Saturday, March 29, 2008

သံဇဉ်အတို အထွာစုစည်းမှု


ကျတော့ သူငယ်ချင်းတစ်ကောင် youtube ထဲမှာ ဟိုရှာ ဒီရှာနဲ့ တွေလို့ကျတော်တို့ကို မျှတာပါ။ ကိုရီးယား ဇာတ်လမ်းထဲက အတိုအထွာလေးတွေကို ဖြတ်ပြီး မြန်မာသံထည်ထားတာပါ။ ရယ်၇တယ်ဗျ။ youtube ၀င်နိုင်တဲ့သူတွေက တော့ myanmar music ဆိုပြီးရှာကြည်ပါ။ ကျတော်တို့ နိုင်ငံက ဘော်ဘော်တွေအတွက် ကျတော် youtube ကဒေါင်းလုပ်လုပ်ပြီး mpg format ပြောင်းထားပါတယ်။ဒီနေရာက ယူပါ။
ဒုတိယပိုင်း

Thursday, March 27, 2008

တော်လှန်ရေးနေ နှင့် ရောက်တက်ရာရာ အတွေးများ

ဒီနေ့ဟာ ကျတော်တို့ နိုင်ငံရဲ့တော်လှန်ရေးနေ့ (အခုအခေါ် တပ်မတော်နေ့) ပါ။
ကျတော်နဲ့ ကျတော့မာမီဟာ ညနေစောင်း(၅နာရီခွဲ ၆နာရီ)လောက်ဆို အိမ်ရှေ့က ခုံးလေးမှာထိုင်ပြီး ရောက်တက်ရာရာတွေ ပြောတက်ကြပါတယ်။ ဟိုနှစ်က ဒီနေလို တော်လှန်ရေးနေမှာ မာမီက ကျတော့ကို ပြောဖြစ်တာလေးတွေပါ။ မာမီက ငယ်ငယ်က ပုဇွန်တောင်မှာနေတာပါ။ သူတို့ငယ်ငယ်က ဒီလို တော်လှန်ရေးနေမှာ မနက်လေးနာရီ မတိုင်မီ ဝေလီဝေလင်းမှာ မာမီတို့သူငယ်ချင်းတသိုက်ဟာ တော်လှန်ရေးနေချီတက်ပွဲ ကို သွားမလို ပြင်ဆင်ကြပါတယ်။ မနေကတည်းက စပယ်ပန်းကုံးတွေကို အော်ဒါမှာ ၀ယ်ထားတာပါ။ ဧရာဝဏ်ဆေးတိုက်က အီတူးသောင်ဇင်ကားလေးနဲ့ တော်လှန်ရေးပန်ခြံကို သွားကြတာလိုပြောပါတယ်။ အရမ်းလည်း ပျော်စရာ ကောင်းတယ်လို ပြောပါတယ်။ သူတို့တွေထဲမှာ ဘယ်သူမှ တပ်မတော်နဲပက်သက်တာ တယောက်မှ မပါဘူးလို့ပြောပါတယ်။ အခုတော့ တပ်မတော်နဲ့ပက်သက်နေတဲသူတွေ(ကျတော်ဆိုလိုတာက အစ်ကို ညီ ဆွေမျိုးတယောက်ယောက် စစ်သားကိုဆိုလိုတာပါ) တောင်တော်လှန်ရေးနေကို မေ့နေကြတာကိုပါ။ ဘာကြောင့်လည်းတော့ ကျတော်မသိပါဘူး။
ကျတော်လည်းရောက်တက် ရာရာတွေးရေးမိတာပါ။
ဒီနေ့ဟာ ကျတော်တို့ နိုင်ငံရဲ့တော်လှန်ရေးနေ့ (အခုအခေါ် တပ်မတော်နေ့) ပါ။

Sunday, March 23, 2008

ကျတော်ကြိုက်တဲ့ mp3 converter

ကျတော့ မှာ ဟိုတုန်းက (mp3 player)တွေပေါ်စက mp3 playerလေး တစ်လုံးရှိခဲ့တယ်။ သူရဲ့ memory က 256 MB ပဲရှိတယ်။ သူကိုကျတော် သီချင်းနားထောင်။ ဒေတာတွေထည့် အကုန်သုံးတာပေါ့။ ဒါပေမဲ့သူ memory ကနည်းတော့ ကျတော့မှာ ဒုက္ခရောက်တာပေါ့။ သီချင်းတွေကလည်ထဲ့ချင် ဒေတာတွေကလည်း ထဲချင်တာတွေများတာကိုး။

တနေ့ကျတော ကျတော် shwehninthar.com ထဲက သူချင်းတွေကို ဒေါင်းလုပ်လုပ်ပြီး နားထောင်ကြည်မိတယ်။ ကွာလတီလည်းမဆိုးဘူး။ ဖိုင်ဆိုက်ကို ကြည့်တောလည်းသေးတယ်။ သီချင်းတစ်ပုဒ် ပျမ်းမျှ ၁ mb လောက်တောင်မရှိဘူး။ ဒါနဲ့ စူးစမ်းကြည့်လိုက်တော့ တွေ့သွားပါတယ်။ ဖိုင်ဆိုက် သေးတာ ကီလိုဘိုက်နည်းလို့ဆိုတာကို။



အဲဒီတော့ ကျတော့မှာရှိတဲ့ mp3 convector တွေနဲ့လိုက်စမ်း။ တချို့ကျတော့ KB(ကီလိုဘိုက်)နည်း သွားရင် အသံကွာလတီလည်း ကျသွားပြီးတော့ အသံတွေက ထစ်သွားတယ်။ ကျတော်သဘော အကျဆုံးကတော့ ဒီ acoustica audio converter pro လေးပါပဲ။ သူက WAV, MP3, OGG , WMA တွေကို အပြန်အလှန်ပြောင်းနိုင်တယ်။ စီဒီကိုလည်း rip နိုင်ပါတယ်။ သုံးကတာလည်း လွယ်တယ်။ ပြောင်ချင်တဲ့ သီချင်းကို right click ပေးပြီး ကိုယ်ကြိုက်တဲ့ format ကိုပြောင်းရုံပါပဲ။ သီချင်းတွေရဲ့ ဖိုင်ဆိုက်သေးချင်ရင်တော့ option ထဲဝင်ပြီး kilo bite ကိုလျှော့ပေးပါ။ ကျတော်ကတော ၃၂ ကီလိုဘိုက်လောက်ပဲ ထားတယ်။ ကွာလတီလည်းသိပ်မကျဘူး။ အသံလည်းနားထောင်းလို မဆိုးပါဘူး။ ကီလိုဘိုက် အရမ်းနည်းသွားရင်တော့

mp3 player က မဖတ်နိုင်တော့ပါဘူး။


စီရီရယ်ကီးပါသော ဖူးဗားရှင်းကို ယူရန်

Saturday, March 15, 2008

လွမ်းတယ်

လီလီ(li li) ရေ မင်းကို လွမ်းတယ်။ ငါဒီမှာ မင်းထက်သာတာတွေ ကို တွေနေမြင်နေ ရပေမဲမင်းကို ပဲငါလွမ်းတယ်။ ဒီကကောင်းတွေက မင်းလို မဟုတ်ဘူးကွ။ ပေကပ်ကပ်နဲ့ မင်းနဲ့တော့ကွာသကွာ။ မင်းကိုပဲ ငါသတိရနေတယ်။ မင်းဟာ ငါရဲ့ဆိုးသွမ်းမှုတွေကိုလည်း တော်တော်သီးခံတယ်။ မင်းက ငါဘာခိုင်းခိုင်း ချက်ချင်းနီးပါး လုပ်ပေးတယ်ကွာ။ ဒီက ကောင်တွေက လုပ်ကမလား မလုပ်ရဘူးလား မေးမြန်းနေတာပဲ။ ငါတော့ စိတ်တိုတယ်။ သူတို့က မင်းလို ချက်ချင်း responce မပေးဘူး။ လီလီရေ ငါမရှိတော့  မင်းကို ဘယ်သူမှ ဂရုမစိုက်တော့ဘူးနဲတူတယ်။ ငါ့ ပါကြီးနဲ့ မာမီကလည်း မင်းနဲ့သိပ်မအပ်စက်တော့ မင်းက အိမ်မှာ for show ပဲဖြစ်နေမလား။ မင်းကိုသေသေချာချာ ထုပ်ပိုးပြီး ချောင်တစ်ချောင်မှာပဲ ထားထားလား ငါအခုထိမသိသေးဘူးကွ။ ငါအိမ်ကို ဖုန်းဆက်မှ မင်းကို ဘယ်လိုထားလဲလို ငါမေးကြည့်ရမယ်။ အခုတလော အိမ်ကိုဖုန်းခေါ်တာ မရဘူးကွာ။ စိတ်ပိန်တယ်။


မင်းငါကို တနှစ်လောက်တော့ စောင့်အုန်းပေါ့ကွာ။ နောက်နှစ်ငါပြန်လာမှ မင်းကို ပြန်ရွှိုင်းပေးမယ်နော်။ ငါမသွားခင် မင်းပန်ကာ cooling fanပျက်သွားတာ စိတ်မကောင်းပါဘူးကွာ။ ငါအသစ်ပြန်တပ်ပေးပါမယ်။ ငါပြန်လာရင်ပေါ့။ အဲဒါလည်း ငါလုပ်တာမဟုတ်ပါဘူးကွာ။ ငါ့သူငယ်ချင်း ဘိုဘိုကျော် လုပ်လိုက်တါကွ။ ငါလည်းသူကို တော်တော်စိတ်တိုသွားတယ်ကွာ။ မင်းအနာတရ ဖြစ်သွားတာကိုပါ။ မင်းကို ငါသတိရနေသလို မင်းလည်းငါကို မျှော်နေမယ် ဆို တာ ငါရုံပါတရ်။ မင်းရဲ့ဘော်ဒါကြီး ...... သားဖြူ


မှတ်ချက်။။ လီလီဆိုတာ ကျတော့ ရဲ့ ကွန်ပျူတာလေးပါ။

Saturday, March 8, 2008

ကာတွန်း

ဒီကာတွန်းလေးက ကျတော်တို့ ကျောင်းသားဘ၀တုန်းက ထုတ်ထားတဲ ကောင်းကင်သို့ ကြွေသောကြယ် စာအုပ်ထဲကပါ။ ကျတော်မှာ scanner မရှိလို့ paint ထဲမှာ ကျတော်ပြန် ဆွဲထားတဲ့ ပုံလေးပါ။ မူရင်းပုံက လှပါတယ်။ ကျတော်ပြန်ဆွဲလိုက်တော့ ပုံပျက်သွားတယ်ဗျာ။ မူရင်းကာတွန်းဆရာက ပင်လယ်ကဗျူး ပါ။

Friday, March 7, 2008

wOR iTE Ni

ကျတော် ကြိုက်တဲ့ သီးချင်းလေးပါ။ တရုတ်မလေး နဲ့ ဗမာလေးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။။
ဗျာ-- ကျတော့အကြောင်းလားလို့မေးတာလား.. ဟားဟားအဲ့ဒါတော့ မပြောပြဘူး။ အသေသတ်။

wor ite ni
ဟိုတုန်က မေးတဲ့လမ်းဘေးလက္ခဏာ ဟောသတဲဗျာ
လူမျိုးခြား ရည်းစားအကျိုးပေးကောင်းမယ် ပြောခဲတာ
စိတ်ကူးနဲ့မရူးပဲ ရူးခဲ့ရတဲ့ နှစ်လကြာ
သူလေးနဲ့ကျမှာ တဲ့တဲ့ကြီးကို တိုးသတဲ့ဗျာ
chinese f.. life ထဲကို အသဲလေးဟာ
နှာခေါင်းရင်းလေးတော့ နဲနဲပြားမယ် ခွင့်လွှတ်ပါ
သူပါးမို့မို့ထက် သွေးကြောလေးတွေ စိမ်းလဲ့ဖြာ
အသားလေးကတော့ ဖွေးဖွေးဥတယ် နုနုရွ
*one two three ၇င်ခုန်လိုက်ပြီ ကျေကျေလည်ရှင်းရှင်းပြောမည် wor ite ni
one two three ကိုယ်ချစ်သွါးပြီး
ကွမ်းရင်မယ်တော်ကြီးမပါ ရှေ့လျောက်မည် ရှဲရှဲနီ*
မိန်းမခိုင်းသမျှ လိုက်လုပ်ရတဲ့ နွားနှစ်ပါ
သူလေး ကြောင့် ၇ိုက်ကြခိုက်ကြ ခွေးနှစ်ပါ
ဆိတ်နှစ် မြင်းနှစ် မျောက်နှစ် ပေါင်းစုံကူးတိုင်းသာ
မိုးနတ်မင်းကြီး အမြဲတမ်းမအောင် ဆုတောင်းပါ
ကွန်ဖျူးရှပ်ကြီးရဲ့ စကားလုံးနဲ့ ရည်းစားစာ
စွန့်စူးကျမ်းတဲ့က သီမ်းပိုက်နည်းတွေ ကြိုးစားရှာ
ကျောင်းကြီးထဲလဲ အများတမ်းသွား စာချရတာ
ရေနွေးချမ်း လေးတစ်ခွက် ကောင်းကောင်းတိုက်ပါ ကလေးမရာ
* *
ရွှေယောက်ဖကြီး က အတွင်းအာသုံးကာ ဓားစွမ်းပြ
everybody လက်ခုပ်တီးပါ ကျတော်ဖက်က
ဒိုအမ်းကုန်းကြီးက ပြုံးစိစိနဲ့ ခေါင်းညိတ်ပြ
ကျတော်မျိုးကြီးကတော့ ငြီမ်းချမ်းရေးသာ ရှေးရှုတာ
အားလုံးအားလုံး china town ကိုလိုက်ခဲ့ပါ
အားရပါးရသောက်ကြစမ်းပါ မူးတော့မှ
အမ်ပေါင်းအိတ်လေးထဲ ငြိမ်းချမ်းရေးထဲပေးတော့မှ
miss chinese လေးရဲ့အိမ်မက်တဲက ဟီရိုးပါ
* *
ဒီနေရာမှာ ယူပါ။
http://www.zshare.net/audio/17615545313ad751/

Tuesday, March 4, 2008

Applying For A Job

Sally : I'd like to apply for a secretarial position.
Mr. Allen : Very well.Do you know any shorthand?
S :No, but I can write very fast.
Mr :Can you use a typewriter and other office machines?
S : No, but i'd be glad to learn how to use them.
Mr. : Yes, I see. This is permanent position. Can you work everyday from nine to five.
S :Oh, no. I'm a student at the university and I have to study most of the time. I can only work part-time.
Mr. : I couldn't possibly hire you. You cant take shorthand, you cant type, and you can only work part-time.Why did you apply for a permanent secretarial position?
S : Well, i thought you might be able to arrange something for your daughter,Dad.

ဘာရယ်မဟုတ်ပါဘူး။ ကျတော်အလုပ်လျောက်၇တာ စိတ်ပိန်လာလို့ အင်္ဂလိပ်စာသင်တန်းတုန်က topic လေးတစ်ခုကို ပြန်တင်လိုက်တာပါ။