Thursday, June 28, 2007

ဝှက်ဖဲ (သို့) ကြိုးဆွဲရုပ်

မနေ့က အတန်းထဲမှာ ဆရာကပြောတယ်။ နိုင်ငံခြားထွက်မဲ့ သူတွေလည်းနိုင်ငံခြား ကို မြန်မြန်ထွက်ကြဖို့။ မထွက်သေးမဲ့လူတွေလည်း အခြေအနေကိုဆောင့်ကြည့်ဖို့ပြောပါတယ်။ မကြာခင်မှာ နောက်ဆုံးအကြိမ်အဖြစ် အမျိုးသားညီလာခံကြီးစတော့မှာတဲ့။ ညီလာခံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးပြီးရင် မင်းတို့မဲ(၂)ကြိမ်ပေးကမယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုအတည်ပြုတာက တစ်ကြိမ်၊ ရွေးကောက်ပွဲက မဲပေးတာက တစ်ကြိမ်တဲ့။
အဲ့ဒါတွေပြီးရင် ဘယ်အစိုးရတက်မလဲ မသိသေးဘူး။ အစိုးရသစ်တက်ရင်ပေါ်လစီ အပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနှောက်နှေးနေမှာစိုးလို့ လို့ပြောပါတယ်။ ကျတော်ကတော့ ဒီအတိုင်းကြီးမြောနေတာနဲ့စာရင် အပြောင်းအလဲတစ်ခုခုဖြစ်ပါစေလို့ မျှော်နေရတာပဲ။
နောက်တစ်ခုတွေးမိတာက တော့ နောက်အစိုးရမှာ ခေါင်ဆောင်က ဘယ်သူဖြစ်မလဲ။ သူတို့က တော့သူတို့ရှေ့ရေးကို ကြည်မှာပဲ။ အဲဒီတော့ ဟိုအရင်တုန်းကလိုပဲ ယူနီဖောင်းချွတ်ပြီး အရပ်ဖက်ပြောင်းမလား။ အဲ့ဒါတော့မဖြစ်လောက်ဖူးထင်တယ်။ထိပ်ပိုင်းနှစ်ယောက်ပေါ့။ မှန်မှန်ကန်ကန် ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ သူတို့မရမှာသေချာပါတယ်။ ဒါမှမဟုတ် သူတို့ ကြိုးဆွဲရာ ကမဲ့ အရုပ်နဲပါတီဟာ ဘယ်သူဖြစ်မလဲ။ကျတော်စဉ်းစားမိတာကတော့ ၁.ဦးခင်ရွှေ ၂.ဆရာကျောင်း ၃.ဦးတေဇ ………ဘယ်သူဖြစ်မလဲ။ ဒါမမဟုတ် သူရရွှေမန်းကို အငြိမ်းစားပေးပြီးတော့ သူတို့ရဲ့ ကြိုးဆွဲရုပ်လုပ်ထားမလား။ သူရရွှေမန်းကိုတော့ တော်တော်နေရာပေးထားပါတယ်။ ကျတော် စဉ်းစာမိသလောက်ပေါ့လေ။
အဲဒါတွေ တစ်ခုမှမဟုတ်ပဲ “အရှင်ထွက်တော့မထွက်ဘူး၊ အသေထွက်ပဲထွက်မယ်” ဆိုပြီ သေမှပဲအာဏာစွန့်ရင့်တော့ သေပြီဆရာ လို့ပဲအော်ကတော့မှာပေါ့။

အာဂခေါင်း

ကိုချုချာ ဆံပင်လာညှပ်သည်။ ဆံပင်ညှပ်ဆရာက ၎င်း၏ ခေါင်းကိုကြည့်ပြီးပြောသည်။
“အင်း၊ ခင်ဗျားခေါင်းဟာ တကယ့်အာဂခေါင်းပါလား”
“တက္ကသိုလ်က ဘွဲ့နှစ်ခုတောင် ရထားတဲ့ လူတစ်ယောက်ရဲ့ခေါင်းဟာ ဒီလောက်တော့ရှိမှာပေါ့”
“ဘွဲ့ဆယ်ခုရအောင်လုပ်ချင်လုပ်ပါ၊ ဒါပေမယ် ခေါင်းကိုတော့ လျော်ရတယ်ရတယ်ဗျ”

Note.မောာင်ကောင်ထိုက် ဟာသပဒေသာ အမှတ်(၁၁)

xသူပုန်မတေ

ဒါကိုကျတော်ရဲ့ အရင်းဆုံးဆရာမကပြောပြတာပါ။
တစ်နေ့ကျတော်တို့ကျောင်းမှာ အစည်းအဝေးရှိသတဲ့။ ကျတော်တို့ရဲ့အချစ်တုံးကြီး အဘလည်းတက်ရောက်သတဲ့။ အဲဒီအစည်းအဝေးမှာ အဘက ဆရာမတွေကိုသူပုန်မတွေလို့ ဆိုသတဲ့။ ဘာဖြစ်လို့ဆိုတော့ ဆရာမတွေဟာ ကျတော်တို့ နိုင်ငံမှာ သူပုန်သောင်းကျန်းသူ တွေထကြွတဲ့ အချိန်မှာမွေးလို့။ ပြီးတော့သူခိုင်းတာကိုမလုပ် ပုန်ကန်သောင်းကျန်းလို့ လို့ပြောပါတယ်။
အစည်းအဝေးြ့ပီးတော ဆရာမတစ်ယောက်က ငါတို့က သူပုန်ဆို သူက သူပုန်ဗိုလ်ကြီပေါ့လို့ ပြောပြီး ၀ိုင်းဟားကြသတဲ့။
အဲ့ဒီလို ချစ်ဖို့ကောင်းတဲ့ အဘနော်။အဘ= အားလုံး၏ ချစ်ခြင်းကိုခံယူထားသော မပြုတ်နိုင်သေးသော သက်တော်ရှည်ဝန်ကြီးတပါး

Friday, June 15, 2007

ဘွဲ့တစ်ခုရ ရင်ဘာလုပ်မလဲ

ကျတော်တို့ မြန်မာ မိဘ အများစုက တော့ပညာရေးကိုအားပေးကြပါတယ်။ သားသမီးပညာတက်ဖြစ်ဖို့ ဘယ်လောက်ပဲရင်းနှီမြုတ်နှံရ မြုတ်နှံရ မြုတ်နှံကြပါတယ်။

မြုတ်နှံထားတဲ့ အရင်းအနှီး နဲ့ ပြန်ရတာနဲ့ကောကာမိရဲလား ဆိုတာ ထည့်မတွက်ကြတာများပါတယ်။ အကျိုးအမြတ်ပြန်ရတာဆိုတာ ကတော့တစ်ယောက်နဲ့ တစ်ယောက်တွက်ပုံချင်းတူမယ်မထင်ပါဘူး။

တစ်ချို့ ဂုဏ်အတွက်တက်စေချင်ကြပါတယ်။ သူများသားသမီးက ဘွဲ့တစ်ခုရပြီး ကိုယ်သားသမီးကျတော ဘာဘွဲ့မှမရ ရင်ဘဲလူကြားထဲမှာမျက်နှာငယ်ရ သလိုလိုရှိတက်ကြပါ တယ်။ အနည်းဆုံးတော မင်္ဂလာဆောင်ရင် သူသားလေးက ဘွဲ့ရတော့။ သူသမီးကျတော့ဘွဲ့ လေးတစ်ခုတောင်မရရှာဘူးဆိုပြီး ဂုဏ်ယူပြစ်တင်ပြောဆိုတက်ကြပါတယ်။

တစ်ချိုမိဘတွေကျတော့ သူတို့သားသမီးကို ဘွဲ့လည်းရ ဘ၀အတွေ့အကြုံလည်းရ စေချင်တဲ့သဘောတွေပါ ပါတယ်။ သားသမီးတွေက မိဘတွေကို အမေတို့အဖေတို့ရာ ဒီဘွဲ့ရလည်း ဘာမှမထူပါဘူး။ စာသင်မဲ့အစား စီပွားရှာတာမှ ကောင်းမယ်ထင်ပါတယ် ပြောတဲ့အခါ ဟဲ့နင်ကိုပညာသင်ခိုင်းတာ ဘွဲ့ရဖို့ အတွက်ပဲ မဟုတ်ဘူး။ လူတွေနဲ့ပေါင်းသင်းဆက်ဆံတက်အောင် လူတစ်လုံးသူတစ်လုံး ဖြစ်အောင်သင်ခိုင်းတာဟဲ့ လိုပြန်ပြောတက်ကြတာများပါတယ်.

တစ်ချိုကြတော့လည်း အနာဂတ်ရင်းနှီးမြုတ်နှံမှူ အဖြစ်နဲ့ ဘွဲ့တစ်ခုကိုရယူကြပါတယ်။ ဥပမာ ဆရာဝန် အဖြစ်နဲ့အနာဂတ်မှာ အသက်မွေဝမ်းကျောင်ပြုဖို့ အတွက်သင်ယူကြပါတယ်။

ဘွဲ့တစ်ခုရဖို့ ဆိုရင်အနည်းဆုံးအချိန် ၃ နှစ်ရင်းရမယ်။ငွေရင်းရပါမယ်။ အားစိုက်ထုတ်မှုတွေရင်းနှီးရ ပါမယ်။ ဘွဲ့တစ်ခုရလို့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ထဲကို ၀င်ရောက်အမှုထမ်းနိုင်မယ် ဆိုရင်တော့ရင်းနှီးရတာတန်ပါတယ်။ ဒါမှ မဟုတ်ရင်တော့ ကိုယ်ဘာ အတွက်ရင်းနှီးထားမှာလဲ ဆိုတာသေချာစဉ်းစား ပြီးမှတက်ရောက်သင်ယူကြတာ ကောင်းမယ်ထင်ပါတယ်။

Skywalk ပုံပြင်

တစ်ခါတုန်းကပေါလေ လူကြီဲး တစ်ယောက်ရဲ့ ဒုတိယမျိုးဆက်တစ်ဦးဟာ မေမြို့ကိုသွားရင်း မန္တလေးကိုရောက်လာသတဲ့။ ပြန်မဲ့နေ့ မှာမ ကိုယ်တော်လေးဟာ ဖိနပ်လိုချင်လို့ skywalk ကိုသွားချင်ပါသတဲ့။ ပြန်ဖို့ကလည်း အချိန်နီးနေတော့ နာရီဝက်ပဲ အချိန်ရသတဲ့။ အဲဒီတော့ ကိုယ်တော်လေးဟာ နာရီဝက်အတွင်းပဲ skywalk က ၂၀၀၀၀ကျပ် အထက် ဖိနပ် ၁၁ ရံကိုယူဆောင်သွားပါသတဲ့။ ဘယ်သူတွေက ဖိနပ် ၁၁ရံဖိုးကို ရှင်းလိုက်သလဲတော ကျတော်မျိုးလဲမသိပါ။ သူနဲ သူ့ မိဘများမရှင်းတာကတော့ ကျိမ်းသေပါတယ်။ နာရီဝက်အတွင်းမှာ ၁၁ရံရွေးနိုင်တာတော်တာပေါ့နော်။

ဒီပုံပြင်ကိုသိ၇တော့ ကျတော်လည်း ကျတော့ အဖိုးကိုစိတ်နာတယ်။ သူလူကြီးမဟုတ်တော့ ကျတော့မှာ skywalk ကို ၂နာရီလောက် ပတ်ပေမဲ့ ဖိနပ်တစ်ရံမှ မ၀ယ်ခဲ့ရပါဘူး။

ကြက်ဆူ (ရ)ပင် ၁၁၀၀ ကျပ်

အိမ်တိုင်းကြက်ဆူ ပင်များကို မစိုက်မနေရ။ (ရ)ပင်ကို ၁၁၀၀ ကျပ် အဖြစ်ပဲခူးမြို့ အနီးကျေးရွာများမှာရောင်းချပေးနေပါတယ်။ ရွာသူရွာသားများ မ၀ယ်မနေရဆိုသဖြင့် မတက်သာပဲဝယ်ယူနေကြရ ပါတယ်။ ကြက်ဆူဒုက်ခ ကလည်း ပြည်သူပြည်သားတွေအတွက် မသေးပါလား။

နောက်မှပဲ ကြက်ဆူရော ဂါ မြန်မာနိုင်ငံကိုရောက်လာပုံကို တင်ပါတောမယ်။

တက်ကြဦးမလား PhD

ကျတော်တို့ ကိုသိပ်ချစ်တဲ့ အဘက PhD တန်းတွေဖွင့်ပေးနေပြန်ပြီ။ ဘယ်သူတွေတက်ကြဦးမလဲ မသိပါ။ ဖောင်မပိတ်ခင်ကျောင်းထဲ သွားကြည့်ဦးမှပဲ။

ဒီသင်တန်းပြီးရင် ဘာလုပ်လို့ရမှာလဲ။ ကျောင်း­လခတွေကကော ဘယ်လောက်တောင် ပေးရမလဲမသိပါ။ ME တုန်းက တစ်လ ၆၀၀၀ ။ ဘာမှမလုပ်လိုက်ရတဲ (လုပ်စရာကို ဘာပစ်ည်းမှမရှိတာပါ)့  lab ကြေးကဘယ်လောက်တောင်ပေးရမလဲမသိပါ။ ဒီသင်တန်းပြီးရင် ဘာလုပ်လို့ရမှာလဲ။ကျောင်းတွေမှာ ၀င်လုပ်ရင် အဘသားသမီး(စံပြ ၁၅၀ တန်)တွေနဲ့ကော တန်းတူအခွင့်အရေးပေးမှာလား။ ဝေးပါသေးတယ်။ တော်ပါ ပြီ ။ ME တက်ခဲ့တာပဲ တော်တော်ကို မိုက်မဲရာကြနေပါပြီ။ အဲ့ဒီလက်မှက်ကို ဘယ်မှာသွားသုံးရပါလိပ့်။

အဘ= အားလုံး၏ ချစ်ခြင်းကိုခံယူထားသော မပြုတ်နိုင်သေးသော သက်တော်ရှည်ဝန်ကြီးတပါး