Friday, January 23, 2009

၁၁ လနဲ့ ၇ရက်( လီလီရေ)

လီလီရေ.. ဒီအချိန်ဆိုရင် မင်းဆီကို ပြန်ဖို့ ကိုယ်လေယာဉ်ပျံပေါ်ကို ရောက်နေလောက်ပြီ။ ဒီနေ့ 23.1.09 နေ့ဆိုတော့ မင်းနဲ့ ခွဲခွာခဲ့တာ 11 လ 7 ရက် ရှိပြီပေါ့။ ၁နှစ်တောင် မပြည့်သေးပဲ မြန်မာပြည်ကို ပြန်လာလို့ တချို့ က ကို့ကို ပြောကြတော့ မယ်။ ဒါပေမဲ့ ကိုယ် ဖေဖေ၊ မေမေနဲ့ အားလုံးကို သတိရတယ်လေ။ ကိုယ် နောက် အနည်းဆုံး ၅နာရီလောက်ဆိုရင် မင်းဆီကို ရောက်မယ်။ မင်းကော ကိုယ့်ကို မျှော်နေမလား။ ကိုယ်ကတော့ မင်းနဲ့ တကွ မြန်မာပြည်ကြီး က လွမ်းစရာတွေ အားလုံးကို လွမ်းတယ်။
ကိုယ်ကတော့ ဒီနိုင်ငံမှာ လုံးဝမပျော်ဘူး ဆိုတာ မင်းလဲသိမယ်ထင်ပါတယ်။ ရောက်စကတော့ သိပ်မသိသာပေမဲ့ နောက်ပိုင်း ကျတော့ပို လွမ်းလာတယ်။ ရောက်ပြီးတစ်လနေတော့ပေါ့။ အလုပ်လည်းရ အိမ်ကိုကလည်းလွမ်း ဆိုတော့ပိုဆိုးတာပေါ့။ အလုပ်ရတော့ ပိုဆိုးတယ်ဆိုတာက ကိုယ်မှတစ်ခါမှ သူများဆီမှာမှ အလုပ် မလုပ်ဖူးတာလေ။ အဲဒီတော့ ခံစားရတဲ့ ဒုက္ခက ပိုဆိုးတာပေါ့ကွာ။
ကိုယ်မြန်မာပြည်မှာ ၁၆ရက်လောက်နေဖြစ်မယ်။ ၈ရက်နေ့ နေလည် ပြန်မယ်။ စင်ကာပူဆိုနိုင်ငံကို ကိုယ်ပြန်လာချင်လွန်းလို့တော့ ဟုတ်ဖူး။ တကယ်ဆိုရင် မြန်မာပြည်မှာပဲ နေပီး စီပွားရေးလုပ်ချင်တယ်။ ဒါပေမဲ့ ကိုယ် မိဘတွေနဲ့ အတိုက်အခံ မဖြစ်ချင်ဘူးလေ။ ကိုယ့် အကြောင်းလဲသိသားနဲ့ လီလီ။ ကိုယ်က မိဘက အဖြူဆိုရင် လုံးဝဖြူချင်တယ်။ မိဘစကားကို လုံးဝ နားထောင်တဲ့ သားပဲ ဖြစ်ချင်တယ်။ အဲ့ ဒီတော့ ပါးပါး၊ မားမားတို့နဲ့ အတိုက်အခံ မဖြစ်ချင်ဘူးလေ။ ဘယ်တုန်းကမှလဲ အတိုက်အခံ မလုပ်၊ ပြန်မပြော ပြောသမျှစကားနားထောင်တာ မင်းလဲအသိလေ။ ဒါကြောင့် နောက်တစ်နှစ်လောက်တော့ စင်ကာပူမှာဆက်နေမယ်။
နောက်နှစ် ဒီအချိန် ဒါမှမဟုတ် နောက်နှစ်တရုတ်နှစ်ကူး အပြီး ရင်တော့ မြန်မာပြည်ကို အပြီးပြန်ဖြစ်မယ်။ ဒီနှစ် ကိုယ်ပြန်တဲ့ အချိန်အတွင်း မှာ ပါးပါး၊မားမားတို့ကို ကိုယ်လုပ်ချင်တဲ့ စီးပွားရေးကို ချပြရမယ်။ သူတို့က အိုကေဆိုရင်တော့ ပျော်စရာပဲပေါ့။ ကိုယ်အကြောင်းလဲ မင်းသိသားနဲ့ ကိုယ်က စက်မှုမေဂျာနဲ့ သာကျောင်းပြီးတာ၊ ကွန်ပျူတာကို ပိုပြီးခုံမင်တယ်။ အဲဒီတော့ ကိုယ်အလုပ်ကလည်း ကွန်ပျူတာနဲ့ ပဲဆက်နွယ်နေမှာပါ။
ဒါနဲ့ ကိုယ်မင်းအတွက် အပေါင်းအဖော်တစ်ယောက်ခေါ်လာတယ်။ သူကိုတော့ ကိုယ်က ဟာလူး လို့ခေါ်တယ်။ မင်းရဲ့ ညီလေးဆိုလဲဟုတ် ညီမလေးဆိုလဲဟုတ်ပေါ့။ ဒါနဲ့ မင်း ကျန်မာရေးကော ကောင်းရဲ့လား။ ကိုယ်ပြန်ရောက်မှ လိုအပ်တာတွေ အားလုံးလုပ်ပေးတော့မယ်။ ကိုယ်မသွားခင် ပျက်သွားတဲ့ cooling fan ကော၊ နောက်ပြီးတော့ လိုအပ်ရင် ဖောမတ်ချပြီး လိုအပ်တာတွေ ပြန်တင်ပေးမယ်။ မင်းကို ဘဝ အသစ် ပြန်စပေးမယ်ပေါ့ကွာ။။ လီလီရေ..မျှော်နေကွာ….
(ကျတော့ရဲ့ ဟာလူးလေး)

10 comments:

Anonymous said...

မောင်မင်းကြီးသာ အဆင်ပြေချောမွေ့ပါစေဗျာ

JulyDream said...

လီလီရေဆိုလို့ မောင်ရင်လေး ဘယ်တုန်းက သံချပ်ကား ရသွားလဲပေါ့။ အေးကွာ... တူတော့ တူပါတယ် ကွန်ပျူတာလည်း သံပုံးခွံထဲမှာ ထည့်ထားတာပဲလေ။ အကြီးအသေးပဲ ကွာပါတယ်။

megumi said...

မုန့်ဝယ်ခဲ့နော်။

ဒါနဲ့ လီလီဆိုတာ PC လား။ ဟ ဟား။ ကိုပုလုကွေးကြီးကတော့ လုပ်ပြီ။ :P :P

:P said...

သြော်.. လီလီပန်းလား.. ကောင်မလေးနာမည်လားလို့....။

Unknown said...

အစ်ကို့ရဲ့ ဟာလူးလေး ကို
အနော့် Little_Fish လေးနဲ့ ပေးစားမယ်နော်..
ကြိုပြီး စရံသတ်လိုက်ပြီ...
ဟိဟိ

ပြန်လာရင်.. စေ့စပ်ပေးလိုက်မယ်..။
:P

khin oo may said...

ဖတ်သွားပါသည်။

Taungoo said...

laptop လေး သူ့ဟာသူနေတာကို အထီးလိုလို အမလိုလို နဝေတိမ်တောင်မလုပ်ချင်ပါနဲ့။
ညီ ဆိုလည်း ညီ
ညီမ ဆိုလည်း ညီမ ပေါ့ကွာ။
ကွန်ပြူတာနှစ်လုံးနာမည်ကျတော့ မြန်မာမဆန်ဘူးနော်။ email ကျတော့ မြန်မာမှုဆန်ဆန် ဓါတ်ချောစာ တဲ့။ တတ်နိုင်ပါပေ့ကွယ်။
ငါကားပေါ်ကနေ ရအောင်ရိုက်ခဲ့တဲ့ မင်းအိမ်ပုံနဲ့ ဘာလို့မတင်ခဲ့တာလဲ။

စိတ်ပျက်စွာဖြင့်

တောင်ပေါ်သား said...

လာခဲ့ ကျနော်မှာ IBM Thinkpad ၁လုံးရှိတယ် ဒီကောင်က တော်တော် အကြမ်းခံတာ ဟီးး ကိုကြီးရဲ့ လီလီလဲ ရတယ် ဟာလူးလေးလဲ ရတယ် လာတာလာထား ဟဲဟဲ


လေးစားလျက်
တောင်ပေါ်သား

Rita said...

အော ဒုက္ခ..အလုပ်မရှိ ကြောင်ရေချိုးပဲ ကြားဖူးတယ်..ခုမှ ကွန်ပျူတာ မင်္ဂလာပွဲစားတွေ တွေ့နေပြန်ပါပြီ...Computer Cupid များ...(ကွန်မန့်များ ဖတ်ပြီး လိုရင်းတောင် ပျောက်သွားပြီ)
_______________________________________
ပုလုကွေးရေ PC အဟောင်းကြီးကို အောက်က ဘီးတပ်လိုက် သံချပ်ကာကား ဖြစ်ရော

Rita said...

ငါ့ Dell လေးလဲ နာမည်ပေးဦးမှ
ဘိုနာမည်ပဲပေးရင်ကောင်းမယ်ထင်တယ်နော်

Brad Pitt, Toby McGwire, Matt Damon, Bae Yong Joon

ဘာပေးရင် ကောင်းမလဲ မသိဘူး