Monday, April 28, 2008

sharing site

ကျတော် အခုအကြိုက်တွေ့ မိတဲ့ sharing website လေးတစ်ခုကတော့ 4shared.com ပါပဲ။ တော်တော်လေးကောင်းတယ်။ ဖိုင်တွေကို upload download လုပ်နိုင်တယ်။ security လည်းကောင်းတယ်။ ပီစီဝေါလ် rating 93 superior ရထားတယ်။ ဖိုင်တွေကို ဒေါင်းလုပ် လုပ်၇တာလည်း rapid share လိုလည်း မကြာ ဖူး။ ခဏလေးပဲစောင့် ရတယ်။ ဒေါင်းလုပ်လုပ် ရတာလည်းမြန်တယ်။ ရှာနိုင်ရင် ရှာနိုင်သလို စာအုပ်တွေ။ ဒေတာ တွေရနိုင်တယ်။ စိတ်ဝင် စားရင်သွားကြည်ပါ။

Wednesday, April 23, 2008

ရွှေစစ် မစစ်

ရွှေစစ် မစစ် ကို ဘယ်လိုစမ်းမလဲ။ ငရဲ မီးနဲ့တော့ မစမ်းနဲ့နော်။ ထွက်ပြေးသွားမယ်။
ဟိုတနေ့က city hall ကအပြန်သူငယ်ချင်းနဲ့ နေရာ မရတာနဲ့ mrt တီ တွဲ ၂တွဲကြား နေရာလေးမှာ ကျတော်တို့ ၂ ယောက် မှီပြီထိုင်လာခဲ့တယ်။ ခဏနေတော့ ကျတော့ receiver က ဒေတာတွေလက်ခံရရှိ လိုက်တယ်။ ဟဲဟဲ -- ကျတော့ ရှေက ကောင်မလေးက ချောသားဗျ။ ဒါနဲ့ ကျတော့ ဘော်ဘော်ကို ဟေကောင် ရွှေလေးလားမသိဘူးကွလို့ ကျတော်က ပြောတော့ ဘယ်လို့လုပ်သိမလဲကွ။ ၀တ်ထားတာတော့ စလုံးမ စတိုင်ပဲတဲ့။ ဟုတ်တယ်ဗျ။ ၀တ်ထားတာက စလုံးမလေးတွေလို့ စကပ်တိုတိုလေး။ မျက်နှာကို ကြည့်တော့ ရွှေဖြစ်ဖို့ ၅၀ရာနှုန်း ကြိမ်းသေတယ်။ ကျတော်တို့ ရွှေတွေရဲ့ မျက်နှာ က မလေး။စလုံး။ ဖထုပ်တို့လိုမဟုတ်ဘူးဗျ။ သတိထားကြည့်၇င် သိသာတယ်။
ကျတော်စုံစမ်းရေးထပ်လုပ်ရတာပေါ။ နားကပ်ကို ကြည်တယ်ဗျ။ နားကပ်ပန်မထားဘူးဗျ။ ရွှေတွေဝတ်တဲ့ နားကပ်နဲ့ ကျန်တဲနားကပ်တွေ မတူဘူး။
နောက်ထပ် စုံစမ်းရေးလုပ်ရတာပေါ့။ ကျတော်ကြည်တာ များလို့လား မသိဘူး။ ကောင်မလေးက အရင်ကျတော်တို့ နဲမျက်နှာချင်ဆိုင်။ နောက်တော့ ပို့ပြောင်းသွားတယ်ဗျ.။
ရွှေစစ်မစ် ထပ်စစ်ဖို့ နောက်ထပ်အချက်တွေ ကျတော်စဉ်းစားရင် ---နဲ့
သိပါပြီ-- တွေလည်းတွေ့ပါပြီ
အဆောင်လက်ပတ်ကွင်းကြိုးလေးဗျ--
Toa payah ဘုန်းကြီးကျောင်း က ပေးတဲ့ လက်ပတ်ကြိုး အဆောင်လေးဗျ
ရွှေတော်တော်များများ ၀တ်ကြတယ်။ သူလေးရဲ့ လက်မှာ ပတ်ထားတယ်ဗျ။။ဟီးဟီ..၀င်ရောအုံးမှ
-
-
ဒါပေမဲ့ဗျာ ကျတော်ကံမကောင်ဘူး။ သူကလေး clementi station မှာ ဆင်းသွားတယ်ဗျ။ ဒါလဲပဲ ရွှေဖြစ်ကြောင်းသက်သေခံသွားတာဗျ။ ရွှေအများစုက အဲဒီမှာနေတယ်။
ဒါပေမဲ့ အဲဒီနေ့က ကျတော်ကံမကောင်းဘူဗျာ။။။။

Sunday, April 20, 2008

T-square ယိမ်း

သင်္ကြန် အကျနေ့က ကျင်းပတဲ့ RIT Alumni Singapore ရဲ့သင်္ကြန်ပွဲတော်မှာ တင်ဆက်တဲ့ T-square ယိမ်းပါ။ ကျတော့ သူငယ်ချင်း ကင်မရာလေးနဲ့ ရိုက်ထားတာပါ။ ဒီယိမ်းရဲ့ ဒါရိုက်တာကတော့ အောင်ဗိုလ်မြင့်ပါ။ t-square ရဲ့ အသုံးဝင်ပုံတွေုကို တင်ဆက်သွားတာပါ။ ကျတော်တို့ကျောင်းရဲ့ အချော အလှလေးတွေကို တွေ့မြင်ရမှာပါ။

မှတ်ချက်။ T square ဆိုတာ ကျတော်တို့ အင်ဂျင်နီယာတွေ ပုံဆွဲတဲ့ အခါသုံးတဲ့ ပေတံလို ပစ္စည်းတစ်ခုပါ။
youtube ကြည့်လို့မရရင်တော့ ဒီနေရာမှာ mpeg ဖိုင်ကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Thursday, April 17, 2008

No vote လား Vote No



အခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖို့အတွက် ဆန္ဒခံယူပွဲကို စကာင်္ပူမှာ ဧပြီလ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ ရက်နေ့မှာ ကျင်းပသွားပါမယ်။ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်း မြန်မာနိုင်ငံသား ဖြစ်ကြောင်းအထောက်အထား ပြပြီး လာရောက်မဲပေး နိုင်တယ်လို ကြေငြာထားပါတယ်။ ကဲခင်ဗျားကော YES လား၊ NO လား၊ NO VOTE လား။ ဒါကတော့ ခင်ဗျား ရဲ့ ခံယူချက်ပါ။ ကျတော်တို့ အိမ်မှာတော့ ဒီအကြောင်းနဲ့ ပက်သက်ပြီး တော်တော် အငြင်းအခုန်ဖြစ် ကြတယ်ဗျ။

Wednesday, April 16, 2008

မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ

Saturday, April 12, 2008

သင်္ကြန် နဲကျတော်


ကျတော် က သူများတွေလို သင်္ကြန်မှာ ထူးထူးခြားခြားပျော်လေ့ မရှိဘူး။ ရွဲ့တာမဟုတ်ပါဘူး။ တကယ်ပါ။ ပြောမယ်ဆိုရင် သင်္ကြန်ပတ်ဝန်းကျင်ဟာ ကျတော် အတွက်တော့ ကံကောင်းလေ့ မရှိဘူး။ သူများတွေ ပျော်တာကို ကြည်နေရတာပဲ ကျေနပ်တယ်။ သူများလိုလဲ အရက်မသောက်တက်တော့(ချွင်းချက် - ဘီယာမပါ) မူးပြီးလဲ မပျော်တက်ဖူး။ သင်္ကြန်ရေ စိုအောင်တော့ တရက်လောက်ပဲ သူငယ်ချင်းတွေနဲ ရေပတ်ခံထွက်တယ်။
နောက်ပြီး ကျတော် ပိတောက်ပန်းကို လည်း မနှစ်သက်ဘူး။(မုန်းတာ မဟုတ်ဘူးနော်) ။ ဒါပေမဲ ပိတောက်ပန်းကြွေတွေ နဲ့ခင်းထားတဲ့ လမ်းကိုလျှောက်ရတာ ဖီးတစ်မျိုးပဲ။ သင်္ကြန်သီချင်းလေးတွေ ကို တော်တော်များများ ကြိုက်တယ်။ သီချင်းလေးဖွင့် ပြီး သူများတွေပျော်နေတာကို ဘီယာလေးစုပ်ပြီး ထိုင်ကြည်နေချင်တယ်။ ဒါပေမဲ ကျတော့ အိမ်မှာက အဲဒါတွေသောက်ခွင့်မရှိဘူး။ ကျတော် ဘီယာသောက်တာ အီမ်ကမသိဘူး။ သူငယ်ချင်းအိမ်မှာ သောက်ရတာပေါ့။
အားလုံးသင်္ကြန်မှာ အန္တရာယ်ကင်းကင်း ပျော်ရွှင်နိုင်ပါစေ။။
မှတ်ချက်။။ အောက်က ပုံလေးတွေကို sandarlamin.multiply.com
နဲ့ ဘလော့တွေထဲမှ ရယူထားပါတယ်။

Saturday, April 5, 2008

န၀ရူပ နဲ့ ပဉ္စရူပ

ကျတော် ကိုညီလင်းဆက် ဘလော့ကို ဖက်တော့ ပဉ္စရူပ အကြောင်းကိုဖက်ရပါတယ်။ ပဉ္စရူပအကြောင်း ကိုလည်း သူငယ်ချင်းတွေကို ပြောပြတာပေါ့။ ဒါလေးဟာ ကျတော်တို့ရဲ့ မြန်မာမှုစစ်စစ် ဆိုတာကို ကျတော်သူတို့ကို ပြောပြတာပါ။ Toa payah ဘုန်းကြီးကျောင်းသွားတော့ လည်း ကျတော်က သူတို့ကို ပဉ္စရူပ ကို တွေ့တာနဲ့ ပြလိုက်ပါတယ်။



ဟိုတလောက ကျတော် ရခိုင်သီချင်းတွေ နားထောင်ချင်လို့ youtube ကနေ ဒေါင်းလုပ်ဆွဲ နားထောင်နေရင်း နဲ့ ရခိုင် တို့ရဲလက်ကောင် ဗျာလ ခေါ် န၀ရူပ အကြောင်းကိုသိရပါတယ်။ ကျတော် အရင်က ဒီအကောင်အကြောင်းကို လုံးဝ မသိပါဘူး။ ကျတော့ ပါပါး ကလည်းကျတော့ ကို မပြောပြဖူးတော့ ရခိုင်ဗမာ ကပြားလေး ကျတော် မသိတာ မဆန်းပါဘူးနော်။




န၀ရူပ ခေါ်ဗျာလ ဟာ သတ္တ၀ါ ၉ကောင်ကို အခြေခံပြီ တွင်းထုထားတာဖြစ်ပါတယ်။ သူကို လောကီ ရေးရာ အောင်မြင်မှု အဆောင်လက်ဖွဲ့ အနေနဲသုံးပါတယ်။ စေတီ၊ ပုထိုး၊လှိုဏ်ဂူ အစမြို့ရိုးတွေမှာပါ အဆောင်အနေ နဲ့သုံးခဲ့ကြပါတယ်။ ဘေးအပေါင်း၊ ရန်အပေါင်းမှ ကာကွယ်ကာ လာဘ်လာဘ ပေါကြွယ်ဝ စေ တယ်လို့ ယုံကြည်ပါတယ်။ ပါဝင်တဲ့ သတ္တ၀ါတွေက တော့ ခြူး-မြင်း-ကျား-ဆင်-စာမရီ-ကြံ-သမင်-ခြင်္သေ့-ကြက်တူရွေး တိုကိုသုံးထားပါတယ်။
ခြင်္သေ့ ရဲ့ လည်ဆံမွှေး၊ ဦးခေါင်း နဲ့ ခြေလက်
နှာမောင်းမှာ ဆင်
သမင် ရဲ့ မျက်စိ
မြင်း ရဲ့ နားရွက်
ကြက်တူရွေး ရဲ့ လျှာ
စာမရီ ရဲ့ ပုဒုံး(အမြီး)
ကျားရဲ့ ပါးစပ်
ကိုယ်ထည်မှာ ခြူး
ဦးဂျို မှာ ကြံ တို့ဖြစ်ပါတယ်။




ကျတော့ စိတ်ထဲတွေးနေ မိတာက မြန်မာတွေ ရဲ့ ပဉ္စ ရူပနဲ့ ကျတော်တို့ ရခိုင်တွေရဲ့ န၀ရူပ ဘယ်သူက အရင်လဲ။ ဘယ်သူဆီက နေ ဘယ်သူ့ဆီကို ကူးစက်လာတာလဲ။ ရောက်ရှိလာတာလဲ ဆိုတာကိုပါ။ ဒါနဲ့ ဆက်စပ်ပြီး မြန်မာအက္ခရာ ဟာ ဘယ်ကနေ ရောက်ရှိကူးပြောင်းလာသလဲဆိုတာတွေကိုပါ။။။