Thursday, November 29, 2007

မီးမလာရင် ကျတော်တို့ဘာလုပ်မလဲ

မိုးကုန်တာနဲ့ မီးကတော့အားလုံးသိတဲ့ အတိုင်းပျက်လိုက် လာလိုက်ပါပဲ။ကျတော်ရဲ့ အချိန်တော်တော်များများဟာ ကွန်ပျူတာရှေ့မှာ ကုန်ဆုံးလေ့ရှိတော့ အခုလိုအချိန်မှာ ဘာလုပ်ရမလဲ။ အခုလောလောဆယ် ကျတော် ဆရာမောင်သာနိုးရေးတဲ့ စာအုပ်တစ်အုပ်ဖတ်နေပါတယ်။ ကျတော့အစီအစဉ်ကတော့ မီးမလာရင် စာအုပ်ဖတ်။ အနားယူ။ အင်တာနက်ဆိုင်သွား။ မီးလာတော့ကွန်ပျူတာသုံး အစဉ်ပြေနေမှာပါ။
ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်က ကြည့်ရင် ကျေးဇူးတင်ဖို့တောင်ကောင်းသေးတယ် (MEPE) ကိုပါ။( ps. ကျတော်ဟာ ကွန်ပျူတာကို လေ့လာဆဲ တစ်ယောက်ပါ/ ဘာမှကောင်းကောင်းမတက်သေးပါဘူး)

သင်ရိုးသစ်တဲ့လား

တနေ့က သတင်းထဲမှာ အခြေခံပညာ အထက်တန်းသင်ရိုးတွေ ဆက်ပြီးအဆင့် မြှင့်အုံးမယ်တဲ့။ ကျတော်သိသလောက် ကျတော်တို ၁၀တန်းတုန်းက တစ်ခါ (1998က) ။ နောက်တခါက 2001 လို့ထင်ပါတယ်။ အခုတခါ 2008-2009 ပညာသင်နှစ်က စမှာပါ။ သင်ရိုးသစ် တွေပြောင်းလဲ ဘာမှမထူးလာပါဘူး။ အဲ့ဒီလိုပြောင်းတော့ကော ကျတော်တို့ နိုင်ငံတကာ အဆင့်မီလာသလား။ ပိုနိပ်ကျလာသလားလို့ပါ။ ဘာကြောင့်လဲ။
ကျတော့အထင် သင်နည်းစနစ်ပါ။ သင်နည်းစနစ်မပြောင်းသ၍ တိုးတက်လာဖို့ မရှိပါဘူး။ သင်နည်းစနစ်တွေကိုလည်း စမ်းတော့စမ်းနေကြတာပါပဲ။ ဥပမာတစ်ခုအနေနဲ့ ကျတော်တို့ အင်္ဂလိပ်စာကို သူငယ်တန်းထဲကနေ သင်လာတာ ၁၀တန်းအောင် တစ်ယောက်ဆို ၁၁ နှစ်တိတိပါ။ အဲဒီ ၁၀တန်းအောင်တစ်ယောက် ဟာ အင်္ဂလိပ်စကားကော ကောင်းကောင်းပြောတက်လား။ မပြောတက်ပါဘူး။ ကောင်းကောင်း ရေးတက်လား ဆိုတော့လည်း နိုးပါပဲ။
ကိုရီးယားတွေဟာ အင်္ဂလိပ်စာကို ရ တန်းရောက်မှသင်ရတာပါ။ ဒါပေမဲ့ ကျတော်တို့ထက် ပြောတက်ရေးတက်ပါတယ်။ ဘာတွေမှားနေလဲဆိုတာ စဉ်းစားဖို့တော့ ကောင်းပါတယ်။

Monday, November 19, 2007

ကျတော်နှင့် ဘလော့

ကျတော် blog ကိုpost အသစ်မတင်ဖြစ်တာတော်တော်ကြာပြီ။ ရေးစရာတွေကတော ရင်ထဲမှာ အပြည့်ပဲ။ဒါပေမဲ စာရေးတာကလည်း စိတ်လည်းပါအုံးမှ။ စိတ်ကလည်းကြည်အုံးမှ။ စာမရေးဖြစ်ပေမဲ့ ကျတော်နှစ်သက်တဲ့ ဘလော့တွေကိုတော ပုံမှန်ဖတ်ဖြစ်နေပါတယ်။ ခုတလော ကျတော် ကွန်ပျူတာကို သိပ်မသုံးနိုင်ဘူးဖြစ်နေတယ်။ နည်းနည်းသုံးတာ ကြာသွားရင်မျက်ရိုးကိုက်လာတယ်။ မျက်မှန်တက်ကတောမယ်ထင်တယ်။ နောက်တချက်က မီး ကမလာလိုက်၊ပျက်လိုက်ဆိုတော့ ကျတော့စာရေးချိန်တွေ နည်းသထက်နည်းသွားပါတယ်။

Electricity in Myanmar

မိုးကုန်ပြီဆိုတာ နဲ့ကျတော်တို့ဆီမှာ မီးပြသာနာနဲ့ အမြဲရင်ဆိုင်နေရတယ်။ ရေမရှိလို့မီးမလာတာလား။ မီးမလာလို့ ရေမရှိတာလား ကျတော်လည်းမသိပါဘူး။ ဒါပေမဲ့ ဆောက်လိုက်တဲ့ ဆည်တွေ၊ရေကာတာတွေက တစ်နှစ်တစ်နှစ်ကိုမနည်းဘူး။ ပေါင်းလောင်းမပြီးခင်တုန်းကတော့ ပေါင်းလောင်းပြီးရင် တစ်နိုင်ငံလုံးမီးမှန်မယ်။ဘာနဲ့ညာနဲ့။ ဟော ပေါင်းလောင်းပြီးတော့ မီးမှန်မယ် ဘာသံညာသံတွေတိတ်သွားပြန်ကော။ ကျတော်မှတ်မီသေးတာက ပေါင်းလောင်း ဖွင့်ပွဲတစ်ခုမှာ မိန့်ခွန်းပြောသွားတာက
Hydroelectric power က သဘာဝကိုမှီခိုနေရတယ်။ ရေမရှိရင် အလုပ်မဖြစ်ဘူးပါဘူး ညာဘူးပြောပြန်ကော။ အလုပ်မဖြစ်ရင် အစကတဲက မလုပ်ပါနဲ့လား။ အခုတော့ ငွေတွေကုန် သယံဇာတတွေ ပျက်စီးနဲ့။
ဒီနေ့ထွက်တဲဂျာနယ်ထဲမှာ ကျတော်တို့ နိုင်ငံဟာ ကမ္ဘာမှာ သဘာဝဓါတ်ငွေ့အများဆုံး ထွက်တဲ့နိုင်ငံထဲမှာ အဆင် ၁၀ ထက်ကိုတိုးတက် လာဘို့ရှိတယ်လို့ပါပါ တယ်လို့ဆိုပါတယ်။ ဒါဆို သဘာဝဓါတ်ငွေ့နဲ့ လျှပ်စစ်တိုးထုတ်ပါလား။ အခုအခြေအနေမှာတောင် သဘာဝဓါတ်ငွေ စက်ရုံတွေစက်စွမ်းအားပြည့် မလည်နိုင်ရှာဘူး။ ဓါတ်ငွေ အလုံအလောက်မရှိလို့ လို့သိရပါတယ်။ ဓါတ်ငွေလုံလောက်အောင် ရရင်လည်း စက်ရုံထက်ဆောက်ဖို့ စက်တွေဝယ်ဖို့ အတွက်အဆင်မပြေပါဘူး။ နိုင်ငံကို စက်တွေမရောင်းဖို့ အားလုံးကပိတ်ထားပါတယ်။
အဲဒိတော့ မီးမလာ။ မီးမလာတော့ မီးစက်တွေဝယ်။ မီးစက်အတွက် ဒေါ်လာကုန်။ ဆီမရှိတော့ ဆီဝယ် ဆီအတွက်ဒေါ်လာကုန်။ သဘာဝဓါတ်ငွေရောင်းရတဲ့ငွေလေး ဟာ အဲဒီလို နဲ့ပဲကုန်သွားပါတော့တယ်။ ကုလားခပ်တဲ့ရေ ကုလားခြေ ဆေးတာနဲ့ကုန် သလိုပေါ့။နောက်ဆုံး ဘယ်သူတွေ ချမ်းသာသွားလဲဆိုတော့ ဆီပါမစ်ချပေးတဲ့သူ၊ဆီသွင်းခွင့် ရတဲ့သူ။ စက်သွင်းခွင့်ပါမစ်ချပေးတဲ့သူ၊ စက်သွင်းတဲ့သူတွေပဲပေါ့။ တိုင်းပြည်ကတော့ ဒုံရင်းက ဒုံရင်းပါပဲ။
တဆက်ထဲ Nuclear energy အကြောင်းဆက်ပြေခြင်ပါသေးတယ်။ nuclear energy အတွက်ဆို ပြီး အစိုးရအကုန်အကျများစွာ ခံပြီး ကကောင်တွေကို Russia ကိုလွှတ်ပါတယ်။ သူတို့ပြန်လာတော့ ဘာတက်လာလည်းဆိုတော့ တတ်တာတစ်ခုပဲရှိပါတယ်။ ရေခဲကျုံးတက်တာတစ်ခုပါပဲ။ ကျောင်းမတက်ပဲ ရေခဲကျုံးပြီး အိမ်ကိုငွေပြန်ပို့နေလို့ပါ။ master thesis ဆိုပြီ 10 မျက်နှာလောက်ရှိတဲ့ project ရေးခိုင်းပြီး master ပေးပြီးပြန်လွှတ် လိုက်တာပါ။ nuclear နည်းပညာကို ဘယ်နိုင်ငံက တော်ရုံနဲ့ပေးမလဲ။ ပညာတော်သင်ဖို့ လွှတ်တာကလည်း ဘာမတက်ညာမတက်ကောင်တွေ။