Wednesday, August 27, 2008

တခါတလေ

တခါတလေ ကျတော်နှာစီးနေတက်သည်။
လူတွေဟာ ပိုက်ဆံကုန်ပြီး ဟိတ်ကြီးဟန်ကြီး ထုတ်ပြီးလုပ်ပြမှ အထင်ကြီးတက်ကြတယ်။ အလကားနီးပါးရတာတွေ၊ အခမဲဆောက်ရွက်ပေးလို့ ရလာတွေကို အထင်သေးတက်ကြတယ်။ အဒီလို လူမျိုးတွေနဲ့ နောက်တစ်ခါတွေတဲ့ အခါမျိုးမှာ ကျတော်ဟာ နှာစီးနေတက်တယ်။
ကျတော်ဟာ အကူအညီလိုတဲ့ လူတိုင်းကို ကျတော်တတ်သလောက် အကူအညီပေးလေ့ရှိတယ်. ကျတော်သိသလောက် အကူအညီပေးတာဖြစ်လို့ professional သမားတစ်ယောက်လိုတော့ အလုံးစုံကောင်းမွန် ပါမလဲ။ သူတို့အတွက်တော့ ယာယီ အဆင်ပြေသွားမှာပေါ့။ ဒါပေမဲ့ ကျတော့ စေတနာကို အရောင်ဆိုးတဲလူတွေနဲ့ နောက်တစ်ခါဆက်ဆံတဲ့ အခါ ကျတော်ဟာ နှာစီးနေတက်တယ်။
လူတွေဟာ ကျတော်အကူအညီပေး၊လုပ်ပေးကိုင်ပေ်းတာ သိတော့ လိုတာထက်ပိုလာ ကြတယ်။ ဒီကောင် ငါဘာခိုင်းခိုင်း ခိုင်းလို့ရတယ်လို့ ထင်လာတယ်။ အားနာမှုဆိုတာ မရှိတော့ဘူး။ အဲဒီလို လူမျိုးတွေနဲ့ နောက်တစ်ခါ ကြုံလာတဲ့ အခါမျိုးမှာ ကျတော်ဟာ နှာစီးနေတက်တယ်၊
တခါတလေ ကျတော် နှာစီးနေတက်တယ်။

Saturday, August 23, 2008

မိုး ..



ဒီနေ့မနက် ကတည်းက တစိမ့်စိမ့် ၇ွာနေတဲ့မိုး အခုချိန်ထိမစဲသေးဘူး. မိုးရွာတော့ အမေ့အိမ်ကိုလွမ်းတယ်. ဟိုငယ်ငယ်တုန်းက ဘ၀ကိုလွမ်းတယ်. အခုလိုမိုးတွေရွာရင် အိမ်တံစက်မြိတ်မှာ မိုးရေချိုး။ ဟိုလျှောက်ပြေး ဒိလျှောက်ပြေး ပြီး မိုးရေချိုး ရတာကိုသတိရတယ်.သရက်ပင်အောက်မှာ လေတိုက်လို့ကြွေတဲ့ သရက်သီးတွေလိုက်ကောက်။ မိုးရွာလို ရေတွေဆင်းတဲ့ ဆင်ခြေလျောလေးတွေမှာ ခြေထောက်လေး နဲ့ပိတ်ပြီး ကစားခဲ့ရတာတွေ။ အခုတော့ အားလုံးဟာ အတိတ်မှာကျန်ခဲ့ပါပြီ။ စလုံးမှာ မိုးရွာတော့ ဘာလုပ်လဲဆိုတော့ ဒီနေ့ ပိတ်ရက်လည်းဖြစ်တော့ စကားပုံလေးအတိုင်း ကိုက်ညီသွားအောင် ကျတော်ကျင့်ကြံလိုက်တာပေါ့။ ဘာစကားပုံလည်း ဆိုတော့ မိုးတစ်စိမ့်စိမ့် မအိပ်လူပျင်း တဲ့ဗျ။ ကျတော်လူပျင်းဖြစ်မှာ ကြောက်လို့ အိပ်လိုက်တာ တနေကုန်ပဲ။
ဒါနဲ့စကားမစပ် - ကျတော်တို့ ပဲခူးမှာလည်း အစဉ်အလာမပျက် ရေကြီးနေပြန်ပါပြီး။အောက်က ပုံကတော့ the voice weekly ထဲကပုံပါ။



Monday, August 18, 2008

ရခိုင်မုန့်တီ

လည်လည်လာသူ အားလုံးကို ရခိုင်-ဗမာ ကပြားလေး ပုလုကွေးက ရခိုင်မုန်တီနဲ့ ဧည့်ခံပါရစေ။ ကိုယ်တိုင်ချက်ထားတာပါ။ အရင်တုန်းက တော့မာမီချက်တာ စားနေကြ။ ဒီရောက်တော့ ကိုယ်စားချင်တာ ကိုယ်ချက်စားနေရတယ်။ ချက်နည်းကတော့ မာမီဆီကို ဖုန်းနဲ့ လှမ်းမေးပြီးသင်ထားတာ။ ချက်ရတာက လွယ်လွယ်လေးပါ။ ပထမဆုံးရေနွေး အရင်တည်။ ပြီးရင် ပုဇွန်ငပိထည့်။ နောက်ပြီး ကြက်သွန်ဖြူ. နဲ့ ငရုတ်ကောင်းကို ထောင်းထည်.(ငရုတ်ဆုံမရှိရင်တော့ မွှေစက်နဲ့မွှေ..အိမ်မှာတော့ ငရုတ်ဆုံရှိတယ်ဗျ)။ အဲဒီမှာ မတူတာက စစ်တွေဖက်က ရခိုင်မုန်တီက ပတဲကောဆိုတဲ့ ပူပူအပင်ကိုသုံးပြီး ကျတော်တို့ ကျောက်ဖြူဘက်က ငရုတ်ကောင်းကို သုံးတယ်. ပြီရင် ငါးပြုတ်ထားတာကို အသားနွှာပြီးတော့ ထည့်လိုက်။
မုန့်ဖက်ကတော ကျတော်ကောင်းစုံက မုန်ဖက်ခြောက်ဝယ်ပြီ ရေနွေဆူဆူနဲပြုတ်လိုက် တာ။ နံနံပင် ။အချဉ်နဲ့ အကြော်ထည့် ပြီး ၇င်စားလိုရပါပြီ။ အားလုံး အ၀စားသွားကြပါ။ နောက် တစ်ပတ်မှ ရခိုင်မုန်တီးအသုပ်(စနဲသုပ်)သုပ်ကျွေးမယ်ဗျာ..

Sunday, August 17, 2008

ယူကြအုံးမလား ဖုံးကဒ်တွေ

ဖုံးကဒ်မျိုးစုံ ရမယ်။အစုံပါတယ်။ တော့ပတ် ကဒ်တွေလည်းရမယ်။ star hub လည်းရမယ်။singtel hot 100 ကောရမယ်။ ဗျာ 1818 လား၊ ရမယ် သူက အများဆုံးပဲ။ ရွှေတွေက သူကို အားပေတယ်။ ၈ကျပ်ထဲနော်။ callback ကဒ်လား ..sealion ကောင်းတာပေါ. သူက ၅ကျပ်တန်၊ ၁၀ တန် ကြိုက်တာရမယ်။ ၁၀တန်က ၂၅မိနစ်ရတယ်။ singtel hello လား၊ သူလည်း callback ရတယ်။ သူက ၈ကျပ်- ၁၇ မိနစ်ကျော်ကျော်ခေါ်လို့ရတယ်။ နောက်ဆုံး ပေါပြူလာဖြစ်နေတဲ smart tel လား.
သူက မိနစ် ၅၀ လောက်ခေါ်လို့ရတယ်. ၈ ကျပ်ထဲ. ဒါပေမဲ လိုင်းကြောင်တယ်။ ဖုံးနံပါတ် အသစ်ကို သူ website www.smarttel.com.sg မှာဝင်ကြည့်။
ကဒ်ထဲက နံပါတ်က တစ်ခါတစ်လေ မရဘူး။ သူလည်း callback ကော။ ဒါရိုက်ကော ခေါ်လို့၇တယ်။ နည်းနည်းတော့ လိုင်းကြောင်တယ်နော်။ ယူကြပါအုံးဗျို့
ဖုံးကဒ်တွေ ယူကြအုံးမလားဗျို့။ ဟီး ..ဟီး အကုန်တွေ။ ပုလုကွေး တို့ စလုံးရောက်တာ လေး၊ငါး လအတွင်း စုဆောင်းထားတာဆိုလို့ ဒါတွေပဲရှိတယ်။ ဒါတွေဟာ အရင်တုန်းက တော့ ပိုက်ပိုက်တွေပေါ့နော်။ အခုတော့ ဘ၀ပြောင်းသွားပြီး ပလက်စတစ်ကဒ်တွေ အဖြစ်စုတေသွားပြီ။ ဘိုင်ဘိုင်….၀ူးမောလိုက်တာ.. စာရိုက်ရတာ..

Saturday, August 16, 2008

သင်ယူခြင်း Vs ခွဲခွာခြင်း

ကျွန်တော်-- ငယ်ငယ်တုန်းက
-မိဘတွေကပြောတယ်
မငှ်းမသိသေးပါဘူးတဲ့
-ဆရာသမားတွေက ပြောတယ်
မင်းမတတ်သေးပါဘူးတဲ့
-အစ်ကို အစ်မတွေက ပြောတယ်
မင်း နားမလည်သေးပါဘူးတဲ့


ဒီလိုနဲ့ကျွန်တော်
မသိတာတွေကို သိအောင်
မတတ်တာတွေကို တက်အောင်
နားမလည်တာတွေကို နားလည်အောင်
ကြိုးစားသင်ယူခဲတယ်။


ဒီလိုနဲ့ကျွန်တော်
မသိတာတွေ သိလာ
မတတ်တာတွေ တက်လာ
နားမလည်တာတွေ နားလည်လာ
အဲဒီအချိန်မှာပဲ ကျတော် ဒီဘ၀ကြီးနဲ့
ခွဲခွာရ တော့မှာပါလား။ ။

Monday, August 11, 2008

Singapoer National day and my computer

ကျတော့လက်တော့လေး ရဲ့ ၀င်းဒိုး စနေနေ့က ဒေါင်းသွားတယ်။ မနက်ဖက်ကျတော်ဖွင့်တော့ အကောင်း။ နောက် ၀င်းဒိုး updateလုပ်လိုက်တာ ဘယ်လိုဖြစ်သွားတယ်မသိပါဘူး။ ဘယ်လိုမှ ၀င်းဒိုး ပြန်မတပ်တော့ဘူး။ recovery ,repair ပြန်လုပ်လည်းမရ။ဘယ်လိုလုပ်ကမလဲ စဉ်းစားတယ်။ အိမ်က Toshiba ကောင်ကလည်း ဖောမတ်ချ ပြီးပြန်တင်ဖို့ တိုက်တွန်းနေတယ်(အသေသတ်နေတာလေ) ။ ကျတော်စုဆောင်းထားတာတွေ ကုန်သွားမှာပေါ။ ကျတော့စက်မှာက partition ၂ခုပဲရှိတာ။ ဒေတာတွေက ၀င်းဒိုးရှိတဲ့ အခြမ်းမှာ။ နောက်တော့ ၀င်းဒိုးကို clean install မလုပ်ပဲ ထပ်တင်လိုက်တယ်။ ၀င်းဒိုးအသစ်တက်လာတော့ ကျတော့ ဒေတာတွေကို dvd ပြန်ခုတ်။ အားလုံး dvd 5 ချပ်စာ။ နောက်ပြီး clean install လုပ်ပြီး ပြန်တင်။ အခုဒီပို့လေးက ၀င်းဒိုးပြန်တင်ပြီး ပထမဆုံး (sg, national day)အမှတ်တရပေါ.ဘာမှမဆိုင်ပေမဲ့ မှတ်မှတ်ရရပေါ့။ ရူးကြည့်တာ.

Sunday, August 3, 2008

Kaspersky antivirus activation key



kaspersky antivirus ရဲ့ licence key/activation key black list ဖြစ်နေရင် ကျတော် ဆီကိုမေးပို့ပေးပါ။ ဒါမှမဟုတ် စီပုံးမှာ မေးပေးခဲပါ။ ကျတော် အပတ်စဉ် key အသစ်တွေပို့ပေးပါမယ်။ တောင်းတဲ့အခါမှာ kaspersky internet security or kaspersky antivirus version ဘယ်လောက်ဆိုတာပါပြောပေးပါ။ ကျတော်မေးလ် နဲ့ပို့ပေးပါမယ်။ ကိုယ်စက်က ဘာ ဗားရှင်းလည်းဆိုတာ အောက်က ပုံလေးလို ချက်ကြည်နိုင်ပါတယ်။
ကျတော့မေးလ်က puluque (at) gmail. com ပါ။ atကို @ပြောင်းရိုက်ပေးပါ။ စပေ့ တွေဖြုတ်ပေးပါ။