Monday, January 11, 2010

အခုတလော အိုင် အိုင် ...

အခုတလော အကြည်ဓါတ်တွေ ပျောက်နေလို့ စာမရေး ဖြစ်ဘူး။ သူများတွေလိုလဲ စာကောင်းပေမွန်တွေ မရေးနိုင်တော့ အားငယ်သဗျ။ စာတွေလဲ သိပ်မဖတ် ဖြစ်ဘူး။

အခုတလော အားရင်ဘာလုပ်နေလဲဆိုတော့ တစ်ချိန်လုံး အိုင်အိုင်နေတယ်။ ရှာလို့ ရသမျှ အိုင်ဖုန်းရဲ့ ဆော့ဝဲလ်တွေ ဂိမ်းတွေကို လိုက်ရှာနေမိတယ်။ အဲဒါတွေဒေါင်းဖို့ hotfile ပရီမီယံ အကောင့်တစ်ခု ဝယ်လိုက်မိတယ်။ တခြား hosting တွေကတင်ရင်လည်း ဒေါင်းလို့ ရသမျှ နည်းလမ်းပေါင်းစုံ သုံးပြီးဒေါင်းတယ်။

အခုလောလောဆယ်တော့ ဂိမ်းနဲ့ ဆော့ဝဲလ် ပေါင်း အခု ၁၀၀၀ နီးပါး ဒေါင်းပီးသွားပြီး(အားလုံး ဖူးဗားရှင်းပါ) ။ လိုချင်ရင် လက်တို့ပါ။ ဒါပေမဲ့ သင့်ဖုန်းဟာ Jailbroken ဖြစ်ပီးသား ဖြစ်ရပါမယ်။ jailbreak လုပ်လို့ ဖုန်းကို ဘာမှ မထိခိုက်ဘူး။ ဘာမှ မဖြစ်သွားဘူး။ တစ်ခုခုဖြစ်မှာ ကြောက်လို့ဆိုရင်တော့ Apple က မဝရေစာကျွေးတဲ့ free application တွေနဲ့သာ ပျော်ရွှင်နေပါလေ။ ပိုက်ပိုက် တတ်နိုင်ရင်တော့ ဝယ်ပေါ့ဗျ။ ပုလုကတော့ မချမ်းသာလို့ မဝယ်နိုင်ဘူး။ အခုလို သူများခရတ်ပီးသားကို ခိုးသုံးလို့ သီလပျက်မယ်ဆို ရင်လည်းမတက်နိုင်ဘူး။ မြန်မာနိုင်ငံတုန်းက သုံးခဲ့တဲ့ ဝင်းဒိုးတွေ ဆော့ဝဲလ်တွေဟာ ဘာတွေလဲဆိုတာကို တစ်ချက်ပြန်ငဲ့ ကြည့်လိုက်ပါအုံး။ အခုကော မသုံးဘူးလား။ ပုလုကွေးကတော့ ပျော်ပျော်ကြီးကို ဒေါင်းသုံးတယ်။

ဒါနဲ့ သယ်ရင်း တစ်ယောက်ရဲ့ samsung jet ဖုန်းအတွက် ဂိမ်းတစ်ချို့ စုစုပေါင်း ၁၅၃ ဂိမ်း ဒေါင်းထားတယ်။ အားလုံး အလုပ်လုပ်လား မလုပ်လား မစမ်းရသေးဘူး။ samsung touch ဖုန်းတွေတိုင်းမှာ အလုပ်လုပ်တယ်ပြောတာပဲဗျ။

အခုတလော ကိုယ်ဟာကိုယ် တစ်ချိန်လုံး အိုင် အိုင် ပဲ ဖြစ်နေတော့ တစ်ခုကို သွားသတိရမိတယ်။ တစ်ခါတုန်းကပေါ့ ---
မူကြိုကျောင်းသား သားဖြစ်သူကို အမေက အင်္ဂလိပ်စာ စစ်ပါတယ်။ အေ ဘီ စီ ဒီ အစအဆုံး ဆိုခိုင်းတာပါ။ သားတော်မောင် မောင်ကျောင်းသားကလည်း အေ ဘီ စီ ဒီ ကို ဖြူးနေအောင် တောက်လျှောက်ဆိုလာတယ်ဗျ။ အဲ ဘယ်နားမှာ သွားထစ်သလဲ ဆိုတော့ G ၊ H ပီးတော့ ဆက်မတက်တော့ဘူး။ G H နဲ့ တဝဲလည်လည် ဖြစ်နေသဗျ။ အမေလုပ်သူ ဆရာမကလည်း ရိုက်ချက်က ပြင်းသလားမမေးနဲ့။ ကြိမ်လုံးကို မိုးထားပီးပီ။ မကြာခင် အမေလုပ်သူက ဗြင်းစကင်းတော့မယ်။ ဒါကို ဘေးက အဒေါ်လုပ်သူက သိနေပီ။ သူ့တူတော်မောင် အတီးခံရတော့မှာ မကြည့်ရက်ဘူး။ ဒါနဲ့ "သား ရေ ခွေးတွေကို ခဲနဲ့ ပြစ်တာတို့ ရိုက်တာတို့ လုပ်လိုက်ရင် ဘယ်လို အော်သလဲ" လို့မေးလိုက်တော့မှပဲ မောင်ကျောင်းသားက "အိုင် အိုင် ” လိုအော်တယ် လို့ ဖြေပီးမှ ပဲ အေ ဘီ စီ ဒီ ကို ဆက်ဆိုနိုင်တော့သဗျနော်။။။။။