၁။ အလုပ်လက်မဲ့ မရှိ၊ ဒါပေမဲ့ ဘယ်သူမှ အလုပ်မလုပ်။
၂။ ဘယ်သူမှ အလုပ်မလုပ်ဘူး။ ဒါပေမယ့် စီမံကိန်းလျာထားချက် အမြဲတမ်းပြည့်မီတယ်။
၃။ စီမံကိန်းလျာထားချက် အမြဲတမ်းပြည့်မီတယ်။ ဒါပေမယ့် ဆိုင်မှာဘာမှမရှိဘူး။
၎။ ဆိုင်မှာဘာမှမရှိဘူး။ ဒါပေမယ့် တန်းစီနေကြတာ အရှည်ကြီး။
၅။ နေရာတကာမှာ တန်းတွေအရှည်ကြီး။ ဒါပေမယ့် ပြောတော့ ပဒေသာပင် ခေတ်ရောက်ဘို့ နီးနေပြီတဲ့။
၆။ ပဒေသာပင် ခေတ်ရောက်ဘို့ နီးနေပြီတဲ့။ ဒါပေမယ် ဘယ်သူမှ မကျေနပ်ကြဘူး။
ရ။ ဘယ်သူမှ မကျေနပ်ကြဘူး။ ဒါပေမယ့် အားလုံးထောက်ခံမဲပေးကြတယ်။
2 comments:
ကိုပုလုရေ
ကြိုက်လွန်းလို.ကူးသွားပြီဗျ။
အလွန်ကောင်း....။ အလွန်မှန်....။
Post a Comment