Friday, April 24, 2009

PRC---P=paris, R=Russia and C =china

ပုလုကွေးတို့ အိမ်မှာ ကုန်ကားစထောင်ခါစ အချိန်က ၁၉၉၀ ပတ်ဝန်းကျင်ပေါ့။ အဲ့ဒီအချိန်တုန်းက အခုလို nissan ..PE,UD တို့လို ဆယ်ဘီး၊ ဆယ်နှစ်ဘီး ကားတွေ မရှိသေးဘူး။ အဲ့ဒီအချိန် တုန်းက DODGE(ဒေါ့ဂျစ်-ခွေးရုပ်)၊ GMC ။ TE တို့ပဲရှိသေးတာလေ။
အဲဒီအချိန်တုန်းက စက်ပစ္စည်း က ရှားပေမဲ့ တကယ် အစစ် အမှန်ကားပစ္စည်းတွေကို သုံးခဲ့ရတယ်။ သူတို့အခေါ် ပီနန်ကျ လို့ခေါ်ပါတယ်။ ကားတာယာဆိုလဲ တကယ်ကောင်းတဲ့ BRIDGESTONE၊ KUMHO ၊ HANKOOK စတဲ့တာယာတွေကို သုံးခဲ့ကြတာပေါ့။ တာယာတွေ ဘယ်လောက်ကောင်းသလဲဆို ပန်းပါးပီး ကြိုးပေါ်တဲ့ အထိ သုံးလို့ရတယ်လေ။ အဲ တာယာပန်း..ဆိုတာက ဘီးရဲ မျက်နှင်ပြင် ရာဘာသား ကိုခေါ်တာပါ။ သူအောက်မှာ တာယာခိုင်မြဲအောင် နိုင်လွန်ကြိုး၊ ဒါမှမဟုတ် စတီးကြိုးတွေကို ကွန်ယက်သဖွယ် ယှက်ပီး ရာဘာသားထဲ မြုတ်ထားပါတယ်။
နောက်ပိုင်းခေတ်တွေ ပြောင်းလာတော့ တကယ်ပစ္စည်း အစစ်တွေဟာ ရှားလာတယ်။ သူတို့နေရာမှာ တရုတ်ပစ္စည်း တွေနေရာယူလာကြတယ်လေ။ တရုတ်ဆိုတဲ့အတိုင်း ဈေးသက်သာပေမဲ့ ရေရှည်ခိုင်ခံမှုမရှိဘူးလေ။
ကားတာယာမှာလဲ တရုတ်တာယာတွေ နေရာယူလာကြတယ်။ ဒါပေမဲ့တရုတ်တာယာ အများစုက မြန်မာပြည်လမ်းရယ် ကုန်ချိန်ရယ်ကို မခံနိုင်ဘူး။ ဒါကြောင့် တရုတ်တာယာတွေဟာ တအုံးအုံးနဲ့ ကွဲတာပေါ့။ ကားသမားတွေကလဲ တရုတ်တာယာကို သုံးဖို့ဝန်လေးနေကြတယ်။ Made in China ဆိုဝေါင်ဝေါင်းရှေးကြသဗျ။ ကားသမား စကားနဲ့ပြောရရင် အုံးကခနဲဆိုးပြီးမြည်တဲ့အသံဟာ အုံနာရင်ဘက်ထဲမှာလဲ အုံးခနဲနဲ့ကွဲတဲ့ အတိုင်းပဲတဲ့ခင်ဗျ။ အုံနာလဲ ရင်မကွဲဘဲ ခံနိုင်ရိုးလား။ တာယာတစ်လုံးကို သိန်းချိရှိနေတာကိုး။
နောက်ပိုင်း လူတွေက တရုတ်တာယာကို သုံးဖို့ဝန်လေးနေကြတော့တာပေါ့။ မကြာပါဘူး တရုတ်ဘက်ကနေ Made in PRC ဆိုပီး တာယာတွေ ဝင်လာတယ်ခင်ဗျ။ ကားသမားတွေကလည်း တရုတ်တာယာမဟုတ်ဘူးဆိုပီး ဝယ်သုံးဖို့စဉ်းစားကြတယ်ခင်ဗျ။ ဘုရင်ပွဲရုံက အရောင်းတော်တွေကလည်း ရှင်းပြတယ်လေ။ Pဆိုတာ Paris (ပြင်သစ်) R ဆိုတာ Russia C ဆိုတာ china ပေါ့။ အရောင်းတော်တွေက ပြင်သစ်နဲ့ရုရှနည်းပညာသုံးပီး တရုတ်လမ်းကြောင်းက ဈေးသက်သာလို့ တရုတ်ဘက်ကနေဝင်တာပေါ့။ မြန်မာနိုင်ငံက ကားသမားတွေကလဲ ဟုတ်လောက်ပါတယ်ဆိုပီး ဝယ် သုံးကြတယ်ခင်ဗျ။ နောက်မကြာပါဘူး မြန်မာနိုင်ငံက လမ်းတွေပေါ်မှာ Made in PRC တာယာတွေ တအုံးအုံးနဲ့ ပွင့်တော့တာပါပဲ။။ ကားသမားတွေ မသိတာက PRC ဆိုတာ People's Republic of China ဆိုတာကိုပါပဲဗျာ။။

Monday, April 20, 2009

သင်္ကြန်စာ

သင်္ကြန် တော့ ကျပီးသွားပီ။ ဒါပေမဲ့ သင်္ကြန်စာ ကို ဒီနေ့မှ ရွှေအိုး(www.shweo.com) မှာတွေ့တာနဲ့ pdf ခုတ်ပီး ပြန်တင်လိုက်ပါတယ်။ ကျတော်တို့ ငယ်ငယ်တုန်းကတော့ အဲဒီသင်္ကြန် ကို ကျတော်တို့ အဘွားတွေ၊ ကြီးတော်တွေ သေသေချာချာ ဖတ်မှတ်ကြတယ်။ မှန်လဲမှန်တယ်ပြောတာပဲ။ အဲ သင်္ကြန်စာထဲမှာ ဆားရှားမယ် ဘာညာပါရင် အဖွားတွေ ကြီးတော်တွေ က လှောင်ထားတက်ကြတယ်။ အဲဒီနှစ်တကယ်လည်း ဆားရှားသတဲ့။ နောက် ကျတော်တို့ ကြီးလာတော့ သင်္ကြန်စာ ဟာဒီလောက်မဟုတ်တော့ ဘူး။ ဘာကြောင့်လဲတော့ မသိဘူး။ သင်္ကြန်စာထဲမှာ ရေတဲ့တစ်ချို့ အသုံးအနှုန်းတွေကြောင့်လဲ ရေးတဲ့ သူတွေ အမေးအမြန်းခံရတယ်ဆိုပဲ။ (ကြားဖူးတာပါ သေချာမသိ) ။

ကျတော်ကတော့ ဗေဒင်ကို ယုံကြည်လွန်းသူတော့ မဟုတ်ဘူး။ ကြုံရင် ဖတ်လိုက်တာပါပဲ။ ဘာမှလဲ စိတ်ထဲမထားဘူး။ အခုတော့ အင်္ဂါသား၊ သားသမီတွေ အကြောင်း ဘာတင်ထားလဲဆိုတာ ကိုတော့ ရေးလိုက်မယ်နော်။ ကျန်တာကိုတော့ ကို့ဖာသာ pdf ဖိုင်မှာဖတ်ရှုပါနော်။

အင်္ဂါသားသမီး။ ။ဤနှစ်တွင် ရာထူးတိုးအံ့။ လုပ်ငန်းကိစ္စများတွင် အထင်လွဲမှာမှုများကြောင့် ကြန့်ကြာမှု ကြုံရခြင်းကို သတိနှင့်လုပ်ဆောင်သင့်သည်။ မိမိ၏ ဆောင်ရွက်မှုများကြောင့် အများလေးစား ကြည်ညိုမှုခံရအံ။ မိမိအောက်လူများ၏ ကူညီပံပိုးမှုကြောင့် အောင်မြင်မှုပိုမို ရရှိအံ့။ အချစ်ရေး စန်းပွင့်အံ့။ ပညာရေးတွင် ကြိုးစားသလောက် အောင်မြင်မှု ရရှိအံ့။ ငွေအတွက်သောကကြုံ၍ ကြာသပတေး သားသမီး ကူညီမှုဖြင့် အောင်မြင်မည်။ ဆီးရောဂါ၊ ခါးနာရောဂါဝေဒနာ ဖြစ်အံ့။

တန်ခူးလ။ ။အထည်အလိပ် တူရိယာ ယာဉ်၊ လျှပ်စစ်ပစ္စည်းများ ဖျော်ရည်၊ စားသောက်ကုန် ပစ္စည်းများေ၇ာင်းဝယ်ခြင်းဖြင့် အကျိုးအမြတ်ရ ရှိအံ့။ မီးဘေးအန္တရာယ်ကို သတိဖြင့် ကြိုတင် ကာကွယ်အံ့။ နီုင်ငံတကာ ဆက်ဆံရေး အဆင်ပြေအံ့။ ကျွဲနွာ အခြေလေးချောင်သတ္တဝါ ဈေးကောင်းရအံ့။ ရွှေအရောင်းအဝယ်တွင် အကျိုးအမြတ်များအံ့။ ဂျုံပြောင်း၊ မြေပဲ ဆီထွက်သီးနှံအမျိုးမျိုး၊ မဆလာ၊ ဆန်စပါး၊ ကြံသကာ၊ ဆီ၊ ထောပတ် နှမ်း ပရုပ် အရောင်းအဝယ်ပြုလျှင် အကျိုးအမြတ်ရရှိအံ။ လဆန်း ၉ရက်အတွင်း ယမကာမျိုးစုံ ဈေးကောင်းရအံ။ လဆန်းရက် နောက်ပိုင်း ဇာတိပိုလ် တွင်ထွက်ပစ္စည်း ရွှေငွေစသော ဓါတ်သတ္တုအမျိုးမျိုး တွင်းထွက်ပစ္စည်း အမျိုးမျိုး ဆေးဘက်ဝင် ပစ္စည်းများ ထင်းရှုးသားအရောင်းအဝယ် ပြုလုပ်လျှင် အကျိုးအမြတ်များစွာ ရရှိအံ့။ ရုပ်ရှင် သဘင် တေးဂီတ အနုပညာတို့ ပိုမို အဆင်အတန်းမြင်းမားသောအံ့။ အနုပညာရှင်များ ဂုဏ်ပြုခြင်းခံရအံ့။ ထူးချွန်ပြောင်မြောက်သော အနုပညာ ရှင်များပေါ်ပေါက်လာအံ။ သယ်ယူပိုဆောင်ရေး လမ်းပန်းဆက်သွယ်ရေး တို့တွင် သဘာဝဘေးဒဏ်ကို ခေတ်မီသော နည်းပညာများကြောင့် ကာကွယ်နိုင်အံ့။ အုပ်ချုပ်သူများသည် အခတ်အခဲများကို ကျော်လွှားပြီး အောင်မြင်မှုကို ရရှိအံ့။
အဲရွှေအိုး ကတင်ထားတဲ့မူရင်းလင့် က ဒီမှာပါ။
ဒါက ကျတော်တင်လိုက်တဲ့ pdf ဖိုင် ၁ နဲ့ ဖိုင် ၂
-----------
ပုလုကွေး
-----------

Thursday, April 16, 2009

မင်္ဂလာ နှစ်သစ်ပါ

မင်္ဂလာနှစ်သစ်ပါခင်ဗျာ။
.
.
အားလုံးပဲ မိမိတို့ သွင်းအားစုများနဲ့ ထိုက်တန်သော အကျိုးခံစားခွင့်များကို
.
ရရှိပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
ပုလုကွေး

Monday, April 13, 2009

စနေနေ့က ပုလုကွေးတို့ ကျောင်းပွဲ (rit,yit,ytu,ptu,mtu ..thingyan) ကို ချီတက်ကြတယ်ခင်ဗျ။ သိတဲအတိုင်း အစဉ်အလာကြီးမားတဲ့ ကျောင်းတော်ကြီးရဲ့ ပွဲဆိုတော့ ပုလုကွေးတို့လို နောက်ဆုံးမျိုးဆက် တွေပျော်ရွှင်စွာနဲ့ပဲ နှစ်တိုင်းတက်ရောက်ဖြစ်ပါတယ်။
ဒီနှစ်မှာထူးခြားတာက ကျောင်းသင်္ကြန်ပွဲကို စွယ်တော်ရိပ် သင်္ကြန် ၂၀၀၉ ဆိုပီးတရားဝင်ခေါ်တွင်သွားပါတယ်။မနှစ်က ပွဲက ntuc building မှာလုပ်တာခင်ဗျ။ မနှစ်ကတော့ မှတ်တမ်းကို သယ်ရင်း တောင်ငူသား ကင်မရာနဲ့ပဲ မှတ်တမ်းတင်ခဲ့ရတယ်။ အဲသူ ကင်မရာနဲ ရိုက်ပီး ကျတော် youtube မှာတင်ထားတာက t-square ယိမ်းပါ။ t square ယိမ်းက ဒီမှာကြည့်ပါနော်..
ဒီနှစ်တော့ ကိုယ်ဖုန်းအစုပ်လေး (nokia 5800) နဲ့ ပဲမှတ်တမ်းတင်မယ်ပေါ့ဗျာ။ သယ်ရင်း တောင်ငူသား ကလည်း သူ့ကင်မရာနဲ့ သူ ရိုက်မယ်ပေါ့။ ညကတည်းက ကြိုတင်ပြင်ဆင် အားသွင်းစရာ သွင်းနဲ့ပေါ့ဗျာ..ဟော ပွဲနေ့ရောက်တော့ ယခုနှစ်ကျင်းပရာ Kreta Ayer People Theatre ကိုလဲရောက်ရော အောက်က ပုံကြောင့် ကျတော့မှာ ဟတ်ကော့ကြီးပေါ့။
ဒါပေမဲ့လဲ ပုလုကွေးလေ။ မရ ရသလို ရိုက်ခဲ့ရတယ်။ သူတို့က မရိုက်နဲ့လိုတော့တားမြစ်ထားတာပဲ။ ဒါပေမဲ့ သူခိုးနတ်ခတ် ဖြစ်တဲ့ တန်ဆောင်မုန်း မှာမွေးတာဆိုတော့ လူကသာနေတာ ပညာကမနေဘူးဗျ။ အဲ့ဒီအတွက် သက်ဆိုင်သူတွေ ခွင့်လွှတ်လိုက်မယ်လို့ ထင်ပါတယ်။ အခွေထွက်တော့လဲ ဝယ်အားပေးကြတာပေါ့ဗျာ။
ဖုန်းအစုပ်လေးနဲ့ အဝေးကနေ ဆွဲရိုက်ထားရတာမို့ အရုပ်တွေ မသဲကွဲ အသံက ပြတ်တောင်းပြတ်တောင်းနဲဗျ. သီးခံပီးအားပေးကြပါကုန်....





Tuesday, April 7, 2009

သင်္ကြန်မှာ မကဲတက်ပါ

ကျတော် သူများတွေလို သင်္ကြန်မှာ မကဲတက်ဖူးဗျ….

သင်္ကြန်ဆိုတာ ကျတော့ အတွက် သာမန် အချိန်ထက် အနည်းငယ်ပိုထူးတာက လွဲလို့ ဘာမှတော့ ဆန်းကြယ်ကြီး မဟုတ်ပါ။ ဒီအချိန်ဆို ဟိုမှာတော့ သင်္ကြန်သီးချင်းသံတွေ ဟို ဟို ဒီဒီ လွင်မျောနေပီး သင်္ကြန်ရနံလေးကို ခံစားမိနေမှာပါ။ ကျတော့လို တိုင်းတပါး ရောက်တွေ အဖို့ကတော့ အားရက်မှာသင်္ကြန်သီချင်းလေးဖွင့်၊ နားချိန်မှာ သီချင်းလေးနားထောင်ရင်း အလွမ်း ဖြေနေရတာပေါ့။
(၁) အရင်မြန်မာပြည်တုန်းကဆိုရင်လဲ သင်္ကြန်ဆိုရင်ဲ ဟိုဟို ဒီဒီ သိပ်လည်လေ့မရှိဘူး။ အိမ်မှာ စာအုပ်တစ်အုပ်ဖက် သူများတွေကဲတာကို အိမ်ထဲကနေ ထိုင်ကြည့်နေတက်တယ်။
 
(၂) တစ်ခါတလေ သယ်ရင်းတွေနဲ့ ရန်ကုန်တက်ကဲတာပေါ့။ ကားငှားပြီး မနက်ဖက် ၇နာရီလောက်ကနေ ပဲခူး ကထွက်ရင် ရန်ကုန်ကို ၈နာရီဆို မြို့ထဲကိုရောက်ပီ။ ကျတော်တို့အုပ်စုက မစွံတော့ မိန်းကလေး သယ်ရင်းမရှိရှာဘူး။ (မလိုက်ရဲတာလဲ ပါမပေါ့) ဒါကြောင့် မိန်းကလေးတွေ ပါအောင်ကြံရဖန်ရတာပေါ့။ အဲဒီလိုနဲ့ ရန်ကုန်မှာ တစ်နေကုန်ကဲပေါ့။ နေ့ခင်းနေလည် တိုက်ခန်းပြန်နှပ်။ ညနေစောင်း ၃နာရီလေးနာရီ ပြန်ထွက်ကဲ။ အဲ ၆နာရီလောက်မှ ပဲခူးပြန်ကြတာပေါ့။ တစ်ချို့ကလည်း ရန်ကုန်က အပြန် ပဲခူးရောက်ရင် အိမ်တန်းပြန်ကြ။ တစ်ချို့ကလဲ တစ်ချို့ကလဲပေါ့ဗျာ…။
(၃) တစ်ချို့နှစ် တွေမှာတော့ ကျတော့ စီးတော်ယာဉ် ဆိုင်ကယ်လေးနဲ့ ပဲခူးတစ်ပတ် ပတ်။ သူများတွေကဲနေတာကို ဘေးကနေကြည့်။ ဆိုင်ကယ်လေးနဲ့ ပဲခူးတစ်ပတ် ပြဲပြဲစင်အောင် သွားပေါ့။ ကျတော်တို့ ပဲခူးကလည်း လည်ပတ်စရာ များများစားစားမှ မရှိတာ။

 
(၄) တစ်ခါတလေ ပါးပါးမားမားတို့နဲ့ လည်ပါတယ်။ အိမ်က Mighty X ကားပေါ်မှာပီပါတင်။ မောင်နှမ ၃ယောက် နဲ့ သယ်ရင်းတွေကို ခေါ်ပီး ပဲခူးတစ်ပါတ် ပါတ်ပေါ့။ ပါးပါး မားမားးကတော့ ရှေ့မှာပေါ့။ ကျတော်တို့က မောင်နှမတွေနဲ့ သယ်ရင်းတွေကတော့ နောက်ဘက်မှမှာပေါ့ဗျာ။
ကျတော်က သူများတွေလို ပိတောက်ကို မနှစ်သက်ဖူး။ အဲ လေထဲမှာ သင်းသင်းလေးရတဲ့ ပိတောက်ပန်း ရနံ့ကိုတော့ နှစ်သက်မိပေမဲ အရမ်းကြာလာရင်ခေါင်းမူးလာရော။ ဒါကြောင့် ကျတော် ပိတောက်ပန်းကို မကြိုက်ဘူး။ အိမ်မှာ ပိတောက်ပန်းကို ဘုရားတင်ထားရင် အဲဒီနေ့ ကျတော် စိတ်ရှုပ်ပီ။ ဒါပေမဲ့ မာမီတို့ ဘုရားတင်တာကိုတော့ မကန့်ကွက်ဘူးပါဘူး။ (ငရဲကြီးမယ်လေ..မသိသလိုပဲ နေပီး ဘုရားခန်းနဲ့ ဝေးဝေးနေတာပေါ့..တော်သေး ပိတောက်ပန်းက တစ်ရက်လောက်ပဲ ခံလို့)။ ငုဝါပန်းလေးတွေကိုတော အပင်ပေါ်မှာ ရှိနေရင်တော့ ချစ်တယ်။
Conclusion အဲ…..ဒီနှစ် ကျတောရဲ့ သင်္ကြန်အစီအစဉ်လား။ ကျတော် ပြောပါကော သူများတွေလို သင်္ကြန်မှာ မကဲတက်ပါဘူးလို့။ အိမ်မှာပဲ အေးအေးဆေးဆေး နေမှာလားဆိုတော့ အဲဒါလဲ မဟုတ်သေးဘူးဗျ။ ဒီနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် စလုံးမှာ ပိတ်ရက် ၃ရက်ဆက်တယ်။ မြန်မာပြည်မှာ သင်္ကြန်က 13 ရက်နေ့မှ စကြိုမှာဆိုပေမဲ့ ကျတော်တို့ စလုံးမှာက ပိတ်ရက် ကတည်းက ကဲကြမပေါ့။ သောကြာနေ့လား အိမ်မှာပဲ လုပ်စရာရှိတဲ အိမ်အလုပ်လုပ်မယ်။ ညနေတော့ သယ်ရင်းတွေနဲ့ သင်္ကြန် အကြိုနဲနဲပါးပါးမော့မယ်ပေါ့။
စနေနေ့ (၁၁ ရက်နေ့) ကြရင်တော့ ကျတော်တို့ အာအိုင်တီ (RIT) သင်္ကြန်ပွဲ ကိုညနေ ၄နာရီ ခွဲကနေ ည ၉ အထိ သွားမယ်ပေါ့ဗျာ။ အာအိုင်တီ (RIT) သင်္ကြန်က Kreta Ayer People's Theatre မှာပါ။ 

 အဲ 12ရက်နေ့ တနင်္ဂနွေနေ့ မနက်ဘက် ဘုန်းကြီးကျောင်းသွားမယ်။ နေလည်ကနေ ညဘက်အထိ ကတော့ peninsula Plaza ရှေ့က Esplanade THeatre ရှေ့မှာရှိတဲ့ m1 သင်္ကြန်မှာ ရှိပါမယ်။


အဲ ၁၃ရက်နေ့တော့ ရုံးပြန်တက်ရမယ်..ကွိကွိ..။

ကျတော် ပြောပါကော သူများတွေလို သင်္ကြန်မှာ မကဲတက်ပါဘူးလို့။

ရခိုင် သင်္ကြန်သီချင်းလေးတွေ လက်ဆောင်ပေးမလို့ဗျ..နားထောင်ကြည့်ပါဦး..သီချင်းနာမည်က လောင်ဘော် ပါ။ thingyan lottery
                     ပန်းနံသာ

Thursday, April 2, 2009

ဖြူးဆရာတော် ---သရဏဂုံ ရှင်းတမ်း

ဒီပို့စ်လေး က ဆားချက်တယ်ပြောပြော။ ရေးစရာ မရှိလို့ အဟောင်းတွေကို ရေနှူးတယ်ပြောပြော ခံရမှာပါပဲ။ ကျတော် အရင်က တင်ခဲ့ဘူးတဲ့ ဖြူးဆရာတော် ဥူးနရပတိရဲ့ သရဏဂုံ ရှင်းတမ်း ပို့စ်လေးမှာ တရားတွေဟာ ဒေါင်းတဲ့သူ မရှိတော့ အပ်လုပ်ဆိုဒ်က သူအလိုလို ဖျက်လိုက်ပါတယ်။ ဟိုတလော တော်တော်တောင်ကြာပါကော ။ တရားနာချင်တဲ့ သယ်ရင်းတစ်ယောက် ဒေါင်းမရဘူးပြောတာနဲ့ မြန်မာပြည် ပြန်တုန်း စီဒီပြန်သယ်လာပီး တင်ပေးလိုက်ပါတယ်။
လိုချင်တဲ့ သူတွေ ဒေါင်းနိုင်ပါတယ် ခင်ဗျား…


သရဏဂုံ ရှင်းတမ်း 1

သရဏဂုံ ရှင်းတမ်း 2