Friday, November 20, 2009

ခပ်ထုံထုံ ခပ်အအ ခပ်နနကောင်





ကျတော် အရိုးသားဆုံးပြောရရင် မလိမ်တတ်ဘူး။ သူတစ်ပါးကို လိမ်ရင်လဲ အလိမ်ပေါ်တာများတယ်။ အဲ ကျတော်ထက် အ တဲ့ သူကိုတော့ လိမ်လို့ရမှာပေါ့ဗျာ။

ငယ်ငယ်တုန်းက အိမ်မှာ ငါးပိကြော်တွေ ဘာတွေကြော်ရင် ကျတော်က ခိုးစားနေကျ။ ကျတော်တို့ အိမ်မှာက ငါးနီတူခြောက်လေးတွေကို ငရုတ်သီးလေးနဲ့ မကြာမကြာကြော်စားလေ့ ရှိတယ်။ အဲဒီလိုကြော်ပီဆို ကျတော်လူကြီးတွေ အလစ်မှာ မီးဖိုချောင်ထဲဝင် ခိုးစားနေကျ။ တစ်ခါပေါ့ ကျတော်ခိုးစားတာ အိုးအဖုံးက ပြုတ်ကျပီး ဂလုံဂလွမ်မြည်ပါရော။ ဒါနဲ့ အသာလေးပုံးနေတာပေါ့။ လူကြီးတွေ မသိလောက်ဖူးဆိုမှ အိမ်ရှေ့ထွက်တယ်။ အိမ်ရှေ့ရောက်တော့ မာမီက သားကြီး ငါးပိကြော် ခိုးစားတယ်မဟုတ်လားလို့ မေးတယ်ဗျ။ ကျတော်က သားသားမစားပါဘူး လို့ လိမ်တယ်။ ဒါပေမဲ့ဗျာ ပါးစပ်မှာ အကွက်လိုက်ကြီး အဆီတွေ ဝင်းနေတာကို မားမားတို့မသိပဲနေမလားဗျ။ အဲဒီလောက် အလိမ်တော်တာ။

တစ်ခါလဲ စလုံးမှာ ငါးကြော်ခိုးစားပါတယ် အိမ်မှာ ဘယ်သူမှ မရှိတုန်းပေါ့။ အဲဒီ ငါးကြော်ခိုးစားမှုဟာ အွန်လိုင်းပေါ်တောင် ရောက်သဗျ ။ လိမ်တက်တာပြောတာပါ။

ရိုးသားမှုနဲ့ အတူ ပွင့်လင်းမှုကလဲ ပါလာမြဲပါ။ ဒီစာကို ရေးတာက ကျတော်ကို ပွင့်ပွင့်လင်းလင်း မပြောတဲ့ အစ်ကိုတစ်ယောက်ကြောင့်ပေါ့။ ကျတော်ကတော့ ကျတော့်အရှိအတိုင်း အတော်များများကို အပွင့်လင်းဆုံးပြောတတ်တယ်။ သူကျတော့်ကို ပြောသင့်တာ ပွင့်ပွင့်လင်းလင်းနဲ့ ညီရေ ဘာဖြစ်တယ် ညာဖြစ်တယ် ဒါကြောင့် အဲဒါကို လှူမယ်ပေါ့။ ဒါပေမဲ့ဗျာ....

ကျတော်က အရှိကို အရှိတိုင်း ရိုးရိုးသားသားပြောတတ် တွေးတက် လုပ်ကိုင်တတ်တော့ ကျတော်သယ်ရင်းက မှတ်ချက်ချပါတယ် ။ မင်းက “အ” ရုံတင်မကဘူး။ တုံးပါတုံးတာတဲ့ဗျ။ ပြောချင်လဲ ပြောပါစေ။ ကျတော်ကတော့ အားလုံးအပေါ်မှာ အရင်အတိုင်း ဆက်ဆံရင်း ”ခပ်ထုံထုံ ခပ်အအ ခပ်နန ကောင်” အဖြစ်နေသွားမှာပါလေ။
photo: rebekccahkim .file.wordpress.com

8 comments:

Rita said...

ဘယ်သူနဲ့ ဘာဖြစ်တာလဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောပါ။

Anonymous said...

စကားလုံးမူပိုင်ခွင့် တာဝန်အရ အရေးယူပါမည်ခင်ဗျားးး

Yu Ya said...

ဘယ်လိုပဲပြောပြော... ရိုးသားတာ အကောင်းဆုံးပါ။ ကိုယ့်စရိုက်ကို ဘာမဟုတ်တဲ့ တစ်ပါးသူရဲ့ မှတ်ချက်တွေအောက်မှာ ပြောင်းလဲမပစ်လိုက်ပါနဲ့ဗျာ။
ရိုးသားမြဲ ရိုးသားနေလိုက်ပါ ကိုပုလုကွေးရေ...

yu ya

လင်းဦး(စိတ်ပညာ) said...

ရိုးသားမှုဖြင့် ဂုဏ်ယူပါ....

လိမ်လည် လှည့်ဖျားခြင်းမှ ကင်းဝေးပါစေ...


အဆင်ပြေပါစေ
လင်းဦး(စိတ်ပညာ)

သက်ဝေ said...

ဟုတ်တယ်...
ဘယ်အရာမဆို ကောင်းရင် ကောင်းတယ် ဆိုးရင် ဆိုးတယ် ပွင့်ပွင့်လင်းလင်းပြောတာ အကောင်းဆုံး...
ဝေ့လည်ချောင်ပတ်နဲ့စကားပြောတတ်တဲ့သူတွေကို မတတ်သာလို့ သာ ကြည့်နေရတာ... စိတ်ထဲကတော့ ဘယ်လို သတ်ချင်မှန်းမသိဘူး... လောကကြီးမှာ
ဒီလိုလူမျိုးတွေ တော်တော်များတယ်...။

အရေးထဲ ဟိုဆရာသမားလေးကလဲ မူပိုင်ခွင့်နဲ့ အရေးယူမယ်ဆိုပါလား... သူ့ပဲ ကြောက်နေရတယ်...။
ဒါနဲ့ ဟိုနေ့က ကိစ္စရော ပြေလည်သွားပြီလား... :P

သီဟသစ် said...

အင်း မောင်ရင်ပုလုလဲ ရဲထွဋ်နဲ့ ပေါင်းတာ များသွားတယ် ထင်ပါ့ ပဟေဋိတွေ ရေးနေပါလား

:D


ခင်မင်စွာဖြင့်
သီဟသစ်

မင်းအိမ်ဖြူ Minn Eain Phyu said...

အင်း ရိုးသားခြင်းရဲ့နောက်ကွယ်မှာ တစ်ခါတစ်လေ ခံစားရတက်ပါတယ်

လိမ်ညာဟန်ဆောင် ပိပိရိရိ ရိုးသားချင်ယောင် ဆောင် တက်တယ်ဆိုတာလည်း ရှင်သန်ဖြတ်သန်းခဲ့တဲ့ ပတ် ၀န်း ကျင်နဲ့ အကျင့်စရိုက်တစ်ခုပါ

ကျွန်တော်ကတော့ လေးစားပါတယ် အဲဒီလိုလူမျိုးတွေ ကို

ကိုပုလု အဆင်ပြေပါစေ

မင်းအိမ်ဖြူ

ကျော်နှင်းဆီလွင် said...

လူဆိုတာပိုရင့်ကျက်လာလေ ပိုတော်ပိုသိလာလေ စိတ်ထားကောင်းလာလေ ကိုယ်ချင်းစာတရားပိုမိုပြည့်ဝလာလေ တုံးတယ်အတယ်လို့ ပိုသတ်မှတ်ခံလာရလေပါပဲ
ရင်ထဲမှာဘယ်လောက်တွေးပေးပြီး အနစ်နာခံလိုက်ရတာကို မသိတော့ တုံးလို့ခံလိုက်ရတယ်လို့ သတ်မှတ်ခံရလေ့ရှိတာပေါ့
တရာနဲ့သာဖြေပါ
:D