Thursday, December 20, 2007

Sai Sai Song

စိုင်းစိုင်းခမ်းလှိုင် အင်္ဂလိပ်လိုဆိုထားတဲ့ သီချင်းပါ။ ကျတော့ သူငယ်ချင်းတစ်ယောက် ကပေးတာပါ။ သူဘယ်က ရှာဖွေထားလဲမသိပါ။ စိုင်းစိုင်း crazy တွေကူးနိုင်အောင်တင် ပေးထားပါတယ်။ မူရင်း first lady ရဲ့ baby I love u လား။ Never baby replace လား ကျတော်မသိပါ။ စိုင်းစိုင်း က featuring လုပ်ထားတာပါ။ အားလုံးယူနိုင်ပါတယ်။ ဆိုင်သူတွေက ဖြုတ်ခိုင်းရင်တော့ ဖျက်ပေးပါမယ်။ download ယူရန်
Technorati Tags: rel="tag">myanmar mp3, rel="tag">Myanmar mp3

Tuesday, December 11, 2007

Phyuu Saya Taw ta Ya

ပဲခူးမြို့ သာမဏေကျော်စာသင်တိုက် မှာ ဖြူးဆရာတော် ဘဒ္ဒန္တ နရပတိ ဟောကြားတော်မူသော သရဏဂုံရှင်းတမ်းတရားတော်ပါ။ ကထိန်အထူးတရားပွဲပါ။ ကျတော်ချုံ့ထားပါတယ်။ download ချပြီးနားယူနိုင်ပါတယ်။ ကျတော်ဒီအခွေထွက် တယ်ဆိုတာ ကြားကတည်းကရှာနေတာပါ။ သူငယ်ချင်းတစ်ယောက်က ရှာပေးတာပါ။
အခွေကူးပေးတဲ့ ရှာဖွေပေးတဲ့ ကို ကျေးဇူးတင်ပါတယ်။
ပဲခူးမြို့ သာမဏေကျော်စာသင်တိုက် မှာ ဖြူးဆရာတော် ဘဒ္ဒန္တ နရပတိ ဟောကြားတော်မူသော သရဏဂုံရှင်းတမ်းတရားတော်ပါ။ ကထိန်အထူးတရားပွဲပါ။ ကျတော်ချုံ့ထားပါတယ်။ download ချပြီးနားယူနိုင်ပါတယ်။ ကျတော်ဒီအခွေထွက် တယ်ဆိုတာ ကြားကတည်းကရှာနေတာပါ။ သူငယ်ချင်းတစ်ယောက်က ရှာပေးတာပါ။ ကူးလို့ရပါပြီ။ ကျတော့ ညံဖျင်းမှုကြောင့်ပါ။ အခုနာယူနိုင်ပါပြီ

ပထမ တပိုင်း ကူရန်
ဒုတိယပိုင်းကူးရန် 1
ဒုတိယပိုင် ၂ ကူး၇န်
ဒုတိယပိုင် 3 ကူး၇န်
Technorati Tags: rel="tag">dhamma tayataw, rel="tag"> dhamma tayataw

မြင်မှ မီး

သူငယ်ချင်းတယောက်ပြောတဲ့ စကားလေးပါ။ အဲဒီနေကမီး မလာဘူး။ သူကပြောတယ်။ မြန်မာ့ မီး မဟုတ်ဘူးတဲ။ မြင်မှ မီးတဲ။ မြင်မှ မီးရထားတဲ့။ မြင်မှပဲ မီးလာတယ်။ မြင်မှပဲ ရထားလာတယ်လို့သတ်မှတ်ရမှာပေါနော်။။။

Monday, December 10, 2007

DSA, DSTA ကျောင်းဆင်းပွဲ

ဒီဇင်ဘာလရောက်ရင် ကျတော်တို့ဆီမှာ ပြင်ဦးလွင်မှာ ပန်းပွဲတော်နှင့် အတူ DSA, DSTA ကျောင်းဆင်းပွဲ ရှိတာအားလုံးသိမယ်ထင်ပါတယ်။ အရင်နှစ်တွေက ကျောင်းဆင်းပွဲကို နိုင်ငံတော်အကြီးအကဲ ဆိုတဲ့သူနဲ့အတူ သူရဲ့သားမြေးတီတွတ်ကျွတ်ဗြွတ် အကုန် ပြင်ဦးလွင်ကို အကုန် အေးဓါးမြတိုက်ဖို့(မှားလို့ shopping ထွက်ဖို့။ အပျော်ခရီထွက်) လာလေ့ရှိပါတယ်။ ကြားရတဲ့သီးတင်းကတော့ ဒီနှစ်မှာ ဘွားတော်ကြီးလည်းမလာနိုင်။ သားသမီး ၅ ယောက်မှာ ၂ယောက်ပဲ ပါလာမယ်လို့သတင်းရပါတယ်။ ဒီသတင်းကြားရင်တော့ ပြင်ဦးလွင်က ဆိုင်တွေတော်တော်စိတ်ညစ်မှာ ကျိမ်းသေတယ်။ဘာဖြစ်လို့လဲ ဆိုတော့ သူတို့လာရင် shopping ထွက်တယ်ဆို ပြီး တွေသမျှဆိုင်ဝင်ကာ တွေသမျှပစ္စည်းဆွဲယူတော့ ပါတယ်(သူတို့ ၀ယ်တာမဟုတ်ဘူးနော် တိုင်းက ပ်ုက်ဆံလိုက်ရှင်းရတာ) ။သမီး ၂ယောက် ပဲဆိုတော့ တော်တော်နည်းသွားတာပေါ့။
DSA ကျောင်းဆင်းပြီးရင်း ပုဂံ ဘုရားဖူးသွားမှာပါ။ နောက်တစ်ပတ်ကြာရင် DSTA ကျောင်ဆင်းပွဲပါ။

Wednesday, December 5, 2007

ကျတော့ တီချယ်

အခုလို ရာသီအကူးအပြောင်းမှာ ကျတော်လည်းအများနည်းတူ နေလို့ထိုင်လို့မကောင်းဘူး။ ကျတော်ဖြစ်တက်တာက လည်ချောင်းနာတက်တာပဲ။ ရေခဲရေတို့၊ အအေးတို့ သိပ်မသောက်လို့ မရဘူး။ သောက်လိုက်တာနဲ့ လည်ချောင်းနာကော။ ကျတော်က ကော်ဖီမစ်၊ တီမစ်၊ လက်ဖက်ရည်၊ကော်ဖီ လုံးဝမသောက်။ အအေးပဲကြိုက်တယ်။ လည်ချောင်းနာနဲ အအေး အမြဲဒွန်တွဲနေတော့ strepsils အမြဲလိုလိုဆောင်ထားကတယ်။
ကျတော် လည်ချောင်းနာရင် ကျတော့ ၉တန်း။ ၁၀ တန်းတုန်းက တီချယ်ကို သတိရတယ်။ တီချယ်နာမည်က ဒေါ်မြမာလာတဲ့။ အထက (၃) ပဲခူး (B.E.H.S (3) ,BAGO)ကပါ။ဒါပေမဲ့ ကျတော်တို့ကတော ချယ်ကြီး လို့ပဲခေါ်တယ်။ ကျတော် အခုလို လည်ချောင်းနာရင် vitamin c ပါတာစားဖို့ အမြဲပြောတယ်။
ကျတော်အခုလို computer ကိုဝါသနာပါတာလည်း တီချယ်ကြီးကျေးဇူးတွေ ပါတယ်။ ကျတော်မှတ်မိတာက ကျတော် ၉တန်း တုန်းက တီချယ်ကြီးက physics သင်တယ်။ စာသင်ရင် စာရွက်လေးတွေကို ကွန်ပျူတာစာစီပြီးသင်တယ်။(သူကိုယ်တိုင် အဲဒီကတဲက ကွန်ပျူတာကျွမ်းနေပြီဗျ) တနေ့ ချယ်ကြီးက ဒီစာရွက်မှာ စာလုံးဒီဇိုင်(font) ဘယ်နှမျိုးပါလဲတဲ့။ ကျတော်လည်း သိသလောက်ပြောတာပေါ့။ တီချယ်ကြီက စာသင်ကောင်းရုံမဟုတ်ဘူးဗျ။ အချိန်ကို timing ကိုက်အောင်လုပ်တက်အောင် လည်းသင်းပေးတယ်။ ကျတော်တို့ကို စာတစ်ပုဒ်ရေးခိုင်းရင် ၅မိနစ်ကြာရင် နောက်တစ်ခါ ၄မိနစ်။ ၃မိနစ် နဲ့ပြီအောင်မောင်းတယ်ဗျာ။ ကျေဇူးတင်ပါတယ်တီချယ်။ နောက်မှဆက်ရေးတော့မယ်ဗျာ။

Thursday, November 29, 2007

မီးမလာရင် ကျတော်တို့ဘာလုပ်မလဲ

မိုးကုန်တာနဲ့ မီးကတော့အားလုံးသိတဲ့ အတိုင်းပျက်လိုက် လာလိုက်ပါပဲ။ကျတော်ရဲ့ အချိန်တော်တော်များများဟာ ကွန်ပျူတာရှေ့မှာ ကုန်ဆုံးလေ့ရှိတော့ အခုလိုအချိန်မှာ ဘာလုပ်ရမလဲ။ အခုလောလောဆယ် ကျတော် ဆရာမောင်သာနိုးရေးတဲ့ စာအုပ်တစ်အုပ်ဖတ်နေပါတယ်။ ကျတော့အစီအစဉ်ကတော့ မီးမလာရင် စာအုပ်ဖတ်။ အနားယူ။ အင်တာနက်ဆိုင်သွား။ မီးလာတော့ကွန်ပျူတာသုံး အစဉ်ပြေနေမှာပါ။
ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်က ကြည့်ရင် ကျေးဇူးတင်ဖို့တောင်ကောင်းသေးတယ် (MEPE) ကိုပါ။( ps. ကျတော်ဟာ ကွန်ပျူတာကို လေ့လာဆဲ တစ်ယောက်ပါ/ ဘာမှကောင်းကောင်းမတက်သေးပါဘူး)

သင်ရိုးသစ်တဲ့လား

တနေ့က သတင်းထဲမှာ အခြေခံပညာ အထက်တန်းသင်ရိုးတွေ ဆက်ပြီးအဆင့် မြှင့်အုံးမယ်တဲ့။ ကျတော်သိသလောက် ကျတော်တို ၁၀တန်းတုန်းက တစ်ခါ (1998က) ။ နောက်တခါက 2001 လို့ထင်ပါတယ်။ အခုတခါ 2008-2009 ပညာသင်နှစ်က စမှာပါ။ သင်ရိုးသစ် တွေပြောင်းလဲ ဘာမှမထူးလာပါဘူး။ အဲ့ဒီလိုပြောင်းတော့ကော ကျတော်တို့ နိုင်ငံတကာ အဆင့်မီလာသလား။ ပိုနိပ်ကျလာသလားလို့ပါ။ ဘာကြောင့်လဲ။
ကျတော့အထင် သင်နည်းစနစ်ပါ။ သင်နည်းစနစ်မပြောင်းသ၍ တိုးတက်လာဖို့ မရှိပါဘူး။ သင်နည်းစနစ်တွေကိုလည်း စမ်းတော့စမ်းနေကြတာပါပဲ။ ဥပမာတစ်ခုအနေနဲ့ ကျတော်တို့ အင်္ဂလိပ်စာကို သူငယ်တန်းထဲကနေ သင်လာတာ ၁၀တန်းအောင် တစ်ယောက်ဆို ၁၁ နှစ်တိတိပါ။ အဲဒီ ၁၀တန်းအောင်တစ်ယောက် ဟာ အင်္ဂလိပ်စကားကော ကောင်းကောင်းပြောတက်လား။ မပြောတက်ပါဘူး။ ကောင်းကောင်း ရေးတက်လား ဆိုတော့လည်း နိုးပါပဲ။
ကိုရီးယားတွေဟာ အင်္ဂလိပ်စာကို ရ တန်းရောက်မှသင်ရတာပါ။ ဒါပေမဲ့ ကျတော်တို့ထက် ပြောတက်ရေးတက်ပါတယ်။ ဘာတွေမှားနေလဲဆိုတာ စဉ်းစားဖို့တော့ ကောင်းပါတယ်။

Monday, November 19, 2007

ကျတော်နှင့် ဘလော့

ကျတော် blog ကိုpost အသစ်မတင်ဖြစ်တာတော်တော်ကြာပြီ။ ရေးစရာတွေကတော ရင်ထဲမှာ အပြည့်ပဲ။ဒါပေမဲ စာရေးတာကလည်း စိတ်လည်းပါအုံးမှ။ စိတ်ကလည်းကြည်အုံးမှ။ စာမရေးဖြစ်ပေမဲ့ ကျတော်နှစ်သက်တဲ့ ဘလော့တွေကိုတော ပုံမှန်ဖတ်ဖြစ်နေပါတယ်။ ခုတလော ကျတော် ကွန်ပျူတာကို သိပ်မသုံးနိုင်ဘူးဖြစ်နေတယ်။ နည်းနည်းသုံးတာ ကြာသွားရင်မျက်ရိုးကိုက်လာတယ်။ မျက်မှန်တက်ကတောမယ်ထင်တယ်။ နောက်တချက်က မီး ကမလာလိုက်၊ပျက်လိုက်ဆိုတော့ ကျတော့စာရေးချိန်တွေ နည်းသထက်နည်းသွားပါတယ်။

Electricity in Myanmar

မိုးကုန်ပြီဆိုတာ နဲ့ကျတော်တို့ဆီမှာ မီးပြသာနာနဲ့ အမြဲရင်ဆိုင်နေရတယ်။ ရေမရှိလို့မီးမလာတာလား။ မီးမလာလို့ ရေမရှိတာလား ကျတော်လည်းမသိပါဘူး။ ဒါပေမဲ့ ဆောက်လိုက်တဲ့ ဆည်တွေ၊ရေကာတာတွေက တစ်နှစ်တစ်နှစ်ကိုမနည်းဘူး။ ပေါင်းလောင်းမပြီးခင်တုန်းကတော့ ပေါင်းလောင်းပြီးရင် တစ်နိုင်ငံလုံးမီးမှန်မယ်။ဘာနဲ့ညာနဲ့။ ဟော ပေါင်းလောင်းပြီးတော့ မီးမှန်မယ် ဘာသံညာသံတွေတိတ်သွားပြန်ကော။ ကျတော်မှတ်မီသေးတာက ပေါင်းလောင်း ဖွင့်ပွဲတစ်ခုမှာ မိန့်ခွန်းပြောသွားတာက
Hydroelectric power က သဘာဝကိုမှီခိုနေရတယ်။ ရေမရှိရင် အလုပ်မဖြစ်ဘူးပါဘူး ညာဘူးပြောပြန်ကော။ အလုပ်မဖြစ်ရင် အစကတဲက မလုပ်ပါနဲ့လား။ အခုတော့ ငွေတွေကုန် သယံဇာတတွေ ပျက်စီးနဲ့။
ဒီနေ့ထွက်တဲဂျာနယ်ထဲမှာ ကျတော်တို့ နိုင်ငံဟာ ကမ္ဘာမှာ သဘာဝဓါတ်ငွေ့အများဆုံး ထွက်တဲ့နိုင်ငံထဲမှာ အဆင် ၁၀ ထက်ကိုတိုးတက် လာဘို့ရှိတယ်လို့ပါပါ တယ်လို့ဆိုပါတယ်။ ဒါဆို သဘာဝဓါတ်ငွေ့နဲ့ လျှပ်စစ်တိုးထုတ်ပါလား။ အခုအခြေအနေမှာတောင် သဘာဝဓါတ်ငွေ စက်ရုံတွေစက်စွမ်းအားပြည့် မလည်နိုင်ရှာဘူး။ ဓါတ်ငွေ အလုံအလောက်မရှိလို့ လို့သိရပါတယ်။ ဓါတ်ငွေလုံလောက်အောင် ရရင်လည်း စက်ရုံထက်ဆောက်ဖို့ စက်တွေဝယ်ဖို့ အတွက်အဆင်မပြေပါဘူး။ နိုင်ငံကို စက်တွေမရောင်းဖို့ အားလုံးကပိတ်ထားပါတယ်။
အဲဒိတော့ မီးမလာ။ မီးမလာတော့ မီးစက်တွေဝယ်။ မီးစက်အတွက် ဒေါ်လာကုန်။ ဆီမရှိတော့ ဆီဝယ် ဆီအတွက်ဒေါ်လာကုန်။ သဘာဝဓါတ်ငွေရောင်းရတဲ့ငွေလေး ဟာ အဲဒီလို နဲ့ပဲကုန်သွားပါတော့တယ်။ ကုလားခပ်တဲ့ရေ ကုလားခြေ ဆေးတာနဲ့ကုန် သလိုပေါ့။နောက်ဆုံး ဘယ်သူတွေ ချမ်းသာသွားလဲဆိုတော့ ဆီပါမစ်ချပေးတဲ့သူ၊ဆီသွင်းခွင့် ရတဲ့သူ။ စက်သွင်းခွင့်ပါမစ်ချပေးတဲ့သူ၊ စက်သွင်းတဲ့သူတွေပဲပေါ့။ တိုင်းပြည်ကတော့ ဒုံရင်းက ဒုံရင်းပါပဲ။
တဆက်ထဲ Nuclear energy အကြောင်းဆက်ပြေခြင်ပါသေးတယ်။ nuclear energy အတွက်ဆို ပြီး အစိုးရအကုန်အကျများစွာ ခံပြီး ကကောင်တွေကို Russia ကိုလွှတ်ပါတယ်။ သူတို့ပြန်လာတော့ ဘာတက်လာလည်းဆိုတော့ တတ်တာတစ်ခုပဲရှိပါတယ်။ ရေခဲကျုံးတက်တာတစ်ခုပါပဲ။ ကျောင်းမတက်ပဲ ရေခဲကျုံးပြီး အိမ်ကိုငွေပြန်ပို့နေလို့ပါ။ master thesis ဆိုပြီ 10 မျက်နှာလောက်ရှိတဲ့ project ရေးခိုင်းပြီး master ပေးပြီးပြန်လွှတ် လိုက်တာပါ။ nuclear နည်းပညာကို ဘယ်နိုင်ငံက တော်ရုံနဲ့ပေးမလဲ။ ပညာတော်သင်ဖို့ လွှတ်တာကလည်း ဘာမတက်ညာမတက်ကောင်တွေ။

Tuesday, October 23, 2007

Myanmar Typing Tutor

This Myanmar typing tutor is developed by Ko Myat Khaing(KMD-Mdy II) 83rd st, between 31st st and 32nd st Mandalay.
ကျတော် မန္တလေးသွားတုန်း အစ်ကိုအိမ်က စက်ထဲမှာတွေတာနဲ့ ယူလာတာပါ။ ကျတော်လည်း အရင်က မြန်မာစာရိုက်တာ တော်တော်နှေးပါတယ်(အင်္ဂလိပ်လိုကျတော့ မမြန်ဘူး)။ ဒါလေးနဲ့ လေ့ကျင်ရင်တော့ တိုးတက်လာပါလိမ့်မယ်။ Unicode တော့ မပါဘူးဗျ။ အသုံးများတဲ့ ဖွန့်တွေပါပါတယ်။လိုချင်ရင်တော့ ဒီနေရာ
မှာသွားပါ။ ပိုင်ရှင်ကို တော့ ကျတော့်ခွင့်မတောင်း ထားပါဘူး။ ရောင်းတာလည်းမတွေဘူးတော့ free ပေးမယ်ထင်လို့ တင်လိုက်တာပါ။ install လုပ်စရာမလိုပါဘူး။ copy . paste လုပ်ရုံပါပဲ။ စက်ထဲမှာတော့ မြန်မာ ဖွန့်တွေရှိရပါမယ်။
သတိ။။ typing program ထွက်ရင် ESC ကိုအရင်နှိပ်ပါ။ ပြီမှ exit ကိုနှိပ်ပါ။
downloadရန် --ဒီနေရာမှာ

Virus များနှင့် ကခုန်ခြင်း

ကျတော့်စက်ထဲမှာ ဘာကောင်မှန်းမသိတဲ့ ဗိုင်းရပ်တွေရှိပါတယ်။ သူက flashy ပုံစံပါပဲ။ စက်ရဲ့ hidden file တွေကို ဖော်မရအောင်လုပ်ထားတယ်။ registry ထဲဝင်ပြင်တော့လည်းခဏပဲရတယ်။ show hidden file လုပ်လဲမရဘူး။ kaspersky ကော၊ bitdefender နဲ့ကောသတ်တာ တခြားအကောင်တွေသာသေတယ်။ hidden file ကို show hidden file ပြန်လုပ်တာမရဘူး။ တခြားထွေထွေထူးထူးတော ဒုက္ခတော့မပေးပါဘူး။
ဒါနဲ့ကျတော်လည်း ပျော်ရွှင်စွာနဲ့ Virus များနှင့် ကခုန်ခြင်း လုပ်နေပါတယ်။

Thursday, September 6, 2007

ဖောက်ခွဲရေးသမား And Bago

ဒီနေ့ ပဲခူးကနေ ရန်ကုန်ပြန်တော့ လမ်းမှာ ၃နေရာလောက် စစ်ဆေးရေးဂိတ် တွေမှာ ဆင်းရပါတယ်။ ဘာဖြစ်လို့လဲဆို ဖောက်ခွဲရေးသမားတွေ ဆင်းလာတာလို့ သတင်းရလို့တဲ့။ ခရီးသည်တင် ကားတော်တော်များများက ခရီးသည်တွေဆင်းရတယ်။ ကိုယ်ပိုင်ကားလေးတွေကတော့ ဆင်းရတာမတွေဘူး။ သူတို့ ကဖောက်ခွဲရေးသမားတွေကို ကိုယ်ပိုင်ကားမစီးနိုင်ဘူးလို ထင်လို့ လားမသိပါ။ သူတို့အဘ ဖောက်ခွဲရေးသမားတွေက ကိုယ်ပိုင်ကားလေးနဲ့သွားတော့ကော ဘာတက်နိုင်မှာ မို့လဲ။ မှတ်ပုံတင်စစ်တာလည်းမဟုတ်။ လူရှာတာလည်းမဟုတ်။ လမ်းပဲဆင်းလျှောက်ခိုင်းနေတာ။
သူတို့ကြောင့်ကျတော်တို့မှာ ကားပေါ်က တက်လိုက်ဆင်းလိုက်နဲ့ ဇိမ်ပျက်တယ်ဗျာ။။

Bago GSM

ကျတော်မှာ အိမ်ကဝယ်ပေးထားတဲ့ ပဲခူးနံပါတ် gsm လေးတစ်လုံးရှိတယ်။ သူများတွေအမြင်မှာတော့ gsm phone နဲ့ဟန်ကျနေတာပဲလို့ထင်စရာရှိတယ်။ ကျတော်ဒုက္ခကိုတော့ လူတွေမသိဘူး။ ကျတော့ ဖုန်းလေးက ပဲခူးမှာဆို အဆင်ကိုပြေနေတာပဲ။ ဟော ရန်ကုန်ရောက်ရော ဖုန်းက သိပ်မအိုကေချင်ဘူး။
သူများတွေ လိုင်းမိတဲ့နေရာမှာ ကျတော်အကောင်က မမိချင်။ ပြောတော့ ပြတ်တောင်း၊ ပြတ်တောင်း နဲ့။ ဒါနဲ့ သူငယ်ချင်းဖုန်းတွေကို မေးတော့ ရန်ကုန်ရောက်ရင်သူတို့လည်း ဒီလိုဖြစ်တယ်တဲ့။
ကျတော့်အထင်တော့ ကျတော်တို့တောသားဖုန်း Bago GSM တွေ ရန်ကုန်မြိုရောက်တော့ မျက်စိကလယ် ကလယ်နဲ့ဖြစ်နေတာနဲ့တူပါတယ်။ မြို့ ကကောင်တွေ တောဆင်းတော့ ဟန်နဲ့ပန်နဲ့ ။ တောက ကောင်တွေမြို့တက်တော ဟိုကြည့်ဒီကြည့် ။ မျက်စိကလယ် ကလယ်နဲဖြစ်နေတာနဲ့ တူနေတာထင်ပါတယ်။ ကျတော့ဖုန်းလေးက ရန်ကုန်မှာ ကျတော်အနေကြာသွားရင်တော မြို့သားစိတ်ပေါက်သွားတယ်ထင်ပါတယ်. ကြည်လို့ လင်လို့။ လိုင်းတွေမိလို့ ၊ ဟား ဟား။
နောက်တစ်ခု ပဲခူးရောက်ရင်တော့ သတိထားဗျ။ တခါတလေ လိုင်းမအားတာတို့။ network busy ဖြစ်တာတို့။ ဘာမှပြန်မဖြေပဲ call ended ဖြစ်တာတို့လောက် ဖြစ်တက်ပါတယ်။ ဘယ်အချိန်တွေမှာလဲဆို ကျတော်တိုနိုင်ငံရဲ့ စီးပွားရေးအချိန်တွေမှာပေါ့
တစ်လုံးချိန်။ နှစ်လုံးချိန် နဲံ သုံးလုံးချိန်တွေမှာပါ။ ဆယ်ခါလောက် ဆက်နှိပ်ရင်တော့ ဝင်သွားတက်တယ်။

ခုတလော ကံမကောင်းတဲ့ ကျတော်

ကျတော် ခုတလော ကံတော်တော်ဆိုးနေ ပါလား။
ဟိုတစ်နေ့က ကျတော့် mp4 2GB ဟာ အားသွင်းထားတာ မီးပျက်သွားပြီး အရင်ရှိနေတဲ့ အားတွေပါအကုန်ကုန်သွားရော။ ကျတော်မသိပဲ ဖွင့်ကြည့်တော့ ရှောဖြစ်ပြီး ဘာမှတက်မလာတော့ဘူး။ ဒီတော့ အုံဖွ မန်းမှုတ် မဟုတ်ပေါင် အားပြန်သွင်းပြီး ကြည့်တော့ format ရိုက်ရမှာမို format ရိုက်တော အရင် ၂ဂစ် ဟာ ၁ဂစ်ပဲကျန်ပြီ ၁ဂစ်က ဂစ်သွားတယ်။ အရင်လည်း format အကြီမ်ကြိမ်ရိုက်နေကြပါ။ ခုမှ ဘာလိုဂစ်သွားလဲမသိပါ။
နောက်တနေ့ internetဆိုင်သွား။ ဘာညာကူးပြီး ထည့်မယ်ကြံတော့ mp4 အစုတ်လေးကိုစက်မှာတပ်တော့ စက်ကမသိ။ ဒီတစ်ခါတော့ ရှောပြီထင်နေတာ ။ဒါနဲ data တွေကို cd ခုတ်။ဟော အိမ်ရောက်တော့ စက်မှာတပ်တော့အကောင်း၊ ဒီတစ်ခါ player ကြောင့်မဟုတ်ပဲ ကြိုးကြောင့်ဖြစ်တာ။ အိမ်ကစက်မှာက ကြိုးတစ်ကြိုး။ အပြင်မှာသုံးဖို့က တစ်ကြိုး ။ အပြင်သွားရင်သုံးတဲ့ကြိုးက ပျက်ပြန်ကော။
မနေ့ညကကျတော့ ကျတော် computer အစုပ်လေးကိုဖွင့်ပြီး ပုံဆွဲ။ ပုံဆွဲနေတုန်းက အကောင်း။ ပုံတစ်ပုံပြီးတော့ ဘုရားရှိခိုး ၊ စက်ကိုမပိတ်လိုက်မိဘူး။ ဘုရားလည်းရှိခိုးပြီး ပုံထက်ဆွဲမယ်လုပ်တော့ စက်က ဟန်းသွား။ ဘာဖြစ်တာပါလိမ့်။ ပြန်ပြီ bootဆွဲတော့ window တက်မလာတော့ဘူး။ သွားပြီ hard disk။ ကွိ ကလိနဲ့ အသံတွေပေးနေတာ။
ကျတော် ခုတလော ကံတော်တော်ဆိုးနေ ပါလား။

တွေပြီ တရားခံ

May last week လောက်က ကျတော့်သူငယ်ချင်းနဲ့ မနက်စာထမင်းကြော် စားနေတုန်းမှာ state ကျောင်းတွေပြန်ဖွင့်တော့ သူငယ်တန်းတက်မဲ့ ကျောင်းသားမိဘတစ်ယောက်က ဆိုင်ရှင်ကို ကျောင်းအပ်တာ ဘယ်လောက်ကုန်သလဲလို့ မေးတာ ဆိုင်ရှင် က ကျောင်းအပ်ခ မပေးရပဲ ကြံခိုင်ရေးရယ်မိခင်နဲ့ကလေးရယ်က စာအုပ်ဖိုးဆိုပြီး ၅၀၀၀တောင်ပေးသေး ကြောင်းသူတို့ဟာသူတို့ ပြောနေကြတယ်။ ကျတော့်သူငယ်ချင်းက အဲဒီအသင်းတွေ နေရာတကာပါလာကြောင်း ပြောတယ်။ ပြီးတော့ ကျတော်သူငယ်ချင်းကဆက်ပြောတယ်။ အညာဘက်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်း အလွန်အောင်မြင်ကြောင်း၊ ဆရာတော်ကလည်း ရွာကအလှူမခံပဲ ဆရာတော်တရားဟောလို့ရတဲ့ အလှူငွေနဲ့ အစစ အရာရာ ကုန်ကျခံတည်ထောင်ခဲ့တာပါ။ အဲဒီလို အောင်မြင်တော့ ကြံခိုင်ရေးအသင်းက ဆရာတော်ဆီလာပြီး သူတို့နဲ့ပူပေါင်းဖို့ဆွေးနွေးတယ်။ ကြံခိုင်ရေးအသင်းက ကြီးမှုး၍ ဆိုပြီး နာမည်ခံချင်တာပေါ့။ ဒါကိုဆရာတော်က လက်မခံလိုက်ဘူးလို့ ကြားတယ်လိုသူက ပြောပါတယ်။
နာရေးကူညီမှုအသင်း အပါအဝင်အသင်း (၁၀) လောက်ကို သက်တမ်းပေးမတိုး တဲ့သတင်းကို blogတွေမှာ ဖတ်လိုက်ရတယ်။ ကျတော်တို့ရဲ့ မြန်မာအင်ဂျင်နီယာ အသင်းလည်းပါပေါ့ ။ဘာကြောင်များ နာရေးကူညီမှု အသင်းလို အသင်းမျိုးကို ဖျက်သိမ်းခိုင်းတာလဲ ဆိုပြီးစဉ်းစာမိတယ်။ နိုင်ငံရေးလုပ်လို့လား။ ဘာညာပေါ့။
သိပ်မစဉ်းစာရပဲ ကျတော်ခေါင်းထဲ ရောက်လာတာကတော့ ကြံခိုင်ရေးရဲ့ ပရောဂမကင်းဘူးဆိုတာ ကိုပါ။ ကျတော်သူငယ်ချင်းပြောပြ တဲ့ ဘုန်းတော်ကြီးသင်ကျောင်းလို ပဲလိုထင်လိုက်ပါတယ်။ ဒါနဲ့ကျတော်လည်း လက်လှမ်းမှီသလောက် ဂျာနယ်တွေလိုက်ဖက်တော့ ဘာကြောင့်ဆိုတာကို မတွေမီဘူး။ နာရေးကူညီမှုအသင်းနဲ့ ပက်သက်သူတွေနဲ့လည်း မရင်းနှီးတော့ ဘာသတင်းမှမကြားရဘူး။ နောက်တော့ ၁ နှစ်သက်တမ်းတိုးပေးတယ်ဆိုတာကိုတော့ ဖက်လိုက်ရပါတယ်။
ဟော ခုတော့ကျတော်ထင်တဲ့ အတိုင်းပါပဲ။ တရားခံကိုတွေလိုက်ပါတယ်။ လျှပ်တပြတ်သတင်းဂျာနယ် ထဲမှာပါ။ ခုတော့ ကြံခိုင်ရေးက လည်းနာရေးကူညီမှုအသင်း လိုက်ထောင်တာကို တွေ့၇တော့ ကျတော်အထင်မှန်နေပြီဆိုတာတွေ့ ရပါတယ်။ ကျတော်ထင်သလို နာရေးကူညီမှုကို ကြံခိုင်ရေးထဲ သိမ်းသွင်းတာ နာရေးကူညီမှုအသင်းက လက်မခံတော့ အသင်းကိုသက်တမ်းမတိုးပေးပဲ ပိတ်ခိုင်းတာပါ။
ဘယ်အသင်းက လိုအပ်နေသူတွေအတွက် အကျိုးပြုမလဲဆိုတာ အချိန်က အဆုံးအဖြတ်ပေးပါလိမ်မယ်။ ကျော်သူတို့ရဲ့ အသင်းကတော့ ကိုယ်ကျိုးလုံးဝမပါပဲ ဆောင်ရွက်နေတာ တစ်တိုင်းပြည်လုံးအသိပါ။ အခွင့်အရေးကို မျှော်ကိုးပြီး ဆောင်ရွက်နေတဲ့ အသင်းသားတွေရဲ့ အသင်းကတော့ ဘယ်လောက်ခံမလဲ စောင့်ကြည့်ကြတာပေါ့ဗျာ။။။

Thursday, August 9, 2007

သမ္မတ အိမ်တော်က ထွက်ခွာချိန်မှာ ယူသွားစရာဆိုလို့ ကျတော်ကိုယ်ပိုင်သေတ္တာနှစ်လုံးပဲရှိတဲ့ Indian President

“ရည်ရွယ်ချက်တစ်ခုနဲ့ ဘာလက်ဆောင်ကိုမှလက်မခံပါနဲ့။ တန်ဖိုးမြင့်မားတဲ့စနစ်။ ကိုယ်ကျင့်တရားကောင်းမွန်မှုတွေနဲ့ မိသားစုဘ၀ကိုတည်ဆောက်ပါ၊” အိန္ဒိယ သမ္မတကြီးရဲ့စကားတွေပါ။ ကျတော်တို့ဆီက လူကြီးတွေနဲ့များကွာပါ့။ ဆီနဲ့ရေလိုပါပဲ။ ကျတော်တို့ဆီမှာတော့ မြေးမွေးနေ့ပွဲ လုပ်တာ ဘာလက်ဆောင်မှမပို့လို ပြုတ်သွားရှာတဲ့ DSA ကျောင်းအုပ်ကြီး။ မင်္ဂလာဆောင်မှာ ဆင်တဲ့ ပန်းဖိုးတောင်းမိလို့  မတရားအခွန် သိန်း(၁၀၀)ကျော် ပေးလိုက်ရတဲ့ ပန်းအလှဆင်လုပ်ငန်းတွေ ။ စတဲ့ စတဲ့ သတင်းတွေနဲ့ တော့ အတော်ကွာပါတယ်။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ သိပ္ပံပညာရှင် သမ္မတကြီးအဗ္ဗဒူကလမ်က မိမိဖခင်သည် မိမိအား မည်သည်လက်ဆောင်မျှမယူရန် သင်ကြားထားကြောင်း ပြောကြားခဲ့သည်။ ကျတော်တို့ဆီက ရွှေမျိုး ရွှေနွယ် သန်းမျိုးသန်းနွယ်တွေရဲ့ အဖေတွေ၊ အဖိုးတွေကတော့ အဲဒီလိုမသင်ခဲ့ဘူးနဲ့တူပါတယ်။ လပြည့်တို့ ၊ လကွယ်တို့ ရေ “ ရတုန်းများများယူထား”ဆိုတာ တွေ ပဲသင်ပေးထားတယ်နဲ့တူပါတယ်။

Ref; weekly eleven

အံ့ဖွယ် (ရ)ပါး

၁။ အလုပ်လက်မဲ့ မရှိ၊ ဒါပေမဲ့ ဘယ်သူမှ အလုပ်မလုပ်။

၂။ ဘယ်သူမှ အလုပ်မလုပ်ဘူး။ ဒါပေမယ့် စီမံကိန်းလျာထားချက် အမြဲတမ်းပြည့်မီတယ်။

၃။ စီမံကိန်းလျာထားချက် အမြဲတမ်းပြည့်မီတယ်။ ဒါပေမယ့် ဆိုင်မှာဘာမှမရှိဘူး။

၎။ ဆိုင်မှာဘာမှမရှိဘူး။ ဒါပေမယ့် တန်းစီနေကြတာ အရှည်ကြီး။

၅။ နေရာတကာမှာ တန်းတွေအရှည်ကြီး။ ဒါပေမယ့် ပြောတော့ ပဒေသာပင် ခေတ်ရောက်ဘို့ နီးနေပြီတဲ့။

၆။ ပဒေသာပင် ခေတ်ရောက်ဘို့ နီးနေပြီတဲ့။ ဒါပေမယ် ဘယ်သူမှ မကျေနပ်ကြဘူး။

ရ။ ဘယ်သူမှ မကျေနပ်ကြဘူး။ ဒါပေမယ့် အားလုံးထောက်ခံမဲပေးကြတယ်။

Saturday, August 4, 2007

B.E.H.S (3) ,Bago

ဒီနှစ်ဆယ်တန်း အောင်စာရင်းထွက်တော့ ကျတော်တို့ အမှတ်(၃). ပဲခူးရဲ့အောင်ချက်က ပဲခူးခရိုင်ထဲမှာ အမြင့်ဆုံးပါ။ ၅ ဘာသာ ၆ယောက်။ ၄ဘာသာ ၁၅ယောက်၊
၃ ဘာသာ ၂၁ယောက်။ ၂ဘာသာ ၂၀ယောက်။ ၁ဘာသာ ၂၈ ယောက်။ ၆၃၅ ဦးဝင်ဖြေတာ ၃၇၂ယောက်အောင်ပါတယ်။
ဂုဏ်ထူးရှင်တွေကို ကြည်ပြီးဘာထူးခြားလဲဆိုတာတွေ့မယ် ထင်ပါတယ်။ဘာသာစုံ all D တစ်ယောက်မှမပါတာကိုပါ။ ကျတော်တို့ဆီမှာ ဘာသာဆုံထွက်အောင် မသင်နိုင်တော့ဘူးလား လို့တွေးစ၇ာရှိလာပါလိမ့်မယ်။ ထိပ်တန်းကျောင်းဖြစ်ပြီ all D တောင်မပါဘူးလားလို့ အပြင်းပန်းကြည့်ရင်ကဲ့ရဲ့စရာပါ။ ကျတော်ကျောင်းရဲ့အဖြစ်ကို ကျတော်တွေပဲသိကြပါတယ် ။ all D ထွက်တဲသူ အများစု ဟာ ဆေးတက္ကသိုလ် တက်ကြမှာပါ။
ဘာဖြစ်လို့ all D မထွက်တာလဲဆိုတာ ကတော့
ကျတော်တို့ ပဲခူးဟာ ရန်ကုန်နဲ့ဆို ကားစီးရင် ၁နာရီခွဲလောက်ပဲမောင်းကပါတယ်။
ရုံးတက်၊ ကျောင်းတက်မယ် ဆိုရင်နေချင်းပြန်တက်နေသူတွေ အများကြီးပါ။ ကားတွေက လည်းပေါပါတယ်။
မကွေးဆိုတာက ရန်ကုန်ကနေသွားရင်တောင်မိုင် 300 နီးပါးဝေးမှာပါ။ ပဲခူးနဲ့ ရန်ကုန်က မိုင် ၅၀။ ပဲခူးကနေ မကွေးကိုသွားရင် ရန်ကုန်ကနေသွား၇တော့ စုစုပေါင်းမိုင် 350 လောက်ဝေးပါတယ်။ အချိန်တွေကုန် ငွေတွေကုန်ပါတယ်။
အဲဒီတော့ ၈တန်း။ ၉တန်း မှာ ထူးချွန်တော်တော်များများ ရန်ကုန်ပြောင်းကုန်ကြတော့ ကျောင်းက ငုတ်တုပ်မေ့တာပေါ့။ ပြောင်းသွားတဲ့သူတွေ ကိုလဲအပြစ်ပြောလိုမရပါဘူး။ ဘယ်သူမဆိုရန်ကုန်နဲ့ မကွေးဘယ်မှာနေမလဲ။ မကွေးသားများကို မပြောပါ။ မိဘတွေ အနေနဲ့လည်း ၁နာရီလောက်ကားစီးရင်ရောက် တဲ့နေရာနဲ့ နာရီ၁၂နာရီလောက်စီးမှ ရောက်တဲ့နေရာ ဘယ်မှာထားမှာလဲ။
အဲ့ဒီလို နဲ့ ဦနှောက်မရှိတဲ့လူတွေ လုပ်သမျှကို ကျောင်းနဲ့  ကျောင်းသား။ မိဘတွေခံကြရတာပေါ့လေ……။

ပြည်သူချစ်သော တပ်မတော်

ကျတော်တို့ ဆီမှာ ဒီစကားလုံးဟာ မဆလခေတ် ကုန်ဆုံးပြီးနောက် သေဆုံးသွားခဲ့တာပါ။ ဘာဖြစ်လို့လဲ လို့ ကျတော်စဉ်းစားကြည့်မိတယ်။ မဆလခေတ် တလျှောက်လုံးမှာ တပ်မတော် ဟာ ပြည်တွင်းသောင်းကျန်းသူတွေကို အချိန်တော်တော်ကြာတိုက်ခဲ့ရတယ်။အဲ့ဒီတုန်းက စစ်အသုံးစရိတ်ဟာ 40%လောက်ရှိခဲ့ပါတယ်။ ပြည်သူတွေတော်တော်များများ ဟာ တပ်မတော်သားတွေကို တွေ့ရင်သောင်းသောင်းဖျဖျ ကြိုဆှိုကြ ချစ်ခင်ကြပါတယ်။
မဆလခေတ်ကုန်တော့ အခြေအနေတွေပြောင်းခဲ့ကြပါတယ်။ န၀တ လက်ထက်မှာ ပိုဆိုးလာတယ်။ စစ်ထောက်လှမ်းရေး အမည်ခံ စစ်သားတွေဟာနေရာတကာ ခြေ ရှုပ်လာပါတယ်။ စီးပွားရေးအစ ၊ လူမှုရေးအလယ် နိုင်ငံရေးအဆုံး သူတို့ဟာ သြဇာ အာဏာ ပြလာပါတော့တယ်။ ပြည်သူတွေဟာ အခြေအနေ အရသာ သူတို့ကိုဆက်ဆံနေရပေမဲ ဘယ်သူမှမကျေနပ်ကျ ပါဘူး။ တဖြည်းဖြည်းနဲ အမုန်းတရားတွေပွားလာပါတယ်။
စစ်ထောက်လှမ်းရေး ပြိုကျသွားတော့ ခေါင်းထောင်လာတဲ့ စစ်ခေါင်းဆောင်တချို့ကြောင့် ပိုဆိုးလာတယ်ထင်ပါတယ်။ အမုန်းတရားတွေဟာ မပေါက်ကွဲသေးခင်မှာ သူတို့ ဟာ သူတို့ရဲ့အပြုအမူတွေကိုပြင်ပြီး ပြည်သူချစ်သော တပ်မတော် ဖြစ်အောင်နေထိုင်သင်တယ် လို့ထင်ပါတယ်။

Thursday, June 28, 2007

ဝှက်ဖဲ (သို့) ကြိုးဆွဲရုပ်

မနေ့က အတန်းထဲမှာ ဆရာကပြောတယ်။ နိုင်ငံခြားထွက်မဲ့ သူတွေလည်းနိုင်ငံခြား ကို မြန်မြန်ထွက်ကြဖို့။ မထွက်သေးမဲ့လူတွေလည်း အခြေအနေကိုဆောင့်ကြည့်ဖို့ပြောပါတယ်။ မကြာခင်မှာ နောက်ဆုံးအကြိမ်အဖြစ် အမျိုးသားညီလာခံကြီးစတော့မှာတဲ့။ ညီလာခံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးပြီးရင် မင်းတို့မဲ(၂)ကြိမ်ပေးကမယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုအတည်ပြုတာက တစ်ကြိမ်၊ ရွေးကောက်ပွဲက မဲပေးတာက တစ်ကြိမ်တဲ့။
အဲ့ဒါတွေပြီးရင် ဘယ်အစိုးရတက်မလဲ မသိသေးဘူး။ အစိုးရသစ်တက်ရင်ပေါ်လစီ အပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနှောက်နှေးနေမှာစိုးလို့ လို့ပြောပါတယ်။ ကျတော်ကတော့ ဒီအတိုင်းကြီးမြောနေတာနဲ့စာရင် အပြောင်းအလဲတစ်ခုခုဖြစ်ပါစေလို့ မျှော်နေရတာပဲ။
နောက်တစ်ခုတွေးမိတာက တော့ နောက်အစိုးရမှာ ခေါင်ဆောင်က ဘယ်သူဖြစ်မလဲ။ သူတို့က တော့သူတို့ရှေ့ရေးကို ကြည်မှာပဲ။ အဲဒီတော့ ဟိုအရင်တုန်းကလိုပဲ ယူနီဖောင်းချွတ်ပြီး အရပ်ဖက်ပြောင်းမလား။ အဲ့ဒါတော့မဖြစ်လောက်ဖူးထင်တယ်။ထိပ်ပိုင်းနှစ်ယောက်ပေါ့။ မှန်မှန်ကန်ကန် ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ သူတို့မရမှာသေချာပါတယ်။ ဒါမှမဟုတ် သူတို့ ကြိုးဆွဲရာ ကမဲ့ အရုပ်နဲပါတီဟာ ဘယ်သူဖြစ်မလဲ။ကျတော်စဉ်းစားမိတာကတော့ ၁.ဦးခင်ရွှေ ၂.ဆရာကျောင်း ၃.ဦးတေဇ ………ဘယ်သူဖြစ်မလဲ။ ဒါမမဟုတ် သူရရွှေမန်းကို အငြိမ်းစားပေးပြီးတော့ သူတို့ရဲ့ ကြိုးဆွဲရုပ်လုပ်ထားမလား။ သူရရွှေမန်းကိုတော့ တော်တော်နေရာပေးထားပါတယ်။ ကျတော် စဉ်းစာမိသလောက်ပေါ့လေ။
အဲဒါတွေ တစ်ခုမှမဟုတ်ပဲ “အရှင်ထွက်တော့မထွက်ဘူး၊ အသေထွက်ပဲထွက်မယ်” ဆိုပြီ သေမှပဲအာဏာစွန့်ရင့်တော့ သေပြီဆရာ လို့ပဲအော်ကတော့မှာပေါ့။

အာဂခေါင်း

ကိုချုချာ ဆံပင်လာညှပ်သည်။ ဆံပင်ညှပ်ဆရာက ၎င်း၏ ခေါင်းကိုကြည့်ပြီးပြောသည်။
“အင်း၊ ခင်ဗျားခေါင်းဟာ တကယ့်အာဂခေါင်းပါလား”
“တက္ကသိုလ်က ဘွဲ့နှစ်ခုတောင် ရထားတဲ့ လူတစ်ယောက်ရဲ့ခေါင်းဟာ ဒီလောက်တော့ရှိမှာပေါ့”
“ဘွဲ့ဆယ်ခုရအောင်လုပ်ချင်လုပ်ပါ၊ ဒါပေမယ် ခေါင်းကိုတော့ လျော်ရတယ်ရတယ်ဗျ”

Note.မောာင်ကောင်ထိုက် ဟာသပဒေသာ အမှတ်(၁၁)

xသူပုန်မတေ

ဒါကိုကျတော်ရဲ့ အရင်းဆုံးဆရာမကပြောပြတာပါ။
တစ်နေ့ကျတော်တို့ကျောင်းမှာ အစည်းအဝေးရှိသတဲ့။ ကျတော်တို့ရဲ့အချစ်တုံးကြီး အဘလည်းတက်ရောက်သတဲ့။ အဲဒီအစည်းအဝေးမှာ အဘက ဆရာမတွေကိုသူပုန်မတွေလို့ ဆိုသတဲ့။ ဘာဖြစ်လို့ဆိုတော့ ဆရာမတွေဟာ ကျတော်တို့ နိုင်ငံမှာ သူပုန်သောင်းကျန်းသူ တွေထကြွတဲ့ အချိန်မှာမွေးလို့။ ပြီးတော့သူခိုင်းတာကိုမလုပ် ပုန်ကန်သောင်းကျန်းလို့ လို့ပြောပါတယ်။
အစည်းအဝေးြ့ပီးတော ဆရာမတစ်ယောက်က ငါတို့က သူပုန်ဆို သူက သူပုန်ဗိုလ်ကြီပေါ့လို့ ပြောပြီး ၀ိုင်းဟားကြသတဲ့။
အဲ့ဒီလို ချစ်ဖို့ကောင်းတဲ့ အဘနော်။အဘ= အားလုံး၏ ချစ်ခြင်းကိုခံယူထားသော မပြုတ်နိုင်သေးသော သက်တော်ရှည်ဝန်ကြီးတပါး

Friday, June 15, 2007

ဘွဲ့တစ်ခုရ ရင်ဘာလုပ်မလဲ

ကျတော်တို့ မြန်မာ မိဘ အများစုက တော့ပညာရေးကိုအားပေးကြပါတယ်။ သားသမီးပညာတက်ဖြစ်ဖို့ ဘယ်လောက်ပဲရင်းနှီမြုတ်နှံရ မြုတ်နှံရ မြုတ်နှံကြပါတယ်။

မြုတ်နှံထားတဲ့ အရင်းအနှီး နဲ့ ပြန်ရတာနဲ့ကောကာမိရဲလား ဆိုတာ ထည့်မတွက်ကြတာများပါတယ်။ အကျိုးအမြတ်ပြန်ရတာဆိုတာ ကတော့တစ်ယောက်နဲ့ တစ်ယောက်တွက်ပုံချင်းတူမယ်မထင်ပါဘူး။

တစ်ချို့ ဂုဏ်အတွက်တက်စေချင်ကြပါတယ်။ သူများသားသမီးက ဘွဲ့တစ်ခုရပြီး ကိုယ်သားသမီးကျတော ဘာဘွဲ့မှမရ ရင်ဘဲလူကြားထဲမှာမျက်နှာငယ်ရ သလိုလိုရှိတက်ကြပါ တယ်။ အနည်းဆုံးတော မင်္ဂလာဆောင်ရင် သူသားလေးက ဘွဲ့ရတော့။ သူသမီးကျတော့ဘွဲ့ လေးတစ်ခုတောင်မရရှာဘူးဆိုပြီး ဂုဏ်ယူပြစ်တင်ပြောဆိုတက်ကြပါတယ်။

တစ်ချိုမိဘတွေကျတော့ သူတို့သားသမီးကို ဘွဲ့လည်းရ ဘ၀အတွေ့အကြုံလည်းရ စေချင်တဲ့သဘောတွေပါ ပါတယ်။ သားသမီးတွေက မိဘတွေကို အမေတို့အဖေတို့ရာ ဒီဘွဲ့ရလည်း ဘာမှမထူပါဘူး။ စာသင်မဲ့အစား စီပွားရှာတာမှ ကောင်းမယ်ထင်ပါတယ် ပြောတဲ့အခါ ဟဲ့နင်ကိုပညာသင်ခိုင်းတာ ဘွဲ့ရဖို့ အတွက်ပဲ မဟုတ်ဘူး။ လူတွေနဲ့ပေါင်းသင်းဆက်ဆံတက်အောင် လူတစ်လုံးသူတစ်လုံး ဖြစ်အောင်သင်ခိုင်းတာဟဲ့ လိုပြန်ပြောတက်ကြတာများပါတယ်.

တစ်ချိုကြတော့လည်း အနာဂတ်ရင်းနှီးမြုတ်နှံမှူ အဖြစ်နဲ့ ဘွဲ့တစ်ခုကိုရယူကြပါတယ်။ ဥပမာ ဆရာဝန် အဖြစ်နဲ့အနာဂတ်မှာ အသက်မွေဝမ်းကျောင်ပြုဖို့ အတွက်သင်ယူကြပါတယ်။

ဘွဲ့တစ်ခုရဖို့ ဆိုရင်အနည်းဆုံးအချိန် ၃ နှစ်ရင်းရမယ်။ငွေရင်းရပါမယ်။ အားစိုက်ထုတ်မှုတွေရင်းနှီးရ ပါမယ်။ ဘွဲ့တစ်ခုရလို့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ထဲကို ၀င်ရောက်အမှုထမ်းနိုင်မယ် ဆိုရင်တော့ရင်းနှီးရတာတန်ပါတယ်။ ဒါမှ မဟုတ်ရင်တော့ ကိုယ်ဘာ အတွက်ရင်းနှီးထားမှာလဲ ဆိုတာသေချာစဉ်းစား ပြီးမှတက်ရောက်သင်ယူကြတာ ကောင်းမယ်ထင်ပါတယ်။

ဘွဲ့တစ်ခုရ ရင်ဘာလုပ်မလဲ

ကျတော်တို့ မြန်မာ မိဘ အများစုက တော့ပညာရေးကိုအားပေးကြပါတယ်။ သားသမီးပညာတက်ဖြစ်ဖို့ ဘယ်လောက်ပဲရင်းနှီမြုတ်နှံရ မြုတ်နှံရ မြုတ်နှံကြပါတယ်။

မြုတ်နှံထားတဲ့ အရင်းအနှီး နဲ့ ပြန်ရတာနဲ့ကောကာမိရဲလား ဆိုတာ ထည့်မတွက်ကြတာများပါတယ်။ အကျိုးအမြတ်ပြန်ရတာဆိုတာ ကတော့တစ်ယောက်နဲ့ တစ်ယောက်တွက်ပုံချင်းတူမယ်မထင်ပါဘူး။

တစ်ချို့ ဂုဏ်အတွက်တက်စေချင်ကြပါတယ်။ သူများသားသမီးက ဘွဲ့တစ်ခုရပြီး ကိုယ်သားသမီးကျတော ဘာဘွဲ့မှမရ ရင်ဘဲလူကြားထဲမှာမျက်နှာငယ်ရ သလိုလိုရှိတက်ကြပါ တယ်။ အနည်းဆုံးတော မင်္ဂလာဆောင်ရင် သူသားလေးက ဘွဲ့ရတော့။ သူသမီးကျတော့ဘွဲ့ လေးတစ်ခုတောင်မရရှာဘူးဆိုပြီး ဂုဏ်ယူပြစ်တင်ပြောဆိုတက်ကြပါတယ်။

တစ်ချိုမိဘတွေကျတော့ သူတို့သားသမီးကို ဘွဲ့လည်းရ ဘ၀အတွေ့အကြုံလည်းရ စေချင်တဲ့သဘောတွေပါ ပါတယ်။ သားသမီးတွေက မိဘတွေကို အမေတို့အဖေတို့ရာ ဒီဘွဲ့ရလည်း ဘာမှမထူပါဘူး။ စာသင်မဲ့အစား စီပွားရှာတာမှ ကောင်းမယ်ထင်ပါတယ် ပြောတဲ့အခါ ဟဲ့နင်ကိုပညာသင်ခိုင်းတာ ဘွဲ့ရဖို့ အတွက်ပဲ မဟုတ်ဘူး။ လူတွေနဲ့ပေါင်းသင်းဆက်ဆံတက်အောင် လူတစ်လုံးသူတစ်လုံး ဖြစ်အောင်သင်ခိုင်းတာဟဲ့ လိုပြန်ပြောတက်ကြတာများပါတယ်.

တစ်ချိုကြတော့လည်း အနာဂတ်ရင်းနှီးမြုတ်နှံမှူ အဖြစ်နဲ့ ဘွဲ့တစ်ခုကိုရယူကြပါတယ်။ ဥပမာ ဆရာဝန် အဖြစ်နဲ့အနာဂတ်မှာ အသက်မွေဝမ်းကျောင်ပြုဖို့ အတွက်သင်ယူကြပါတယ်။

ဘွဲ့တစ်ခုရဖို့ ဆိုရင်အနည်းဆုံးအချိန် ၃ နှစ်ရင်းရမယ်။ငွေရင်းရပါမယ်။ အားစိုက်ထုတ်မှုတွေရင်းနှီးရ ပါမယ်။ ဘွဲ့တစ်ခုရလို့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ထဲကို ၀င်ရောက်အမှုထမ်းနိုင်မယ် ဆိုရင်တော့ရင်းနှီးရတာတန်ပါတယ်။ ဒါမှ မဟုတ်ရင်တော့ ကိုယ်ဘာ အတွက်ရင်းနှီးထားမှာလဲ ဆိုတာသေချာစဉ်းစား ပြီးမှတက်ရောက်သင်ယူကြတာ ကောင်းမယ်ထင်ပါတယ်။

Skywalk ပုံပြင်


တစ်ခါတုန်းကပေါလေ လူကြီဲး တစ်ယောက်ရဲ့ ဒုတိယမျိုးဆက်တစ်ဦးဟာ မေမြို့ကိုသွားရင်း မန္တလေးကိုရောက်လာသတဲ့။ ပြန်မဲ့နေ့ မှာမ ကိုယ်တော်လေးဟာ ဖိနပ်လိုချင်လို့ skywalk ကိုသွားချင်ပါသတဲ့။ ပြန်ဖို့ကလည်း အချိန်နီးနေတော့ နာရီဝက်ပဲ အချိန်ရသတဲ့။ အဲဒီတော့ ကိုယ်တော်လေးဟာ နာရီဝက်အတွင်းပဲ skywalk က ၂၀၀၀၀ကျပ် အထက် ဖိနပ် ၁၁ ရံကိုယူဆောင်သွားပါသတဲ့။ ဘယ်သူတွေက ဖိနပ် ၁၁ရံဖိုးကို ရှင်းလိုက်သလဲတော ကျတော်မျိုးလဲမသိပါ။ သူနဲ သူ့ မိဘများမရှင်းတာကတော့ ကျိမ်းသေပါတယ်။ နာရီဝက်အတွင်းမှာ ၁၁ရံရွေးနိုင်တာတော်တာပေါ့နော်။

ဒီပုံပြင်ကိုသိ၇တော့ ကျတော်လည်း ကျတော့ အဖိုးကိုစိတ်နာတယ်။ သူလူကြီးမဟုတ်တော့ ကျတော့မှာ skywalk ကို ၂နာရီလောက် ပတ်ပေမဲ့ ဖိနပ်တစ်ရံမှ မ၀ယ်ခဲ့ရပါဘူး။

ကြက်ဆူ (ရ)ပင် ၁၁၀၀ ကျပ်

အိမ်တိုင်းကြက်ဆူ ပင်များကို မစိုက်မနေရ။ (ရ)ပင်ကို ၁၁၀၀ ကျပ် အဖြစ်ပဲခူးမြို့ အနီးကျေးရွာများမှာရောင်းချပေးနေပါတယ်။ ရွာသူရွာသားများ မ၀ယ်မနေရဆိုသဖြင့် မတက်သာပဲဝယ်ယူနေကြရ ပါတယ်။ ကြက်ဆူဒုက်ခ ကလည်း ပြည်သူပြည်သားတွေအတွက် မသေးပါလား။

နောက်မှပဲ ကြက်ဆူရော ဂါ မြန်မာနိုင်ငံကိုရောက်လာပုံကို တင်ပါတောမယ်။

တက်ကြဦးမလား PhD


ကျတော်တို့ ကိုသိပ်ချစ်တဲ့ အဘက PhD တန်းတွေဖွင့်ပေးနေပြန်ပြီ။ ဘယ်သူတွေတက်ကြဦးမလဲ မသိပါ။ ဖောင်မပိတ်ခင်ကျောင်းထဲ သွားကြည့်ဦးမှပဲ။

ဒီသင်တန်းပြီးရင် ဘာလုပ်လို့ရမှာလဲ။ ကျောင်း­လခတွေကကော ဘယ်လောက်တောင် ပေးရမလဲမသိပါ။ ME တုန်းက တစ်လ ၆၀၀၀ ။ ဘာမှမလုပ်လိုက်ရတဲ (လုပ်စရာကို ဘာပစ်ည်းမှမရှိတာပါ)့  lab ကြေးကဘယ်လောက်တောင်ပေးရမလဲမသိပါ။ ဒီသင်တန်းပြီးရင် ဘာလုပ်လို့ရမှာလဲ။ကျောင်းတွေမှာ ၀င်လုပ်ရင် အဘသားသမီး(စံပြ ၁၅၀ တန်)တွေနဲ့ကော တန်းတူအခွင့်အရေးပေးမှာလား။ ဝေးပါသေးတယ်။ တော်ပါ ပြီ ။ ME တက်ခဲ့တာပဲ တော်တော်ကို မိုက်မဲရာကြနေပါပြီ။ အဲ့ဒီလက်မှက်ကို ဘယ်မှာသွားသုံးရပါလိပ့်။

အဘ= အားလုံး၏ ချစ်ခြင်းကိုခံယူထားသော မပြုတ်နိုင်သေးသော သက်တော်ရှည်ဝန်ကြီးတပါး

Saturday, May 26, 2007

ကဗျာ နောက် တစ်ပုဒ်

ဒီကဗျာလေး ကလည်း အရင်ကဗျာလိုပဲ သူများစာအုပ်ထဲက ဖတ်ရတာပါ။ ကျနော်ကြိုက်လို့ ကျက်ထားတာပါ။
တာရာမင်းဝေရဲ့ ကဗျာလေးပါ။မျှဝေ ခံစားနိုင်အောင် တင်လိုက်ပါတယ်ဒ

အိပ်ချင်သောစိတ် အိပ်သာအိပ်
အိပ်စက်သောခါ အိမ်မက်လာ
အိပ်လျက်နှင့်ပင် နိုးရသည်။

ငါဟာ ....

ငါဟာ ....ကွန်ပျူတာတစ်လုံး ဖြစ်လျင်
memory က 1G, hard disk က 250 GB, CPU က 3.0F ,casing box လှလှလေး ,19" LCD
ငါဟာ ....ကားတစ်စီး ဖြစ်လျင်
ှုISUZU DOUBLE CAB 4WD
ငါဟာ...

Thursday, May 24, 2007

ကဗျာ တစ်ပုဒ်

ဒီကဗျာလေးက ကျှန်တော်4th year တုန်းက အစ်ကိုတစ်ယောက်စာအုပ်မျက်နှာဖုံးမှာဖတ်ခဲ့တာပါ။
မောင်လှမျိုး(ချင်းချောင်းခြံ)ရဲ့ ကဗျာ တစ်ပုဒ်ပါ။

ကြာတက်တာတွေ မကြာစေဇို့
ကြာတွေလှူကာ ဆုတောင်းပါသည်
မကြာခင်ပဲပြည့်ပါစေ။

Wednesday, May 23, 2007

သတိ တရ

ဟို တနေ့ ကအိမ်မှာ စီဒီတွေပြန်ဖွင့်ရင်း ဓာတ်ပုံဟောင်းတွေပြန်ကြည့်မိတရ်၊ သူများရိုက်ထားတဲ့ ပုံလေးပါ။ ကျောင်းတုန်း က ပုံလေးပါ။ ၂၀၀၄လောက်က ပေါ့။ ဒီအပင်ကြီး ကပုံထဲ ကအတိုင်းတော့ မဟုတ်တော့ဘူး။ ၂၀၀၆ လောက်က မုန်တိုင်းစာမိသွားပြီး တ၀က်လောက်ပဲ ကျန်တော့တယ်။ သတိတရပေါံ.

ဘာညာ ဘာညာ
ဒီနေ့  မြန်မာစာ စမ်းရေးခြင်းပါ။နောက်ဆိုမြန်မာ လို ရေးတောမရ်။ကျနော့ မြန်မာစာရေးtyping က အရမ်းနှေးတာဗျ။ ကြိုးစားပြီးရေးပါမရ်၊

Tuesday, May 22, 2007

Get this widget | Share | Track details

Our university logo
this is the logo of our university. This is the only university which has no student. But all of our students love her.

gmail and burma

Hi friend
u can use gmail by the following link
https://mail.google.com/
gmail open it. but i cannot find the gtalk link.
they dont banned it.
u dont need freedom. very nice

Monday, May 21, 2007

First post

This is my first post of my blog.Later i will post new articles.
thank for reading.