Wednesday, December 2, 2009

Complaint

ကျတော် ဆိုဒ်ထဲမရောက်ခင် အရင်-ရုံးမှာတုံးက ကျတော့ဖုန်းဘေလ်ဟာ ၅၀မကျော်ဘူးဗျ။

ဆိုဒ်ထဲရောက်တော့ supplier တွေ sub-con တွေ (တစ်ယောက်သောသူနဲ့ ပြောတာတွေကောပေါ့) နဲ့ဆိုတော့ တစ်လလ ကို 140 နီးနီးကျတယ်ဗျာ။

ဒါနဲ့ မဖြစ်သေးပါဘူးဆိုပီ call back card ဝယ်သုံးတယ်။ outgoing call ကိုလည်း ချွေတာနိုင်သလောက် ချွေတာလိုက်တယ်။ ဒါပေမဲ့ ဖုန်းဘေလ် ထွက်လာတဲ့အခါမှာ တစ်ရာကျော်ကကို မဆင်းဘူး။ callback card ဖိုးကုန်တာပဲ အဖတ်တင်တယ်။

ပြီးခဲ့တဲ့လက တမင်ကို သိသာအောင် ဖုန်းကို အထွက် CALL နည်းနိုင်သမျှနည်းအောင် ဂရုစိုက်တယ်။ ဒါပေမဲ့ ဖုန်းဘေလ်က ဒုံရင်း ၁၀၀ကျော်က မဆင်းပြန်ဘူး။ စိတ်တိုလာတာနဲ့ ဖုန်းလိုင်းရဲ့ Customer service ကို ဖုန်းဆက်ပြီး ငါဒီလောက်မပြောပဲ ဖုန်းဘေလ်တွေ အရမ်းကျတယ်၊ ဘာညာ Complain တက်တယ်။ သူတို့ကပြောတာတော့ ကျတော်ယူထားတဲ့ Voice Mail ကြောင့် ဖြစ်တာပါလို့ပြောတယ်။ အဲဒီ voice mail service က ကျတော် တစ်စုံတစ်ခုကြောင့် ဖုန်းမကိုင်တာပဲဖြစ်ဖြစ် ဖုန်းဝင်လာရင် သူတို့ voice mail ထဲမှာ သိမ်းထားတယ်တဲ့။ ပြီးမှ နားထောင်ချင်ရင် ပြန်ဖွင့်နားထောင်ပေါ့။ ကျတော် ဒီဆားဗစ်ကို ယူသာ ယူထားတာ။ တစ်ခါမှ မသုံးဖြစ်ပါဘူး။ ဘယ်သူကမှလဲ voice mail မချန်ထားပါဘူး။ You have reached ဆိုတာနဲ့ ဖုန်းကို ချလိုက်ကြတာပဲ။ ဒါပေမဲ့ လူလည် Singtel က အဲဒီလို စဝင်တာနဲ့ ၁မိနစ်ဖြတ်သဗျ။

အဲဒီ ဆားဗစ်စ်အတွက် တစ်လ ၅ကျပ်ပေးရသဗျ။ အဲဒါကြောင့် ကျတော်ဖုန်းဘေလ် ကျတာပါတဲ့။ ဒါနဲ့ ကျတော်ကလည်း ကျတော့ voice mail box ထဲကို ဝင်ရင်လည်း တစ်လကို အခု ၃၀မကျော်လောက်ပါဘူး။ အခု ၃၀ဆိုရင်တောင် တစ်မနစ် ၁၅ပြားနဲ့တွက်ရင် နည်းနည်းလေးပါလို့ ပြောလိုက်တယ်။ သူတို့ကတော့ ဝေလည်ကြောင်ပတ်နဲ့လေ။ ဒါနဲ့ကျတော်လည်း တစ်လ ငါးကျပ်ပေးရတဲ့ အဲ့ဒီ voice mail ကြီးကိုဖြုတ်ခိုင်းလိုက်တယ်။

ဟော ဒီလ ဖုန်းဘေလ်ထွက်လာတော့ ၇၀နီးပါးပဲကျတော့တယ်။ ဘယ်လိုဖြစ်သွားတယ်မသိ။ အမှန်ဆို ဒီလ အထွက်ကော များတယ်။1818 ကဒ်နဲ့ မြန်မာပြည်ခေါ်ဖို့သုံးတဲ့ M1 prepaid ကဒ်သုံးတဲ့ ဖုန်းအစုပ်လေးက ကြောင်နေတာနဲ့ပဲ ဒီလိုင်းဖုန်းနဲ့ ဒါရိုက်ခေါ်တာတောင် ဒီလ ၇၀နီးပါပဲကျသဗျ။ တစ်ခုခုတော့ တစ်ခုခုပဲ။

ဒါကြောင့် တစ်ခါတလေလည်း ငြိမ်ခံမနေတာကကောင်းတယ်။ ကွန်ပလိန်းလေး နည်းနည်းတက်ပေးနိုင်မှ တော်ကာကျမယ်ထင်ပါတယ်ဗျာ။

10 comments:

Anonymous said...

ကျနော်လည်း ကွန်ပလိန်းတက်ဦးမှ
ဘယ်လိုတက်ရမလဲ လမ်းညွှန်ပါဦးဗျ...

Rita said...

ကန်စွန်းပလိန်း နဲ့ ဘာကွာလဲ။

ဒါနဲ့ အကြောင်းရှိမှ စာမရေးပါနဲ့။
အကြောင်း ရှိရှိ မရှိရှိ ပုံမှန်ရေးပါ။
(ကွန်ပလိန်း တက်ကြည့်တာ)

သက်ဝေ said...

ကောင်းတော့ မကောင်းဘူး...
ဒါပေမယ့် စလုံးမှာ အနေကြာလာရင် သူ့အလိုလိုတတ်လာမယ့် အရာတခုကတော့ Complaint တက်တာပါပဲ...

WWKM said...

အဲ အကြောင်းအရာသာမတူပေမယ့် ဒီမှာလည်း အဲလိုကွန်ပလိန်းတက်နိုင်မှ ရတာတွေရှိတယ် ပုလုကွေးရေ...
ဖုန်းဘေဆောင်ပြီးပြီကို ဘေထပ်ရောက်လာရတာနဲ့..
အင်တာနက်ဘေဆောင်ပြီးသားကို ဘေထပ်ဝင်လာရတာနဲ့လေ.. မသိပဲ ဆောင်ဖြစ်ရင် ပါဦးမှာပေါ့။
ဆောင်ပြီးသားလို့ ကွန်ပလိန်းဝင်မှ ဒါဆို မှားပို့တာလို့
ဖြစ်ရတယ်လေ..

MrDBA said...

ကျွန်တော်လဲ စတားဟတ်ဖ် ကို သံသယဖြစ်နေတာ ကြာပြီ။ သေချာစောင့်ကြည့်ပြီး ကွန်ပလိန့် တက်ဦးမှပါ။ ကျေးဇူး

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ် ပုလုရေ... ဒီမှာက ဘယ် Service ပဲ သုံးသုံး သတိထားနေရတယ်နော်။ သူတို့က ကိုယ်သတိမထားလိုက်ရင် ဆီလိုအပေါက်ရှာပြီး Charge လုပ်ပစ်လိုက်တာပါပဲ။

ဂျစ်တူး ( မုံရွာ ) said...

ဟုတ်တယ်ဗျ-သူတို့ကတော့အလျော့ဘယ်တော့မှမပေးဘူး
ရသမျှအကုန်သူတို့ကသာကြီးဘဲ-

မေဇင် said...

Complain...Complain..ဒီနေ့ တစ်နေ့လုံး စဉ်းစားနေတာ...တက်ရင်ကောင်းမလားလို့....ဒီလ ဖုန်းဘီလ်...S$277...လုံးဝ မဖြစ်သင့်ဘူး ။ တစ်ခုခုဆိုရင် 1633 ကို ခေါ်ပါပဲ ပြောတယ်... အဲ့ဒီ 1633 ကလဲ ဘယ်တော့ခေါ်ခေါ် မအားဘူး...ဘယ်လို လုပ်ရမလဲ....။

Anonymous said...

This should not be like that

car leasing

Natthamee said...

ကျေးဇူး