..။

ရွှေပြည်သူ (ShwePyiThu) said...

ပုလုကွေးနှယ် သူငယ်ချင်းကို နောက်မှ ဖုန်းပြန်ဆက်ခိုင်းလိုက်တာ မဟုတ်ဘူးး)) သင်္ကြန်ပန်းလေးနဲ့ အမြန်ဆုံးပြန်ဆုံနိုင်ပါစေ မောင်လေးရေ...

တလနွန် said...

သင်္ကြန်ပန်းလေးနဲ့  အမြန်ဆုံးပြန်လည်ဆုံနိုင်ပါစေ။ ရခိုင်ရိုးရာ သင်္ကြန်ပွဲနွှဲပုံကတော့ နာမည်ကြီးတယ်နော်။

Rita said...

မဏ္ဍတ်မှာတွေ့
ခိုက်သွား
ရေလောင်း
ဖုန်းလာသွားပြော
ပြန်လာရှာမတွေ့
ရိုးတာကွယ် ဇာတ်လမ်းကလဲ ..
ဘိုးတော်ဘုရား လေးဘက်သွားတုန်းက ဇာတ်လမ်းမျိုး... :D

ဒါ တကယ့် အဖြစ်အပျက်ကို လျှိုချင်လို့ လံကြုတ်လုပ်တာပဲ ဖြစ်ရမယ်။

ဒါနဲ့ ဟိုတခါပြောတော့ ချစ်ချစ်က ရန်ကုန်မှာတဲ့။
ခုဘယ်လိုလုပ် TP ရောက်နေပြန်တာလဲ။

မြင်မြင်ချင်း ချိုက်တဲ့ အဖြစ်ပါလား။