ဗိုက်ပြသာနာ ခေါင်းစဉ်ကို ဖက်ပြီး ဟိုလို ဒီလိုလို အတွေးမချော်သွားနဲ့အုံး။ အခုကျတော်ပြောမှာက ကျတော်တို့ ယောင်္ကျားလေးတွေရဲ့ ဗိုက်ပြသာနာပါ။ ယောင်္ကျားလေးတွေရဲ့ ဗိုက်ပြသာနာပါ။ ယောင်္ကျားလေးတွေဆိုလို လည်း မျက်လုံးမပြူးသွားနဲ့အုံးဗျ။ ဒီလိုပါ။ ကျတော်တို့ သူငယ်ချင်းသူငယ်ချင်းအများစုရဲ့အသက်က အခုဆို over 25 ဖြစ်လာပြီလေ။ အလုပ်ကလည်း အများစု က ကွန်ပျူတာရှေမှာ ထိုင်လုပ်ရတဲ့ အလုပ်ကများတယ်။ ပြီးတော့ ဒီမှာက မြန်မာပြည်မှာလို လဖက်ရည်ဆိုင်ထိုင် ဟိုလပ်ရား ဒီလပ်ရား လျောက်သွါးစရာက သိပ်မရှိ။ ဒီတော့ ညနေအိမ်ရောက်စားသောက်ပြီးရင် ကွန်ပျူတာရှေထိုင်။ တီဗီရှေထိုင် တော့ ဒီရွှေဗိုက် က မပူပဲရှိပါတော့မလားဗျာ။ ပူတော့ တာပေါ။ ဗိုက်ကလေးကလည်းပူလာတော လေ့ကျင်ခန်းလုပ်ကြတယ်ဗျာ။ (ကျတော်ကတော့ လေ့ကျင်ခန်းမလုပ်ဘူး)လေ့ကျင်ခန်းလုပ်တာ ဘယ်နှရက်ခံမလဲမသိဘူးဗျ။ ကျတော့ အထင်တစ်ပတ်ထက်မပိုလောက်ဘူးထင်တယ်ဗျား..။ ဘယ်လိုလဲတောင်ငူသားရေ... ဗိုက်ပိန်သွားပြီလား။
Tuesday, July 1, 2008
Sunday, June 22, 2008
ချုံခြင်း၊ ချဲ့ခြင်း
ကျတော်တို့ ၀က်ပေခ်ျတွေကြည့်တဲ့အခါ တချို့ပေခ်ျ့တွေမှာ ဖွန်တော်တော်သေးတယ်။ အဲဒါကို ပြောင်းဖို့ ဆို tool ထဲကနေ ဟိုပြောင်းဒီပြောင်းလုပ်က ဦးမယ်။ youtube လိုမျိုးကြည်တဲ့အခါမှာလည်း video screen လေးကသေးတော့ ချဲကြည်တယ်။ တချို့စက်တွေက ချဲကြည်လို့ အဆင်ပြေပေမဲ့ ကျတော်စက်လိုမျိုးစက်တွေက ချဲ့ကြည်တဲ့အခါ ဘလက် စကရင်ပဲမြင်ရတော့တယ်။ အဲဒါကို အဆင်ပြေမဲ့ နည်းကတော ctrl ကိုနှိပ်ထားပြီး ကြွက်(mouse) ရဲ့ scroll ball လေးကို ရှေ့တို့း ကြည်ပါ။ မြင်ကွင်းကြီးလာလိုက်မယ်။ ဒါပေမဲ resolution တော့ သိပ်မကျသွားဘူး။ တချိုက ကြွက်ကို မသုံးဘူး။ touch pad ပဲသုံး တယ်ဆိုရင်တော့ ကျတော်လည်းမတက် နိုင်ဘူးနော်။
Posted by puluque at Sunday, June 22, 2008 0 comments
Saturday, June 21, 2008
myanmar mp3 သီချင်းဒေါင်းလုပ်ဆွဲဖို့

ကျတော်တို့ လို အဝေးရောက်တွေအတွက် မြန်မာသီချင်းလေးတွေ နာဆင်ရတာက လည်းဖီလ်တစ်မျိုးပဲ။ အခွေဝယ်ဖို့ အနည်းငယ် အခက်ခဲရှိတဲ့အချိန်မှာ ဒေါင်းလုပ်ချဖို့ ဆိုဒ်ကောင်းကောင်း ရှိတာက အဆင်ပြေလှပါတယ်။ ကျတော် အင်တာနက်ထဲမှာ ဟိုလည်ဒီလည်ရှာရင် myanmar mp3 တွေကို ဒေါင်းလုပ်ချလိုကောင်းတဲ့ ဆိုဒ်လေးတစ်ခုတွေပါတော့တယ် .သိပြီးပြီ လားမသိဘူး။ နာမည်က http://mp3.mmblogs.net ပါ. သူမှာ မြန်မာသီချင်းတွေသာမက သီချင်းတော်တော်များများစုံပါတယ်။ သွါးရောက်ကြည်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Posted by puluque at Saturday, June 21, 2008 1 comments
Monday, June 2, 2008
အော် မြန်မာပြည်က ebook service ၇ယ်
Posted by puluque at Monday, June 02, 2008 1 comments
ကျတော်နှင့် ဘလော့
ကျတော် ဒီဘလော့ လေးကို ရေးချင်စိတ်မရှိဘူး။ တစ်လလောက်ရှိပြီ။ ဒီဘလောလေးကို ဘယ်သူတိုက်တွန်းချက်မှ မပါပဲ ရေးချင်လွန်းလို့ ရေးခဲ့တာပါ. ဘာကြောင့် မရေးချင်တာလည်း ဆိုတာကို တော့ မပြောပြချင်ပါဘူ။ ဒီဘလော့လေးဟာ ကျတော် ဒိုင်ယာရီလေးဖြစ်သလို ကျတော်ကြုံတွေခံစားနေ ရတာတွေကို ရေးနေတာပါ။ သူများတွေလို လဲစာကောင်းကောင်း မရေးတက်ပေမဲ ရေးနိုင်သလောက်လေး ရေးနေတာပါ။ ရေးတက်သလို ရေးနေတာပါ။ အဆင်မမှိတာတွေ ကို ရေးလို မရေးသင့်ဘူးဆိုရင်လည်း ဘယ်သူမှ ဖတ်လို့မရအောင် ပတ်စ ၀က်ပေးပြီး နေစဉ်မှတ်တမ်းလို ရေးသွားမယ်လို့စိတ်ကူးမိတယ်။ စာလုံးပေါင်းသတ်ပုံ အမှားတွေရှိပေမဲ ထပ်ခါထပ်ခါ မပြင်ချင်တာလည်း ကျတော့ အကျင့်ပဲ။ လာလည်တဲ့သူတွေကို တော့ ကျေးဇူးတင်ပါတယ်။
Posted by puluque at Monday, June 02, 2008 0 comments
Saturday, May 24, 2008
ဈေးတွေတက်နေပါလား
ကျတော် တို့ အိမ်မှာ သူငယ်ချင်းတွေစု ပြီးချက်စားကြတယ်။ ညနေစာပေါ့။ ကျတော်ဒီရောက်စက ဆန် ၅၀ကီလို တစ်အိပ်ကို အိမ်အရောက် ၅၅လောက်ပဲ၇ှိတယ်။ အဲဒီဆန် ကုန်ခါနီတော့ မှာတာ ၉၅ကျပ်တဲခင်ဗျာ။ တော်တော်တက်သွားတယ်။ ဈေးတက်တာကို တောသိတယ်။ ဒါပေမဲ ဒီလောက်တက်သွားမယ်မထင်ဘူး။ လခကတော့ မတိုးဘူး။ တိုးတဲ့သူတွေကတော့ တိုးကြပါတယ်။ ဘယ်လိုလုပ်ကမလဲ။ ဟီးဟီး ရွာပြန်တာပဲကောင်းမယ်ထင်တယ်။။။
Posted by puluque at Saturday, May 24, 2008 0 comments
Sunday, May 18, 2008
myanmarmp3 register လုပ်လို့ရပါပြီ
သီချင်းတွေ ဒေါင်းလုပ်လုပ်ချင်နေသူတွေ အတွက် myanmarmp3.net မှာ အကောင့်ဖွင့် ပြီးဒေါင်းလုပ်လုပ်နိုင်ပါပြီ။ အရင်က အကောင်ဖွင့်ခွင်ပိတ်ထားတာ အခုတော့ အကောင်ဖွင်နိုင်ပါပြီ။ တနေ့ကို အပုဒ် ၃၀ ဒေါင်းလုပ်လုပ်ခွင်ပေးပါတယ်။ မေးတစ်ခုကိုအကောင့်တစ်ခု ဆိုတော့ မေးများများနဲ့ အကောင့်များများဖွင့်ထားကြပါ။ ကျတော်တော့ အကောင့် ၂ခုဖွင့်ထားပါတယ်။ သိပြီး ရင်တော့ ဆောရီးပါ။
Posted by puluque at Sunday, May 18, 2008 2 comments
