Monday, October 26, 2009

ခြေလှမ်း တစ်လှမ်း ...စတင်ခြင်း

အဲဒီ Virtual World ထဲကို ဝင်ကြည့်ရင် ကောင်းမလား၊ မကောင်းဘူးလား။ လုပ်သင့်သလား မလုပ်သင့်ဘူး။ စဉ်းစာနေတဲ့ ရက်တွေ လတွေ တော်တော်ကြာပေါ့။ သူနာမည်နဲ့ လိပ်စာကို သိနေတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်လောက်ကတည်းက။

ကျတော့်ကို ခင်လို့ invite လုပ်ထားတဲ့ အစ်ကိုကြီးတွေ သယ်ရင်းတွေ မနည်းဘူးဆိုတာ အခု အကောင့်ဖွင့်လိုက်မှ သိရတယ်။ အရင်ကတော့ ကျတော့ ဂျီမေးထဲကို ဟိုသယ်ရင်းကပို့ ဒီသယ်ရင်းကပို့တဲ့ စာလွှာလေးတွေ ရောက်လာပေမဲ့ မသိသလိုနေနေခဲ့တယ်။

ဟိုတစ်ပတ်ကမှ မြန်မာပြည်က ညီငယ်တစ်ယောက်က အဲ့ဒီမှာ အကောင့်မရှိဘူးလားလို့ မေးတယ်။ ကျတော်က မရှိဘူးလို့ ဖြေတော့ ဟာ တော်တော် ခေတ်နောက်ကျတာပဲ ဘာညာနဲ့ အပြောခံလိုက်ရတယ်။ အင်း အဲဒီအကောင့် မရှိတာနဲ့ ခေတ်နောက်ကျတယ် ဘာညာ အပြောခံရတာတော့ ဟုတ်သေးဘူးထင်တယ်နော်။

ပြီးတော့ အိမ်ကနှစ်ကောင် အားနေရင် လယ်စိုက်ရတာနဲ့ ဘာမွေးညာမွေးလုပ်ရတာနဲ့ ပြောနေကြတာ။ ကိုယ်က မသိသလိုနေပေမဲ့ ကြာလာတော့ ဘာလဲ ညာလဲတော့နည်းနည်း သိချင်လာတယ်။ ကဲ ဒါနဲ့ပဲ မထူးတော့ပါဘူး။ ဒီနေ့ နေလည် ခန အားနေတုန်း အကောင့်ဖွင့်လိုက်မိတယ်။ ဒါပေမဲ့ လယ်မစိုက်ဘူး။ ဘာမလုပ်ဘူးလို့တော့ စိတ်ကူးထားတာပါပဲ။

အကောင့်ဖွင့်ဖို့ တစ်ယောက်သောသူက သဘောမတူချင်ဘူး။ ကျတော် လျှောက်ကဲနေမှာ စိုးလို့နဲ့တူပါတယ်။ အခု အကောင့်ဖွင့်နေတုန်း သူကို သတိရနေမိတယ်။ သူ ခွင့်ပြုမှာပါလေ..(ခွင့်ပြုနော်.. ခွင့်မပြုလဲ ဖွင့်ပြီးသွားပီ)။Virtual World ထဲကိုတော့ ခြေလှမ်း တစ်လှမ်း စတင်မိနေပြီ .....။။။။

9 comments:

PTG said...

Tour Guide လုပ်ပေးမယ်လေဗျာ

WWKM said...

haa haaaa
သတင်းပို့လိုက်ပါမယ် ပုလုကွေးရေ..စိတ်ချ.
အစ်မလည်း လယ်စိုက်မလို့ လက်ဆောင်တွေရထားပါရဲ့
ခြေလှမ်း မချရသေးဘူး။း)

Rita said...

ခွင့်ပြုမှာပါလေ..(ခွင့်ပြုနော်.. ခွင့်မပြုလဲ ဖွင့်ပြီးသွားပီ)

U, men, are...

Orange Chit Thu said...

Nin har lay...
Nin doe Guy twe har tu tu par pae...ah myin cut sayar kg dae...

နွေးနေခြည် said...

ခွင့်ပြုမှာပါလေ..(ခွင့်ပြုနော်.. ခွင့်မပြုလဲ ဖွင့်ပြီးသွားပီ)

အေးရော...း)

တန်ခူး said...

အင်း… အဲဒီခြေလှမ်းက စ တာပဲ… အမလဲ ခြေတလှမ်းဆို စ လိုက်တာ ခုထွက်ပေါက်ပိတ်နေပြီ…

khin oo may said...

တို့မှာလဲ အကောင့်ရှိပါတယ။်
ဘယ်လိုမှ မနေပါဘူး.အေးဆေးပါတယ်။

သီဟသစ် said...

ကိုရင်ပုလုရေ

အဲဒီVirtual world ကလည်း ပျော်စရာတစ်မျိုးကောင်းပါတယ်။

:)

ခင်မင်စွာဖြင့်
သီဟသစ်

ရွှေပြည်သူ (ShwePyiThu) said...

Virtual World ထဲဝင်တာ ကောင်းပါတယ်။ အစ်မဆို သူငယ်ချင်းဟောင်းတော်တော် များများနဲ့ အဲဒီကနေ ပြန်အဆက်အသွယ်ရတာလေ။ လယ်တော့ မစိုက်မိစေနဲ့ ပုလုရေ။ အဲဒါက တအားစွဲတယ် ကြားမိလို့ အစ်မလည်း (သူငယ်ချင်းတွေ စိုက်နေတာ ကြည့်ကြည့်ပြီး အားကျပေမယ့်) ခုထိ မစိုက်မိအောင် အောင့်ထားတယ်း)