Thursday, June 25, 2009

အိမ်သာရေ ပြန်သောက်တဲ့ နိုင်ငံလား???


“ခင်ဗျား အခု စင်္ကာပူမှာ နေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊ သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကို သန့်စင် (treatment) လုပ်ထားတဲ့ရေတွေလား” အဲဒီလို တစ်ယောက်ယောက်က မေးလာရင်ဘယ်လို ဖြေမလဲ။

စလုံးမှာ ရေရှားတယ်ဆိုတာ (ရေ အရင်းအမြစ်ရှားတာပါ..ပိုက်ပိုက်တတ်နိုင်ရင် ကြိုက်သလောက်သုံးလို့ရတယ်နော် ..) အားလုံးသိကြပါတယ်။ ရေအများစုကို မလေးရှားကနေ ဝယ်ရပါတယ်။ မလေးရှားနဲ့ ၂၀၁၁ အထိ စာချုပ်ချုပ်ထားပါတယ်။

စင်္ကာပူမှာ ရေရနိုင်တဲ့ အရင်းအမြစ်ကြီးလေးခု ရှိပါတယ်။ အဲဒါတွေကတော့ (1) local Catchments (2) Johor Water (3) Desalted Water (4) NEWater တို့ပါပဲ။ အဲဒီထဲက ထူခြားတဲ့ NEWater အကြောင်းပြောချင်ပါတယ်။ NEWater ဆိုတာကတော့ စွန့်ပစ်ရေ ကိုပြန်သန့်စင်ထားတဲ့ ရေပါ။ အဲဒီလို စွန့်ပစ်ရေတွေကို ပြန်သန့်စင်ထားတဲ့ရေကို ကမ္ဘာမှာ စင်္ကာပူက စတင်သတ်မှတ် ခေါ်တာကတော့ NEWater လို့ခေါ်ပါတယ်။


စင်္ကာပူ ရေအရင်းအမြစ်ကြီးလေးခု



စွန့်ပစ်ရေ တွေကို သန့်စင်တဲ့ စက်ရုံလေးရုံ အခုလောလောဆယ် စင်္ကာပူလည်ပတ် နေပါတယ်။ အဲဒါတွေကတော့ Bedok, Kranji, Ulu Pandan and Seletar Water Reclamation Plants တို့ပါပဲ။ ၂၀၀၈ ဧပြီလမှ စတင်တည်ဆောက်တဲ့ Changi Water Reclamation Plant ဟာ လုံးဝ ပီးစီးသွားရင် အကြီးဆုံးဖြစ်လာမှာ ဖြစ်ပီး အဲဒီစက်ရုံကနေ တစ်နေ့ကို ရေဂါလံ ၅၀မီလီယံ ဂါလံ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။

စွန့်ပစ်ရေကို သန့်စင်တဲ့နည်းကတော့ အကြမ်းဖျင်းပြောရရင် စွန်ပစ်ရေတွေကို tanks ကြီးတွေနဲ့ စုပါတယ်။ အဲဒီစုထားတဲ့ ရေဆိုးတွေကို ဖစ်တာတွေနဲ့ စစ်ပါတယ်။ အဲဒီလိုစစ်ထုတ်လိုက်တဲ့ အခါမှာ အညစ်အကြေးတွေနဲ့ ရေဟာ ကွဲပြားသွားပါတယ်။ အညစ်အကြေးတွေကို သတ်သတ် tank တွေနဲ့ စုပါတယ်။ ဖစ်တာကို ဖြတ်သွားတဲ့ရေတွေကို RO နည်းနဲ့ထပ်မံသန့်စင်ပါတယ်။

အဲဒီလို နည်းအဆင့်ဆင့်နဲ့ သန့်စင်လိုက်တဲ့ အခါ ရေဟာ လုံးဝနီးပါး သန့်စင်လိုက်တဲ့ ရေကို ရရှိပါတယ်။ ဖစ်တာကို ဖြတ်မသွားတဲ့ အညစ်အကြေးတွေကို tank တွေနဲ့ စုထား။ digester တွေမှာသိုလှောင်ကာ ဓါတ်ငွေ့ ထုတ်ပါတယ်။ ရရှိလာတဲ့ ဓါတ်ငွေကိုတော့ plant က စက်တွေလည်ပတ်ဖို့ လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ သုံးပါတယ်။

နောက်ဆုံး ဘာမှသုံးမရတော့တဲ့ အညစ်အကြေးတွေကို အပင်တွေ စိုက်ပျိုးဖို့ မြေသြဇာအနေနဲ့ သုံးပါတယ်။ ဒါကတော့ sewage water တွေကို သန့်စင်တဲ့ နည်းလမ်းအကြမ်းဖျင်းပါ။

Water Reclamation Plant တစ်ခု၏ အစိတ်အပိုင်းတစ်ချို့



အဲဒီလို စွန့်ပစ်ရေကို ပြန်သန့်စင်လို့ ရလာတဲ့ရေ အများစုကို စက်မှုလုပ်ငန်းတွေမှာ သုံးးပါတယ်။ သောက်သုံးရေအဖြစ်မသုံးဘူးလား ဆိုတော့ ဟုတ်ကဲ……..သုံးပါတယ်။ သောက်ပါတယ်။ ဟိဟိ။

စွန့်ပစ်ရေတွေကို RO နည်းနဲ့ သန့်စင်လိုက်တဲ့ အခါမှာ ရေမှာပျော်ဝင်နေတဲ့ Mineral အကျိုးပြု ဓါတ်သတ္တုတွေ အကုန်လုံးနီးပါးဟာ ဖယ်ရှားခံလိုက်ရပါတယ်။ ဒါကြောင့် စွန့်ပစ်ရေကို သန့်စင်လို့ ရရှိတဲ့ ရေ (NEWater) ကို သဘာဝရေတွေနဲ့ ရောပီး သုံးပါတယ်။ အဲဒါကိုတော့ အခုကျတော်သောက်နေ သုံးနေတဲ့ရေ pub ရေ (portable water) လို့ခေါ်ပါတယ်။ ဘယ်လောက်ပမာဏလဲ ဆိုတော့ အခု ကျတော်တို့ သောက်နေ၊ သုံးစွဲနေတဲ့ ရေရဲ့ ၁ရာခိုင်နှုန်းပါ။ နောက်ပိုင်းဆို ၂.၅ ရာခိုင်နှုန်း အထိတိုးဖို့ရှိပါတယ်။

အဲဒီအိမ်သာရေလို့ အလွယ်ခေါ်တဲ့ စွန့်ပစ်ရေကနေ သန့်စင်လို့ ရရှိတဲ့ ရေဟာ လုံးဝ ရေသန့်နီးပါသန့်စင်ပါတယ်။ ဒါဆို ကျတော်တို့ စွန့်ပစ်ရေကို ဘာလို့ ဒါရိုက်မသောက်တာလဲ။ ဟုတ်ကဲ ဘာလို့လဲဆိုတော့ လူတွေ စိတ်ထဲမှာ အိမ်သာရေကို ပြန်သောက်တယ်၊ သုံးတယ်လို့ စွဲသွားမှာဆိုးတာက တစ်ချက်။ နောက်တစ်ချက်က အကျိုးပြု ဓါတ်သတ္တုတွေ (mineral) တွေ မပါတော့တာကြောင့်ပါ။



“ခင်ဗျား အခု စင်္ကာပူမှာနေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊ သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကို သန့်စင်(treatment) လုပ်ထားတဲ့ရေတွေလား” ကဲ တစ်ယောက်ယောက်က မေးလာရင်ဘယ်လို ဖြေမလဲ။
“ဟုတ်ကဲ သောက်လဲသောက်ပါတယ်..မသောက်လဲ မသောက်ပါဘူးပေါ့..” တရားဝင်ကြေငြာထားတာကတော့ ၂.၅ ရာခိုင်နှုန်းပဲ။ ဒီထက် ဘယ်လောက်ပိုတယ် မပိုတယ်ဆိုတာကတော့ ပုလုကွေးလဲ မသိ။
“ကဲ ရေးရတာ ပင်ပန်းတယ်ဗျာ အိမ်သာရေ(စွန့်ပစ်ရေ) တွေကို သန့်စင်ထားတဲ့ရေတွေ ရောထားတဲ့ရေ တစ်ခွက်လောက် သောက်လိုက်အုံးမယ်ဗျာ… ဂလု ဂလု ဂွတ်”

(ဒီစာဖတ်ပီးလို့ စင်္ကာပူမှာနေပီး ရေသောက်ရတာ စိတ်ညစ်သွားရင် ပုလုကွေးနဲ့ မဆိုင် စာဖတ်သူနဲ့သာ သက်ဆိုင်ပါကြောင်း)

Ref: www.pub.gov.sg
www.wikipedia.com
(all photos are captured from the pub website)

Saturday, June 20, 2009

အလင်္ကာကြီးကို ဘယ်လိုမျက်နှာပြမလဲ


ပုလုကွေး ငယ်ငယ်က ဇာတ်တွေကြည့်ရတာ တော်တော် ဝါသနာပါပါတယ်။ အဒေါ်အငယ် အပျိုကြီးနဲ့ အတူတူ ပုလုကွေးတို့ မောင်နှမ ကြည့်ဖြစ်တာများပါတယ်။ ဇာတ်ထဲမှာဆို အများဆုံးကြည့်ဖြစ်တာက သစ္စာမေတ္တာ ရွှေမန်းသဘင် ပါ။ အဲဒီအချိန်က နာမည်ကြီး မန္တလေးသိန်းဇော်၊ မိုးဝင်းတို့ကို လဲကြည့်ဖူးပါတယ်။ ဒါပေမဲ့ မကြိုက်ဘူးဗျ။ သိန်းဇော်ဆို ကတာက နွဲ့လွန်းတယ်လို့ ထင်ပါတယ်။ မိုးဝင်း၊ မိုးမင်း တို့ကို တော့လုံးဝ ခံစားလို့မရတာပါ။ ပန်တျာကြည်လင်တော့ ကြိုက်ပါတယ်။

ပုလုကွေးတို့ ပဲခူးဘုရားပွဲဆိုတာကလည်း သင်္ကြန်မတိုင်ခင် နဲ့ သင်္ကြန်တွင်းမှာ ခြိမ့်ခြိမ့်သဲကျင်းပတာကလား။ ပဲခူးဘုရားပွဲက တခြားသောဘုရားပွဲတွေနဲ့ မတူဘူးခင်ဗျာ။ သူက တစ်နိုင်ငံလုံးက နာမည်ကြီးဇာတ်တွေ ၅ ၊ ၆ ၊ ၇ ခုလောက်ကို တချိန်ထဲမှာ ပြိုင်တူသွင်းတာခင်ဗျ။ ဇာတ်တွေကလည်း သူတို့ရုံလူပြည့်ဖို့ အပြိုင်ကကြတယ်ခင်ဗျ။ ဘယ်လိုပဲ ဇာတ်တွေများများ ပုလုကွေးတို့ တူဝရီး နှစ်တိုင်းအားပေးနေကြ ကတော့ သစ္စာမေတ္တာရွှေမန်းသဘင် ပါပဲ။

ရွှေမန်းသဘင်ကို ပဲခူးသူတွေက ဘယ်လောက်တောင် အားပေးသလဲ (ကဲသလိုဆို) မင်းသား ချမ်းသာက သီချင်းတစ်ပုဒ်ကို အစပဲပျိုးရသေးတယ်၊ အောက်ကနေ မင်းသားနဲ့ အပြိုင်လိုက်ဆိုကြတာဗျ။ ဥပမာဗျာ..ရွှေလက်ခုပ်သံ သီချင်းကို မင်းသားချမ်းသာက ရွှေလက်ခုပ်သံ လက်ခုပ်သံ..ဆိုပီး အစပဲပျိုးရသေး အောက်ကနေ..မိုးလုံးပြည့်ညံ ခြိမ့်ခြိမ့်သံ။ အာကာဝေယံ..ဗြဟ္မာပြေထံ၊ လူအပေါင်း ဝိုင်းကာကဲ ဆူဆူညံညံ ဘာသံလဲလို့ ချမ်းချမ်းကတဲ့ ပွဲတော်သဘင်မှ တီးလိုက်ပါတဲ့ ရွှေလက်ခုပ်သံ….ဘာညာ ဘာညာဆိုပီး ဆက်ဆိုကြတာ(ပုလုကွေးတောင် မေ့ကုန်ပီ)။

ပုလုကွေး ဇာတ်စကြည့်တဲ့ အချိန်က မင်းသားကိုချမ်းသာက ငယ်သေးသဗျ။ ဦးဝင်းဗိုလ်၊ ဦးဆန်းဝင်း တို့က ဦးဆောင်ပီးကတာဗျ။ မင်းသားဝင်းဗိုလ်ဆို ဝဝလေးနဲ့ ကတာလဲလှသဗျ။ ဦးဆန်းဝင်း ကတာလဲ အားပေးကြတာပါပဲ။(ကျတော် မင်းသားဦးဝင်းမောင် ကတာကို သိပ်မကြည့်ဖူးပါ) နောက်ပိုင်းတော့ မင်းသားချမ်းသာက ရွှေမန်းသဘင် ကိုဦးဆောင်လာခဲ့တယ်။ မင်းသားချမ်းသာရဲ့ ပြဇာတ်တွေဆို ပုလုကွေးမှတ်မိသလောက် ပျိုတို့မောင်ရှင်လိမ်ပြန်တော့(အဲ ဒါက ချမ်းသာရေးတာမဟုတ်ဘူးထင်တယ်)၊ ခင်ဦးနဲ့သား (ညွန့်ဝင်း ရုပ်ရှင် ပြန်ရိုက်ထားတယ်)၊ ဖိုးသင်္ကြန် တို့ ဆို တော်တော်လေးကို ကြိုက်ခဲ့တာပါ။

နှစ်ပါးသွား ကတော့ ပုလုကွေး အကြိုက်ဆုံးပဲခင်ဗျ။ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာ တို့ ညီအစ်ကိုတွေနဲ့ မင်းသမီးတွေ ဖြစ်တဲ့ လှလှသန်း၊ရွှေကူးတင်၊ ဋ္ဌေးဋ္ဌေးမြင့်၊ နောက်တော့ ပိုင်ပိုင်ချမ်း စတဲ့ မင်းသမီးတွေ ရဲ့အကတွေဟာ နှစ်ပါးသွားပီပီ မြိုင်ဆိုင်တယ်ဗျ။ တစ်ချို့ဇာတ်တွေမှာက နှစ်ပါးသွားလို့သာဆိုတယ် မင်းသမီးတွေက ထိုင်ရာက မထ ငုတ်တုတ်ဗျ။ မင်းသားပဲ ကနေတာလေ။ လူရွှင်တော်ကြီးတွေ ဖြစ်တဲ့ ရွှေခဲ၊ ရာပြည့် (နောက် မေ့ကုန်ပီဗျာ..နာမည်တွေ၊) တို့ ရဲ့ ပြတ်လုံးတွေဟာလဲ တော်တော်လေး ကောင်းပါတယ်ဗျာ။ လှလှသန်းရဲ့ အသံပြဲကြီးနဲ့ ချမ်းရေ..ချမ်းရေ ဆိုပီး ချမ်းသာကို ခေါ်တဲ့ အသံ၊ ဆန်းရေ ဆန်းရေ ဆိုပီး ဆန်းဝင်းကို ခေါ်တဲ့ အသံတွေကို အခုထိ နားထဲကြားယောင်သေးသဗျ။

၁၉၉၅ ပတ်ဝန်းကျင်ရောက်တော့ ဆန်းဝင်းသား တင်မောင်ဆန်းမင်းဝင်း ဟာ ဇာတ်ထဲကို အစပျိုးဝင်ရောက်လာသဗျ။ တင်မောင်ဆန်းမင်းဝင်းရဲ့ ပုဂံအက ဟာလဲ ကြည့်လိုကောင်းတယ်ဗျ။ နောက်ပိုင်း ရွှေမန်းသဘင်ဟာ နှစ်ခုကွဲသွားတယ်။ ချမ်းသာနဲ့ ဆန်းဝင်းတို့က တစ်ဇာတ်၊ မင်းသားဝင်းဗိုလ်က တစ်ဇာတ်။ တစ်နှစ်ပေါ့ အဲဒီ ရွှေမန်းသဘင် ဇာတ်နှစ်ခုလုံး ပဲခူးဘုရားပွဲမှာ အပြိုင်ကကြတယ်ဗျ။ အဲဒီတော့ ပုလုကွေးလဲ ဘယ်ဇာတ်မှ မကြည့်တော့ဘူး။ မကြာပါဘူး မင်းသားဆန်းဝင်း က အမေရိကန်မှာ အခြေချ။(မကျိန်းသေပါ)။ မင်းသားချမ်းသာလဲ ပဲခူးသူနဲ့ အိမ်ထောင်ကျပီး ဇာတ်ဆက်မကတော့ သလောက်ပါပဲ။ သစ္စာမေတ္တာရွှေမန်းသဘင်ကို တင်မောင်ဆန်းမင်းဝင်းနဲ့ သူ့ညီမက ဦးဆောင်ကလာတယ်။ ပုလုကွေးလဲ အဲဒီ အချိန်ကတည်းက ဇာတ်တွေနဲ့ ဝေးနေခဲ့တာပေါ့။ (ဦးဝင်းဗိုလ်သား စည်သူဗိုလ် ကတာကို နဲနဲပဲ ကြည့်ဖူးပါတယ်..မကြိုက်ပါ)

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် ချခဲ့မျိုးစေ့ကို မင်းသား ဆန်းဝင်း၊ မင်းသား ဝင်းဗိုလ်၊ မင်းသား ဝင်မောင်၊ မင်းသားချမ်းသာ တို့ဟာ အလင်္ကာရဲ့သွေးပီသစွာနဲ့ မြန်မာဇာတ်သဘင် ခေတ်ကို ဦးဆောင်ခဲ့ကြတယ်ဗျာ။ (ဦညွှန့်ဝင်းကတော့ ခြွင်းချက်ပေါ့)။

တနေ့ သယ်ရင်းအတောင်က burmese classic ကနေပီး ရုပ်ရှင်ဖွင့်ထားတယ်ဗျ။ သူဖွင့်ထားတော့ ပုလုကွေးလဲ ကြားနေရတာပေါ့။ လူရွှင်တော်က ခွန်းတောက်ဆိုသံကြားတော့ အော်အငြိမ့်ပဲ လို့ထင်ခဲ့တာ။ နောက်တော့ တင်မောင်ဆန်းမင်းဝင်း အသံကြားမှ အော်ရွှေမန်းသဘင်ပါလားဆိုပီး သူ့ကွန်ပျူတာဆီ အရောက်သွားပီး ကြည့်နေမိတယ်။ ရွှေမန်းသဘင်ဆို စိတ်ကကြည့်ချင်လာတာနဲ့ ဇာတ်ကားနာမည်ဘာလဲလို့ အတောင်ကို မေးမိတယ်။ အဲဒီမှာ ငါးပါးမှောက်တော့တာကလား။ သူပြောတာက “ခိုင်သင်းကြည်တို့ ကတဲ့ပွဲ (၃)တဲ့”။ ဗျာ အလင်္ကာ မျိုးဆက် တင်မောင်ဆန်းမင်းဝင်း ကဦးဆောင်ပီးကတဲ့ ဇာတ်ကို ခိုင်သင်းကြည်တို့ ကတဲ့ပွဲ လို့နာမည်တပ်ခံရသဗျ။ ရင်ထဲမှာ တစ်မျိုးကြီးပဲ။

ပုလုကွေးဟာ ယောင်္ကျားဝါဒီကို ပဲဆွဲကိုင်ထားတဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ဗျာ ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည်ရဲ့ မကတက် ကတက်နဲ့ ကထားတာကို ခိုင်သင်းကြည် တို့ ကတဲပွဲ ဆိုပီး နာမည်တပ်ခံရတော့ အဲဒီအခွေကို ဆက်ကြည့်ဖို့တောင် အားမရှိတော့ဘူး။ အလင်္ကာကြီး ကို ဘယ်လိုမျက်နှာပြရမလဲဗျာ…။ (တကယ်တော့ အဲ့ဒီအခွေက နှစ်ပါးသွားကနဲနဲလေးပါ၊ ပြဇာတ်တွေ ဘာညာတွေနဲ့ ..)

(youtube မှာတင်ထားတဲ့ မင်းသားချမ်းသာရဲ့ ခင့်ဆုတောင်း သီချင်းရယ်၊ မင်းသား ဆန်းဝင်းရဲ့ ခင့်ဆုတောင်း ကို ကြည့်သွားပါအုံးဗျာ။ မနှစ်က မြန်မာပြည်ပြန်တာ ပုလုကွေး မှာရှိတဲ့ သစ္စာမေတ္တာရွှေမန်းသဘင် ရဲ့ အခွှေတွေကို ယူကျူ့မှာတင်ဖို့ဆိုပီး အားခဲထားပေမဲ့ အခွေတွေက ဖတ်မရအောင်ပျက်နေတော့ လက်လျှောခဲ့ရတယ်ဗျာ။ အခွေတွေဝယ်မယ်ဆိုပီး လိုက်ရှာတာလဲ မရဘူးဗျာ။ ရှိတဲ့လူတွေများ ရွှေမန်းသဘင် အက အလှတွေကို youtube မှာတင်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ )





Sunday, June 14, 2009

ရောက်တက်ရာရာ အတွေး သတင်းများ




၁။ အာရှထိပ်သီး စီပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အင်အားကြီးမားတဲ့ မြန်မာနိုင်ငံမှ သူတို့ရဲ့ လူလိုက်ပါစီးနင်းမဲ့ တတိယမြောက်အာသယာဉ်ကို လာမဲ့ အင်္ဂါနေ့မှာ လွှင့်တင်မှာ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှာ မနေ့ဖော်ပြပါရှိပါတယ်။ အဆိုပါ ဇင်ယော်၃ အမည်ရ အာကာသယာဉ်ကို နိုင်ငံအဓိပတိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စက်ခလုပ်နှိပ် ကာလွှင့်တင်မည့် အကြောင်း သတင်းများမှာဖော်ပြပါရှိပါတယ်။

၂။ စင်္ကာပူနိုင်ငံမှ တာဝန်ရှိသူများဟာ သူတို့နိုင်ငံမှ ကျွမ်းကျင်လုပ်သားများအား မြန်မာနိုင်ငံသို စေလွှတ်ရေး အတွက် သဘောတူ စာချုပ်တစ်ရပ်ကို ရေးထိုးနိုင်ရန် မြန်မာနိုင်ငံသို လာမည့် စနေနေ့တွင် ရောက်ရှိမှာဖြစ်ကြောင်း၊ အဆိုပါသဘောတူညီမှုရရှိပါက စင်ကာပူနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံတွင် ဆိုက်ကားမောင်းခြင်း၊ လယ်ထွန်ခြင်း၊ ဆီအုန်းစိုက်ခြင်း စတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာ ဖြစ်တဲ့ အကြောင်း သိရှိရပါတယ်။

၃။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ေ၇းကုပ္မဏီကြီးမှ ယခုလ အကုန်တွင် touch screen ဖုန်း အလုံးတစ်သိန်း အား ဦးရာလူစနစ်ဖြင့် အလကားပေးသွားမှာဖြစ်ကြောင်း စီအန်အန် သတင်းမှ ကြေငြာသွားပါတယ်။ အဆိုပါဖုန်းများတွင် မြန်မာကျပ်ငွေ ၅၀ဖိုး ဖုန်းခေါ်ဆိုနိုင်မည့် ပရီပိတ်ကဒ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

၎။ မြန်မာ့လျှပ်စစ် ဓါတ်အားလုပ်ငန်းပိုင် အလုံဓါတ်အားဖြန်ဖြူးရေးငှာနခွဲမှ ဓါတ်အားပို့လွှတ်စက်များ ယာယီချို့ယွင်းမှုကြောင့် ဓါတ်အားပို့လွှတ်မှု ၄ မိနစ် ၃စက္ကန်ကြာမျှ ပြတ်တောက်မှု မနေ့က ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ၄မိနစ် ၃စက္ကန်ကြာ ဓါတ်အားပြတ်တောက်မှု အတွက် စက်မှုလုပ်ငန်းရှင်များသို လျှော်ကြေး မြန်မာကျပ် ၅သန်းပေးချေရမည့် အကြောင်း မြန်မာလျှပ်စစ် ဓါတ်အားလုပ်ငန်း ဝဘ်ဆိုဒ်တွင် တရားဝင် ကြေ ငြာထားကြောင်း သိရှိ၇ပါသည်။


၅။ ယနေ့ ငွေကြေးပေါက်ဈေးများကတော့ မြန်မာကျပ်ငွေ ၁ ကျပ်= အမေရီကန် ၁၂၀၃ ဒေါ်လာ၊ စတာလင်ပေါင်၉၀၆ပေါင်၊ တရုတ်ယွမ်=၅၃၈ယွမ်၊ ဂျပန်ယမ်း=၁၀၀၁.၈ယမ်း၊ အိန္ဒိယ ယူပီး ၁၁၃၇ယူပီး၊…..
ရွှေတစ်ကျပ် သား=မြန်မာကျပ်ငွေ ၁၂၉ကျပ်
ပလက်တီနမ် တစ်ကျပ်သား=မြန်မာကျပ်ငွေ ၅၀၇.၁၇ကျပ်

( အခုတလော ကျတော် စိတ်ညစ်နေလို့ (ကျတော့်ကို စိတ်ညစ်အောင် လုပ်တာဘယ်ချစ်ချစ်လဲ…) ဘာမှရေးချင်စိတ်မရှိဘူး။ ရေးတော့လဲ အခုလို ပေါက်တက်ကရလေးတွေပဲ ရေးမိတာပါ)

Saturday, June 6, 2009

သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ

(အမှတ်တရပေါ့ဗျာ)


ဒီစကားပုံလေး ပုလုကွေး ရင်ထဲကို ရောက်နေတာ တော်တော်ကြာပေါ့။ စကားပုံလေးကို အစဉ်အတိုင်း ဖတ်ကြည့်စဉ်းစားမိရင်တော့ တကယ်ကောင်းပါတယ်။ သင်ကောင်းနေမှတော့ ကျွန်ုပ်ဆိုးလို့ ဘယ်ဖြစ်မလဲ။ ကိုယ်ဆိုးရင် ကိုယ်ပဲ လူမိုက်ကြီး မသိတက်သူကြီး ဖြစ်ပေတော့မပေါ့။ အဲဒီတော့ ပုလုကွေးတို့တွေ တစ်ပါးသူ ကောင်းနေသမျှတော့ ကောင်းနေမယ်ပေါ့။


စကားပုံလေးကို ပြောင်းပြန်ပြန်စဉ်းစားကြည့်မိတယ်လေ။ သူမကောင်းရင် ကျွန်ုပ်ဆိုးမယ်ပေါ့နော်။ ဟုတ်တယ်ဟုတ်။ သူများမကောင်းတိုင်း ကိုယ်ဆိုးသင့်ပါသလား။ မသိတက်ပဲနေသင့်ပါသလား။ အဲဒီလိုသာ ဆိုရင် လောကကြီး ဘယ်ကောင်းတော့မလဲနော်။ လောကကြီးမပြောပါနဲ့ ကိုယ်ပတ်ဝန်းကျင်တောင် လှပတော့ပါ့မလားမသိ။


တစ်ချို့တွေက တကယ်မသိတတ်တာလား။ နားမလည်တာလားမသိ။ သူများဆီက သာလိုချင် တက်ကြတယ်လေ။ ကိုကပေးဖို့ကျတော့ ဝန်လေးတက်ကြတယ်။ သူများအပေါ် မကောင်းနိုင်ရင်တောင်မှ မဆိုးတော့ မဆိုးသင့်ပါဘူးလေ။ လူဆိုတဲ့ သတ္တဝါဟာ အတ္တကိုေ၇ှ့တန်းတင်တာ မှန်ပေမဲ့ အဲဒီအတ္တတွေ သိပ်များလာတဲ့ အခါ ကိုယ့်အတ္တက ကိုယ့်ကို ပြန်ဝါးမျိုပီး ဇာတ်သိမ်းမလှတက်ကြပါဘူးလေ။


ပုလုကွေးရဲ့ ခံယူချက်ကတော့ ကိုယ်ကတော့ ဘယ်သူကိုမဆို ကိုယ်တက်နိုင်သလောက် လုပ်ပေးဖို့ ဝန်မလေးတက်ပါဘူး။ သူဟာ ကိုယ်အပေါ်မကောင်းမှန်း သိတယ်။ တစ်ခါတလေ တော့လဲ အော်သူငါ့အပေါ်မကောင်းတာပဲ သူ့ကို ဘာလုပ်ပေးစရာလိုလဲ လို့တွေးမိတယ်။ ဒါပေမဲ့ သူမကောင်းတိုင်းသာ ကိုယ်ဆိုးရရင် ပုလုကွေးတို့ အဆိုးတွေနဲ့ ကြုံရပေတော့မပေါ့။ ဒါကြောင့် သူကောင်းမကောင်း သူ့ဟာသူပဲ။ ကိုယ်ကတော့ အာလုံးအပေါ်ကောင်းနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်ကို အမြဲမွေးမြူဖို့ ကိုယ့်ကိုယ်ကို သတိပေးရင်း အားလုံးလဲ သူမကောင်းပေမဲ့ ကိုယ်က သူ့အပေါ်ကောင်းနိုင်အောင် ကြိုးစားနိုင်ကြပါစေလို့….


(ဒီပို့်စ်လေးကို ရေးပီတာ ကြာလှပေါ့။ တစ်လတောင်ကျော်ပီ။ ဘာပုံလေးတင်ရင်ကောင်းမလဲလို့ စဉ်းစားနေတာ မနေ့က သောကြာနေ့ 5.6.09 ညနေ ၇ခွဲ စလုံးအချိန်ကို ရှဲဂျူးလုပ်ပီးတင်ထားတာ ဘာမှားသွားတယ်မသိ..ပို့စ်က မတက်ဘူး။ ညဘက်ကလဲ အွန်လိုင်းမတက်ဖြစ်ဘူး။ မနက် ရောက်မှ စစ်ကြည့်တော့ ပို့စ်လဲမတက်ဘူး ဆီပုံးထဲမှာလဲ ဘယ်သူမှန်းမသိ လာဆဲသွားတော့ အမှတ်တရအနေနဲ့ ကတ်ချာဆွဲပီး တင်လိုက်ပါတယ်ဗျာ။ ဘာပဲပြောပြော ပိုစ့်လေးအတွက် ပုံလေးတစ်ပုံရတယ် :) :) မဂွတ်ဘူးလားနော်)
------------
ပုလုကွေး
------------

Tuesday, June 2, 2009

နောင် အနှစ် ၂၀

မမဝါဝါ တက်စ်ထားတဲ့ ဒီတက်စ်ပို့စ်လေးကို ကျတော်ရေးဖို့ တော်တော် အားယူရတယ်။ တက်စ်ပိုစ်ဆို တော်တော်များများ ကျတော်ရေးပါတယ်။ မရေးတာဆိုလို့ ညီငယ်တောင်ပေါ်သား (အခုတော့လဲ တောင်ပေါ်သားမဟုတ်တော့ဘူးရယ်လို့ ဂျီတော့မှာအော်ထားသဗျ) တက်စ်တဲ့ အချစ်အကြောင်းတက်စ်ပို့ တစ်ခုပဲ ရှိမယ်ထင်ပါတယ်။ အဲဒီတုန်းက ကျတော့ ဟတ်အခြေအနေမကောင်းလို့ မရေးတာပါ။ ချစ်လို့ ခင်လို့ တက်စ်တာကို ရေးပါတယ်ဗျာ။
.
နောင်အနှစ် ၂၀ ကျတော် ဘာဖြစ်မလဲ။ ကျတော်ကိုယ်တိုင် မတွေးချင်ဘူး။ ဘာလို့ဆို အနာဂတ်ဆိုတာ ကြိုမမြင်ရလို့ပါ။ ကျတော်ကတော့ ကျတော့ road map ကို ရေတို ၁နှစ် ၂နှစ်လောက်ပဲချလေ့ရှိတယ်။

နောင်အနှစ် ၂၀…
Option 1
ကျတော်ဖွင့်ချင်တဲ့ (သူမဝါသနာပါတဲ့) ဆော့ဝဲလ်ဆိုင်၊ကွန်ပျူတာဆိုင်လေး တစ်ခု ဖွင့်ဖြစ်မယ်ထင်တယ်။ သူမက electrical နဲ့ကျောင်းပီတာလေ။ ကျတော်က စက်မှုနဲ့ပီးတာဆိုပေမဲ့ ဒီလိုင်းမှာ သူမနဲ့ကျတော် ဝါသနာချင်းတူတယ်။ m81 multimedia ဆိုတဲ့ နာမည်နဲ့ ဖြစ်မယ်ထင်ပါတယ်။ ရန်ကုန် ဒါမှမဟုတ် နေပြည်တော် ဒါမှမဟုတ် ပဲခူးမှာပေါ့။ သုံးခုလုံးမှာလဲ ဆိုင်ခွဲလေးတွေ ဖွင့်ဖြစ်ချင်ဖြစ်မှာပေါ့။

Option 2
ပါကြီး(ကျတော့်ဖေဖေ) ရဲ့ လက်ရှိအလုပ်ဖြစ်တဲ့ ကားလုပ်ငန်းကို ဆက်ဦးစီးဖြစ်မလားမသိ။ “အမေ့သား” ဆိုတဲ့ ကုန်တင်ကားတွေ ရန်ကုန်-မန်းလေး အဝေးပြေးလမ်းတစ်လျှောက် မြင်ရအုံးမလားမသိ။ ကျတော်က စက်မှု အင်ဂျင်နီယာတစ်ယောက်ပေမဲ့ ရဲအရာရှိဟောင်း ဖေဖေလောက် ကားတွေ၊ ဒရိုင်ဘာတွေ၊ စပယ်ယာတွေ ကို အုပ်ချုပ်နိုင်ပါ့မလားမသိ။ ပါးကြီးက ကျတော့ထက် ကားအကြောင်းကို ခေ၇စေ့တွင်းကျသိတယ်လေ။ ပါးကြီးဆီကနေ သင်ယူရမှာပါပဲ။

Option 3
ဒါမှမဟုတ် အားလုံးကို အဆက်ဖြတ်ပီး ဘုန်းကြီး ပဲဖြစ်နေမလားမသိ။ ပဲခူးအောင်သုခ ဆရာတော် ဘုရားကြီး ဥူးစန္ဒိမ ရဲ့ အဆုံးအမတွေကို ခံယူပီး တရားတွေပဲ အားထုတ်ဖြစ်နေမလားမသိပါ။

Option တွေလဲသုံးခုတောင်ရှိပီ။..တော်လောက်ပါပီ နောင် အနှစ် ၂၀ရယ် ရင်မောတယ်ကွယ်။