Saturday, January 3, 2009

နားထောင်ကြည့်ပါအုံး

ကျတော် ဒီသီချင်းလေးတွေကို MMAမှာ ကို ME တင်ထားတာတွေတော့ နားထောင်ကြည့်တာ ကောင်းတာနဲ့ ကျတော့ ဘလော့လေးကို လာလည်သူတွေ အတွက် နှစ်သစ်ကူးလက်ဆောင် အနေနဲ့ ရှဲလိုက်ပါတယ်။ အားလုံးလဲ နှစ်သက်မယ်လို့ ထင်ပါတယ်။….
သီချင်းလေးကို ဒေါင်းချင်ရင်တော့ သီချင်းစာသား ခေါင်းစဉ် လေး အပေါ်မှာ ကလစ်လိုက်ပါဗျာ။
နားထောင်ချင်ရင်တော့ စပီကာလေးသာ ဖွင့်လိုက်ပါ။ side bar က သကောင့်သားလေးက နားထောင်ချင်မှန်းမသိ မနားထောင် ချင်မှန်းမသိ အော်တို ပွင့်နေမှာပါ။
သန်းမြတ်စိုး... အကျင်းဆိုး
ဒို့ဗမာ
ဒါလေးက တော့ MMA မှာ ကို ME ရေးထားတဲ့ အားဘော်လေးပါ။

အခုခေတ်မှာအရမ်းရှားပါးပြီးနားထောင်ရခက်တဲ့
သီချင်းလေး ၂ ပုဒ်ကိုတင်လိုက်ပါတယ်။ နံပါတ် ၁ က ဒို့ဗမာ ပါ
နောက်တစ်ပုဒ်ကတော့ အကျင့်ဆိုး ပါ။
ဒီသီချင်းမျိုးနားမထောင်ဘူးတဲ့
သူတွေနားထောင်ရအောင်ပေါ့။
လူတိုင်းနားထောင်သင့်ပါတယ်။
ကျွန်တော်မှာ ၂ပုဒ်ဘဲရှိလို့ ၂ပုဒ်ဘဲတင်ပေးလိုက်တယ်နော်။
ဟစ်ဟော့တွေလိုက်မမှီတဲ့စာသားတွေနဲ့ရေးထားပါတယ်။ အပျက်အသက်ကွာပါတယ်။
သီချင်းကြီးဆိုပြီးမပိတ်လိုက်နဲ့နော် သီချင်းဒေါင်းပြီရင်ဆုံးတဲ့အထိနားထောင်။
အရမ်းကောင်းတဲ့သိချင်းတွေပါ။
တင်ဆက်သူ = အကြွင်း ME

...................................................................................................................................
ဒါနဲ့ စကားမစပ် ကျတော် ဒီဘလော့ လေးကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တယ်။ စိတ်အရမ်းညစ်နေလို့ ... ဒါပေမဲ့ မရဘူးဗျ..နှစ်ကူးတုန်းက ကျတော့ကို လာနှုတ်ဆက်ကြတဲ့ အစ်ကိုတွေ အစ်မတွေ ညီငယ် ညီမငယ်တွေ အားလုံးကို ပြန်မနှုတ်ဆက်နိုင်ဘူးဗျာ။ ဒါကြောင့် ကျတော့ ရဲ့ ရိုင်းစိုင်း မှုကို တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ။

4 comments:

Anonymous said...

ကိုပုရေ ကျေးဇူးဗျာ ကျနော့်မှာလဲရှိတယ်ဗျ
အဟီးကိုပုပြောမှပဲ သွားတသိရတယ်ဗျာ ကျေးဇူးပါဗျာ။

JulyDream said...

အိမ်း...
ရှိစေတော့ မောင်မင်း...
နောက်တစ်ခါ ရိုင်းလို့ကတော့
ဘယ်လိုပြစ်ဒဏ် ခံစားရမယ်ဆိုတာ မောင်မင်း သိတယ် ဟုတ်စ...

ဒီတစ်ခါတော့ အမိုက်အမဲလေးမို့ ခွင့်လွှတ်တော်မူလိုက်မယ်။ ဒါပဲ။

Anonymous said...

ပုလုကွေးရေ---
ကျေးဇူးတင်ပါတယ်--
နေမကောင်းဖြစ်တာကြာပါပြီ---
အခုတော့သက်သာပါတယ်--
ှနှစ်သစ်မှာ အစစအရာရာ လိုအင်ဆန္ဒပြည့်ပါစေ---

megumi said...

စိတ်ညစ်တာတော့ ကျမကောပဲ။
ဒါပေမယ့်၊ မထွက်သွားပါနဲ့ ကိုပုလုကွေးရယ်။

ဒီလိုပါပဲ။
အဆင်မပြေသေးရင် နည်းနည်းလျှော့ရေးပေါ့။