Tuesday, October 14, 2008

ချစ်နေဖို့ပဲ လိုပါသည်



အချစ်ဆိုတာ ဘာလဲ။ တစ်ချို့ကတော ပေးဆပ်ခြင်းတဲ့။ တစ်ချို့ကတော့ ရယူခြင်း။ တစ်ချို့ကတော့ စွန့်လွှတ်ခြင်း။


….State ကျောင်းတက်နေတုန်းက မေမေကပြောတယ်.. အချစ်ကို မရှာနဲ့အုန်း.. ငယ်သေးတယ်.. တက္ကသိုလ်ရောက်မှရှာတဲ့…

….ပထမနှစ်၊ဒုတိယနှစ်ရောက်တော့ ..ပြောပြန်တယ်… သုံးတန်း.လေးတန်းရောက်မှ အချစ်ကို ရှာတဲ့ဗျ..

….လေးတန်း၊ငါးတန်း၊ ဖိုင်နယ်ရောက်တော့ ပြောပြန်တယ်… အလုပ်ထဲရောက်မှ ရှာတဲ့…

ဟိဟိ.. ဒါက ကျတော့ မေမေနဲ့ ဒေါ်လေးတို့ပြောစကား။။။


…..ကျတော့ အချစ်က နီးမလိုနဲ့ဝေးနေတယ်…

…..လွယ်မလိုနဲ့ ခတ်နေတယ်…..

…..တိမ်မရောင်နဲ့ နက်တယ်….

…..အားလုံးဟာ ကျတော့ကြောင့်ပဲ….


ကျတော့ အစ်ကိုကြီးလိုခင်တဲ့ သယ်ရင်းတစ်ယောက်က ပြောတယ်။ “မင်းရင်ဆိုင်ရဲရမယ်လေ.. စွန့်စားရဲရမယ်လေ”တဲ့။

“ဟုတ်တယ် ကိုကြီး ကျတော်ဟာ အချစ်အတွက် စွန့်စားဝံ့တဲ့ သူတစ်ယောက်မဟုတ်ဘူး။” မစွန့်စားဝံ့တာလား၊ မစွန့်စားချင်တာလား။ တကယ်သေချာတာကတော့ မစွန့်စားချင်တာပဲ ဖြစ်မည်ထင်သည်။


“မင်းတို့ ဘာသာတူတွေပဲလေ ညှိယူလို့ရမှာပါ” လို့ပြောတဲ့ သယ်ရင်းတစ်ယောက်ရဲ့ စကား ။ ကိုယ်တို့က ဘာသာတူတွေပဲ ဒါပေမဲ့ မတူတာတွေ အများကြီးပဲလေ။ ကိုယ်လို ဗမာစစ်စစ် တစ်ယောက် နဲ့ သူလို ဗမာပြည်မှာမွေးတဲ့ စိနမလေး အတွက်တော့ ဒါဟာ ကြီးမားလှတဲ့ ခြားနားချက်တစ်ခုပဲ။


မမတန်ခူးကတော့ “အချစ်ဆိုတာကို သူငယ်ချင်းဆိုတဲ့ နံရံပါးပါးလေး တစ်ချက်ကို ဖြိုလှဲခဲ့တယ်တဲ့လေ”။ မမရေ.. နံရံရဲ့ အခြားတစ်ဖက်မှာ ဘာတွေလဲ ဆိုတာ ကျတော်သိနေလို အဲဒီနံရံကို ဖြိုဖို့ ကျတော် အားမရှိဘူးလေ။


ကျတော် ကွမ်းယင်မယ်တော်ကြီးကို လဲ မ မခိုင်းချင်ပါ။ ရေနွေးကြမ်းတစ်ခွက်လောက်တော့ သူမအိမ်သွားတိုင်း ကျတော်သောက်နိုင်ပါလိမ့်မယ်။ ကျောင်းကြီးထဲ သွားပြီးတော့လဲ ကျတော် စာသွားမချချင်ပါ။ မတော်ရတဲ့ ကျတော့ ယောက်ဖလေး နဲ့လဲ အတွင်းအား အကြောင်း အချိန်မရွေး ဆွေးနွေးနိုင်ပါသည်။


ဒါပေမဲ့ ကျတော်သူကို သိပ်ချစ်တာ သူလဲသိသလို ကျတော်ကို သူချစ်တာလဲ ကျတော် သိပ်သိတာပေါ့။

အချစ်ဆိုတာ ဘာလဲ။ တစ်ချို့က အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့။ တစ်ချို့ကတော ရယူခြင်းတဲ့။ တစ်ချို့ကတော့ စွန့်လွှတ်ခြင်းတဲ့။ ကျတော်ကတော့ “အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုပါသည်။”


ကျတော ပထမရေးထားတာက ဒီပို့စ်လေး မဟုတ်ဘူး။ အရင်ရေးထား တာတွေကို သေသေချာချာ ပြန်ဖတ်ကြည့်လိုက်တော့ ပုလုကွေးဆိုတာ ဘယ်သူဆိုတာ သူ့ပတ်ဝန်းကျင်က သိသွားရင် သူ့အတွက်မကောင်းနိုင်တာကြောင့် အားလုံးကို ကိုယ်ဟာကို ဆင်ဆာလုပ်လိုက်ပါတယ်။ ဒါနဲ့ အထက်က ပို့စ်လေးပဲ တင်ပေးလိုက်ပါတယ်။ အားလုံးဟာ မြန်မာပြည်မှာပဲဖြစ်ခဲ့တာတွေပါ။ စလုံးမှာ ဟုတ်ဖူးနော်။ ကျတော် ဘာတွေရေးတာလဲဆိုတာ ဝေဝါးနေရင်တော့ ဒီသီချင်းလေး နားထောင်လိုက်ပါနော်။ မမတန်ခူးနဲ့ သယ်ရင်းဂျူလိုင် ကျေနပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

8 comments:

မသက်ဇင် said...

ပုလုကွေးရေ---
ကျတော်ကတော့ “အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုပါသည်။”

မှန်လိုက်တာနော်---
ချစ်နေပါ---ချစ်ကြပါ---

megumi said...

“အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုပါသည်။” ဟိ ဟိ၊ အဲဒါ စိုင်းစိုင်းသီချင်းထဲက စာသားလားလို့။

ဟိ ဟိ။ စတာနော်။ အချစ်အကြောင်းရေးထားတာ ဖတ်ရင်း ဖတ်ရင်းနဲ့ ပိုပိုပြီး နားလည်တော့ဘူး။ :P :P

တောင်ပေါ်သား said...

အချစ်ရဲ့ ဒဿနများကတော့ ကုန်နိုင်ဘူးနော့် နောက်ဆုံးရတဲ့ အချက်အလက်ကတော့ “အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုပါသည်“ တဲ့ ဟီး တော်တော်ရှုပ်တဲ့ အချစ် များလိုက်တဲ့ ဒဿနတွေ ကိုကြီးပုလုရေ စွန့်စားဖို့လဲ လိုမယ်နော့်...

JulyDream said...

ရေနွေးကြမ်းတွေ သိပ်မသောက်နဲ့။ သောက်တာများလို့ သေးပေါက်ချင်ရင် အိမ်သာရှာရခက်နေမယ်။ အဲဒီ တရုတ်မက စလုံးမှာ ရောက်နေတယ်ဆိုရင်တော့ ကိစ္စသိပ်မရှိပါဘူး။ သေးပေါက်ချင်ရင် MRT ဘူတာကို ပြေးပေါ့။ ဒါမှမဟုတ် Shopping Center ကို ရှာကွယ်။ ဟုတ်ပြီလား။ အဲငှယ်။

Taungoo said...

ဝမ်းတူးသရီး ကိုယ်ချစ်သွားပြီ ရေရေလည်လည်ရှင်းရှင်းပြောရင် ဝေါ်အိုက်နီ
ဒါပဲမဟုတ်လား မင်းသီချင်းက ဟဟ

WWKM said...

နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်လောက်တဲ့ အနေအထား
မှာရှိနေတဲ့ အတွက် “အချစ်ဆိုတာ ချစ်နေဖို့ပဲလိုပါတယ်”
ဆိုတဲ့ တစ်ဖက်သတ်စကားလေးကို အစ်မလက်မခံလို
ပါဘူးပုလုကွေးရေ.. တစ်ဖက်သတ်ပဲသေခြာနေရင်တော့
တမျိုးပေါ့နော်... လက်ခံရမှာပေါ့... ဒါပေမယ့် မောင်လေးနဲ့ ညီမလေးတို့ရဲ့ ရင်ထဲက သံယောဇဉ်တွေ
၊ အချစ်တွေကို အစ်မမြင်နေရပါတယ်...
ညီမလေးဘက်ကလည်း မောင်လေးကို တကယ်ချစ်နေ
တာသေခြာရင် မောင်လေးဖွင့်ပြောတာ အကောင်းဆုံးပါ
လို့ အစ်မအကြံပေးပါရစေ... အချစ်ဆိုတာ ယောကျာင်္လေးဘက်က မဖွင့်ပြောရင် မိန်းကလေးဘက်
က ကြိတ်မှိတ်ခံစားရပြီး အဝေးဆုံးကို ဝေးသွား
နိုင်ကြပါတယ်ကွယ်..... ဘယ်သူ့ဘက်က မဖြစ်နိုင်တာလဲ.... ဖြစ်နိုင်တယ်ဆိုရင် မောင်လေး ဖွင့်
ပြောသင့်တယ်.. ဖွင့်ပြောရမယ်လေ.... ဖွင့်ပြောပြီးမှ
အခြေအနေအကြောင်းကြောင်း ကြောင့် မဖြစ်နိုင်ဘူးဆို
ရင်တော့ မတတ်တိုင်ကြဘူးပေါ့လေ...
ဒါပေမယ့် မောင်လေးရင်ထဲမှာ ရှိတာကို မောင်လေး
ထုတ်ပြောပြရပါမယ်... ညီမလေးကလည်း မောင်လေး
ပြောတဲ့ ချစ်တယ်ဆိုတဲ့ စကားလေးကို ကြည်နူးစွာ
လက်ခံ နားထောင်စေချင်ပါတယ်.... ဖွင့်ပြောကြပြီးမှ
သူက ငါ့ကိုချစ်တယ်.. ငါကလည်းသူ့ကိုချစ်ပါတယ်..ဒါပေမယ့် တို့နှစ်ယောက် အခြေအနေအကြောင်းကြောင်းကြောင့် ခွဲခဲ့ရတယ်ဆိုရင်
နှစ်ဦးနှစ်ဖက်လုံးရဲ့ ရင်ထဲမှာ ခံစားရတာ နည်းနည်း
သက်သာသွားမယ်လို့ အစ်မထင်ပါတယ် ပုလုကွေးရေ.

ဘာပဲဖြစ်ဖြစ် ညီမလေးကို ဖွင့်ပြောရမှာ ယောကျာင်္းလေး
ဖြစ်တဲ့ မောင်လေးရဲ့တာဝန်ပါကွယ်...
ဖွင့် ပြောလိုက်နော်....အစ်မ အားပေးမယ်...ညီမလေးကို
ကြည့်ရတာ မောင်လေးအပေါ် သံယောဇဉ်ရှိပုံရပါတယ်.

ကျေးဇူးပြုပြီး အစ်မရေးထားတဲ့ “ဒိုင်ယာရီဟောင်းရဲ့စာ
မျက်နှာ” ပို့စ်လေးကို လာဖတ်ကြည့်ပါနော်...

ချစ်သူတိုင်းပေါင်းဆုံစေချင်ပါတယ်...

ပျော်ရွှင်ချမ်းမြေ့ပါစေ.
မမ၀ါ

Orange Chit Thu said...

Pu Lu yay,
Tae so dae sar par lar ha..
Khu mha phat mi tar naut tg kya twer dae....
You should try to propose her if you really want her as your life partner.
I also agree Ma War comment :)
Your friend,
Orange

khin oo may said...

:D