Tuesday, December 23, 2008

Christmas Songs for all



Christmas လဲနီးပြီ.. ဟီးဟီး..တကယ်တော့ Christmas ဆိုတာ ကျတော်တို့ ဗုဒ္ဓဘာသာဝင်တို့ နဲ့ လားလားမှမဆိုင်.. ဒါပေမဲ့ ဂလိုဘယ်ခေတ်ကြီးထဲမှာ အရာရာဟာ ကူးလူးဆက်သွယ်နေတော့ Christmas ဟာ ကျတော်တို့နဲ့ မဆိုင်သော်လည်း သူအချိန်ရောက်လာတော့ ပျော်စရာကောင်းတာပေါ့။


ငယ်ငယ်ကဆို ဒီဇင်ဘာ Christmas ချိန်ရောက်ရင် ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပိတ်လို့ဗျ။ Christmas ဆိုတာဘာလဲ ဆိုတာမသိခဲ့ပေမဲ အဲဒီအချိန်မှာ အိမ်ရှေ့မှာ ခရစ်ယာန်တွေ သီချင်းတွေလာဆိုကြ.. သူတို့ကို လက်ဆောင်ပေး…ပျော်ဖို့ကောင်းသား။


Christmas ဆိုတာကို ကျတော် ဘာဖြစ်လို့ ကျင်းပတာလဲဆိုတာ ဆယ်တန်အောင်ပြီးတဲ့ အထိ မသိဘူး။ နောက်မှ Christmas ဆိုတာ ခရစ်တော် မွေးနေ့ဆို သိလာရတယ်။


ခရစ်စမတ်သီချင်းလေးတွေက နားထောင်လို့တော့ ကောင်းသား။ အဲဒီတော့ youtube မှာ ကျတော်တွေ့တဲ့ Christmas သီချင်းလေးတွေ ကို နားထောင်လို့ရအောင် မျှပေးလိုက်ပါတယ်။


ဒါပေမဲ့ ကျတော်ဟာ ကံ၊ ကံ၏ အကျိုးကို လုံးဝ ယုံကြည်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်သာ ဖြစ်ပါတယ်။

Sunday, December 21, 2008

စံပယ်ပန်း

စနေနေ့မနက် အပြင်က ပြန်လာတော့ ဝယ်နေကျ ပန်းဆိုင်မှာ စံပယ်ပန်း ၁ကျပ်ဖိုးဝယ်ပြီး ဘုရားတင်ဖြစ်တယ်။ ပုလုကွေး အပတ်တိုင်း လိုလို စံပယ်ပန်းကို ၁ကျပ်ဖိုး ဝယ်ပြီး ဘုရားတင်နေကြ။ ဘယ်နေ့ တိုင်းတင်မယ်လို့တော့ စိတ်ထဲမထားပါဘူး။ ရုံးတက်ရက်ဆိုလဲ ရုံးက အပြန် ပန်းသည်ရှိသေးရင် ဝယ်ပြီးတင်ပါတယ်။

စပယ်လို ဖြူစင်ရပါလို၏


ဒီအပတ်မှ စိတ်ကလည်း ဘာစိတ်ကူးပေါက်တယ်မသိ။ ဘုရားတင်တဲ့ ပန်းကို ဓါတ်ပုံရိုက်ချင်စိတ် ပေါက်နေတာနဲ့ ဖုန်းကင်မရာလေးနဲ့ ရိုက်ထားမိတယ်။ တနင်္ဂနွေနေ့ကျတော့ ရိုက်ထားတဲ့ပုံလေး နဲ့ ဘလော့တင်မယ်စိတ်ကူးထားတာ။ ကိုညီလင်းဆက် ဘလော့ကို ဝင်ဖတ်မိတော့ ဟိုမှာ စံပယ်တွေ စံ ပယ်တွေ ရှုပ်နေတာမို့ ဒီပို့စ်လေးကို မတင်တော့ဘူးလို့ ရုပ်သိမ်းလိုက်တယ်။ ဟော ညနေထမင်းစားပြီး မှ ဘာပဲဖြစ်ဖြစ်တင်မယ်ဆိုပြီး ဒီစာလေးကို ရိုက်လိုက်တယ်။


ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ စံပယ်လို စိတ်ထားဖြူချင်ပါတယ်။ ဖြူအောင်လည်း ကျင့်ကြံနေထိုင်နေပါတယ်။ တစ်ချို့သော (အပြင်လောကမှာကော၊ ကျင်လည်ရာ ဘလော့လောကမှာပါ) မဖြူစင်သူတစ်ချို့ကို တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရလို့ပါ။ အားလုံးလဲ စံပယ်လို ဖြူစင်ပါစေ။

Friday, December 19, 2008

ကိုယ့်ကို ကိုယ် ဒဏ်ခတ်ခြင်း

ပုလုကွေး ငယ်ငယ် ၉တန်းလောက်ကတည်းက ကွန်ပျူတာ ဆိုအရူးအမူးပဲ။ ဒါတောင် ကိုယ်ပိုင် ကွန်ပျူတာကို uni ၄တန်းအောင် ၅တန်းနှစ်(2003) လောက်မှ ပါကြီး(ဖေဖေ)ဝယ်ပေးတာ။ ကွန်ပျူတာ ကလိနေရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့။ ဒါတောင် ဘာမှလောက်လောက်လား မတတ်ဘူး။ ဆရာ့ ဆရာကြီးတွေကို အားကျ၏။

မြန်မာပြည်မှာတုန်းကတော့ ကွန်ပျူတာ သုံးရင် ဆော့ဝဲလ်လေးဝယ် ဟိုကလိ ဒီကလိပေါ့။ အင်တာနက်ဆိုင်သွား၊ တွေရာဆော့ဝဲ ဒေါင်းလုပ်ဆွဲ၊ ကွန်ပျူတာ စာအုပ်တွေက ပါတာတွေကို မှတ်ထား၊ အင်တာနက်ဆိုင် ရောက်ရင် ရှာဒေါင်း..အိမ်ပြန်ရောက်ရင် ကလိပေါ့…

စလုံးရောက်လာတော့ အင်တာနက်ဆိုတာ ကိုယ်ရဲ့ လက်တကမ်းမှာ။ စာဖတ်ချင်လဲ အင်တာနက်၊ ရုပ်ရှင်ကြည့်တော့လဲ အင်တာနက်၊ ဆော့ဝဲလ် ဒေါင်းတော့လဲ အင်တာနက် ၊ သီချင်းနားထောင်တော့လဲ အင်တာနက်၊ အားလုံးကို အင်တာနက် ကတဆင့်သွား နေတော့တာပေါ့။ ကျတော့ ရဲ့ အားလပ်ချိန် တော်တော်များများကို ကွန်ပျူတာ အင်တာနက် ကဝါးမြိုသွားတယ်။ မြန်မာပြည်မှာတုန်းကတော့ အင်တာနက်မရှိတော့  စာအုပ်တွေလဲ အများကြီး ဖတ်ဖြစ်တယ်။ learning cd လေးတွေ ဝယ်ပြီးလေ့ကျင့် ဖတ်မှတ် ဟုတ်နေသေးတယ်။ ဒီရောက်တော့ ဘာမှမလုပ်ဖြစ်တော့ဘူး။ photoshop ဆိုလဲရောင်ဝါး ရောင်ဝါး၊ coral draw ဆိုလဲဆက်မတက်တော့ဘူး။ illustrator ဆိုမေ့တောင်နေပြီ။ matlab ဆိုရင်တော့ တီချယ် ဒေါ်စုစုဟန် ကလွဲပြီ ဘာမှမသိတော။့ solidwork ကပိုဆိုးသေး။ premier ဆို ရောင်လိုတောင် မလေ့လာဖြစ်တော့။

စာတွေထဲမှာ မှတ်မိနေတာက ပညာရပ်တစ်ခုဟာ မလေ့လာပဲ ၆လထားထားရင် ဘာမှမတတ်တော့ သလိုပဲတဲ့။ ဒါကြောင့်မနေ့က စပြီး ကိုယ်ကိုကိုယ် ဒဏ်ခတ်လိုက်ပြီ။ ဗုဒ္ဒဟူးနေ့ အင်တာနက် မသုံးသောနေ့ အဖြစ်သတ်မှတ်လိုက်ပါတယ်။ ဘယ်လိုအကြောင်း ကြောင်းဖြစ် ကိုယ်ပိုင်အချိန်အတွင်း အင်တာနက်မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုံးမှာတော့ သုံးဖြစ်ပါမည်။ ရုံးမှာက ဒါနဲ့ ပဲ အလုပ်လုပ်နေရတာ ကိုး။ ကျတော့ ကိုယ်ပိုင်အချိန်က ညနေ ရနာရီမှ ည ၁၂နာရီ အတွင်းပါ။

နောင်ဒီထက်ဆိုးလာပါက အဲဒီနေ့ကို ကွန်ပျူတာ မသုံးသောနေ့ အဖြစ်တိုးမြှင့်သွား ချင်ပါသည်။

Tuesday, December 16, 2008

ဟုတ်ရဲ့လား မောင်ကာလုရဲ့

ဟုတ်ရဲ့လား မောင်ကာလုရဲ့ .......
source: The Voice Weekly Journal
(Puluque's Favourite Journal)

Sunday, December 14, 2008

မရှိ မဖြစ်

ကျတော့ အတွက်တော့ ဒီ အဘိဓာန်လေးတွေဟာ မရှိမဖြစ်ပဲ။ ကျတော့ သုံးတဲ့စက်တိုင်းကို ထည့်ထားလေ့ရှိပါတယ်။ အဲဒါလေးတွေကတော့ Oxford English Dictionary ရယ် Babylon English Dictionary ရယ်ပါ။

Oxford Dictionary ကတော့ Mobile အဘိဓာန်ပါ။ ကျတော့ဖုန်းထဲကို ထည့်ထားပါတယ်။ ဒီ mobile dictionary ကို java support လုပ်တဲ့ ဖုန်းတိုင်းမှာ ထည့်လို့ ရပါတယ်။ သုံးလို့လဲ အဆင်အလွန်ပြေပါတယ်။ အရင်လို dictionary စာအုပ်ကြီးကို ခါးကြားထိုးစရာ မလိုတော့ပါဘူး။ လိုအပ်တယ်ဆိုရင်တော့ ဒီနေရာက နေယူလိုက်ပါခင်ဗျာ။ zipfile လေးကို ဖြည်လိုက်ပြီး ဖုန်းထဲကို ထည့်လိုက်။ ပြီးရင်း run လိုက်ပါက သုံးလို့ရပါပြီ။


နောက် dictionary က တော့ ဘေဘီလုံ အဘိဓာန်ပါ။ ဒါကိုတော့ mz မှာ တွေ့လို့ သုံးကြည့်တော့ ကြိုက်သွားတာပါ။ ကွန်ပျူတာထဲ တည့်ထားရင် အလွန်အသုံးတည့်မှာပါ ။ ကိုယ်သိချင်တဲ့ ဘယ်စာလုံးကိုမဆို ရွေး(select အုပ်) ပြီးတော့ ctrl+right click နှိပ်လိုက်ရင် သိချင်တဲ့ အဓိပါယ် ကို ဖေါ်ပြပေးပါတယ်။ ဒါပေမဲ pdf ဖိုင်မှာတော့ မရပါဘူး။


Mz ကဘော်ဘော်တွေ တင်ထားတဲ့ dictionary လေးကို ဒီနေရာမှာဒေါင်းလိုက်ပါ။

ဆော့ဝဲလ်တင်နည်းလမ်းညွှန်လေး ကတော့ ဒီမှာပါ။

ဒါကတော့ အပေါ်က ဆိုဒ်မှာ ဒေါင်းလို့မရမှာ စိုးလို့ fileden မှာ ကျတော်ပြန်တင်ထားတာပါ။

Tuesday, December 9, 2008

ဖြစ်နေကျ..








ပုလုကွေး အပျင်းအလွန်ကြီးနေပါသည်။ ထို့ကြောင့်ယခုပုံ်လေးများကို http://www.bakree.com/ ဖိုရမ်မှ အတိအကျကူးယူကာ ခိုးချထားပါသည်။ ကျတော်တို့ ဘဝလေးနဲ့ တိုက်ဆိုင်နေတာမို့ ပို့စ်အဖြစ် တင်လိုက်ပါသည်။ http://www.bakree.com/ မှ အတိအကျကူးယူ ခိုးချထားပါသည်။

Saturday, December 6, 2008

ဖြစ်ပုံများ

ဒီနေ့ အိမ်က သယ်ရင်း ဘလော်ဂါကောင် မြန်မာပြည် ခွင့်ပြန်တယ်။ ကျတော် နဲ့နောက်သယ်ရင်းတစ်ကောင် ပေါင်းသုံးယောက် လိုက်ပို့တယ်။ သယ်ရင်း က မြန်မာပြည် မပြန်တာ ၁နှစ်နဲ့ ကိုးလ ရှိသွားတော့(ရောက်ကတည်းက တစ်ခါမှ မပြန်) ဒီနှစ်တော့ သူပြန်မယ်ဆိုတော့ အဖေ၊ အမေ၊ ညီမလေး အစ တစ်မျိုးတစ်ဆွေလုံး ဖို့ ဝယ်လိုက်တာ ပြောမနေနဲ။ သူ bukit junction သွားလဲ ကျတော်ပါ။ မူစတာဖာ သွားလဲ ကျတော်တို့ လိုက်။ imm သွားတာလည်းလိုက် ။
ဘယ် ဒစ်စကောင်ဆိုလဲ သူဝယ်ချင်၊ ညာ ဒစ်စကောင့် ဆိုလဲ သူသွားမယ်။ စိတ်ပါလဲ လိုက်ခဲ့ ရ ။စိတ်မပါလဲ လိုက်ခဲ့ရ။ ဘယ်သွားသွား ဘာဝယ်ဝယ် သူ့ကို ပြောမိတာက gst refund စလစ်တောင်းဖို့။ တစ်ခါတလေ သူ့ခမျာ ဝယ်ပြီးအိမ်ရောက်မှ gst refund မတောင်းမိလို့ စိတ်မကောင်းဖြစ်နေတာ။ သူခမျာ ပစ္စည်း ဘောင်ချာလေးတွေ refund စလစ်လေးတွေ ကို ပြန်ရင်ထုတ်ဖို့ အိတ်ကလေးနဲ့ သတ်သတ်စုထားတာ။

ဒီမနက်တော့ လေဆိပ်ရောက်တော့ လက်မှတ်ထုတ် baggage ကို ကီလိုချိန် ပြီးတော့ ကြွပါလေရော gst refund ထုတ်ဖို့နေရာကို သွားတာပေါ့။ ကျတော်တို့ ရောက်ချိန်မှာ ရှေ့မှာ ကိုအိန္ဒိယ သားနှစ်ယောက် ကထုတ်နေတာမို့ အနည်းငယ်စောင့်နေမိတယ်။ အလှည်ရောက်တော့ မမချောချော ရှိတဲ့ ကောင်တာကို ဝင်၊ စလစ်စာရွက် လေးတွေ ပေးမိတယ်။ မမချောချော က ပတ်စပို့စ် ဆိုတော့ ပေးလိုက်တာပေါ့။ မမချောချောခင်ဗျာ မျက်စိလည်သွားတယ်နဲ့တူတယ်။ စာအုပ်ကို သေသေချာချာကြည့်ပြီး ဘေးက ကိုယ်တော်ကြီးကို မေးလိုက်တယ်။ ကိုယ်တော်ကြီးက ရောက်လာပြီး သယ်ရင်းရဲ့ အိုင်စီကတ်ကို တောင်းပါတယ်။ သယ်ရင်းက ပေးလိုက်တော့ သူကစလုံးမှာ နေထိုင် အလုပ်လုပ်နေတဲ့သူတွေ gst ပြန်ထုပ်လို့ မရပါဘူးတဲ့။ ကျောင်းသားနဲ့ အလည်အပတ် သမားတွေသာ ထုတ်လို့ရပါတယ်။ နောက်ပြီး နှစ်လ ကျော်သွားရင်လဲ မရပါဘူးတဲ့။ ဟင်သွားပြီးပေါ့။ ပုလုကွေးတို့ တစ်သိုက် ဝေးပုံများပြောပါတယ်။
ဟီးဟီး ဒါနဲ့ စလစ်လေးတွေ ပြန်တောင်းတော့ မမချောချောက နေအုံးတဲ့ တုံးထုပေးမယ်ဆိုတော့ ကျတော်မျိုးက မလိုပါဘူးရပါတယ်လို့ ပြောတာပေါ့။ ပုလုကွေးစိတ်ထဲ အသိထဲက အလည်လာ ကျောင်းတက်ပြီး ပြန်မဲသူတွေ နဲ့ ထုတ်ခိုင်းမယ်ပေါ့။ ဟီးဟီး ။ စလုံးတွေများ ကိုယ်ထက်လည်တယ်။ တုံးထုပေးတာက စလစ်ကို နောက် တစ်ယောက်နဲ့ လက်လွဲပြောင်း (transfer) လုပ်လို့မရအောင် တုံးထုပေးတာပါတယ်။ အလာလား ….သေပြီပေါ့ကွယ် ရို….
...............................................................................................................................
GST ဆိုတာ Goods and Services Tax ကိုခေါ်တာပါ။ အသေးစိတ်ကို ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။ ပုလုကွေးလဲ အိမ်ရောက်မှ googling လုပ်မိတော့တယ်။

Monday, December 1, 2008

ကျတော် မုန်းသော မြို့


ငါ မနေချင်တဲ့ ငါမုန်းတဲ့ မြို့လေး အကြောင်းကို ငါအိမ်မက် မက်တယ်။အဲဒီမြို့လေးဟာ ဧရာဝတီမြစ် ကမ်းနဖူးမှာတည်ရှိတယ်။ အဲဒီမြို့လေး မှာ ငါ ၆နှစ်လောက် နေဖို့ အကြောင်းဖန်ဖူးပေမဲ ငါတကယ်နေတာ ၁နှစ်တောင် ပြည့်ရဲ့လား မသိဘူး။ အခုအဲဒီမြို့လေးကို ငါလွမ်းနေတယ်။


အဲ့ဒီမြို့လေးကို ငါရန်ကုန်ကနေလာရင် ချစ်စရာကောင်းတဲ့ ဧရာဝတီအလှကို ငါအရင်မြင်ရတယ်။ ငါရောက်တဲ့ အချိန်ဟာ များသောအားဖြင့် ညဘက်ဖြစ်ပေမဲ့ ငါကို ဧရာဝတီကို ဟာနှုတ်ဆက်တယ်။ ဧရာဝတီဟာ သူရဲ့ ချိုမြမြလေပြေတွေနဲ့ အဲ့ဒီမြို့မှာ ငါကို နေဖို့ စွဲဆောင်ပေမဲ့ ငါဟာ မီးခိုးများတဲ့ ရန်ကုန်ကနေ မထွက်ခွာ ချင်ခဲ့ဘူး။


ဧရာဝတီမြစ်ကြီးထဲမှာ ငါရေကူးဖူးတယ်။ ငါဧရာဝတီမြစ်ထဲမှာ ရေကူးဘောင်းဘီ ဖင်ကျပ်လေးနဲ့ ငါကူးတော့ အဲဒီမြို့က လူတွေ ငါကို စူးစမ်းတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ ငါတို့ တခါတလေ ဧရာဝတီကမ်နဖူးပေါ်က ဧရာရဲ့ လှိုင်းတွေကို စီးနေတဲ့ စားသောက်ဆိုင် မှာထမင်းစားရင်း ဧရာဝတီကို ဘီယာနဲ့ မြည်းခဲဘူးတယ်။ ဒဲ့ဒီညမှာ ဧရာဝတီ ဟာ ပျော်မြူးနေတယ်။ တခါတလေ ငါဟာ ဧရာဝတီရဲ့ ရင်ခွင်ကို ဖြတ်ပြီး ကိုဖက်ဒီဘက်ကမ်းကို ဆိုင်ကမ်းလျှောက် မောင်းဖူးတယ်။ ဧရာဝတီရဲ့ လေပြေဟာ ငါကိုကျီစယ်လို့ပေါ့။



အဲဒီမြို့လေးဟာ ငါကြိုက်တက်တဲ့ အစားစာတွေနဲ့ ငါကို ဆွဲဆောင် ဖြားယောင်းလေ့ရှိတယ်။ သူတို့ရဲ့ သင်္ကေတလို့ ဆိုနိုင်တဲ့ စားစရာတစ်ခုဟာ ငါရဲ့မနက်စာ အဖြစ် ငါနေတဲ့ရက်အတွင်းမှာ ခုန်ပေါက် ရောက်ရှိလာလေ့ရှိတယ်။ လက်ဖက်ရေ. ကော်ဖီမကြိုက်တဲ့ ငါ့အတွက် မုန်းဟင်းခါးအစားထိုး မနက်စာတစ်ခု ကို ငါမက်မက်သက်သက်စားခဲ့တယ်။ တချို့ညတွေမှာ ငါဟာ ဗိုလ်ချုပ်ကို အလေးပြုရင်း ဘီယာစုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကတော့ ဘီယာစုပ်နေတဲ့ ငါတို့ကို မြင်းကြီးပေါ်ကနေ ကြည့်ရင်း သတိပေးနေသလိုပဲ။



နောက်ဲဒီဒေသထွက် ယိုမျိုးစုံဟာလည်း နာမည်ကြီးသား။ အေးချမ်းတဲ့ညတွေမှာ ငါတခုတ်တရစားလေ့ရှိတာကတော့ ပြောင်းဖူးမီဖုတ်ပဲ။ သူတို့ဒေသထွက် ပြောင်းဖူးဟာ ချိုမြိန်လှတာမို့ ငါမက်မက်မောမော စားလေ့ရှိတယ်။



အဲ့ဒီမြို့လေးဟာ အညာမဟုတ်ပေမဲ့ အညာဆန်တယ်။ စကားအပြောအဆို အနေအထိုင်တချို့ဟာ အညာရောက်နေသလိုပါပဲ။ သူတို့မြို့လေးနဲ့ ငါတို့အပြောအဆို ကွာခြားချက်တစ်ချို့ကို ငါမှတ်မိနေသား။ ဘာတဲ့“ ဟုတ်လောက်တယ်” ဆိုတဲ့ အသုံးအနှုန်း..ဟုတ်လောက်တယ်ဆိုတာ တကယ်တော့ ငါတို့ အနေနဲ့ ဖြစ်လောက်တယ် ဖြစ်နိုင်ခြေ ရှိတယ်လို့ သုံးပေမဲ့ သူတို့က မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးတယ်။



အဲ့ဒီမြို့လေးက လူတွေဟာ ငါတို့လိုကောင်တွေကို အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ တစ်ခါတလေ ကြည့်တက်တယ်။ ငါတို့ကို လေးစားတက်သလို ငါတို့ဆိုရင် အဲဒီမြို့လေးမှာ အစစအရာရာ ပွဲပြီးသလောက်ပါပဲ။ ဥပမာတစ်ခုအနေနဲပေါ့ ဘဏ်အခက်အခဲတွေ ဖြစ်တုန်းကပေါ့ အဲ့ဒီမြို့လေးမှာ ဘယ်သူ့ကို မှ ပိုက်ပိုက်မထုတ်ပေးချိန်မှာ ငါတို့ ဟာ ငါ့တို့ရဲ့ အမှတ်တဆိပ်ကတ်လေးတွေနဲ့ အိမ်ကပို့တဲ့ ပိုက်ပိုက်၊ စုထားတဲ့ ပိုက်ပိုက်တွေကို သွားထုပ်နိုင်ခဲ့ကြတယ်။


ဧရာဝတီရဲ့ကျေးဇူးကြောင့် အဲ့ဒီမြို့လေးရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ အသီးအနှံဖြစ်ထွန်းအောင်မြင်တယ်။ မြို့လေးရဲ့အထွက်မှာ သစ်သီး အနှံ တွေကို ရန်ကုန်တင်ပို့တဲ့ ကုန်စည်ဒိုင်လေးတွေရှိတယ်။ သြဇာသီးချိန်ဆို ငါဟာ လည်ချောင်းတွေနာလာတဲ့ အထိ သြဇာသီးတွေ တစ်ဝ တပြဲစားခဲတယ်။
အဲ့ဒီမြို့လေးမှာ မနေချင်တဲ့ ငါဟာ သူများတွေထက် ၂နှစ်ပိုနေခဲ့ရတယ်။ သူများတွေ ၄နှစ်လောက်နေတာကို ငါဟာ ၆နှစ်လောက်နေဖို့ အကြောင်းဖန်လာတယ်။


အဲဒီမြို့လေးကို ငါနောက်ဆုံးနှုတ်ဆက်ခဲ့တာ ၂၀၀၆လောက်ကပေါ့။ ပါးပါးမားမားတို့လာကြိုတဲ့ ကားလေးနဲ့ ငါဟာ အဲဒီမြို့တခွင်ကို သွားရင်း နှုတ်ဆက် ခဲတယ်။ နောက်ဆုံးအနေနဲ့ အဲ့ဒီမြို့ရဲ့ မြို့နယ်မှုး(ပါးပါးရဲ့လုပ်ဖော်ကိုင်ဖက်လဲဖြစ်၊ မာမီတပည့်လဲဖြစ်၊ ငါနဲ့ ဇာတိတူလဲဖြစ်သူ…) ကဧည့်ခံကျွေးမွေးတဲ့ နေလည်စာကို တောာင်ဘက်ကြယ် စားသောက်ဆိုင်မှာ စားသောက်ရင်း ငါဟာဧရာဝတီရဲ့ အလှကို နောက်ဆုံးခံစားခဲ့တယ်။


အခုချိန်မှာတော့ ငါမနေချင်တဲ့ ငါမုန်းတဲ့ မြို့လေး ငါလွမ်းနေတယ်။ မြို့လေးရေ လွမ်းတယ်ကွာ…။
………….......................................................................................................................
ဒီပို့စ်လေးမှာ ကျတော်သုံးထားတဲ့ “ငါ” “ငါတို့” ဆိုတဲ့ အသုံးအနှုန်းလေး ဟာ အနည်းငယ် ရိုင်းတာ မို့ ခွင့်လွှတ်ပေးပါ။ “ငါတို့” ဆိုတာ သမုဒ္ဒရာကြီး ဖြစ်ရင် “ငါ”ဆိုတာဟာ သမုဒ္ဒရာထဲက ရေတစ်ပေါက်မျှသာ ဖြစ်ပါတယ်။ ဒီပို့စ်လေးဟာ ကျတော့ မန်မိုရီစတစ်ထဲမှာ ခိုအောင်းနေတာ ဒီညနဲ့ဆို ၉ရက်မြောက်ပြီပေါ့။ ဒီပို့စ်လေးဟာ ကျတော် အိမ်မက်က လန့်နိုးပြီး ထရေးထားတဲ့ ကျတော့ရင်တွင်းဖြစ် စစ်စစ်လေးပါ။ တခြား သောသူများထံမှ မှီငြမ်းထားခြင်း လုံးဝ လုံးဝ မရှိပါကြောင်း အာမခံပါသည်။ ဓါတ်ပုံလေးကတော့ ကျတောအဖွဲ့တွေ အာလုံးယူနေကြ +x-xx တို့ ရိုက်ထားတဲ့ ပုံလေးတွေထဲက တစ်ခုပါ။