Wednesday, August 26, 2009

Singapore = စင်္ကာပူ # ဆင့်ကာပူ


ပြီးခဲ့တဲ့ တစ်ပတ်က PUB Ulu-Pandan WRP ရုံးထဲသွားပြီး ပါမစ် သွားတင်တယ်။ Consultant က လူကြီးရုံးထဲ ဝင်ပြီး လက်မှတ်ထိုးနေတုန်း ကျတော်က အပြင်မှာနေခဲ့ရင်း သူတို့ Notice Board မှာ ဟိုလျှောက်ဖက် ဒီလျှောက်ဖက်ရင်း အောက်က စာလေးတွေကို တွေ့လို့ ပြန်တင်လိုက်ပါတယ်ဗျာ။ စင်္ကာပူ ဘဝ တွေထင်ဟတ်တာပေါ့။

In Singapore, the majority of us live in Highly Dangerous Buildings (HDB),And most people have already got used to Paying and Paying (PAP).Not only do you have to pay, you Pay Until Bankrupt (PUB).

When you fall sick and happen to be admitted to a Money Operating Hospital (MOH),You might be able to use your Cash Prior to Funeral (CPF) fund.If you are out of luck, you may meet doctors who Never Use Heart (NUH) to treat you,And you will be Sure to Give up Hope (SGH).

To help ease the traffic, motorists have to pay Cash On Expressway (COE).If that doesn't help, they can always Eternally Raise Prices (ERP) on the roads.If you don't own a car, you can always make a Mad Rush to the Train (MRT),OR get squashed in a bus Side By Side (SBS).
Lastly, under all these pressures, there are not many places we can relax,Not even the good old place we used to go because it has becomeSo Expensive and Nothing To See Actually (SENTOSA)!!!

HDB= Housing Development Board # Highly Dangerous Building
PAP= People's Action Party # Pay And Pay
PUB= Public Utilities Board #Pay Until Broke
CPF=Central Provident Fund Cash Prior to Funeral or Coffin Provision Fund # Cash Prior to Funeral
NUH=National University Hospital# Never Use Heart
SGH=Singapore General Hospital# Sure Giveup Hope
ERP=Electronic Road Pricing # Everytime Raise Price
MRT=Mass Rapid Transit# Mad Rush to Train
SBS=Singapore Bus Service # Side by Side
SENTOSA = So Expensive and Nothing To See Actually

(မမဝါဝါ လာရင် MRT (Mad Rush to the Train) ကြီး စီးပြီး ဈေးကြီးပြီး တကယ်ဘာမှ ကြည့်စရာမရှိတဲ့ Sentosa ကို သွားကြတာပေါ့ဗျာ။

12 comments:

ဗီလိန် said...

သေချာသပေါ့။ အမှန်တွေ သိပ်ပြော။

Rita said...

မိုက်လိုက်တဲ့ idea! Great!

တောင်ပေါ်သား said...

း) အမှန်ပြောတယ်ပေါ့ သတိထားနေ အဟွန်းးးးးး သားတော့လိုက်ပါဘူး အဲ့လို Train ကြီးနဲ့ဆို ဘူးဂစ်က ဆိုက်ကားနဲ့ သွားကြမယ်လေး)


လေးစားလျက်
တောင်ပေါ်သား

lwinwin said...

SENTOSA !!!!!!!
မှန်လိုက်လေ....ခွိ..ခွိ

ကိုလူထွေး said...

ဘာသာပြန်ပေးရင် ကျေးဇူးတင်မိမှာ...

းဝ)

Thant said...

ဟား ဟား ဟား..... မအောင့်နိုင်တော့လို့ အော်ရီပစ်လိုက်ပြီ... ကဲ ။

:P said...

အရမ်းမိုက်တယ်... ဟားဟား

Talkii said...

ဆံပင်ညှပ်ဆိုင်လာတဲ့ စလုံးဟာသလေးပါ တွဲတင်လိုက်ရင် ပိုကောင်းမှာ။ :)

Waing said...

အားလုံး အမှန်တွေပဲနော် :)

မိုးခါး said...

ဘာမှမရှိတဲ့ ဆန်တိုဆာကိုသွားပြီး နေခြောက် လှမ်း ခံကြတာပေါ့ .. :D

Sai Sai said...

Singapore Citizen သုံးသပ်ချက် ကို ဖတ်ပြီး link နောက် ကို လိုက်ရင်း မထင်မှတ်ပဲ ရောက် ခဲ့တယ်..ညီငယ်..ညီမငယ်တွေ ရဲ့  အရေး အတွေးတွေ ကို တကယ် ကို သဘောကျပါတယ်.
တခုပြောချင်တာ ကတော့ရေကြည်ရာ မျက်နု ရာ ရောက်လာကြ တယ်.. ရီတာ ပြောတာ လေး ကိုပဲကြည့် ရင် သိသာပါတယ်၊
"တကယ်တော့ မြန်မာပြည်က မြေကြီးပေါ် ရပ်ခဲ့ရတုန်းက စိတ်ထဲမှာ အခိုင်မာဆုံးပဲ လို့ ခံစားခဲ့ရတယ်။
(အဲဒီလို ခံစားခဲ့ရတယ် ဆိုတာကိုလဲ ဒီရောက်မှ သိတာပါ)။
ဒါပေမဲ့ အဲဒီအချိန်တုန်းက လက်ထဲမှာ ကိုယ်ပိုင်တဲ့ ပိုက်ဆံများများ မရှိဘူး။
(အင်းလေ ခုလဲပဲ များများ မရှိပါဘူး)
ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ မှီခိုစရာ မလိုတော့ဘူး။ "

အကျယ် ချဲ့ ရှင်းပြ ဖို့ ကို မလိုတဲ့ statement တခု ပါ၊

အညတရ တယောက် ကို dignity..self-confidence, professionalism, ethical conducts တွေ ကို နားလည် ခံစား ပြုမူ တတ် ခဲ့ ဖို့ စိုင်း တို့ ချစ်တဲ့ အမိ မြန်ပြည် က chance, opportunity တွေ ဒီလောက် မပေး နို င်လို့ စိုင်း တို့  လို အခြေခံ လူတန်း စားတွေကတော့ စင်ကာပူ ကတော့ အိုအေစစ် လေးပါပဲ.

အလုပ် အကိုင် လုပ်ရင်း ရုန်းကန်ခဲ့ ရင်း
ဒီမှာကျောင်းပြီး ပြီး အလုပ် လုပ်နေ တဲ့ ညီအကို မောင်နှမ များ လဲ ဒီလို ခံစားမိမှာပါ...
မိဘ ကချမ်းသာပြီး အလုပ် မလုပ် ပဲလဲ ရ..ရန်ကုန်ပြန် သွားလဲ နောက် ဆုံးပေါ် ကား တ၀ီဝီ နဲ့ ဟော်တယ် စုံ မှာ ဒေါ်လာ စိတ်တိုင်းကျ သုံးနိုင် တဲ့ ညီ ညီမငယ် တွေတော့ ဒီကျွန်း ငယ်လေး မှာ ပျော် မှာ မဟုတ်ပါဘူး။

ရှိပါသေးတယ်.. အဖေ က condo တွေ ၀ယ်ထား ပြီး အိမ်ငှား တင် အိမ် လခ တစ် လ သောင်း ဂဏန်း ကောက် ပြီး နေတဲ့ ညီ ညီမငယ်တွေလဲ နောက် ဆုံးပေါ် ကား တ ၀ီဝီ နဲ့ ပျော် နေကြတာလဲ တွေ့ ရပါတယ်.

.ဘာတွေလျှေက် ရေး နေလဲ ဟ..ဒီဘဲ ကြီး ဆို ပြီး...ညီပုလုကွေး တော့ ဒီ comment ကို ဖျက်ပြစ် တော့ မလား၊
အခြေ ခံလူတွေ.. အလတ် တန်းတွေ.. အထက် တန်း..ရေးရတာ ကဒီ လို ပါ..အကြောင်း အရာ..အခြေအနေ အမျိုးမျိုး နဲ့ စိုင်း တို့  ဒီ မဖြစ်စလောက်.. ကျွန်းငယ် စင်ကာပူမှာ နေကြ တာ ပါ..
ပြီးတော့ ကိုယ့် သဘော နဲ့ ကို အပင် ပန်း ခံပြီး ဗီဇာ တွေ လျှောက်..ရရာ လေယာဉ် အ မှီ စီးလာ ကြတာ..ဘာ လို့ များ ထပ်ပြီး စိတ် ထပ် ပင်ပန်းခံ နေကြ လဲ ..ကိုယ် မကြိုက် တဲ့ နေရာ.. လူ တွေ အကြောင်း..ကို ပြောနေချိန် မှာ တကယ် ကို စိတ်ပင်ပန်းဒေါ သ ထွက်တာနော်...စိုင်း ဆို ရင် မနေတော့ ဘူး ကိုယ်နဲ့ သဟဇာတ မဖြစ်.. ကိုယ့် အတွက် အကြိုး မရှိ.. ပြီး ကိုယ် မပျော် တဲ့ နေရာ... ငရဲ ပြည် မှာ နေရတာ နဲ့ တူနေမှာပဲ..
စိုင်း ပြန် ဖို့  စိတ်ကူး တာ ခုမှ မဟုတ်ပါ။ လွန်ခဲ့ တဲ့ ၁၀ နှစ်လောက် ထဲ က..စိတ် ကူး ယုံ မဟုတ်.. ပြန် လိုက်သေးတယ်.. ၁ လ နေပြီး ပြန် ရောက် လာပါတယ်..
ရန်ကုန် မှာ ပို အိပ် ချိန် ရပါတယ်.. စင်ကာပူ မှာ မထချင် ထချင် တရပါတယ်.. စိုင်း က အခြေ ခံ အလွှာ က လို့ ပြောပြီးပြီနော်...ကိုယ် ပိုင်ကား မရှိ လို့  ည အပြင် သွားရင် လိုင်းကား ညကြေး ပေး ပြန် နိုင် တောင် အဆင် အပြေ လို့  စော စောအိပ်ရတာလေ..TV ကြည့် ပေါ့ ပြော မလား.. အဟဲ.. အစီအစဉ် က နိး နိုး..ပြီးတော့.. electricity power.... come and go... Sattleite လား...အား လက်လှမ်း မမှီ.. အိပ် ရလွန်းလို့  ခေါင်း တောင် ဘယ် လို စောင်း အိပ်ရမလဲ လုပ် ရင်း ရွေ့ ရင်း အိပ်တောင် မရ ဘူး...ပြန် လာရတဲ့ အကြောင်း ရင် တရပ် ပါ...

အတို ချုပ်ပြော ရရင်တော့ ကိုယ့်မြေ ကိုယ့်ရွာမှာ သမာအာဇီ ၀ ကိုယ့်လုပ်အားခ လေး စားပြီး လူမွှေးမပြောင် လူမဖြစ် နိုင်လို့  စင်ကာပူမှာပဲ နေရင်း ပျော်အောင် နေတတ်ခဲ့ပါပြီ... ကိုယ်လုပ်နေ တဲ့ field မှာ ရေ သာမခို တတ်ကျွမ်း နေရင် ကိုယ့် နောက် ကို လိုက်နေတဲ့ အလုပ်ရှင်တွေ အများကြီးပါ.. discrimination ဆို တာ...ဂျိုနဲ့ လား မေးရပါမယ်... စိုင်း မြန် မာပြည် က ဘွဲ့ လေးပဲ ရှိပါတယ်... English ကို တော်တော် သင့်သင့် ရေး နီုင် ပြော နိုင် တဲ့ အားသာချက် ပဲ ရှိပါတယ်... ရန် ကုန် က ကျောင်းပြီးပြီးချင်း လာတာ ဆို တော့ working experience ဆို တာ ပြော ရ လောက် အောင် မရှိ... ကိုယ့် အခြေအနေကြောင့် ကိုယ် အလုပ် လုပ် တတ် မှ ဖြစ်မယ် ဆို ပြီး စိတ် သွင်းကာ အလုပ် သမား အစ ဒါရိုက်တာ အဆုံး ရသမျှ လေ့လာ ခဲ့ ရင်း အလုပ် ကသင် သွားခဲ့ပါတယ်...ကိုယ်ရည် သွေးခြင်း မဟုတ်ပါ.....ဆက်စပ်ပြောချင် လို့ ပါ...
အဲ လို လုပ် တတ်ပြီး နို င်လာရင်.. အလုပ် မှာ ရာ ထူး က ရလာပါ တယ်... ရလာ ရင်း ငှာန ဆိုင်ရာ က အရာရှိတွေ... ညွှန် မှူး.. ညွှန်ချုပ်... ဒါရိုက်တာတွေ နဲ့ တွေ့ ရ ပြော ရ ဆွေး နွေး ရပါ တယ်... စို င်း ကို မင်း က မြန်မာ ပြည် က ဘွဲ့ ရလား မေး သူ မရှိပါ....မင်း နဲ့ မတွေ့ ချင်ဘူး မင်း အထက် က လူ.. မင်း သငှေး နဲ့ ပြော မယ် အပြော မခံ ရ... အနှိမ် အခံ၇ဘူးပါ....

ပြောချင် တာ က... ကိုယ် နေပျော် ဖို့  က ကိုယ် နဲ့ အများကြိး သက် ဆိုင်ပါတယ်.... နေ တတ် ရင် ပျော် စ ရာကြီးပါ ပြော ရင်း........ မည် သူ့  ကို မှ မရည် ရွယ် ပါ.. ကိုယ် တွေ့  တ စိတ် တဒေသ ကို ဝေ မျှ ရင်း အားလုံး ပျော် ရွှင် ကြပါစေ...
စိုင်း

Anonymous said...

မလာတော့ဘူးဗျာ.. အဲဒါဆို ပြန်လည်သန့်စင်ရေလဲ သောက်ရသေးတယ်... ခုလိုဆိုတော့ တော်ပြီ.. အလကားခေါ်တောင် မလာတော့ဘူး..။