Tuesday, December 23, 2008

Christmas Songs for all



Christmas လဲနီးပြီ.. ဟီးဟီး..တကယ်တော့ Christmas ဆိုတာ ကျတော်တို့ ဗုဒ္ဓဘာသာဝင်တို့ နဲ့ လားလားမှမဆိုင်.. ဒါပေမဲ့ ဂလိုဘယ်ခေတ်ကြီးထဲမှာ အရာရာဟာ ကူးလူးဆက်သွယ်နေတော့ Christmas ဟာ ကျတော်တို့နဲ့ မဆိုင်သော်လည်း သူအချိန်ရောက်လာတော့ ပျော်စရာကောင်းတာပေါ့။


ငယ်ငယ်ကဆို ဒီဇင်ဘာ Christmas ချိန်ရောက်ရင် ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပိတ်လို့ဗျ။ Christmas ဆိုတာဘာလဲ ဆိုတာမသိခဲ့ပေမဲ အဲဒီအချိန်မှာ အိမ်ရှေ့မှာ ခရစ်ယာန်တွေ သီချင်းတွေလာဆိုကြ.. သူတို့ကို လက်ဆောင်ပေး…ပျော်ဖို့ကောင်းသား။


Christmas ဆိုတာကို ကျတော် ဘာဖြစ်လို့ ကျင်းပတာလဲဆိုတာ ဆယ်တန်အောင်ပြီးတဲ့ အထိ မသိဘူး။ နောက်မှ Christmas ဆိုတာ ခရစ်တော် မွေးနေ့ဆို သိလာရတယ်။


ခရစ်စမတ်သီချင်းလေးတွေက နားထောင်လို့တော့ ကောင်းသား။ အဲဒီတော့ youtube မှာ ကျတော်တွေ့တဲ့ Christmas သီချင်းလေးတွေ ကို နားထောင်လို့ရအောင် မျှပေးလိုက်ပါတယ်။


ဒါပေမဲ့ ကျတော်ဟာ ကံ၊ ကံ၏ အကျိုးကို လုံးဝ ယုံကြည်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်သာ ဖြစ်ပါတယ်။

Sunday, December 21, 2008

စံပယ်ပန်း

စနေနေ့မနက် အပြင်က ပြန်လာတော့ ဝယ်နေကျ ပန်းဆိုင်မှာ စံပယ်ပန်း ၁ကျပ်ဖိုးဝယ်ပြီး ဘုရားတင်ဖြစ်တယ်။ ပုလုကွေး အပတ်တိုင်း လိုလို စံပယ်ပန်းကို ၁ကျပ်ဖိုး ဝယ်ပြီး ဘုရားတင်နေကြ။ ဘယ်နေ့ တိုင်းတင်မယ်လို့တော့ စိတ်ထဲမထားပါဘူး။ ရုံးတက်ရက်ဆိုလဲ ရုံးက အပြန် ပန်းသည်ရှိသေးရင် ဝယ်ပြီးတင်ပါတယ်။

စပယ်လို ဖြူစင်ရပါလို၏


ဒီအပတ်မှ စိတ်ကလည်း ဘာစိတ်ကူးပေါက်တယ်မသိ။ ဘုရားတင်တဲ့ ပန်းကို ဓါတ်ပုံရိုက်ချင်စိတ် ပေါက်နေတာနဲ့ ဖုန်းကင်မရာလေးနဲ့ ရိုက်ထားမိတယ်။ တနင်္ဂနွေနေ့ကျတော့ ရိုက်ထားတဲ့ပုံလေး နဲ့ ဘလော့တင်မယ်စိတ်ကူးထားတာ။ ကိုညီလင်းဆက် ဘလော့ကို ဝင်ဖတ်မိတော့ ဟိုမှာ စံပယ်တွေ စံ ပယ်တွေ ရှုပ်နေတာမို့ ဒီပို့စ်လေးကို မတင်တော့ဘူးလို့ ရုပ်သိမ်းလိုက်တယ်။ ဟော ညနေထမင်းစားပြီး မှ ဘာပဲဖြစ်ဖြစ်တင်မယ်ဆိုပြီး ဒီစာလေးကို ရိုက်လိုက်တယ်။


ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ စံပယ်လို စိတ်ထားဖြူချင်ပါတယ်။ ဖြူအောင်လည်း ကျင့်ကြံနေထိုင်နေပါတယ်။ တစ်ချို့သော (အပြင်လောကမှာကော၊ ကျင်လည်ရာ ဘလော့လောကမှာပါ) မဖြူစင်သူတစ်ချို့ကို တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရလို့ပါ။ အားလုံးလဲ စံပယ်လို ဖြူစင်ပါစေ။

Friday, December 19, 2008

ကိုယ့်ကို ကိုယ် ဒဏ်ခတ်ခြင်း

ပုလုကွေး ငယ်ငယ် ၉တန်းလောက်ကတည်းက ကွန်ပျူတာ ဆိုအရူးအမူးပဲ။ ဒါတောင် ကိုယ်ပိုင် ကွန်ပျူတာကို uni ၄တန်းအောင် ၅တန်းနှစ်(2003) လောက်မှ ပါကြီး(ဖေဖေ)ဝယ်ပေးတာ။ ကွန်ပျူတာ ကလိနေရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့။ ဒါတောင် ဘာမှလောက်လောက်လား မတတ်ဘူး။ ဆရာ့ ဆရာကြီးတွေကို အားကျ၏။

မြန်မာပြည်မှာတုန်းကတော့ ကွန်ပျူတာ သုံးရင် ဆော့ဝဲလ်လေးဝယ် ဟိုကလိ ဒီကလိပေါ့။ အင်တာနက်ဆိုင်သွား၊ တွေရာဆော့ဝဲ ဒေါင်းလုပ်ဆွဲ၊ ကွန်ပျူတာ စာအုပ်တွေက ပါတာတွေကို မှတ်ထား၊ အင်တာနက်ဆိုင် ရောက်ရင် ရှာဒေါင်း..အိမ်ပြန်ရောက်ရင် ကလိပေါ့…

စလုံးရောက်လာတော့ အင်တာနက်ဆိုတာ ကိုယ်ရဲ့ လက်တကမ်းမှာ။ စာဖတ်ချင်လဲ အင်တာနက်၊ ရုပ်ရှင်ကြည့်တော့လဲ အင်တာနက်၊ ဆော့ဝဲလ် ဒေါင်းတော့လဲ အင်တာနက် ၊ သီချင်းနားထောင်တော့လဲ အင်တာနက်၊ အားလုံးကို အင်တာနက် ကတဆင့်သွား နေတော့တာပေါ့။ ကျတော့ ရဲ့ အားလပ်ချိန် တော်တော်များများကို ကွန်ပျူတာ အင်တာနက် ကဝါးမြိုသွားတယ်။ မြန်မာပြည်မှာတုန်းကတော့ အင်တာနက်မရှိတော့  စာအုပ်တွေလဲ အများကြီး ဖတ်ဖြစ်တယ်။ learning cd လေးတွေ ဝယ်ပြီးလေ့ကျင့် ဖတ်မှတ် ဟုတ်နေသေးတယ်။ ဒီရောက်တော့ ဘာမှမလုပ်ဖြစ်တော့ဘူး။ photoshop ဆိုလဲရောင်ဝါး ရောင်ဝါး၊ coral draw ဆိုလဲဆက်မတက်တော့ဘူး။ illustrator ဆိုမေ့တောင်နေပြီ။ matlab ဆိုရင်တော့ တီချယ် ဒေါ်စုစုဟန် ကလွဲပြီ ဘာမှမသိတော။့ solidwork ကပိုဆိုးသေး။ premier ဆို ရောင်လိုတောင် မလေ့လာဖြစ်တော့။

စာတွေထဲမှာ မှတ်မိနေတာက ပညာရပ်တစ်ခုဟာ မလေ့လာပဲ ၆လထားထားရင် ဘာမှမတတ်တော့ သလိုပဲတဲ့။ ဒါကြောင့်မနေ့က စပြီး ကိုယ်ကိုကိုယ် ဒဏ်ခတ်လိုက်ပြီ။ ဗုဒ္ဒဟူးနေ့ အင်တာနက် မသုံးသောနေ့ အဖြစ်သတ်မှတ်လိုက်ပါတယ်။ ဘယ်လိုအကြောင်း ကြောင်းဖြစ် ကိုယ်ပိုင်အချိန်အတွင်း အင်တာနက်မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုံးမှာတော့ သုံးဖြစ်ပါမည်။ ရုံးမှာက ဒါနဲ့ ပဲ အလုပ်လုပ်နေရတာ ကိုး။ ကျတော့ ကိုယ်ပိုင်အချိန်က ညနေ ရနာရီမှ ည ၁၂နာရီ အတွင်းပါ။

နောင်ဒီထက်ဆိုးလာပါက အဲဒီနေ့ကို ကွန်ပျူတာ မသုံးသောနေ့ အဖြစ်တိုးမြှင့်သွား ချင်ပါသည်။

Tuesday, December 16, 2008

ဟုတ်ရဲ့လား မောင်ကာလုရဲ့

ဟုတ်ရဲ့လား မောင်ကာလုရဲ့ .......
source: The Voice Weekly Journal
(Puluque's Favourite Journal)

Sunday, December 14, 2008

မရှိ မဖြစ်

ကျတော့ အတွက်တော့ ဒီ အဘိဓာန်လေးတွေဟာ မရှိမဖြစ်ပဲ။ ကျတော့ သုံးတဲ့စက်တိုင်းကို ထည့်ထားလေ့ရှိပါတယ်။ အဲဒါလေးတွေကတော့ Oxford English Dictionary ရယ် Babylon English Dictionary ရယ်ပါ။

Oxford Dictionary ကတော့ Mobile အဘိဓာန်ပါ။ ကျတော့ဖုန်းထဲကို ထည့်ထားပါတယ်။ ဒီ mobile dictionary ကို java support လုပ်တဲ့ ဖုန်းတိုင်းမှာ ထည့်လို့ ရပါတယ်။ သုံးလို့လဲ အဆင်အလွန်ပြေပါတယ်။ အရင်လို dictionary စာအုပ်ကြီးကို ခါးကြားထိုးစရာ မလိုတော့ပါဘူး။ လိုအပ်တယ်ဆိုရင်တော့ ဒီနေရာက နေယူလိုက်ပါခင်ဗျာ။ zipfile လေးကို ဖြည်လိုက်ပြီး ဖုန်းထဲကို ထည့်လိုက်။ ပြီးရင်း run လိုက်ပါက သုံးလို့ရပါပြီ။


နောက် dictionary က တော့ ဘေဘီလုံ အဘိဓာန်ပါ။ ဒါကိုတော့ mz မှာ တွေ့လို့ သုံးကြည့်တော့ ကြိုက်သွားတာပါ။ ကွန်ပျူတာထဲ တည့်ထားရင် အလွန်အသုံးတည့်မှာပါ ။ ကိုယ်သိချင်တဲ့ ဘယ်စာလုံးကိုမဆို ရွေး(select အုပ်) ပြီးတော့ ctrl+right click နှိပ်လိုက်ရင် သိချင်တဲ့ အဓိပါယ် ကို ဖေါ်ပြပေးပါတယ်။ ဒါပေမဲ pdf ဖိုင်မှာတော့ မရပါဘူး။


Mz ကဘော်ဘော်တွေ တင်ထားတဲ့ dictionary လေးကို ဒီနေရာမှာဒေါင်းလိုက်ပါ။

ဆော့ဝဲလ်တင်နည်းလမ်းညွှန်လေး ကတော့ ဒီမှာပါ။

ဒါကတော့ အပေါ်က ဆိုဒ်မှာ ဒေါင်းလို့မရမှာ စိုးလို့ fileden မှာ ကျတော်ပြန်တင်ထားတာပါ။

Tuesday, December 9, 2008

ဖြစ်နေကျ..








ပုလုကွေး အပျင်းအလွန်ကြီးနေပါသည်။ ထို့ကြောင့်ယခုပုံ်လေးများကို http://www.bakree.com/ ဖိုရမ်မှ အတိအကျကူးယူကာ ခိုးချထားပါသည်။ ကျတော်တို့ ဘဝလေးနဲ့ တိုက်ဆိုင်နေတာမို့ ပို့စ်အဖြစ် တင်လိုက်ပါသည်။ http://www.bakree.com/ မှ အတိအကျကူးယူ ခိုးချထားပါသည်။

Saturday, December 6, 2008

ဖြစ်ပုံများ

ဒီနေ့ အိမ်က သယ်ရင်း ဘလော်ဂါကောင် မြန်မာပြည် ခွင့်ပြန်တယ်။ ကျတော် နဲ့နောက်သယ်ရင်းတစ်ကောင် ပေါင်းသုံးယောက် လိုက်ပို့တယ်။ သယ်ရင်း က မြန်မာပြည် မပြန်တာ ၁နှစ်နဲ့ ကိုးလ ရှိသွားတော့(ရောက်ကတည်းက တစ်ခါမှ မပြန်) ဒီနှစ်တော့ သူပြန်မယ်ဆိုတော့ အဖေ၊ အမေ၊ ညီမလေး အစ တစ်မျိုးတစ်ဆွေလုံး ဖို့ ဝယ်လိုက်တာ ပြောမနေနဲ။ သူ bukit junction သွားလဲ ကျတော်ပါ။ မူစတာဖာ သွားလဲ ကျတော်တို့ လိုက်။ imm သွားတာလည်းလိုက် ။
ဘယ် ဒစ်စကောင်ဆိုလဲ သူဝယ်ချင်၊ ညာ ဒစ်စကောင့် ဆိုလဲ သူသွားမယ်။ စိတ်ပါလဲ လိုက်ခဲ့ ရ ။စိတ်မပါလဲ လိုက်ခဲ့ရ။ ဘယ်သွားသွား ဘာဝယ်ဝယ် သူ့ကို ပြောမိတာက gst refund စလစ်တောင်းဖို့။ တစ်ခါတလေ သူ့ခမျာ ဝယ်ပြီးအိမ်ရောက်မှ gst refund မတောင်းမိလို့ စိတ်မကောင်းဖြစ်နေတာ။ သူခမျာ ပစ္စည်း ဘောင်ချာလေးတွေ refund စလစ်လေးတွေ ကို ပြန်ရင်ထုတ်ဖို့ အိတ်ကလေးနဲ့ သတ်သတ်စုထားတာ။

ဒီမနက်တော့ လေဆိပ်ရောက်တော့ လက်မှတ်ထုတ် baggage ကို ကီလိုချိန် ပြီးတော့ ကြွပါလေရော gst refund ထုတ်ဖို့နေရာကို သွားတာပေါ့။ ကျတော်တို့ ရောက်ချိန်မှာ ရှေ့မှာ ကိုအိန္ဒိယ သားနှစ်ယောက် ကထုတ်နေတာမို့ အနည်းငယ်စောင့်နေမိတယ်။ အလှည်ရောက်တော့ မမချောချော ရှိတဲ့ ကောင်တာကို ဝင်၊ စလစ်စာရွက် လေးတွေ ပေးမိတယ်။ မမချောချော က ပတ်စပို့စ် ဆိုတော့ ပေးလိုက်တာပေါ့။ မမချောချောခင်ဗျာ မျက်စိလည်သွားတယ်နဲ့တူတယ်။ စာအုပ်ကို သေသေချာချာကြည့်ပြီး ဘေးက ကိုယ်တော်ကြီးကို မေးလိုက်တယ်။ ကိုယ်တော်ကြီးက ရောက်လာပြီး သယ်ရင်းရဲ့ အိုင်စီကတ်ကို တောင်းပါတယ်။ သယ်ရင်းက ပေးလိုက်တော့ သူကစလုံးမှာ နေထိုင် အလုပ်လုပ်နေတဲ့သူတွေ gst ပြန်ထုပ်လို့ မရပါဘူးတဲ့။ ကျောင်းသားနဲ့ အလည်အပတ် သမားတွေသာ ထုတ်လို့ရပါတယ်။ နောက်ပြီး နှစ်လ ကျော်သွားရင်လဲ မရပါဘူးတဲ့။ ဟင်သွားပြီးပေါ့။ ပုလုကွေးတို့ တစ်သိုက် ဝေးပုံများပြောပါတယ်။
ဟီးဟီး ဒါနဲ့ စလစ်လေးတွေ ပြန်တောင်းတော့ မမချောချောက နေအုံးတဲ့ တုံးထုပေးမယ်ဆိုတော့ ကျတော်မျိုးက မလိုပါဘူးရပါတယ်လို့ ပြောတာပေါ့။ ပုလုကွေးစိတ်ထဲ အသိထဲက အလည်လာ ကျောင်းတက်ပြီး ပြန်မဲသူတွေ နဲ့ ထုတ်ခိုင်းမယ်ပေါ့။ ဟီးဟီး ။ စလုံးတွေများ ကိုယ်ထက်လည်တယ်။ တုံးထုပေးတာက စလစ်ကို နောက် တစ်ယောက်နဲ့ လက်လွဲပြောင်း (transfer) လုပ်လို့မရအောင် တုံးထုပေးတာပါတယ်။ အလာလား ….သေပြီပေါ့ကွယ် ရို….
...............................................................................................................................
GST ဆိုတာ Goods and Services Tax ကိုခေါ်တာပါ။ အသေးစိတ်ကို ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။ ပုလုကွေးလဲ အိမ်ရောက်မှ googling လုပ်မိတော့တယ်။

Monday, December 1, 2008

ကျတော် မုန်းသော မြို့


ငါ မနေချင်တဲ့ ငါမုန်းတဲ့ မြို့လေး အကြောင်းကို ငါအိမ်မက် မက်တယ်။အဲဒီမြို့လေးဟာ ဧရာဝတီမြစ် ကမ်းနဖူးမှာတည်ရှိတယ်။ အဲဒီမြို့လေး မှာ ငါ ၆နှစ်လောက် နေဖို့ အကြောင်းဖန်ဖူးပေမဲ ငါတကယ်နေတာ ၁နှစ်တောင် ပြည့်ရဲ့လား မသိဘူး။ အခုအဲဒီမြို့လေးကို ငါလွမ်းနေတယ်။


အဲ့ဒီမြို့လေးကို ငါရန်ကုန်ကနေလာရင် ချစ်စရာကောင်းတဲ့ ဧရာဝတီအလှကို ငါအရင်မြင်ရတယ်။ ငါရောက်တဲ့ အချိန်ဟာ များသောအားဖြင့် ညဘက်ဖြစ်ပေမဲ့ ငါကို ဧရာဝတီကို ဟာနှုတ်ဆက်တယ်။ ဧရာဝတီဟာ သူရဲ့ ချိုမြမြလေပြေတွေနဲ့ အဲ့ဒီမြို့မှာ ငါကို နေဖို့ စွဲဆောင်ပေမဲ့ ငါဟာ မီးခိုးများတဲ့ ရန်ကုန်ကနေ မထွက်ခွာ ချင်ခဲ့ဘူး။


ဧရာဝတီမြစ်ကြီးထဲမှာ ငါရေကူးဖူးတယ်။ ငါဧရာဝတီမြစ်ထဲမှာ ရေကူးဘောင်းဘီ ဖင်ကျပ်လေးနဲ့ ငါကူးတော့ အဲဒီမြို့က လူတွေ ငါကို စူးစမ်းတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ ငါတို့ တခါတလေ ဧရာဝတီကမ်နဖူးပေါ်က ဧရာရဲ့ လှိုင်းတွေကို စီးနေတဲ့ စားသောက်ဆိုင် မှာထမင်းစားရင်း ဧရာဝတီကို ဘီယာနဲ့ မြည်းခဲဘူးတယ်။ ဒဲ့ဒီညမှာ ဧရာဝတီ ဟာ ပျော်မြူးနေတယ်။ တခါတလေ ငါဟာ ဧရာဝတီရဲ့ ရင်ခွင်ကို ဖြတ်ပြီး ကိုဖက်ဒီဘက်ကမ်းကို ဆိုင်ကမ်းလျှောက် မောင်းဖူးတယ်။ ဧရာဝတီရဲ့ လေပြေဟာ ငါကိုကျီစယ်လို့ပေါ့။



အဲဒီမြို့လေးဟာ ငါကြိုက်တက်တဲ့ အစားစာတွေနဲ့ ငါကို ဆွဲဆောင် ဖြားယောင်းလေ့ရှိတယ်။ သူတို့ရဲ့ သင်္ကေတလို့ ဆိုနိုင်တဲ့ စားစရာတစ်ခုဟာ ငါရဲ့မနက်စာ အဖြစ် ငါနေတဲ့ရက်အတွင်းမှာ ခုန်ပေါက် ရောက်ရှိလာလေ့ရှိတယ်။ လက်ဖက်ရေ. ကော်ဖီမကြိုက်တဲ့ ငါ့အတွက် မုန်းဟင်းခါးအစားထိုး မနက်စာတစ်ခု ကို ငါမက်မက်သက်သက်စားခဲ့တယ်။ တချို့ညတွေမှာ ငါဟာ ဗိုလ်ချုပ်ကို အလေးပြုရင်း ဘီယာစုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကတော့ ဘီယာစုပ်နေတဲ့ ငါတို့ကို မြင်းကြီးပေါ်ကနေ ကြည့်ရင်း သတိပေးနေသလိုပဲ။



နောက်ဲဒီဒေသထွက် ယိုမျိုးစုံဟာလည်း နာမည်ကြီးသား။ အေးချမ်းတဲ့ညတွေမှာ ငါတခုတ်တရစားလေ့ရှိတာကတော့ ပြောင်းဖူးမီဖုတ်ပဲ။ သူတို့ဒေသထွက် ပြောင်းဖူးဟာ ချိုမြိန်လှတာမို့ ငါမက်မက်မောမော စားလေ့ရှိတယ်။



အဲ့ဒီမြို့လေးဟာ အညာမဟုတ်ပေမဲ့ အညာဆန်တယ်။ စကားအပြောအဆို အနေအထိုင်တချို့ဟာ အညာရောက်နေသလိုပါပဲ။ သူတို့မြို့လေးနဲ့ ငါတို့အပြောအဆို ကွာခြားချက်တစ်ချို့ကို ငါမှတ်မိနေသား။ ဘာတဲ့“ ဟုတ်လောက်တယ်” ဆိုတဲ့ အသုံးအနှုန်း..ဟုတ်လောက်တယ်ဆိုတာ တကယ်တော့ ငါတို့ အနေနဲ့ ဖြစ်လောက်တယ် ဖြစ်နိုင်ခြေ ရှိတယ်လို့ သုံးပေမဲ့ သူတို့က မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးတယ်။



အဲ့ဒီမြို့လေးက လူတွေဟာ ငါတို့လိုကောင်တွေကို အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ တစ်ခါတလေ ကြည့်တက်တယ်။ ငါတို့ကို လေးစားတက်သလို ငါတို့ဆိုရင် အဲဒီမြို့လေးမှာ အစစအရာရာ ပွဲပြီးသလောက်ပါပဲ။ ဥပမာတစ်ခုအနေနဲပေါ့ ဘဏ်အခက်အခဲတွေ ဖြစ်တုန်းကပေါ့ အဲ့ဒီမြို့လေးမှာ ဘယ်သူ့ကို မှ ပိုက်ပိုက်မထုတ်ပေးချိန်မှာ ငါတို့ ဟာ ငါ့တို့ရဲ့ အမှတ်တဆိပ်ကတ်လေးတွေနဲ့ အိမ်ကပို့တဲ့ ပိုက်ပိုက်၊ စုထားတဲ့ ပိုက်ပိုက်တွေကို သွားထုပ်နိုင်ခဲ့ကြတယ်။


ဧရာဝတီရဲ့ကျေးဇူးကြောင့် အဲ့ဒီမြို့လေးရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ အသီးအနှံဖြစ်ထွန်းအောင်မြင်တယ်။ မြို့လေးရဲ့အထွက်မှာ သစ်သီး အနှံ တွေကို ရန်ကုန်တင်ပို့တဲ့ ကုန်စည်ဒိုင်လေးတွေရှိတယ်။ သြဇာသီးချိန်ဆို ငါဟာ လည်ချောင်းတွေနာလာတဲ့ အထိ သြဇာသီးတွေ တစ်ဝ တပြဲစားခဲတယ်။
အဲ့ဒီမြို့လေးမှာ မနေချင်တဲ့ ငါဟာ သူများတွေထက် ၂နှစ်ပိုနေခဲ့ရတယ်။ သူများတွေ ၄နှစ်လောက်နေတာကို ငါဟာ ၆နှစ်လောက်နေဖို့ အကြောင်းဖန်လာတယ်။


အဲဒီမြို့လေးကို ငါနောက်ဆုံးနှုတ်ဆက်ခဲ့တာ ၂၀၀၆လောက်ကပေါ့။ ပါးပါးမားမားတို့လာကြိုတဲ့ ကားလေးနဲ့ ငါဟာ အဲဒီမြို့တခွင်ကို သွားရင်း နှုတ်ဆက် ခဲတယ်။ နောက်ဆုံးအနေနဲ့ အဲ့ဒီမြို့ရဲ့ မြို့နယ်မှုး(ပါးပါးရဲ့လုပ်ဖော်ကိုင်ဖက်လဲဖြစ်၊ မာမီတပည့်လဲဖြစ်၊ ငါနဲ့ ဇာတိတူလဲဖြစ်သူ…) ကဧည့်ခံကျွေးမွေးတဲ့ နေလည်စာကို တောာင်ဘက်ကြယ် စားသောက်ဆိုင်မှာ စားသောက်ရင်း ငါဟာဧရာဝတီရဲ့ အလှကို နောက်ဆုံးခံစားခဲ့တယ်။


အခုချိန်မှာတော့ ငါမနေချင်တဲ့ ငါမုန်းတဲ့ မြို့လေး ငါလွမ်းနေတယ်။ မြို့လေးရေ လွမ်းတယ်ကွာ…။
………….......................................................................................................................
ဒီပို့စ်လေးမှာ ကျတော်သုံးထားတဲ့ “ငါ” “ငါတို့” ဆိုတဲ့ အသုံးအနှုန်းလေး ဟာ အနည်းငယ် ရိုင်းတာ မို့ ခွင့်လွှတ်ပေးပါ။ “ငါတို့” ဆိုတာ သမုဒ္ဒရာကြီး ဖြစ်ရင် “ငါ”ဆိုတာဟာ သမုဒ္ဒရာထဲက ရေတစ်ပေါက်မျှသာ ဖြစ်ပါတယ်။ ဒီပို့စ်လေးဟာ ကျတော့ မန်မိုရီစတစ်ထဲမှာ ခိုအောင်းနေတာ ဒီညနဲ့ဆို ၉ရက်မြောက်ပြီပေါ့။ ဒီပို့စ်လေးဟာ ကျတော် အိမ်မက်က လန့်နိုးပြီး ထရေးထားတဲ့ ကျတော့ရင်တွင်းဖြစ် စစ်စစ်လေးပါ။ တခြား သောသူများထံမှ မှီငြမ်းထားခြင်း လုံးဝ လုံးဝ မရှိပါကြောင်း အာမခံပါသည်။ ဓါတ်ပုံလေးကတော့ ကျတောအဖွဲ့တွေ အာလုံးယူနေကြ +x-xx တို့ ရိုက်ထားတဲ့ ပုံလေးတွေထဲက တစ်ခုပါ။

Friday, November 28, 2008

ငါမုန်းတဲ့ ငါ


ကိုယ်ကိုကိုယ် မုန်းတဲ့ အချက် ၁၀ချက်တဲ့ဗျ။တကယ်တော့ မုန်းဘူးဗျ..ဒါကြောင့် နည်းနည်းတော့ ခေါင်းစားတယ်။


၁။ ဟန်မဆောင်တက်တာ
ဘာရေးရမလဲ စဉ်းစားတာ အဲ့ဒီအချက်က ခေါင်းထဲ အရင်ဝင်လာတယ်။ တကယ်ပါ။ ကျတော် ပျော်ရင်ဖြစ်ဖြစ် စိတ်ညစ်ရင် ဖြစ်ဖြစ် မျက်နှာမှာ လာပေါ်ရော.. အဲ့ဒီဟန်မဆောင်တက်တဲ့ အရာကြီးကို နည်းနည်းတော့မုန်းတယ်။

၂။ အချစ်မရှိသေးတာ
ဟာ..ဟ။ ကိုယ်အသက် ကို ပြန်ကြည့်တော့ မငယ်တော့ဘူးဗျ။ ချစ်ချစ်မရှိသေးတဲ့ အတွက် တစ်ခါတစ်လေ သိမ်ငယ်သလို တစ်ခါတစ်လေ ကိုယ်ကိုကိုယ် မုန်းနေမိတယ်(အခု အချိန်မှာပေါ့ဗျာ်။ မစွန်ရကောင်းလားလို။။(ရတာမလို လိုတာမရတဲ့ ကျတော့ ဘဝပါ)

။ကွန်ပျူတာကို စွဲလမ်းတာ
ဒါလဲပဲ မုန်းစရာကောင်းတယ်။ သယ်ရင်းတွေ အပြင်သွားရင် ကျတော့်မှာ မလိုက်နိုင်ဘူး။ နတ်ထဲမှာ ဟိုဝင် ဒီဝင် .. ဟိုဆော့ဝဲလ် ဒေါင်း၊ ဒီဆော့ဝဲလ် စမ်းနဲ့ အချိန်တွေ ကုန်နေတာတွေ…

။ဆော့ဝဲတွေကို ရူးမူးတာ
ကွန်ပျူတာကို စွဲလမ်းတာရဲ့ အဆက်အဖြစ် ဆော့ဝဲတွေကို ရူးသွပ်တာကလည်း တစ်ခါတလေ မုန်းဖို့အရမ်းကောင်းတာဗျ။ ဟိုတုန်းကဆို National ၊ CDworld ၊ Active တို့သွားပြီး ဘာဆော့ဝဲများအသစ်ရှိသလဲ လို့ သွားချောင်း၊ သွားဝယ်ရတာ အမော..ရတဲ့ ပိုက်ပိုက်လဲ ဒါတွေနဲ့ ကုန်တာ။ Progamming လဲ သူများလို ဖြစ်ဖြစ်မြောက်မြောက် ရေးတက်ဘူးဗျ။

၅။ ဖာသိ ဖာသာ မနေတက်တာ
တော်တော်ဆိုးတဲ့ အကျင့်ဗျ။ ဖာသိ ဖာသာ မနေတက်ဘူး။ ကိုယ်သိရင် လုပ်ပေးလိုက်ရမှ။ ပြောပြလိုက်ရမှ ကျေနပ်တာ။..မှားနေရင်လဲ ဝင်ပြောလိုက်ရမှ..

၆။ လောတက်တာ
အလုပ်တစ်ခုကို လုပ်ရင် အရမ်း လောတယ်။ မြန်မြန်လိုချင်တယ်။ ဒါလဲ မကောင်းဘူးဗျ..

ရ။ သေသေသပ်သပ်မရှိတာ
အလုပ်ကို မြန်မြန်ပြီးအောင် လောတက်တော့ မသေသပ်တော့ဘူး။ တစ်ခါတလ လျှပ်ပြာလျှပ်နဲ့ ။ ဒါလဲ မုန်းစရာကောင်းတယ်..

၈။ ခေါင်းမာတာ
ကျတော်ဟာ တော်တော့ကို ခေါင်းမာတဲ့ လူ. ။ ဟင်ဆိုရင် လှည့်မကြည်တက်ဘူး။ ဘာပဲဖြစ်နေ ဖြစ်နေ ..လုံးဝ တာ့ တာပဲ…။

။ခံစားလွယ်တာ
အရမ်းခံစားရလွယ်တယ်။ ကြုံလိုပြောပြရရင် ဟိုတစ်နေ့က စာရေးဆရာ အစုံ ပါတဲ့ ငြိမ်သက် တစ်မိနစ် ဝတ္ထုတို စာအုပ်လေးကို ရုံးအပြန် ရထားပေါ်မှာ ဖတ်နေမိတယ်။ ကျတော်က အဲဒီလို ဝတ္ထုတို စာအုပ်တွေဆို နောက်ဆုံးကနေ စဖတ်ဖြစ်တယ်။ အဲဒီထဲက ဆရာမ မဦးရဲ့ အက်ကွဲသံဇဉ် ဝတ္ထုတိုလေးကို ဖတ်ပြီး ခံစားရလွန်းလို့ စာအုပ်ကိုပိတ်ပြီး မငိုမိအောင် စိတ်ပြောင်းရတာ မနည်းဘူး။ မဖတ်ပဲလဲ မနေနိုင်အောင် ဝတ္ထုလေးကလည်း ကောင်းလွန်းတယ်။ အဲဒီလို ယောက်ျားလေးတန်မဲ့ ခံစားလွယ်တာလဲ ကိုယ်ကို ကိုယ် မုန်းမိတဲ့ အချက်တွေထဲက တစ်ခု။

၁၀။ စိတ်ဆိုးတက်တာ
တစ်ခါတလေ အရမ်းစိတ်ဆိုးတက်တယ်။ တော်ရုံနဲ့ တော့ စိတ်မဆိုးပါဘူး။ စိတ်ဆိုးရင်လဲ မပြေဘူးဗျ။ အိမ်မှာတုန်းက စိတ်ဆိုးရင် အဲဒီနေ့ မန်မန်း မစားတော့ဘူး..ဟဟ။

မမဝါဝါရေ..ဖြစ်ညှစ်ပြီးရေလိုက်ပြီဗျ..ကျတော် ဘယ်သူကို လက်လွှဲပေးရင် ကောင်းမလဲ။ စိတ်ထဲပေါ်လာတာတော့ နှစ်-ကျောင်းအတူ ဆင်းတဲ့ သယ်ရင်း ဇူလိုင်…။
တရား၊ဓမ္မတွေနဲ့ ပျော်မွေ့အောင် တရားအလှူပေးလေ့ရှိတဲ့ ကျတော်နဲ့ မွေးနေ့တူ ညီငယ် အောင်ဦး….။ ကျတော့ မွေးနေ့မှာ တိတ်တိတ်လေး ဟတ်ပီးဘတ်ဒေးလာလုပ်သွားတဲ့ ညီမငယ် ဂူဂူး…။ ပန်းသွန်းတဲ့ ဥယျာဉ် ပိုင်ရှင် ကဗျာများနဲ့ ပျော်နေသူ မီးလေးဇာ…..တို့ပါပဲ ..အဆင်ပြေတဲ့ အချိန်..အဆင်ပြေရင် ရေးပေးစေချင်ပါတယ်….

Tuesday, November 25, 2008

ကာတွန်းကား ကြည့်မလား

နှစ်ကျောင်းအတူဆင်းတဲ့ သယ်ရင်း ဇူလိုင် တက်ထားလို့ ရေးလိုက်ပါအုံးမယ်။ ကျတော် တီဗီတို့ ရုပ်ရှင်တို့ ကြည့်ရတာ ကို စာဖတ်တာလောက် ဝါသနာမပါဘူးဗျ။ ငယ်ငယ်ကဆို ရုပ်ရှင်ကြည့်ပြီးရင် ခေါင်းမူးလို့ အဲ့ဒီနေ့ဆို ဘယ်လိုမှ နေလိုမကောင်းဘူး။ တစ်ချို့ ကားကောင်းလေးတွေတော့ ကြည့်ပါတယ်။

ကာတွန်းကားကတော့ နည်းနည်းကြိုက်တယ် ပြောရမလားပဲ။ ကျတော်မှတ်မိနေတာကတော့ ကျတော်တို့ငယ်ငယ်က (အရေအခင်းပြီးစလား မဖြစ်ခင်လား မသိဘူး) တီဗီကနေ လာသွားတဲ့ ကာတွန်းကားလေးကို တော့ဝိုးတိုး ဝါးတား မှတ်မိနေသား။ ဇာတ်လမ်း လေးက အခုခေတ်ပါဝါ ရိန်းဂျားဆန်ဆန် ဇာတ်လမ်းလေးပါ။ သူရဲကောင်း ငါးယောက်လောက်နဲ့ သိပ္ပံကာတွန်းဇာတ်လမ်းလေး။ တစ်ယောက်စီမှာ ဝတ်စုံအရောက်တစ်မျိုးစီနဲ့ အစွမ်းကိုယ်စီရှိကြတယ်ဗျ။ သူတို့အားလုံး စုပေါင်းပြီး လည်း စက်ရုပ်ကြီးတစ်ခုလုပ်လို့ရတယ်။ အရေးကြုံရင် သူတို့လက်ကနာရီလေးကို နှိပ်ပြီး လက်ကို လေမှာမြှောက်လိုက်ရင် လက်နတ်တွေ သူတို့ကိုယ်မှာ တပ်ဆင်သွားတယ်။ လူဆိုး ကြီးကတော့ မျက်စီတစ်ဖက်လပ် ပင်လယ်ဓားမြပုံစံပဲ။ ဒီလောက်ပဲ မှတ်မိတော့တယ်ဗျ။(ဇာတ်ကားနာမည်နဲ့ ကြည်လို့ရတဲ့ဆိုဒ်ရှိရင် ပြောပြပေးပါအုံး..ပြန်ကြည်ချင်လို့)

ကျတော်မဖြစ်မနေ ကြည်ဖြစ်တဲ့ ကာတွန်းကားကတော့ အားလုံးကြိုက်တဲ့ tom and jerry ပါ။ အဲ့ဒီကားတွန်းကား ကြည့်ရင် ကျတော့မာမီက ကလေးမဟုတ်လူကြီးမဟုတ် ကားတွန်းကားတွေ ကြည်တယ်လို့ပြောပြီး မာမီပါလာကြည့်ပြီး တခွီခွီးရယ်လေ့ ရှိတယ်။

ဒီလောက်ပဲ သယ်ရင်းရေ… အခုတောင် toms and jerry
နောက်ဆုံးထွက်ကားကို ကြည်မလို့ ရုံ့းမှာ rapidshare ကနေ ဒေါင်းလုပ်ဆွဲနေတယ်ဗျ။

လိုချင်ရင်ပြော..မြန်မာပြည်က ကျတော့အိမ်မှာ tom and jerry အခွေ (၃၀)ကျော်ရှိတယ်…ငှဲငှဲ. ..ငှဲ

Sunday, November 23, 2008

အရမ်းပျော်ပါသည်

ဒီနေ့ မနက် အိပ်ယာထကတည်း ပျော်ရွှင်နေပါသည်။ ဟားဟား..ကျတော် solidwork ကို torrent နဲ့ ဒေါင်းနေတာ ၆ရက်လောက်ရှိသွားပြီ။ ဒီနေ့ မနက်တော့ ၁၀၀% ပြည့်သွားလို့ အားလုံးအိုကေပါသည်။ အားလုံးပေါင်း ဒေါင်းချိန် ၃ရက်နဲ့ ၁၆နာရီတိတိကြာပါတယ်။ ကျတော့ လက်တော့ အစုပ်လေးနဲ့ ညီးနေလောက်ပြီ။ rs premium account မရှိတဲ့ ဒွတ်ခတွေပေါ့။ နောက်ဆုံးတော့ ကျတော်လိုချင်နေတဲ့ solidwork လည်းရပြီ။ ဟော အခု စာသားလေးတွေလဲ.. ကျတော်နှလုံးသားထဲက ရောက် ရှိလာလို့ အမြတ်ရလိုက်တယ်ဗျာ…

လောကဓာန် ၏ အထုအထောင်းများသည် နောက်ဆုံး၌
အကျွန်ုပ်အား သန်မာစေ၏.

လူတစ်ချို့၏ ကောက်ကျစ်မှုများသည် နောက်ဆုံး၌
အကျွန်ုပ်အား အတွေအကြုံများစွာ ရစေ၏.

စိတ်ညစ်စရာများသည် နောက်ဆုံး၌
အကျွန်ုပ်အား ပြုံးပျော်စေ၏.

ငိုကြွေးမှုများသည် နောက်ဆုံး၌
အကျွန်ုပ်အား ပျော်ရွှင်စေ၏.

ဆုံးရှုံးမှုများသည် နောက်ဆုံး၌
အကျွန်ုပ်အား အမြတ်များစွာပေ၏.

နောက်ဆုံး၏ နောက်ဆုံးများသည်
အကျွန်ုပ်အား ပထမဆုံးကို ဖြစ်စေသည်..

Wednesday, November 19, 2008

ပိတ်ဆို့ခံ ဦးနှောက်


ဒီအကြောင်းတွေ ငါမကြားချင်ဘူး။ စိတ်မကောင်းလွန်းလို့ ၊ ရင်လဲနာတယ်။ ခံစားရတယ်။ တကယ်ပါ။ သူလို တော်တဲ့လူတွေရဲ့ စွမ်းအားတွေ ငါတို့နိုင်ငံမှာ ရှေရှောက် ပျောက်ဆုံးဖို့ပဲ ရှိတော့တယ်။ နောင်ဆို မြန်မာလို့ဆိုရင် “မရှုတ် မလုပ် မပြုတ်”ဆိုတဲ့ လူစားမျိုးပဲ ဖြစ်လာတော့မယ်နဲ့ တူပါတယ်။ အခုလဲ တော်တော်များများ “မရှုတ် မလုပ် မပြုတ်” ဖြစ်နေကြပြီလေ။ ငါအပါ အဝင်ပေါ့။


အညွှန်တလူလူ တက်နေတဲ့ အပင်ကို ခေါင်ညွန်ကနေဖြတ်လိုက် သလိုပဲ။ တချို့ကလည်းပြောမပေါ့။ ခေါင်ညွန့် ကျိုးသွားရင် နောက်ထပ်ဘေးကနေ အညွန်တွေ ထပ်ထွက်လာမှာပေါ့။ ဒါပေမဲ့ အဲဒါက ဘေးကအညွန်တွေလေ။ ခေါင်ညွန်မှ မဟုတ်တာ။ ခေါင်ညွန်နဲ့ ဘေးကထွက်လာတဲ့ အညွန့် တခြားစီပါ။


နည်းနည်းတော့ကြာပြီ။ the voice weekly editorial ထဲမှာလား။ ဆရာမဂျူး ပြောတာလား မမှတ်မိတော့ဘူး။ အခုခေတ်မှာ လူတော်ခေါင်းဆောင်တွေ ရှားသွားပြီတဲ့။ ဟိုခေတ်က ဒေါက်တာဘမော်လို့။ ကိုအောင်ကျော်လို ရဲရဲတောက် ခေါင်းဆောင် ကောင်းတွေ ပေါ်ခဲ့ကြတယ်။ အခုတော့ မရှိသလောက်ပဲ။ နည်းနည်း ရှိလာမယ်ဆိုရင်လဲ အမြစ်ကပါတူးထုပ် လိုက်တော့ မရှိတာလဲ မဆန်းပါဘူး။


နိုင်ငံတော်တော်များများက brain drain ကိုပြသာနာ တစ်ရပ်လို စိုးရိမ်ကြတယ်။ ကျတော့ကတော့ brain drain ထက် brain block ကိုပိုစိုးရိမ်မိတယ်။ ကျတော်မသေသေးရင် နောင် အနှစ် ၂၀၊ ၃၀ လောက်မှာ ကျတော်တို့ brain block တွေ ခရီးဆက်ကြတာပေါ့။

..........................................................................................................................................................................

ကျတော်သုံးထားတဲ့ brain block ဆိုတဲ့ အသုံးအနှုန်း မှန်ချင်မှ မှန်ပါလိမ့်မယ်။ မှားနေရင် ပြင်ပါမယ်။

the above photo is taken from http://theguiridispatches.wordpress.com

Monday, November 17, 2008

မလုပ်ချင်ပါဘူး ဆို....




ဒီအချိန်ရောက်ရင် ကျတော့ စိတ်တွေ ဖောက်ဖောက်လာတယ်။ စိတ်ပိန်တယ်..တကယ်ပါ။ စနေ၊ တနင်္ဂနွေ ရောက်ရင် ဒီအလုပ်ကို မဖြစ်မနေ လုပ်ကိုလုပ်ရတယ်။ ကျတော် ကလည်း အဲဒီအလုပ်လောက် မလုပ်ချင်တာ အဲဒီအလုပ်ပဲ။ အမေရိကန် သမ္မလုပ်ပါဆိုရင်တောင် ဒီလောက် ငြင်းဖြစ်မယ်မထင်ဘူး..ဟိဟိ..

အဲဒီအလုပ်ကိုတော့ လုပ်ရမှာ သေမလောက် ကြောက်တယ်။ မလုပ်လို့လဲ မဖြစ်ဘူး။ ဒီနိုင်ငံမှာက ကိုယ်မလုပ်ရင် ဘယ်သူမှ လာကူလုပ်ပေးမှာ မဟုတ်ဘူး။ အဲ့ဒီအလုပ်ကို လုပ်ရတာကလဲ မစားသာဘူးဗျ။ လက်ကလည်း ရှေ့တိုးနောက်ဆုပ် လုပ်ရတယ်။ စိတ်ကလည်း အဲ့ဒီထဲမှာ နှစ်ထားရသေးတယ်။ လူကလည်း တစ်ခါတလေ မတ်တပ်ရပ်. ချွေးကလည်းထွက်သေး။ ပင်ကလည်း ပင်ပန်းသေး။

အဲ့ဒီအလုပ်ကို လုပ်နေလို့ ကျတော် ဘလော့လဲမလည်နိုင်. စာတွေလည်း ကောင်းကောင်းမဖတ်နိုင်ဗျာ။ တကယ်စိတ်ပိန်တယ်။ အခုလဲ ဘလော့ပို့စ်လေးရေးမယ် လုပ်နေတာ အဲဒီအလုပ်ကို လုပ်ရတော့မယ်။ ..
.
.
.
.
.
.
.
ဘိုင်ဘိုင် ကျတော် မီးပူသွားတိုက်လိုက်အုံးမယ်…တာ့တာ..။
.
.
.
.

Thursday, November 13, 2008

စကော်ပီယံ တစ်ကောင် ၏ ညဉ်းချင်း

နိုဝင်ဘာ ရဲ့နေ့ရက်များဟာ စကော်ပီယံ (scorpion) တစ်ကောင်ကို ဘာအညှိုးနဲ့များ ရက်စက်နေတာလဲ။ နိုဝင်ဘာနေ့ရက်တွေ စကတည်းက စကော်ပီယံကောင်လေး ဘာမှန်းမသိ စိတ်ညစ်နေရတယ်။ ရုံးမှာလဲ အဆင်ပြေတယ်၊ အိမ်နဲ့ လဲ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဘာအတွက်မှန်းမသိသော စိတ်ညစ်ခြင်းတွေနဲ့ ပြည့်နေတယ်လေ။

နိုဝင်ဘာနေ့ရက်တွေဟာ စကော်ပီယံကောင်လေးကို အရှုပ်များနဲ့ ပတ်ချာလည်စေတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ရုံးပိတ်ရက် ဖတ်မယ်လို့မှန်းထားတဲ့စာအုပ်တွေ မဖတ်ဖြစ်ခဲ့ဘူး။

စကော်ပီယံကောင်လေး ဖတ်မယ်လို့မှန်းထားတဲ့စာအုပ်တွေကတော့ JAMES CARVILL ရဲ့ mechanical engineer’s data handbooks နဲ့ Jay Armstrong , Jen Dehaan တို့ရဲ့Macromedia Flash 8 စာအုပ်တွေပါ။ နောက်ပြီး ရွှေ ၅၀က ဖတ်ဖို့ကျန်နေတာတွေ၊ ဆရာမခင်ခင်ထူးရဲ့ ဆံရစ်ဝိုင်း ဝတ္ထုတိုစာအုပ်..အားလုံးကို လုံးဝကို မဖတ်လိုက်ရဘူး။



သောကြာနေ့တိုင်း အတူနေသယ်ရင်းတွေ အားလုံး အလုပ်ကနေအိမ်တန်းမပြန်ပဲ ပင်နဆူလာမှာ စုရပ်ထားပြီး စားကြသောက်ကြ၊ လိုအပ်တာတွေဝယ်။ အိမ်ပြန်ရောက်တော့ ည ၁၀နာရီကျော်ပြီ။ ရေမိုး ချိုး၊ကွန်ပျူတာ ရှေထိုင်တော့ ၁၁နာရီကျော်လို့ ၁၂ထိုးပြီ။ သတင်းလေး ဘာလေးဖတ်ပြီး အိပ်ရာဝင်တော့ ၁နာရီကျော်ပေါ့။ ဖုန်းကို alarm ၄နာရီပေးပြီး အိပ်လိုက်တယ်။ အိမ်က toshiba ကောင်က လေယာဉ်ကွင်းဆင်းမှာဆိုတော့ မနက် ၅နာရီလောက် အိမ်ကထွက်မှ အဆင်ပြေမယ်လေ။ သူကို ပို့ပြီးအိမ်ပြန်ရောက်တော့ မနက် ၈နာရီကျော် ၉နာရီ ။ အဲဒီတစ်နေ့လုံး လူကညီးစီစီကြီးနဲ့ ဘာမှကောင်းကောင်း မလုပ်နိုင်တောဘူး။ စိတ်ညစ်နေလို့ အိမ်ကိုဖုန်းခေါ်တော့မှ ပိုဆိုးသွားတယ်..ဟားဟား.. အရှုပ်ထုပ်တွေ ဆက်မရေးတော့ပါဘူး။

ဒီတစ်ပတ် ပိတ်ရက်လဲ စာအုပ်တွေ ဖတ်ဖြစ်မယ်မထင်ဘူး။ အခင်ဆုံးသယ်ရင်းရဲ့ အဖေနဲ့ အမတို့ စလုံးလာပြီး ဆေးလာစစ်ကြတော့ ပိတ်ရက်တွေမှာ သူတို့ကို ဟိုဟိုဒီဒီလိုက်ပို့တာနဲ့ အချိန်ကုန်သွားမယ်ထင်ပါထယ်။

ဘလော့ဂါ သယ်ရင်းတွေရဲ့ ဘလော့တွေကိုလည်းမလည်ဖြစ်သေးပါ။ အချိန်လုပြီး လာရောက်လည်ပတ်ပါမည့် အကြောင်း စကော်ပီယံလေး တောင်းပန်လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုဝင်ဘာလမှာ လူ့လောကထဲရောက်ရှိလာတဲ့ စကော်ပီယံလေး နိုဝင်ဘာလလေးကို ချစ်ပါသည်။

Wednesday, November 5, 2008

ဖြစ်စဲ ဖြစ်မြဲ


၁။အမေရိကန် သမ္မတရွေးပွဲတွင် အိုဘားမား အနိုင်ရသော်လည်း ကျွန်ုပ် ဒီနေ့ ရုံးမှ စောစော ပြန်၍မရပါ။
၂။ အမေရိကန် မှစတင်သော စီးပွားရေး အကျပ်အတည်းကြောင့် မြန်မာနိုင်ငံမှ လယ်သမားတစ်ချို့ နွေစပါးစိုက်ရန် လယ်ထွန်နေကြသည်။
၃။ ဆရာမလေးသည် ကျောင်းအုပ်ကြီးဆူသဖြင့် ကျောင်းသားများအား သချာင်္ပုစ္ဆာများကို အိပ်စာ တွက်ခိုင်းသည်။
၎။ ဈေးသည်များ ဈေးရောင်းနေချိန်တွင် ညနေမိုးချုပ်သဖြင့် လမ်းမီးများလင်းလာသည်။
၅။ ပုလုကွေးသည် ဘလော့ပို့စ်တင်ရန် ပျင်းသဖြင့် သူငယ်ချင်း ဘလော့များထံ တိုးတိုးတိတ်တိတ် အလည်သွားသည်။

Friday, October 31, 2008

အချစ်ဖြင့်


တစ်ချို့ နှစ်အချိုးတစ်

တစ်ချို့က တစ်အချိုးတစ်

အားလုံးဟာ အချစ်ဖြင့်


တစ်ယောက်သော သူကနောက်နှစ်

သူဂျီတော့ မက်ဆေ့ငါ မြင်သဖြင့်

သူလဲပဲ အချစ်ဖြင့်


တစ်ချို့က အွန်လိုင်းချစ်

အပြင်မှာလည်း အချစ်စစ်

သူတို့လဲပဲ အချစ်ဖြင့်


သိုးဆောင်းတွေခေါ် ကျူးပစ်

ငါတို့ခေါ် မြားနတ်မောင်ဖြစ်

သူဟာလေ ငါ့ ကိုမပစ်

ငါ့မှာတော့ ဒုက္ခဖြင့်….။

Tuesday, October 28, 2008

ဖတ်ညွှန်း



ကျတော် တလေးတစား အမြဲဖတ်လေ့ရှိတဲ့ the Voice Weekly journal ဂျာနယ်ရဲ့ အယ်ဒီတာ့ အားဘော်လေးကို အားလုံးကို ပြန်မျှချင်ပါတယ်။ ဒါလေးကို ဖတ်ပြီးတော့ ကမ္ဘာကြီးရဲ့ အပြောင်းအလဲလေးကို နည်းနည်းငယ်စောင်း ကြည့်လိုက်တာပါ။ the Voice Weekly ကို တော့ ခွင့်မတောင်းထားပေမဲ့ ခွင့်ပြုမယ်ထင်ပါတယ်။ ခေါင်းစဉ်က

အပြောင်းအလဲ များသောကမ္ဘာ
၂၀၀၈ ခုနှစ်အတွင်း ကမ္ဘာကြီးတွင်ထူးခြားသော အပြောင်းအလဲ များစွာ မြင်တွေ့ခဲ့ ရပြီး အချို့သော အပြောင်အလဲများမှာ အများစုထင်မှတ်မထားသော အပြောင်းအလဲများ ဖြစ်နေသည်ကို တွေရသည်။
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးသည် ကိန်းဂဏန်းများအရ အခြေအနေ ကောင်းနေသော်လည်း ရင်းနှီးမြုပ်နှံသူများ၏ စိတ်အပြောင်းအလဲကြောင့် ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့သည်။

ကမ္ဘာသို့ အဓိက ကုန်တင်ပို့သူ အဓိက မြီးရှင်နိုင်ငံဖြစ်လာသည် တရုတ်နိုင်ငံသည် စားသုံးသူများ၏ ယုံကြည်မှုလက်လွတ် ဆုံးရှုံးသွားခဲ့ရသည်။

တောင်အာဖရိက လွတ်လပ်ရေးတိုက်ပွဲဝင် ANC ပါတီပြိုကွဲသွားသည်။ ပါကစ္စတန်တွင် အဂတိလိုက်စားမှုဖြင့် နှစ်ပေါင်းများစွာ အကျဉ်းခံခဲရသူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ခင်ပွန်း သမ္မတဖြစ်သွားခဲ့သည်။

ထိုင်းနိုင်ငံတွင် ပြည်သူလူထု ၇၀ရာနှုန်း၏ ထောက်ခံမှုကို ရထားသော ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဒုတိယအကြိမ် ပြည်ပြေးဘဝသို့ ပြန်ရောက်ရှိ သွားသည်။ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်တွင် ထောင်သောင်းချီသော လူအုပ်ကြီးက ဒီမိုကရေစီစနစ် မလိုလားကြောင်း ဆန္ဒပြလျက်ရှိသည်။

မလေးရှာဝန်ကြီးချုပ် အာဒါဝီ မျှော်မှန်းသည်ထက် ၂ နှစ်စောကာ ရာထူမှဆင်းပေခဲ့ရသည်။ ဒုတိယ၀န်ကြီးချုပ်ဟောင် အန်န်ဝါအီဗရာဟင် မလေးရှာနိုင်ငံ၏ နိုင်ငံရေးကို လှုပ်ကိုင်သူအဖြစ် ပြန်လည်ရောက် ရှိလာသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး၏ ကျန်းမာရေးကြောင့် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံပေါင်းစည်းရေး ဖြစ်ပေါ်လာဖွယ်ရှိကြောင်း ပညာရှင်များက ဟောကိန်းထုတ်သည်။

အင်ဒိုနီးရှာနိုင်ငံတွင် သမ္မတဟောင်း မေဃဝတီ ဆူကာနိုပိုထရီ ဒုတိယအကြိမ် သမ္မတပြန်ဖြစ်လာဖွယ်ရှိကြောင်း ပြည်သူ့ဆန္ဒ စစ်တမ်းများက ညွှန်ပြလျက်ရှိသည်။ မျှော်လင်ချက် မရှိသလောက်ဖြစ်သော ဇင်ဘာဘွေ အမျိုးသား စည်းလုံးညီညွတ်ရေးမှာ အာဏာခွဲဝေကျင့်သုံးရေးတိုင် ရောက်ရှိလာခဲ့သည်ကို တွေမြင်လာရသည်။

ဂျော်ဂျီယာနိုင်ငံကို ရုရှားတပ်များက ဝင်ရောက်တိုက်ခိုက်ပြီး ဂျော်ဂျီယာ ပိုင်နယ်မြေနှစ်ခုကို လွတ်လပ်ရေးပေးခဲ့သည်။ ရုရှာနှင့်ကီလိုမီတာ ၁၀၀သာ ဝေးကွာသည့် ပိုလန်နိုင်ငံရှိ ယခင်ဆိုဗိယက်ယူနီယံ စစ်အခြေစိုက်စခန်းကြီးနေရာတွင် အမေရိကန်တို့က ပေထရိယော ဒုံပျံစခန်းတည်ဆောက်လိုက်သည်။
အမေရိကန်ပြည်ထောင်စု တရုတ်ပြည့်သူသမ္မတနိုင်ငံ အပါအ၀င် နိုင်ငံများတွင် ဖြစ်ပျက်နေသော အခြေအနေအရပ်ရပ်သည် သင်ခန်းစာများ ဖြစ်နေပါသည် ဟုပြောချင်ပါသည်။

Monday, October 20, 2008

ငို့ဖ

ဒီဇာတ်လမ်းလေးကို ကျတော့ အမ၀မ်းကွဲ တစ်ယောက်ကပြောပြတာပါ။ သူက ရခိုင်မှာ စက်ချုပ်ပါတယ်။ ရခိုင်လို စက်ချုပ်တဲ့သူကို စက်ဆရာမ(စက်သမ)လို့ ခေါ်လေ့ရှိပါတယ်။ရခိုင်နဲ့ ချင်းနဲ့က ဆက်စပ်နေတာပါ။ ချင်းတွေက တောင်ပေါ်မှာ နေတာများပါတယ်။ ဈေးနေ့တွေမှာ လာပြီး သူတို့ဆီက ထွက်တဲ့ကုန်တွေကို ဈေ်းမှာလာရောက်ရောင်းချပြီး သူတို့လိုတာတွေကို ပြန်ဝယ်သွားတက်ကြပါတယ်။

တစ်နေ့တော ချင်းမတစ်ယောက်ဟာ ဈေးကိုလာပြီး သူမှာပါတာတွေရောင်း၊ နောက်သူလိုတာတွေ ၀ယ်ပါသတဲ့။ သူဟာ အင်္ကျီစ(ပိတ်စ) တစ်စကို ၀ယ်ပြီး အင်္ကျီချုပ်ဖို့ စက်သမဆီကို သွားပါသတဲ့။ ရခိုင်စက်သမတွေဟာ ပိတ်စ အရမ်းခိုးတယ်လို့ သူသိထားတယ်။ ဒါကြောင့် စက်သမဆီရောက်တော့ ပိတ်စကို သူ့ရှေ့တင်ဖြတ်ပြီး တစ်ခုဆီကို ဘာအတွက်ဆိုတာ ပြောဖို့ စက်သမကို ခိုင်းပါတယ်။ ဒါနဲ့ စက်သမကလဲ ပိတ်စကို သူ့ရှေတင်ဖြတ်ပြီး ဒါက အင်္ကျိလက်၊ ဒါက ကော်လံ၊ ဒါက ရှေ့ကိုယ်ထည်၊ ဒါက နောက်ကိုယ်၊ ဒါက ငို့ဖ လိုတစ်ခုဆီပုံပြီး ပြပါတယ်။

ဒီတော့ ချင်းမကလဲ “အင်း နင်ပြောတော့လဲ အားလုံးဟာ ကွတ်တိပဲ။ နင်တို့ ဘယ်မှာခိုးလို့လဲ”လို့ ပြောပြီး စက်ဆရာမ ချိန်းတဲ့ရက်မှာ ပြန်လာယူ မယ်လို့ ပြောပြီး စက်ဆိုင် ကနေ ထွက်ခွာသွား ပါတယ်၊

ချင်းမ.. မသိတာက စက်သမပြောတဲ့ “ငို့ဖ” ဆိုတာ “ငါ့ဖို့” ဆိုတာကိုပါ..ဟားဟား……..

Sunday, October 19, 2008

ပုံရိပ်

ကျတော် ဒီနေရာမှာ ပြောလိုတဲ့ ပုံရိပ်ဆိုတာ လူတစ်ယောက်ကို ကိုယ်စိတ်ထဲမှာ ထင်ကျန်နေတဲ့ သူရဲ့ အပြုအမူ၊ ဟန်ပန် အမူအရာ ကိုပါ။

ဥပမာ..မဝါဝါ ခိုင်မင်း လို့ ကျတော်ဆိုလိုက်တာနဲ့ အားလုံးခင်မင်တဲ့ ဘလော်ဂါမမကြီးလို့ မြင်ကြမှာပါ။

ကိုရန်အောင်လို့ ကျတော်တွေးလိုက်တာနဲ့ အဲ့ဒီအစ်ကိုကြီးဟာ အိမ်မက်နတ်သမီး ကို အပိုင်း ၂ ထိပဲရေးပြီး ဆက်မရေးတော့တဲ့ ကိုရေခဲညှပ် အဖြစ် မြင်ယောင်မိနေတာကိုပါ။

အဲဒီလိုပုံရိပ် အဖြစ်မြင်ယောင်ဖိုဆိုတာ လိုအပ်တာတွေကတော့ အမြင်ခံဖို object (အရာဝတ္ထု)။ရှုမြင်တဲ့သူ (သို့) ကြည်မြင်သူနဲ့ သူရဲ့ ရှုထောင့်(ခံစားမှု)တို့ပါပဲ။

အရင်ကဆို မြန်မာလို့ ဆိုလိုက်တာနဲ့ ဖော်ရွေ သဘောကောင်းတဲ့ နိုင်ငံသားတွေနေတဲ့ အေးချမ်းတဲ့ နိုင်ငံ၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံအဖြစ် လူတိုင်းက ရှုမြင်ခဲ့ ကြပါတယ်။

မြန်မာလူမျိုး၊ နိုင်ငံသားလို့ဆိုလိုက်တာ နဲ့ အလုပ်ကြိုးစားပြီး ကျိုးနွံတဲသူတွေ အဖြစ် တော်တော်များများက မြင်ကြပါတယ်။

ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း မြန်မာလို့ဆိုလိုက်တာနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သာသနာတော်ကို ပြစ်မှားတဲ့ စစ်အာဏာ၇ှင် အုပ်စိုးတဲ့ နိုင်ငံ အဖြစ် နိုင်ငံတကာက ပြောင်းလဲရှုမြင်လာ ကြပါတယ်။

နောက်တစ်ခါ နာဂစ် ဖြစ်လာတဲ့အခါ တစ်မျိုး ပြောင်း လဲရှုမြင်လာကြ ပြန်ပါတယ်။

တစ်ချို့သော ပုံရိပ်တွေဟာ ကျတော်တို့ ပြုလုပ်မှုနဲ့ တိုက်ရိုက် အချိုးကျပေမဲ့ တစ်ချို့ တွေဟာ ကျတော်တို့နဲ့ သွယ်ဝိုက်ပြီး သက်ရောက်မှု ရှိနေပါတယ်။

နောက်ဆုံးကျတော် ပြောချင်တာကတော့ ကျတော်တို့ဟာ ကျတော်တို့ရဲ့ ပုံရိပ်တွေကို ပြုလုပ်သူဖြစ်သလို ကျတော်တို့ နိုင်ငံ၊ လူမျိုး အားလုံးရဲ့ ပုံရိပ်တွေ အဖြစ် သက်ရောက်မှု ရှိတာကြောင့်  ကျတော်တို့အားလုံးဟာ မိမိရဲ့ ပုံရိပ်ကို ကောင်းမွန်အောင်ထိန်းသိမ်းရင်း နိုင်ငံ ရဲ့ ပုံရိပ်ကို မြင့်တင်နိုင်သူတွေ ဖြစ်အောင်ကြိုးစားကြရမှာပါ။။။

-------------------------------------------------------------------------------------------------

ဘာမှမဟုတ်တဲ့ ပုလုကွေး လဲတစ်ခါတစ်လေ ဒီလို စာမျိုးတွေ ရေးချင်လာလို့ ရေးလိုက်မိတာပါ။ အမှားပါသွားရင် ပြင်ဆင်ပေးဖို့ ၀န်မလေးပါဘူး။ ပုံရိပ်ဆိုတာ ရှုမြင်သူ၇ယ်။ ရှုမြင်ခံ အရာဝတ္ထုရယ်၊ ရှုထောင့် ရယ်ပေါ်မူတည်ပြီး ကွဲပြားနေမှာပါ။

Thursday, October 16, 2008

Dismissal List from Ministry of Science and Technology


အာလုံးလဲ ဒီသတင်းလေးကို ဖတ်ပြီးလောက်ပြီထင်ပါတယ်။ မနေ့ ဒေါက်တာလွဏ်ဆွေ ဆိုဒ်မှာတင်ထားတာကိုပါ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (သပန) ကနေ့ပြီး ဒေါက်တာ ၂၃ ယောက်ကို ထုတ်လိုက်ပြီး လျော်ကြေးပေးခိုင်းတာပါ။ ကျတော်ဖတ်ကြည့်ရသလောက်တော့ အားလုံးဟာ ဦးသောင်း(ဝန်ကြီး) ရဲ့သားသမီးတွေပါပဲ။ ကျတော်တို့ ytu နဲ့ ကွန်ပျူတာ ကျောင်းထွက် စစ်စစ်တွေ မဟုတ်ပါဘူး။

လျော်ကြေးငွေကလည်း 23 သိန်းကနေ 10 သိန်း အနည်းဆုံးပေး ဆောင်ရပါမယ်။ မပေးရင် အရေးယူမယ်တှဲှ့ဗျ။ ကျတော်တို့ ကျောင်းတက်တုန်းကလဲ ကြို့ကုန်းကျောင်းထဲမှာ အခုလိုပဲ black list ထဲထားတဲ့ ဆရာတွေရဲ့နာမည်ကို စာလုံးမဲကြီးတွေနဲ့ လူသိအောင်ကြေငြာထားပါတယ်။
မလုပ်ချင်တော့ လို့ အလုပ်ထုပ်တယ်။ လျော်ကြေးပေးခိုင်းတယ်။ ကိုယ်မလုပ်ချင်လို့ လျော်ကြေးပေးပြီထွက်တယ်ဗျာ။ ဒါဟာ ပြသာနာမဟုတ်ပါဘူး။ ဒီအထိက ကိစ္စမရှိပါ။

ဒါပေမဲ့ ဦးသောင်းရဲ့ လူမဆန်တဲ့ ယုတ်မာမှု ကတော့ black list စာရင်းထဲ တည့်ပြီး ပြည်ဝင်ခွင့်၊ နိုင်ငံတကာ သွားခွင့် ပိတ်တာကိုပါပဲ။ ဒါဟာယုတ်မာတာပဲ။ မလုပ်ချင်လို့ လျော်ကြေးလဲ ပေးရသေး ပြည်ဝင်ခွင့်၊ နိုင်ငံတကာ သွားခွင့် ပိတ်ပင်ခံရပါသေးတယ်။ နိုင်ငံအပြင်ကို ရောက်နေတဲ့ သူတွေအတွက် ကိစ္စမရှိပေမဲ့ အထဲမှာနေတဲ့သူ အပြင်မထွက်ရသေးတဲ့သူ တွေ အတွက်တော့ စိတ်ညစ်စရာပါ။ ရိုင်းရိုင်းပြောရရင် ခွေးကို
ချောင်ပိတ်ရိုက်တာပါပဲ။

လျော်ကြေးမပေးဘူး၊ လူကလဲ နိုင်ငံအတွင်းမရှိဘူးဆိုရင် သက်ရာမိဘ(ဒါမှမဟုတ် ဇနီး။ ယောင်္ကျား) ကို အရေးယူပါတယ်။ ဦးသောင်း ပဲ မနိုင်နိုင်တာကို လုပ်တာပေါ့။

လျော်ကြေးပေးပြီး ထွက်လို့ လွယ်လွယ်နဲ့ ၇မယ်( black list ထဲမထဲ့ဘူး) ဆိုရင် ထွက်ချင်တဲ့ သူတွေ သပန မှာ အများကြီးပါပဲ။ နောက်ဆုံး သပနမှာ ဦးသောင်းတစ်ယောက်ပဲ ကျန်မယ်ထင်ပါတယ်။
Sources;(1) http://drlunswe.blogspot.com/
(2) http://www.khitpyaing.org/?p=117
(3) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

Tuesday, October 14, 2008

ချစ်နေဖို့ပဲ လိုပါသည်



အချစ်ဆိုတာ ဘာလဲ။ တစ်ချို့ကတော ပေးဆပ်ခြင်းတဲ့။ တစ်ချို့ကတော့ ရယူခြင်း။ တစ်ချို့ကတော့ စွန့်လွှတ်ခြင်း။


….State ကျောင်းတက်နေတုန်းက မေမေကပြောတယ်.. အချစ်ကို မရှာနဲ့အုန်း.. ငယ်သေးတယ်.. တက္ကသိုလ်ရောက်မှရှာတဲ့…

….ပထမနှစ်၊ဒုတိယနှစ်ရောက်တော့ ..ပြောပြန်တယ်… သုံးတန်း.လေးတန်းရောက်မှ အချစ်ကို ရှာတဲ့ဗျ..

….လေးတန်း၊ငါးတန်း၊ ဖိုင်နယ်ရောက်တော့ ပြောပြန်တယ်… အလုပ်ထဲရောက်မှ ရှာတဲ့…

ဟိဟိ.. ဒါက ကျတော့ မေမေနဲ့ ဒေါ်လေးတို့ပြောစကား။။။


…..ကျတော့ အချစ်က နီးမလိုနဲ့ဝေးနေတယ်…

…..လွယ်မလိုနဲ့ ခတ်နေတယ်…..

…..တိမ်မရောင်နဲ့ နက်တယ်….

…..အားလုံးဟာ ကျတော့ကြောင့်ပဲ….


ကျတော့ အစ်ကိုကြီးလိုခင်တဲ့ သယ်ရင်းတစ်ယောက်က ပြောတယ်။ “မင်းရင်ဆိုင်ရဲရမယ်လေ.. စွန့်စားရဲရမယ်လေ”တဲ့။

“ဟုတ်တယ် ကိုကြီး ကျတော်ဟာ အချစ်အတွက် စွန့်စားဝံ့တဲ့ သူတစ်ယောက်မဟုတ်ဘူး။” မစွန့်စားဝံ့တာလား၊ မစွန့်စားချင်တာလား။ တကယ်သေချာတာကတော့ မစွန့်စားချင်တာပဲ ဖြစ်မည်ထင်သည်။


“မင်းတို့ ဘာသာတူတွေပဲလေ ညှိယူလို့ရမှာပါ” လို့ပြောတဲ့ သယ်ရင်းတစ်ယောက်ရဲ့ စကား ။ ကိုယ်တို့က ဘာသာတူတွေပဲ ဒါပေမဲ့ မတူတာတွေ အများကြီးပဲလေ။ ကိုယ်လို ဗမာစစ်စစ် တစ်ယောက် နဲ့ သူလို ဗမာပြည်မှာမွေးတဲ့ စိနမလေး အတွက်တော့ ဒါဟာ ကြီးမားလှတဲ့ ခြားနားချက်တစ်ခုပဲ။


မမတန်ခူးကတော့ “အချစ်ဆိုတာကို သူငယ်ချင်းဆိုတဲ့ နံရံပါးပါးလေး တစ်ချက်ကို ဖြိုလှဲခဲ့တယ်တဲ့လေ”။ မမရေ.. နံရံရဲ့ အခြားတစ်ဖက်မှာ ဘာတွေလဲ ဆိုတာ ကျတော်သိနေလို အဲဒီနံရံကို ဖြိုဖို့ ကျတော် အားမရှိဘူးလေ။


ကျတော် ကွမ်းယင်မယ်တော်ကြီးကို လဲ မ မခိုင်းချင်ပါ။ ရေနွေးကြမ်းတစ်ခွက်လောက်တော့ သူမအိမ်သွားတိုင်း ကျတော်သောက်နိုင်ပါလိမ့်မယ်။ ကျောင်းကြီးထဲ သွားပြီးတော့လဲ ကျတော် စာသွားမချချင်ပါ။ မတော်ရတဲ့ ကျတော့ ယောက်ဖလေး နဲ့လဲ အတွင်းအား အကြောင်း အချိန်မရွေး ဆွေးနွေးနိုင်ပါသည်။


ဒါပေမဲ့ ကျတော်သူကို သိပ်ချစ်တာ သူလဲသိသလို ကျတော်ကို သူချစ်တာလဲ ကျတော် သိပ်သိတာပေါ့။

အချစ်ဆိုတာ ဘာလဲ။ တစ်ချို့က အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့။ တစ်ချို့ကတော ရယူခြင်းတဲ့။ တစ်ချို့ကတော့ စွန့်လွှတ်ခြင်းတဲ့။ ကျတော်ကတော့ “အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုပါသည်။”


ကျတော ပထမရေးထားတာက ဒီပို့စ်လေး မဟုတ်ဘူး။ အရင်ရေးထား တာတွေကို သေသေချာချာ ပြန်ဖတ်ကြည့်လိုက်တော့ ပုလုကွေးဆိုတာ ဘယ်သူဆိုတာ သူ့ပတ်ဝန်းကျင်က သိသွားရင် သူ့အတွက်မကောင်းနိုင်တာကြောင့် အားလုံးကို ကိုယ်ဟာကို ဆင်ဆာလုပ်လိုက်ပါတယ်။ ဒါနဲ့ အထက်က ပို့စ်လေးပဲ တင်ပေးလိုက်ပါတယ်။ အားလုံးဟာ မြန်မာပြည်မှာပဲဖြစ်ခဲ့တာတွေပါ။ စလုံးမှာ ဟုတ်ဖူးနော်။ ကျတော် ဘာတွေရေးတာလဲဆိုတာ ဝေဝါးနေရင်တော့ ဒီသီချင်းလေး နားထောင်လိုက်ပါနော်။ မမတန်ခူးနဲ့ သယ်ရင်းဂျူလိုင် ကျေနပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Monday, October 13, 2008

ကျတော် ခံစားမိသော သီချင်းများ


ဂျပန်မလေးမိဂုမိက သီးချင်းတွေ ကြိုက်ကြောင်းပြောတော့ ဘယ်သူများ ဒီလိုပြောမလဲလို့ မျှော်လင့်နေတဲ့ ကျတော် ဝမ်းသာမိတာ အမှန်ပါ။ ကျတော် ဖန်တီးတာမဟုတ်ပေမဲ့ ကျတော် တင်ဆက်တာကို အားပေးတဲ့အတွက် ကျေနပ်နေမိတာပါ။ ကျတော် အားလုံးအတွက် ရှဲလ် လိုက်ပါတယ်။ ပထမတော့ သီချင်းလင့်ကို သူ့ကိုပဲပေးမလို့။ ဒီလိုပို့စ်လေးတင်လိုက်တော့ လည်း ပို့စ်အသစ်တစ်ခုဖြစ်တာပေါ့။ ပို့စ်အသစ်ရေးရမှာ ပျင်းနေတာနဲ့ အတော်ပဲ။

ပထမဆုံးက အဝေးက ဧည့်ခန်း အဖွဲ့ရဲ့ သီချင်းလေးတွေပါ။ အဲ့ဒီအဖွဲ့လေးကို ကျတော်တို့ သုံးတန်း(တတိယနှစ်) EC မောင်မယ်သစ်လွင်ကြိုဆိုပွဲ တုန်းက လာဆိုတာ။(သူများတွေနဲ့ မတူ သုံးတန်း ရောက်မှ သစ်လွင်ကြိုပွဲ အလုပ်ခံရတဲ့ ကျတော်တို့တွေလေ.. အားလုံးဟာ အဘ မောင်သောင်းရဲ့ ကျေးဇူးတွေပဲ..ကျေးဇူးကြီးပါပေ့) သယ်ရင်းတွေက ကောင်းတယ်။ နားထောင်ကြည့်ဆိုတာနဲ့ နားထောင်ဖြစ်သွားတယ်။ ကျောင်းပုံပြင်ကတော်တော်လေး ပေါက်ပြီး ကျတော်ကြိုက်တဲ့ ကားမှတ်တိုင်တို့ ကျန်သီချင်းတွေက ထင်သလောက်မပေါက်ဘူး။
ကျောင်းပုံပြင်……အဝေးကဧည့်ခန်း
ကားမှတ်တိုင်……အဝေးကဧည့်ခန်း
ဒဏ်ရာအလွမ်း… အဝေးကဧည့်ခန်း

နောက်ထပ်ပေးချင်တာက ဂျီလတ် ရဲ့သီချင်းတွေ။ ကိုကြီးရင်မောင်က ပေးလို့နားထောင်ဖြစ်တာ။ တော်တော်လေးကောင်းပါတယ်။ သီချင်းတွေနာမည်တော့သိဘူး။
ဂျီလတ် (G-latt) 1
ဂျီလတ် (G-latt) 2
ဂျီလတ် (G-latt) 3

နောက် တစ်ပုဒ်က ဘယ်အဖွဲ့က ဆိုတာလဲ ကျတော် မမှတ်မိတော့ဘူး။ သူလဲ sample သီချင်းလေးပဲ။ ဒီသီချင်းလေးနဲ့ ကျတော် post တစ်ပုဒ်ရေးဘူးတယ်။ စိတ်ဝင်စားရင် ဒီမှာပါ။ သီချင်းနာမည် က wor ite ni

Sunday, October 12, 2008

ကျတော်၏ ဗရုတ်သုတ်ခ

မမ၀ါ တက်ထားတဲ့ “ဗရုတ်သုတ်ခနေ့” ။ဘယ်နေများ ဖြစ်မလဲ။ စလုံး လို ပုံမှန် လည်ပတ်နေတဲ့ နေ့တွေထဲမှာ ဘယ်နေ့ကများ ကျတော် ဗရုတ်သုတ်ခ ဖြစ်နေခဲ့လဲ။

အင်း အဲဒီနေ့ဗျ။ တောသားလေး စလုံးကို ရောက်တော့ မျက်စိသူငယ် နားသူငယ်နဲ့ ပေါ့ဗျာ။ ရောက်တာက စနေနေ့ .. ဒါနဲ့ ရောက်တဲ့နေကတည်းက အလုပ်တွေတင်.. ပထမဆုံး အင်တာဗျူက ရောက်ပြီး လေးရက်မြောက်နေ့ ဗုဒ္ဓဟူးနေ့မှာ စရတယ်။ အဲဒီမှာ စတွေ့တော့တာပဲ။ အင်တာဗျူးလာဖို့ ဖုန်းလာတာက အင်္ဂါနေ့ ညနေ။ ဖုန်းလာတော့ ရင်ကလဲတုန်။ စလုံးတရုတ်မရဲ့ အင်္ဂလိပ်ကို ကိုယ်ကနားမလည်။ ဒုက္ခကို ရောက်ရော။ ဒါနဲ့ တက်သမျှ မှတ်သမျှ အင်္ဂလိပ်လေးနဲ့ နာ့ကို မင်းတို့လိပ်စာ email ပို့ပေးလို့ပြောလိုက်ရတယ်။


ဗုဒ္ဓဟူးနေ့ နံနက်ရောက်တော့ ပုလုကွေးတစ်ယောက် အင်တာဗျူးသွားပါတော့မယ်။ ရှိုးနဲ့ စမိုးနဲ့ စတိုင်အပြည်နဲ့ပေါ့ဗျာ။ သွားတုန်းကတော့ အကောင်းဗျ။ ပထမရေးဖြေ ဖြေရတယ်။ တော်တော်တော့ ဖြေနိုင်တယ်။


နောက်တစ်ပိုင်း လက်တွေ့ကို နေ့လည်ထမင်းစားပြီး ဖြေရမှာ။ ဆိုင်မှာ ထမင်းသွားစားပြီးအပြန် ဒုက္ခရောက်တော့တာပဲ။ စီးလာတဲ့ ဖိနပ်အကောင်းစား တရုတ်လုပ်က ပြသာနာရှာပါတော့တယ်။ ပထမဆုံး ခွာကကွာလာတယ်ဗျာ။ ခွာကွာတာလောက်တော့ ပြသာာနာရှိဘူးပေါ့။ မှေးပြီးစီးသွားမယ်။ လမ်းတစ်ဝက်လောက် အရောက်မှာ ဖိနပ်ထဲက သံပြားက ဂလုပ်ဆိုထွက်ကျလာပါရော။ သံပြားနဲ့ လမ်းထိပြီးထွက်လာတဲ့ အသံနဲနဲကျယ်တော့ အတူပါလာတဲ ဖားတစ်ကောင်က ဘာဖြစ်တာလဲ ဆိုပြီးနောက်လှည်ကြည့်။ ကိုယ့်မှာ ရှက်ရှက်နဲ့ ဘာမှဖြစ်ဘူးပေါ့ ရှက်လိုက်တာကတော့ ပြောမနေနဲ့။


ရုံးထဲအ၀င်မှာ ပြသာနာကထက် ဖြစ်တော့တာပဲ။ ဂျပန်ကုပ္မဏီဆိုတော့ ရုံးအ၀င်ကို အားလုံးဖိနပ်ချွတ်ကတယ်။ ဖိနပ်ချွတ်တော့ ကိုယ့်ဖိနပ် အစုတ်လေးက သိသာနေတယ်။ ဟိဟိ။ ဒါနဲ့ ဂျောင်လေးထဲမှာ ဖိနပ်ချွတ်ပြီး နောက်တစ်ပိုင်း လက်တွေ့ကို ဖြေရတယ်။ ဖြေရတာက လွယ်လွယ်လေးကို ဖိနပ်ပြသာနာတက်ပြီး ဗရုတ်သုတ်ခဖြစ်တာနဲ့ အားလုံးအလွဲလွဲ အချော်ချော်ပေါ့။ အင်တာဗျူး အပြန်လမ်းမှာ ဖိနပ်လေးကို ထော့နဲ့ထောနဲ့ နဲတရွတ်တိုက် စီးလာပြီး အိမ်ပြန်လာခဲ့တယ်။


အိမ်ပြန် ကားပေါ်မှာကလည်း ကိုယ့်ဖိနပ်က စုတ်နေပါတယ်။ အင်းတာဗျူးက ကောင်းကောင်းမဖြေနိုင်တာတွေ ပေါင်းပြီး ဆင်းရမဲ့မှတ်တိုင် တစ်ခုကျော်သွားပါလေရော။ အဲဒါလဲဒွတ်ခ။ ဖိနပ်မကောင်းပါဘူးဆို လမ်းထပ်လျှောက်ရတောမယ်။ ဖိနပ်အစုတ်လေးနဲ့ လမ်းကိုမှေးလျှောက်လာတယ်။ လမ်းဖြတ်အကူး လမ်းတစ်ဝက် လဲရောက်ရော . ဖိနပ်ခွာ တစ်ခုလုံးက ကွာသွားပါလေရော။ ကားလမ်းအကူး လမ်းအလည်တဲ့တဲ့မှာ ကိုယ့်ဖိနပ်ခွာ လေးက ထီးထီး ကျန်ခဲ့တယ်။ စလုံးလို အမှိုက်နဲတဲ့ နိုင်ငံမှာ ကိုယ်ဖိနပ်ခွာလေး(အောက်ခံ ဆိုးလ်ပြားတစ်ခုလုံး)က လမ်းလည်မှာ ထင်ထင်ရှားရှားလေးပေါ့။ ဟီးဟီး ရှက်လိုက်တာ။ လူတွေက ကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြတယ်ဗျာ။


အိမ်လဲ ပြန်ရောက်ရော ဒီလောက် ဒုက္ခပေးတဲ့ ဖိနပ် အမှိုက်ပုံးထဲကို ၀ဲပစ်လိုက်တော့တယ်။

စိတ်ကလဲ ညစ်ညစ် . ရှက်လဲရှက်ရှက်နဲ့ အရမ်းကို ဗရုတ်သုတ်ခ ဖြစ်ခဲ့တဲ့ နေ့လေး တစ်ခုပါပဲဗျာ။ အခုချိန် ပြန်တွေကြည့်တော့ ရီစရာပေမဲ့ တော်တော်ကို ဗရုတ်ဗယတ် နေ့လေးတစ်ခုပေါ့။


-------------------------------------------------------------------------------------------------
အဟင်း....အဟင်း.. ပုလုကွေးတစ်ယောက် လည်ချောင်း၇ှင်းနေကာ တစ်ခုခုပြောပါတောမည်။ ကျတော် မောင်ပုလုကွေး ဆက်လက်ပြီး tag ချင်တာက တော့ သယ်ရင်း ဘိုဘို(EOM). မမလေးသွန်းသွန်း. မမလေး မဗေဒါ. မမလေး မိဂုမိ တို့ကိုပါပဲ။ ရေးပေးကြပါ ကုန်.. ကိုကို မမတို့ရေ...

Saturday, October 11, 2008

ဖြစ်သလိုပါပဲ

ကျတော် အစားအသောက်တော့ ဖြစ်သလို မစားတက်ဘူး။ အိမ်မှာ ဟင်းမကောင်းတဲ့အခါ ကျတော်နှုတ်ခမ်း ဆူတက်လေ့ ရှိတယ်။ ဒါပေမဲ့ ကျတော် စားတဲ့ အကောင်းစားတွေ ဆိုတာ သူများအတွက်တော့ ဖြစ်သလိုပဲဖြစ်နေမလားသိဘူး။


ကျတော်ကျောင်းတက်တော့ လည်း ဖြစ်သလို သိပ်မစားလိုက်ရဘူးဗျ။ ကျောင်းမှာတော့ ကန်တင်းမှာ စားတာပေါ့။ ကျောင်းကနေ တိုက်ခန်း ပြန်ရောက်ရင် တော့ ကြုံတဲ့ နေရာမှာစားတယ်။ တခါတလေ လှည်းတန်းက (ဇေယျာသိရိလမ်းထဲက) ဆိုင်မှာသွားစာတယ်။ တခါတလေ ငွေဒေါင်းမင်းမှာ သွားစားတယ်။ ငွေဒေါင်းမင်းက ထမင်းပေါင်းကို ကျတော်ကြိုက်လို့။ တခါတလေတော့လဲ လမ်းထဲက ကြုံတဲ့ဆိုင်မှာ စားတယ်။ သယ်ရင်တွေဆုံရင် broadway မှာထိုင်တယ်။ တစ်ခါတလေ နယူးဆိုနီ ကိုရောက်တယ်။
ဒီထက်ဆိုးလာရင်တော့ ၁၉ လမ်းရောက်တယ်။ ဒီထက် ပိုလာရင်တော့ ပြောတောဘူးနော်… (တခါတလေ ညဘက် ဖဲရိုက်လို့ သန်းခေါင်ကျော် တစ်နာရီ နှစ်နာရီ ၀ိုင်းသိမ်းရင် သုံးဒေါင့်ကွေ့မှာ ထမင်းကြော် သွားစားတယ်) ဒါက တနင်္လာ နေ့ နေလည် ကနေ သောကြာနေ့နေလည်ထိပါ။


သောကြာနေ့ ညနေဆို ကျတော် အိမ်ပြန်တယ်။ ကျတော် မိဘတွေက ပဲခူးနားမှာနေတာပါ။
ကျတော်ပြန်လာမယ်ဆိုတာ သိတော မာမီက ကျတော်ကြိုက်တက်တာတွေ ချက်ပေးထားတယ်။ ကျတော် ဟိုတုန်းက ကြက်သားမစားဘူး။ အသားဆို ဝက်သားပဲစားတယ်။ ငါးဟင်း။ အသီးအရွက်ကြော်၊ အရွက်သုပ်၊ ချဉ်ဟင်းတွေကို ကြိုက်ပါတယ်။ ဟင်းခါးကို တော့ မကြိုက်ပါ။


ပဲခူးသား ဆိုတော့လဲ ငါးချဉ်ကြိုက်ပါတယ်။ ရခိုင်ဗမာ ကပြား(ဖီးကြမ်းလေးလေ) ဆိုတော့ ရခိုင် ဟင်းတွေကို လည်းကြိုက်တယ်။ ရခိုင်ဟင်းတွေဆိုလို့ ပုဇွန်ငပိနဲ့ အသီးအရွက်တစ်ခုခု ရောချက်ထားတဲ့ ခုတ်လှော်ဆိုတာ ကိုလည်းနှစ်သက်တယ်။
တစ်ခါတလေ အိမ်မှာ ဟင်းမကောင်းတဲ့ အခါ(ကြက်သား၊ဆိတ်သား ဘဲသား၊ ဆက်သား၊ စတဲ့ အသားဟင်းတွေ ချက်တဲ့ အခါ) ကျတော်က အကြော်နဲ့စားပါတယ်။ မာလာဦး ဘူးသီကြော်။ ကမ္ဘာကျော် အကြော်စုံ၊ ကုလားမကြီးကြော်တဲ့ အကြော်တွေဟာ ကျတော့ အတွက်တော့ နတ်သုဒ္ဓာအလားပါပဲ။


စလုံးရောက်တော့လဲ ကံကောင်းတယ်ပြောရမလားပဲ။ အတူနေ သယ်ရင်းတွေက ချက်ပြုတ်ရေး ကျွမ်းကျင်ကြတယ်။ သယ်ရင်းတောင်ငူသား ကြော်တဲ့ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တို့ဆို အရမ်းကောင်းပဲ။ (ဟီးဟီး လူသိအောင် မောင်းခတ်ပေးတာ)။ တခါတလေ ကိုယ်ကိုတိုင်ချက်ပေါ့။


ဒါနဲ့ အိမ်မှာ ဟင်းချက်တက်တဲ့ သူက ဟင်းကို အလှည့်ကျ ချက်ကြတယ်။ ဟင်းမချက်တက်တဲ့ သူကို ကျတော်တို့က ဘယ်လိုခေါ်သလဲဆိုရင် .. “အရက်ဝယ်၊ ကြက်ဖမ်း၊ ငရုတ်သီးထောင်း၊ ခွေးမောင်း” လို့ခေါ်တယ်။ တောက်တိုမယ်ရ ကောင်လေးပေါ့ဗျာ။


ဒီစလုံး ရောက်တော့ တခါတလေ စားဖြစ်တဲ့ ကျတော့ ရဲ့ဖြစ်သလိုလေးက ထမင်းကို ငရုတ်ဆီ။ ဆီချက်၊ ငရုတ်သီးကြတ်မှုန့်၊ ပုစွန်ခြောက်မှုန့် တို့နဲ့နယ်။ သံပုရာရေလေး ညှစ်ထားတဲ့ ကျတော့ ထမင်းသုတ်။ ပြီးတော့ ကြက်ဥကို ကြက်သွန်များများနဲ့ ရောခလောက်ပြီး ကြော်တဲ့ ကြက်ဥကြော်တို့နဲ့ တွဲဖက်ပြီးတော့ ဖြစ်လိုပဲစားတယ်။
-----------------------------------------------------------------------------------------------------------------
တောင်ပေါ်သားရေ.. ဖြစ်သလိုလေး စားဖြစ်တဲ့အကြောင်းရေးရင်းနဲ့ စားချင်တာတွေ လျှောက်ရေးမိသွားတယ်။ အနော် ဘယ်သူကိုမှ မတက်တော့ဘူးနော်။ အားလုံးလဲ ကုန်သလောက်ဖြစ်နေပြီ. ဟိဟိ။

Wednesday, October 8, 2008

မြက်တစ်ဆုပ် နတ်သား

ဒီပို့စ်လေးဟာ ကျေးဇူးရှင် ပဲခူးမြို့ အောင်သုခ ရိပ်သာ ဆရာတော် ဘုရားကြီး ဥူးစန္ဓိမ ဟောကြားသော တရားတော်မှ ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။


နတ်ပြည်မှာ နတ်သမီးနဲ့ နတ်သား အချိုးချ ကြည်ရင် နတ်သမီးတွေက များပါတယ်။ ဒါကြောင် တစ်ချို နတ်ဗိမ္မာန်တွေမှာ နတ်သမီးသာရှိပြီး နတ်သားမရှိပါဘူး။ နတ်သားမရှိ တော့ နတ်သမီးတွေဟာ ပျင်းကြပါတယ်။ ဒါကြောင် ဘုံဗိမ္မာန်တစ်ခုက နတ်သမီးတွေဟာ နတ်တို့ ရဲ့ အရှင် သိကြားမင်းကြီးထံ လျှောက်တင်ပါတယ်။ ဒီတော့ သိကြားမင်းကြီးက ”အသင်နတ်သမီးတို့ သင်တို့ ဘုံဗိမ္မာန်ကို နောက် ၇ ရက် ကြာရင် နတ်သားတစ်ပါးရောက်ရှိလာမယ်လို့ ”မိန့်ပါတယ်။ ”ယခုအခါ အဲ့ ဒီနတ်သား အလောင်းဟာ လူပြည်က ဇရပ်တစ်ခုမှာ နေနေရတဲ့ လူနူ ကြီးပဲ။ နောက် 7 ရက်ကြာရင် နတ်သား အလောင်းဟာ ဇရပ်ပေါ်က ပြုတ်ကျလို့ မြေကြီးပေါ်ရောက်တဲ့ အခါ သေကာနီးကောင်းမှု ကုသိုလ် အနေနဲ့ မြတ်သစ်ပင်တွေ ဆွဲနှုတ်ကာ ဇရပ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ပေးတဲ့ အတွက် နတ်သားအဖြစ် ရောက်ရှိလာမှာ ဖြစ်တယ်လို့ ” သိကြားမင်းက ဆက်လက်မိန့်ပါတယ်။


ညရောက်တော့ နတ်သမီးတွေဟာ သူတို့ရဲ့ နတ်သားအလောင်းအလျာကို သွားကြည့်ပါတယ်။ အဲဒီတော့ လူနူကြီးဟာ နတ်သမီးတွေကို မြင်တော့ ” အသင်နတ်သမီး ဘာအတွက် ရောက်ရှိလာပါသလဲ” လို့မေးပါတယ်။ နတ်သမီး က ”အသင် ဟာ နောက် ၇ ရက်ကြာရင် ကျွန်ုပ်တို့ ရဲ့ ဘုံဗိမ္မာန် ကို နတ်သား အဖြစ်ရောက်ရှိလာမှာ ဖြစ်လို့ လာကြည်တာပါလို့ ” မိန့်တယ်။ လူနူ ကြီးက ”ကျွန်ုပ် မှာ ဘာကုသိုလ်မှ မရှိ ဘာအတွက်ကြောင့် နတ်ဖြစ်မည်မဟုတ်” လိုဆိုတဲ့ အခါ နတ်သမီးက မြတ်သစ်ပင်တွေ ဆွဲနှုတ်ကာ ဇရပ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ပေးတဲ့ အတွက် နတ်သားအဖြစ် ရောက်ရှိလာမှာ ဖြစ်တယ်လို့ ပြောလိုက်တယ်။


မနက်လင်းတော့ လူနူကြီးဟာ ငါမသေခင် ခဏလေးမှာတောင် ကုသိုလ် ပြုတာ နတ်သားဖြစ်မယ်။ ငါ့မှာ ၇ ရက်တောင်ကျန်သေးတော့ ကုသိုလ်များများပြုနိုင်တာပဲ ဆိုပြီး ကျောင်း။ ဇရပ် ၀န်းကျင် သန့်ရှင်းရေး ကို ၇ ရက်လုံးလုံး ဆောင်ရွက်ပါတဲ့။


၇ ၇က်မြောက်တဲ့ နေမှာ နတ်သမီးတွေက နတ်သားကို မျှော်နေပေမဲ့ နတ်သားမရောက်လာလို့ သိကြားမင်းကို သွားမေးမြန်းပါတယ်။ သိကြားမင်းက ”အသင်တို့ လူပြည်ကို ဆင်းကာ နတ်သားအလောင်းကို ဒီကုသိုလ်တွေကြောင့် နတ်ဖြစ်မယ်ဆိုတာ သွားပြောခဲ့ပါ သလား”လို့ဆိုတော့ နတ်သမီးတွေက ”ပြောခဲ့ပါတယ်”လို့ ပြန်လျှောက်တင်သတဲ့။ အဲဒီအခါ သိကြားမင်းက လူနူကြီးဟာ ၇ ရက်ပတ်လုံး ကောင်းမှုကုသိုလ် ပြုလုပ်တဲ့ အတွက် သင်တို့ ရဲ့ ဗုံဗိမ္မာန်ကို ကျော်လွန်ကာ သင်တို့ထက်မြတ်တဲ့ ဘုံဗိမ္မာန်မှာ နတ်သားဖြစ်နေပြီလို့ ” ပြန်ပြောပါသတဲ့။


ကောင်းမှုကုသိုလ် များများပြုက မြင့်မြင့်မြတ်မြတ် ခံစားရတဲ့ အကြောင်းလေးပါ။

Tuesday, October 7, 2008

ဂူဂဲလ် (google) တစ်လုံး ရေလဲသုံး

တစ်ချို့ ကလည်း သူ့ကို ဂေါ်ဂဲလို့ဖတ်သလို တချို့ကလည်း ဂူဂဲလ် (google) လိုဖက်ကြသဗျ။ ဘယ်လိုပဲ ဖတ်ဖတ် သူဟာ ကျတော်တို့ရဲ့ လက်ဆွဲတော် ရှာဖွေရေး အင်ဂျင်တစ်ခုပဲ။ ဒါပေမဲ့ တစ်ခုက တော်တော်များများက သူကို အကျိုးရှိရှိ အသုံးမချတက်ကြဘူး။ သာမန် သူသူ ငါငါ ရှာသလောက်ပဲ အသုံးချတက်ကြတယ်။


ကျတော်ကတော့ သူကို ဖင်ပြန်ခေါင်းပြန် ၇ှာဖို့အတွက် သုံးတယ်။ သူဟာသိပ်ကို လည်းအစွမ်းထက်တယ်။ ဥပမာ.. ကျတော်ရုံးမှာ သုံးတာက outlook mail ဗျ။ ရန်ကုန်မှာတုန်းက ကျတော် outlook ကို လုံးဝ မသုံးဖူးဘူး။ ကြားတော့ကြားဖူး၊ ဖတ်ဖူးတယ်။ တခါတလေ ရုံးမှာ အဲ့ဒီ outlook look ကို ဟိုပြောင်းချင် ဒီပြောင်းချင် လိုရှိရင် ရုံးက လူတွေက မပြောင်းတက်ကြဘူး။ ဟိုသူကိုမေး ဒီသူ့ကိုမေး.. နောက်ဆုံးမရရင် ပါလေရာ ကျတော်ဆီရောက်လာရော။ ကျတော်ကလည်း အရာရာသိနေသူမဟုတ်တော့ တခါတလေ သိတာလေးကို ရွှီးပေါ့။ မသိရင်တော့ ဂူဂဲလ် (google) လေးကို ခေါ်သုံးလိုက်တာပဲ။ ဂူဂဲလ် (google)က အဖြေလေးတွေနဲ့ ဖောရွှီးလုပ်လိုက်။ ဟုတ်နေတာပဲ။

တခါက ရုံးမှာပါပဲ။ အမေရီကန်က အမ်ဘီအေ ယူထားတဲ့ ဘောစ် H2SO4 ကိုမသိလို့ ဟိုသူ့မေး ဒီလူမေး။ ကျတော်တို့ရဲ မန်နေဂျာ ntu ကျောင်းဆင်းကြီးကလည်း သိဘူးတဲ့ဗျ။ ကျတော်လည်း သိတောသိတယ် H2SO4 ဆိုတာ hydrogen sulphate လား. Sulphite လား. Sulphuric အက်ဆစ်လား မသဲကွဲဘူးဖြစ်နေတယ်။(တီချယ် ဒုံကြီးတို့။ တီချယ်ဒေါ်ပြုံး တို့သာ ကျတော်ဒီလို ၀ါးတားတားလုပ်နေတာ သိရင် ဗိုက်ခေါက်ဆွဲလိမ်မှာ…) မကြာခင်ကျတောကို မေးတော့မယ် ဆိုတာ သိတော့ ဂူဂဲလ် (google)လေးကို ခေါ်ပြီး ကြိုမေးထားလိုက်တယ်။ နောက်ပြီး အဖြေပြောပေါ့။ ဒီလိုပဲ လုပ်စားနေတာ။။

နောက် ခင်ဗျား စာအုပ်တွေ ရှာချင်တယ်ဗျာ.. ဟော ဂူဂဲလ် (google) book လေးမှာရှာဗျာ။ အမြည်းပဲဖတ်လို့ ရတယ်လို့ ခင်ဗျားပြောမလို့လား။ အဲဒီမှာ အမြည်းဖတ်ကြည်။ စာအုပ်ကို ကြိုက်ပြီလား။ နည်းနည်းစိတ်ရှည်၇ှည် ထားပြီး နောက် စာမျက်နှာတွေလိုက်ဖက်ကြည့်။ တစ်ချို့တွေမှာ ခင်ဗျား ဒေါင်းလုပ်ဆွဲလို့၇တဲ့ လင့်တွေ ပေးထားတယ်။ ဒေါင်းလိုက်ရင်ရပြီ။ မရသေးဘူးလား။ ဟဲဟဲ.. google book ကနေ google blogs ကိုပြောင်းလိုက်ပြီးတော့ ရှာဗျာ။ အဲဒီမှာလုံးဝ တွေ့မယ်။ အနည်းဆုံး rs ကနေ ခင်ဗျား ဒေါင်းဖို့လင့်၇မယ်။


ဟော ဂူဂဲလ် (google) နဲ့ ကျတော်တို့ ဇော်ဂျီလေး ပေါင်းလိုက်တော့ အတိုင်ထက်အလွန်ပေါ့။ ဥပမာ.. ကျတော် ဟိုတလောက ကော်ပြန့် အရမ်းစာချင်တယ်ဗျာ။ ကော်ပြန့်ရွက်ကိုအင်္ဂလိပ်လို ဘယ်လိုခေါ်မှန်းမသိဘူး။ ဒါနဲ့ ဂူဂဲလ် (google) မှာ “ကော်ပြန့်”လို့ရိုက်လိုက်တယ်။ ဟောပေါ်လာပါပြီ။ ပြီးတော့ ရုံးက စလုံးမကို မေးကြည့်တယ်။ ဂူဂဲလ် (google) က ဓါတ်ပုံလေးပြပြီးတော့ ဘယ်လိုခေါ်လဲပေါ့။ အရွက်ကိုဘယ်လိုခေါ်လဲ။ ဘယ်မှာရောင်းလဲ။ ဟဲဟဲ နောက်ဆုံး အိုကေ ဆိုပြေသွားတယ်ဗျာ။


ဘာရယ်မဟုတ်ပါဘူး။ ခင်ဗျားတို့လည်း ကျတော့ လိုလုပ်စားတက်အောင်လို့ အနည်းငယ်သော ဥပမာလေးတွေ သိသလောက်လေးမျှပေးတာဗျ။ ဂူဂဲလ် တွစ်လေးတွေကတော့ အများကြီးပဲ။ နောက်မှ သပ်သပ်မျှတော့မယ်။

Friday, October 3, 2008

ချစ်သော ..နန်း အပိုင်း(၁)

ဒီနှစ် ဒီဇင်ဘာ တော်တော်လေး အေးပါသည်။ ရန်ကုန်မှာတောင် ဒီလောက်အေးတာ ဟိုတောင်ပေါ်မှာ ဘယ်လိုနေလိမ့်မည်မသိ။ သူတစ်ယောက်ကော ချမ်းနေမည်လား။ ချမ်းအေးခြင်းနဲ့ လွမ်းဆွတ်ခြင်း ဝေဒနာကို ဘယ်သူကုစားပေးမှာပါလိမ့်။

နာရီကို ကြည်တော့ နံနက် ၄ နာရီကျော်ကျော်လေးသာ ရှိသေးသည်။ ဒါကြောင်သူ အိပ်ယာမှ မထသေးပဲ နှပ်နေလိုက်သည်။ အမ်ပီသရီး ပလေယာလေးကိုဖွင့် နားကျပ်ကို နားမှာတပ်ပြီး နားထောင်မိတော့ သီချင်းလေးက သူကို လွမ်းအောင်ပိုလုပ်နေပြီလား။

စိုင်းဆိုင်လ်မော် ရဲ့ သီချင်းလေးက နားကျပ်လေးမှတဆင့် သူနား.. နှလုံးသားထဲကို ရောက်လို့လာသည်။


ကုန်လွန်ခဲ့တဲ့ ရက်တွေနှမြောမိတယ်
ကိုယ့်အသဲလေးတွေ ဆွေးကာကျန်ခဲ့မယ်
ချစ်သောနန်းရေ သတိရနေတယ်
ခွဲသွားတော့မဲ့ အလွမ်းပေးသွားတဲ့ နန်းရယ်….
…..


ဒီသင်းတန်းကို စတက်ဖို့ ဘယ်သူက သူကို တိုက်တွန်းတာပါလိမ့်။ အောင်လေး လား.. ဒါမှမဟုတ် ..သူကိုယ်တိုင် တက်ချင်လို့ပဲလား။ ဘားပဲပြောပြော သူအတွက်တော့ သင်တန်းအပ်ပြီးထား တော့ တက်ရမှာပါပဲလေ။ ရန်ကုန်မှာ အင်္ဂလိပ်စကားပြော တက်ရတာ ကလည်းမလွယ်။ သူတို့လို ဟိုမရောက် ဒီမရောက် သူတွေအတွက်ဖြစ်သည်။ တချို့ သင်တန်းတွေက သူတို့အတွက် နိမ့်လွန်းနေသည်။ တချို့သင်တန်းတွေကျတော့ သူတို့ နဲ့လှမ်းလို့မမှိ။မြင့်လွန်းလှသည်။

သင်တန်းစဖွင့်တဲ့နေမှာ အောင်လေးက ”ဟေ့ရောင် …ငါ အတန်းရှေက စောင့်နေမယ်။ ၁၂ခွဲလောက်ရောက်လာခဲ့” ဟုပြောကာ အိမ်မှထွက်သွားခဲ့သည်။ အောင်လေးက ၁၀ နာရီမှာ သင်တန်းတစ်ခုရှိလို စောထွက်သွားခြင်းပင်။

သူသင်တန်းရှိရာ အဆောက်အဦး ရှေရောက်တော့ အောင်လေးကို မမြင်။ ဒီကောင် အခန်းထဲဝင်သွားပြီးထင်တယ်။ ဒါနဲ့ သူလည်း အခန်းမေး ပြီးတော့ အပေါ်ထပ်
တက်လာခဲ့သည်။

သူအတန်းထဲရောက်တော့ လူတော်တော်များနေပြီ။ ဆရာတွေတော့ မရောက်သေး။ သူ.. အောင်လေးနားမှာသွားထိုင်နေမိသည်။
”ဟေရောင် .. နောက်ကျလှချီလား”
”အေး” ဟု သူတစ်လုံးသာ ပြောနိုင်သည်။ အောင်လေးကို သူစကားမပြန်နိုင်သေး ။ သူ့ အကြည့်တွေက တစ်နေရာကနေ မခွာနိုင်သေး။

ခဏနေတော့ တီချယ်တွေ ရောက်လာသည်။ အားလုံးနဲ့ မိတ်ဆက်ပေးပြီး အတန်းသားတစ်ဦးချင်းစီ မိတ်ဆက်ခိုင်းသည်။ တီချယ်က တစ်ယောက်စီ နာမည်တွေ မေးပြီးတော့ nick name ပေးသည်။ပြီးတော့ အတန်းသား အားလုံးရဲ့ နာမည်တွေကို အလွတ် မှတ်ခိုင်းသည်။ ကျတော့ nick name ကို တီချယ်ပေးတာက သားဖြူ တဲ့။ ကျတော့ နာမည်၏ နောက်ဆုံး စလုံး။ သူမ ရဲ့ နာမည်းက နန်း…..။သူ့ ရဲ့ ချစ်သော နန်း..
အတန်းသားလုံး မိတ်ဆက်ပြီးတဲ့ အခါ တီချယ် လက်ချာပေးသည်။ လက်ချာ ပြီးတော့ ၂ယောက်တတွဲ စကားပြောခိုင်းသည်။ ကံကောင်းတာလား.. ကံဆိုးတာလားမသိ…သူနှင့် အတူစကားပြောရတာ ကတော့ သူရဲ့ နန်း….။ သူကစပြီးတော့ နှုတ်ဆက်လိုက်သည်။
”good evening နန်း………”
”good evening ကိုသားဖြူ……..”
သူမနှင့် သူ စကားတော်တော်များများ ပြောဖြစ်ခဲ့သည်။ ပထမဆုံးနေ့ ဆိုတော့ သူအကြောင်း ကိုယ်အကြောင်းတွေသာ အဓိက ပြောဖြစ်သည်။

နောက်တနေ့မှာ သူသင်တန်း ရောက်တော့ သင်းတန်းစဖို့ မိနစ် ၂၀လောက်လိုသေးသည်။ သင်းတန်းအောက်မှ သူတယောက်ထဲ ရပ်ရင်း သူမအလာကို မျှော်နေမိသည်။ သူမလာတော့ ပြုံးပြနှုတ်ဆက်ရင်း ..
”ကိုသားဖြူ .. ဘယ်သူကို မျှော်နေတာလဲဟင်”
”အော် အောင်လေး ကို မျှော်နေတာဗျ” ဟု သူမလိမ်ချင်ပဲ လိမ်နေမိသည်။ သူမျှော်နေတာ သူမဆိုတာ နန်း..သိပါလေစ။

ဒီလိုနဲ့ ရက်တွေတဖြည်းဖြည်းကုန်းရင်း အတန်းသား အာလုံးဟာ မောင်နှမတွေလိုရင်းနှီးလာကြတယ်။ သူနဲ့ နန်းရဲ့ ရင်းနှီးမှုကတော့ သိပ်မတိုးတက်သေး။

နောက်တပတ်မှာ သူကော ၊ သယ်ရင်း အောင်လေးကော သင်တန်းမတက်ဖြစ်ဖို့ အကြောင်းဖန်လာသည်။ သူရောဂါတက်နေတာကို သိတော့ အောင်လေးက နန်းထံစာမေးရင်း ဖုန်းဆက်ဖို့ အကြံပေးသည်။ သူမထံ အရင်က ဖုန်းဆက်ချင်ပေမဲ့ သူဖုန်းမဆက်ရဲ။ ဘာကို လန့်နေတာလဲမသိ။ ဒဲာဒီနေ့က သူမထံ သူဖုန်းဆက်ဖြစ်လိုက်သည်။
”ဟယ်လို.. နန်းxx နဲ့ စကားပြောချင်လို့ပါ”
”ဟုတ်. နန်းxx ပါ. ဘယ်သူလဲဟင်”
”ကျတော် .. သားဖြူပါ””ဟို တစ်နေ့က သင်တန်းမှာ ဘာတွေ သင်လဲလို့”
”အော်… အဲဒီနေ့ကတောင် တီချယ် ဟီလာရီက မေးနေသေးတယ်.. ကိုသားဖြူတို့ နှစ်ယောက် ဘာလို့မတက်တာလဲလို့”
”ဟုတ်တယ်… ကျတော်လည်း အလုပ်နဲနဲ ရှုပ်သွားလို့ဗျ… တီချယ် ဘာတွေသင်သွားလဲ.. ကျတော့ကို ပြန်ရှင်းပြပေးလို့ရမလား”
”သင်တန်းကို စောစော လာခဲ့လေ.. မှတ်မိသလောက် ၇ှင်းပြမယ်.”
”ကျေးဇူးပဲနော်…”လို့ပြောရင်း ကျတော်ဖုန်းချလိုက်မိတယ်။ အဲဒီအချိန် ကျတော်တို့ အိမ်ရှေ့က ရထားလမ်းမှာ ရထားဖြတ်သွားတဲ့ ခုန်းနှုန်းဟာ ကျတော့ ရင်လောက်ခုန်မယ်မထင်ဘူးဗျာ။။။။

--------------------------------------------------------------------------------------------
--------------------------------------------------------------------------------------------
ကျတော် ဒီဝတ္ထုလေးကို မရေးတက် ရေးတက်နဲ့ ရေးထားတာ ကြာလှပါပြီ။ ဒီဝတ္ထု လေးကို ပို့စ် အဖြစ် ကျတော့ ဘလော့လေးမှာ တင်သင်။ မတင်သင့် စဉ်းစားနေတာကလည်း တော်တော်ကြာပြန်ပါကော။ ဘာဖြစ်လို့လဲဆိုတော့ ကျတော်ရဲ့ အရင်းနှီးဆုံး သယ်ရင်း ၂ယောက်ဆီက feedback တွေပြန်လာပြီး ကောင်းချီး ပေး(ဆော်ပလော်တီးမှာ)ကြောက်လို့ဗျ။ အခုတော့ တင်လိုက်ပြီဗျာ......