Saturday, October 10, 2009

တောကစား ထွက်ခြင်း



အမတ်ကြီးများ

ဖလား။။။။

ငါ ခြင်္သေ့ပြည့်သခင် ခြင်္သေ့ဗရင်ကြီး တောကောင်ရှားတဲ့ ကျွန်းစုတ်မဟာ ကနေ ကြီးကြယ်မြင့်မြတ် ကျွန်းကြီးမဟာ ပြည်မြန်မာသို့ တောကောင်ရှာထွက် တောကစားထွက်တော် မူမယ် အမတ်ကြီးများ။။။။



ကောင်းမြတ်လှကြောင်းပါ ဖလား။ ကိုယ်တော်ခြင်္သေ့ စလုံးမှာနေ စလုံးရေသောက်တာ (၁၀)လကြာတော့ တောကစားမထွက် တောကောင်ငတ်တော် မူလေမပေါ့ ဖလား။

အေး.. မှန်လှတယ် အမတ်တို့…။

တောကစားထွက် တောကောင်တွေဖမ်း ဖို့ ဘယ်လိုများ စီစဉ်ထားတော်မူပါသလဲ ဖလား။

ဟေ….ငါကိုယ်တော်မြတ် စလုံးစံချိန် စနေနေ့ ခွန်နှစ်နာရီခွဲတိတိ စစ်အဲ မဟာ ယာဉ်တော်သာနဲ့ ထွက်တော်မူမယ် အမတ်ကြီးများ. ရွှေရောင်ဝင်းပ အေးမြလှတဲ့ ရွှေပြည်ကို ဆိုက်ရောက်တဲ့ ငါကိုယ်တော်ကို ဒဂုန်တိုင်းသား တောကောင်များက စီးကြိုမယ်ကွဲ့။ အဲဒီနောက် ငါကိုယ်တော် အနားတော် ထောက်ရင်း အချိုတွေသကာလောင်း ချိုသာလှတဲ့ စံရိပ်ငြိမ်မှာ ဒဂုန်တိုင်းသား တောကောင်သားနဲ့ တောကစားတော်မူမယ်ကွဲ့။ သူနိုင် ငါနိုင်အပြိုင်ကြဲ အနိုင်နွဲကာ ဒဂုန်တိုင်းမှာ သုံးရက်ကြာနေပြီးရင် သကာလ ငါ့မွေးရက်မြေမှာ အခြေစုရအောင် ကြွချီမယ်မောင်မင်းတို့။

ဖခည်းတော် မယ်တော်တို့နဲ့ မွေးရပ်မြေမှာ ငါးရက် တစ်ပတ် ပျော်ရွှင်ပြီး သကာလ အထက်ပြည် အထက်အရပ် ရွှေမန်းရိပ်ခိုကာ ရှမ်းပြည်က လမ်းမှား လမ်းသလားလာတဲ့ ရှမ်းတောကောင်တွေ ရှာဖွေပစ်ခတ် စားသောက်တော် မူမယ်ကွဲ့..။

ရှမ်းစာမက်တဲ့ ငါကိုယ်တော်အတွက် ရှမ်းစာစားရင်း စစ်ကိုင်း၊ မင်းကွန်း၊ အင်းဝနဲ့ မေမြို့မကျန် အခြေဆန့်လို့ တောခရီးနှင်မဟဲ့။ အထက်ပြည်တကြော စုံဆန် မျောရင်း ဆယ်ရက်ကြာ အပန်းဖြေ အလွမ်းတွေဝေပြီးရင် မွေးရပ်မြေ ခဏပြန် အောင်ပွဲကြီး ခံမဟဲ့။

အခါအခွင့်သင့် မငံ့လင့်ရအောင် မွေးရပ်မြေမှာလည်း တောကောင်ရှာဦးမဟဲ့။ မွေးရပ်မြေမှာ ငါ့အကြိုက်တောကောင် ရှာမတွေ့ခဲ့ရင် စုန်ချည် ဆန်ချည် ရန်ကုန်မြို့တော် ဆီကူးမယ်ကွဲ့။ ကဲကဲ ဒါတွေကတော့ အကြမ်းဖျဉ်း အစီအစဉ်တွေပဲ မောင်မင်းတို့ရဲ့။

ဖုံးတော် ကြီးလှ အရှင်မျတ်ဖလား။ တန်ခိုးကြီးတဲ့ ---ဘုရားဆီ အဖူးမျှော် ထွက်ရင်း တောကစား မထွက်ပေတော့ဘူးလား ဘုရား။

ဟေ..ဟေ.. ဒါက လွန်ခဲ့တဲ့ နှစ် တမြန်နှစ်ကာလေကွဲ့။ ဒီနှစ်မှာတော့ အသစ်အသစ် တွေနဲ့ တောကစား ထွက်မဟဲ့။

တောကောင်ရှာထွက် တောကစားထွက်ဖို့ လက်နက်လူသူ ပြည့်စုံပြီလား ဖလား ။

အေးကွဲ့ လက်နက်တွေကတော့ esprit, g2000, top man, levis, puma မကျန် နစ်ကီ အစုံဝယ်လို့ တောကောင်ဖမ်းမဟဲ့ အမတ်တို့ ။ လက်စွဲတော် အိုင်ဖုန်း ဟန်တစ်လုံးနဲ့ အသပြာ နှစ်ရာကပ် နစ်ကီ ဖိနပ်ကို စီးရင်း်နဲ့ တောကစားထွက်တော် မူမယ်မောင်မင်းများ…။

သင့်မြတ်လှကြောင်းပါ ဖလားးးးးးးးးး။ သင့်မြတ်လှကြောင်းပါ ဖလားးးးးးးးးး။
(photo..blog.summacentral.com)


8 comments:

စန္ဒကူး said...

ဘုတ်ဒေါ... ဖလားးးး

Rita said...

ခဏခဏ ပြန်တာ ပိုက်ဆံတွေ ကုန်လှကြောင်းပါ ဖလား
:D

တောင်ပေါ်သား said...

ထွက်သလားလဲ မမေးနဲ့ ဒီတောကောင်တွေတော့ ကုန်တော့မှာပဲ အပြန် တောကောင် ရရင်ဖြင့် နဲနဲ တီးခေါက်ပါဦးဖလားးးးး ပျော်ရွှင်ဖွယ် ခရီးလေး ဖြစ်ပါစေ ငါ့အကိုရေ


လေးစားလျက်
တောင်ပေါ်သား

ကိုလူထွေး said...

သတိတော့ထားပါ ဖလား
တောကောင်မရဘဲ
ပိုးကောင်မွှားကောင်တွေ ရလာပါဦးမယ် ဖလား...

းဝ)

O.o said...

လက်စွဲတော် အိုင်ဖုန်း ဟန်တစ်လုံးနဲ့ အသပြာ နှစ်ရာကပ် နစ်ကီ ဖိနပ် esprit, g2000, top man, levis, puma မကျန် အိမ်တော်မှာ ထားတော်မူ ခဲ့ပါ ဖလား........
ညီတော် ၀တ်တော်မူမလို့ပါ ဖလား..:P

ဖိုးသင်္ကြန် said...

ပြန်တာလည်းပြန်ပေါ့... သီတင်းကျွတ်အမှီ သမင်လိုက်မလာနဲ့ဦး။
ခုမှ ၃၀နားပဲရှိသေးတာ၊ ငယ်သေးတယ်။

(ဒါနဲ့ ဒီပို့စ်ကို မြန်မာအွန်လိုင်းစောင့်နတ်မင်းများ ဆိုတဲ့ နေရာမှာတွေ့လိုက်သလိုပဲ...)

တန်ခူး said...

အံမယ်… ဒီကိုယ်တော်တောကစားတာကလဲ အမိုက်စားပါ့လား… တောကောင်ရရင် အကြောင်းကြားဦးနော်… သေချာတာတော့ တခြားမုဆိုးတွေလို အသေဖမ်းတာမဟုတ်ပဲ အရှင်ဖမ်းတာပဲ… တောကောင်လေးက မျက်တောင်တုလေးနဲ့ ပဲဖြစ်မလား…သနပ်ခါးဘဲကြားလေးနဲ့ ပဲဖြစ်မလား… ဒါမှမဟုတ် တကောင်မှမပါလာ ဗလာသက်သက်ပဲဖြစ်မလား…

တန်ခူး said...

တက်ဂ်ထားတယ်ပုလုရေ...ရေးပေးဦးနော်...