Wednesday, December 30, 2009

နောက် ငါးနှစ်နှင့် ရိုက်လွှတ်လိမ့်မယ်

ဟိုတစ်လောက မာမားဆီကို ဖုန်းဆက်တော့ ဖုန်းချခါနီး ကျတော်အမြဲပြောလေ့ရှိတဲ့အတိုင်း ကျန်းမာရေးကို ဂရုစိုက်၊ ဆေးမှန်မှန်သောက်ဖို့ မှာတယ်။ မာမားက ဘာပြန်ပြောလဲဆိုတော့ သူဆေးလဲမှန်မှန်သောက်ပါတယ်။ ကျန်းမာရေးလဲ ဂရုစိုက်ပါတယ်တဲ့။ မြေးတွေ ချီ၊ မြေးတွေထိန်းပါ အုံးမယ်တဲ့ဗျ။

မာမားကသာ မြေးတွေထိန်းမယ် ဘာညာပြောနေတာ သူသား ကျတော်မျိုး မစွံတာ သူအသိသား။ နောက်နှစ်ဆို အသက်က ထိပ်စီးဂဏန်းပြောင်းတော့မယ် ဒါတောင် အခုထက်ထိ မစွံသေးတော့ ဘယ်လိုလုပ်ရမလဲဗျ။ ကျတော်ပြောပြောနေတဲ့ တရုတ်မကလေးကကောလို့ အတွင်းသိတစ်ချို့က မေးလာကြရင် ကျတော်မောင်ပုလု ဖြေနိုင်တာကတော့ သူနဲ့ကျတော် အခုချိန်ထိ သူငယ်ချင်းပါပဲ ခင်ဗျား လို့သာ ဖြေနိုင်ပါမယ်။ (လက်နှေးကြောင်း ကျေကျေနပ်နပ်ကြီး ၀န်ခံလိုက်ပါတယ်)

အဲဒီတော့ လွတ်လပ်သူ ဘလောဂါ ညီမလေးများ စာရင်းသွင်း ကူညီနိုင်ပါတယ် ခင်ဗျား…(စတာနော် စိတ်ဆိုးရဘူး)။

နောင်ငါးနှစ်တဲ့ မတွေးချင်ဘူး။ လုပ်ချင်တာတွေနဲ့ လုပ်ရမဲ့ အရာတွေက တစ်ထပ်တည်း မကျတတ်ဘူးဗျ။ ကျတော်လုပ်ချင်တာ တွေကတော့

၁။ ဆော့ဝဲလ် စီဒီအရောင်းဆိုင် ဖွင့်ချင်တယ်…

၂။ Popular လို စာအုပ်တွေ စာရေးကိရိယာတွေ ရောင်းတဲ့ ဆိုင်ကြီး ဖွင့်ချင်တယ်။ (နောက်ဆုံးမရတော့လဲ လှည်းတန်းက D-Mate လို ဆိုင်လောက်လည်း အိုကေတယ်)

၃။ Country style ဘီယာဆိုင်လေး ဖွင့်ချင်တယ်။

နောက်ငါးနှစ်နေလို့ ရန်ကုန်မြို့ကနေ မိုင် ၆၀၊ ၃ဖာလုံဝေးတဲ့အရပ် လော်လီကားကြီးတွေ အောက်မှာ ဆီဂျီးတပေပေ၊ ဗိုက်ပူပူ ကွမ်းတံတွေး တပျစ်ပျစ်နဲ့ လူကြီးကိုတွေ့ရင် ဘလော်ဂါ ပုလုကွေးလားလို့ မေးကြည့်ပါ ။ ဟုတ်ပါတယ်ဆိုပြီး လဖက်ရည်လိုက်တိုက်လိမ့်မယ်ဗျ။။။

လူပျိုကြီးပဲလား လို့ ထပ်မမေးနဲ့ .... ရိုက်လွှတ်လိမ့်မယ်။

14 comments:

ဖိုးသင်္ကြန် said...

ကျွန်တော့်လဲ လာမမေးနဲ့
ရိုက်လွှတ်မှာဗျားးးးး

Rita said...

ကိုယ်ကတော့ စာလုံးပေါင်း သတ်ပုံကို အရမ်း ဂရုစိုက်တယ်။ လူပြိုကြီးလားလို့ပဲ လာမေးမယ်။

သက်ဝေ said...

ဒါ ပါးပါးလေးနဲ့ ကြွားသွားတာပဲ...
ကြွားတာတွေ များနေပြီ...း))
တွေ့ကြသေးတာပေါ့ ကိုပုလုရယ်...

Happy New Year 2010...!!!

WWKM said...

ဟုတ်တယ် မမသက်ဝေရေ..ပုလုက ပါးပါးလေးကြွားသွားတာ ..း)))

လူပျိုကြီး တကယ်လုပ်မှာလား..ပြောစမ်းကွယ်...တကယ်လို့ တရုပ်မလေးနဲ့မှ မပေါင်းရရင်တော့ ....
လူပိုကြီးပဲ လုပ်တော့မယ်...း)))

ဘာလို့သူငယ်ချင်းပဲ ဖြစ်နေရတာတုန်း အခုအထိ..
နှစ်တွေလည်းကြာပေါ့ ပုလုရယ်..သူငယ်ချင်းမလေးလည်း စိတ်နာလောက်ရောပေါ့..မပြောလဲနေတော့ မင့်ထက်သာတာရှာယူမယ် ဆိုရင်
တော့ ပုလုတို့နာပြီသာမှတ်.း)

နောက် ၅နှစ်လောက်နဲ့တော့ ဗိုက်ပူပူ ကွမ်းတပျစ်ပျစ်ထွေးနေတဲ့လူကြီး မဖြစ်လောက်သေးဘူးထင်တာပဲ..

လူပျိုကြီးကတော့ ဖြစ်နိုင်တယ်.း))

အိုကေ .. ပုလုရည်မှန်းထားတဲ့ အလုပ်တွေလုပ်နိုင်စေ.
လူပျိုကြီးတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးသွားပါတယ်..ရေးပေးတာကျေးဇူးပါ ပုလုရေ..

မမ၀ါဝါ

ဗီလိန် said...

မထင်

Orange Chit Thu said...

တတ်လဲ တတ်နိုင်တဲ့ ပုလု ...

ချစ်ကြည်အေး said...

ပုပုလုလုရေ....ဟုတ်ပါ့မလား မောင်ကာလုရဲ့ လို့ ရွှေမန်းတင်မောင် လေသံနဲ့ မေးလိုက်ချင်သေးဗျား....:D
နောက် ၅ နှစ်မှာ လူပျိုကြီးပဲ ဆိုတာ ယုံဘူးဗျို့....ရွာသား ဆိုရင်တော့ ယုံလိုက်ဦးမယ်....သူက အရိုးများ ချေးခါး အတော် ရွေးသကိုး...:)

ချစ်ကြည်အေး said...

ဒါကတော့ ပို့စ်နဲ့ မဆိုင်...။ အဲဒီနေ့ က လဘက်ပွဲတွေ ချကျွေးဖို့ မေ့၊ အမ ဗုဒ္ဓဂါယာ က ဝယ်လာတဲ့ ဘုရားပုံတော်လေးတွေ အားလုံးကို လက်ဆောင် ပေးဖို့ဟာလဲမေ့၊ ဖုန်းနံပါတ် ယူထား ဖို့လဲမေ့၊ ပြောချင်ဘူးဟယ်၊ စားဖို့ကတော့ မပူနဲ့ မတ်လ ထဲမှာ အိမ်မှာ သဒ္ဒါဆွမ်း ကပ်အုံးမှာ...၊ ထမင်းနဲ့ ဗမာဟင်းကောင်းကောင်း ချက်မလားလို့....။

ဘယ်လိုသဘောရတုန်း....ထမင်းကြီးက ရိုးများနေလား....????

JulyDream said...

ဆီဂျီးတပေပေ၊ ဗိုက်ပူပူ ကွမ်းတံတွေး တပျစ်ပျစ်နဲ့ လူကြီးကိုတွေ့မှတော့ လူပျိုကြီးလားလို့ မေးတော့မလား။ အိမ်ထောင်ပဲ ကျနေလို့ ဗိုက်ထွက်လာတာ မဟုတ်လား။ ဒီဗိုက် ဒီဗိုက်... အဟက်

သီဟသစ် said...

လူပျိုကြီး တကယ်လုပ်မှာလား ပြောစမ်းပါ ရည်ရွယ်တဲ့ မင်းအကြောင်းတွေ...

အဲ့သီချင်းလေးကို တရုတ်မလေးက ဆိုနေပြီတဲ့

:P

mabaydar said...

ကိုပုလုရေ... မိန်းကလေးမို့ မိန်းကလေးခံစားချက်ကို သိတယ်... ပြောမှာဖြင့်လဲဖွင့်ပြောလိုက်... တော်ကြာ သူကလဲ အစ်ကို့ကို ချစ်ပါရက် အစ်ကိုဖွင့်မပြောလို့ တခြားသူကို လက်ခံလိုက်မှ ဘာမှ ပြန်ပြင်လို့မရပဲ ဖြစ်လိမ့်မယ်... ကိုပုလုလဲ ဖွင့်ပြောမှ သူကချစ်တယ်ဆိုလဲ ပျော်စရာ... မချစ်ဖူးဆိုလဲ ဒုတ်ရင်းပေါ့... ဘာဖြစ်တာလိုက်လို့... သဲသဲကွဲကွဲသိတာက တအုံးနွေးနွေးထက် များကြီးသာတယ်...

ရွှေပြည်သူ (ShwePyiThu) said...

အမေ့ဆန္ဒလေး ပြည့်ဝနိုင်အောင် တရုတ်မလေးနဲ့ အမြန်ဆုံး ဆုံနိုင်ပါစေ ပုလုရေ... စာရေးကိရိယာဆိုင်ဖွင့်ရင်တော့ ရှေ့ဆုံးကကို လာအားပေးမှာ (အဲလိုဆိုင်ဆို မဝယ်လဲ နေ့တိုင်း မရိုးနိုင်ဘဲ လှည့်ပတ်ပြီး ကြည့်တတ်လွန်းလို့ ရိုက်တော့ မထုတ်နဲ့ပေါ့း) နောင်ငါးနှစ်နေလို့ “ရန်ကုန်မြို့ကနေ မိုင် ၆၀၊ ၃ဖာလုံဝေးတဲ့အရပ် လော်လီကားကြီးတွေ အောက်မှာ ဆီဂျီးတပေပေ၊ ဗိုက်ပူပူ ကွမ်းတံတွေး တပျစ်ပျစ်နဲ့” အနားမှာ သားသားမီးမီးလေးတွေ ပြေးဆော့နေတဲ့ လူကြီးကိုတွေ့ရင် “ဟေး ပုလု” လို့ နှုတ်ဆက်မယ်။ လဖက်ရည်တိုက်ဖို့သာ မမေ့နဲ့း)

littlebrook said...

ပုလုကွေးဆိုလို့ သေးသေးထင်နေတာ လက်စသတ်တော့ ဗိုက်ရွဲရွဲကြီးကိုးး)

奇濛子 said...

情人趣味用品轉珠_奇濛子情趣用品,情去商品_奇濛子情趣用品,情人節_奇濛子情趣用品,情趣用具_奇濛子情趣用品,

情趣網_奇濛子情趣用品,情趣用性品_奇濛子情趣用品,情趣性用品_奇濛子情趣用品,情趣用品爽翻天_奇濛子情趣用品,

情趣爽翻天_奇濛子情趣用品,情趣內衣_奇濛子情趣用品,情趣椅_奇濛子情趣用品,情趣貼圖_奇濛子情趣用品,

情趣睡衣_奇濛子情趣用品