Tuesday, September 30, 2008

ဒုတိယလူ ၏ ပထမဆုံးများ

အမြဲတမ်း ဒုတိယဖြစ်နေတက်တဲ့ ကျတော် ပထဆုံးများကို ရေးရမယ်ဆိုတော့ နဲနဲတော့ ခတ်သား။ ဒါပေမဲလဲ သယ်ရင်း ဘိုဘို နဲ့ တောင်ပေါ်သား တို့က tag တော့ ရေးရပေမပေါ့။ သီးခံဖက်ရှုပေးကြပါကုန်။


ပထမဆုံး နေခဲ့တဲ့မြို့ — အာမထိ လျှာမထိမြို့(သိမလားတောသိဘူး.. မလင်းလက်ကြယ်စင်၊ ပြည်စုံ တို့ နဲ့ တစ်မြို့ထဲ)


ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အဲဒီမြို့ မှာ အဲဒီအချိန်တုန်းက အထက်တန်းကျောင်းတစ်ကျောင်းထဲရှိတယ်။


ပထမဆုံး အတန်း — သူငယ်တန်းလေး လို့ခေါ်မလား ကျောင်းပျော်လို့ခေါ်မလား။ (ကျတော့ အသက်က ကိုးလို့ ကန့်လန့်ဗျ ။ ကျောင်းဖွင့်တော့ ၄နှစ်ခွဲ. ဒါကို ကျတော့ ပါကြီး(ဖေဖေ) က အသက်ခိုးမထား ခိုင်းပဲ ၅နှစ်ခွဲမှ သူငယ်တန်းစတက် ခိုင်းတယ်)


ပထမဆုံး သူငယ်ချင်း — စနေမောင်မောင်(နာမည်အရင်းပါ..သူငယ်တန်းနှစ်မှာပဲ သူဆုံးသွားရှာတယ်)၊ မိန်းကလေးထဲမှာဆို မွတ်စလင်မလေးပဲ နာမည်တော့ ကျတော်သိတော့ဘူး ၊ ကျတော့ ဒေါ်လေးကို ပြန်မေးရမယ်။ သူက အကုန်မှတ်မိတယ်။


ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — စနေမောင်မောင် (သူ့အကြောင်းနောက်မှရေးတော့မယ်.. သတိရသွားပြီ သယ်ရင်းကြီ်း)


ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်— တေဇ။ ရွှေသွေး။


ပထမဆုံး အရိုက်ခံရခြင်း —၄ တန်းနှစ်မှာ အင်္ဂလိပ်စာဆရာမ(မူလတန်း ကျောင်းအုပ်)က ရိုက်တာ (အဲဒီကိစ္စနဲ့ပက်သက်ပြီး မာမီနဲ့ ဆရာမ တော်တော် စကားများကြတယ်။ မာမီကလည်း ဆရာမပဲလေ။ ကျတော်လည်းငို ဆရာမလည်းငို မာမီကတော့ ငိုဖူး)


ပထမဆုံး ရတဲ့ဆု — သူငယ်တန်းမှာ ဒုတိယဆု။


ပထမဆုံး သွားဖူးတဲ့ခရီး — မိဘတွေ မပါပဲ သွားတဲ့ခရီးဆိုရင် ၈ တန်းနှစ်က သယ်ရင်းတွေနဲ့ ကျိုက်ထီးရိုးကို သွားတာ။


ပထမဆုံး ဆိုတဲ့သီချင်း — ကိုင်ဇာရဲ့ သီချင်းတွေ(မိုးရွာရင် မိုးရေချိုးမယ်….)


ပထမဆုံး ရေးတဲ့ကဗျာ —မမှတ်မိတော့ဘူး။


ပထမဆုံး ရေးခဲ့သော ရည်းစားစာ ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် ပထမဆုံး ချစ်သူ ဒီသုံးခု ကို မဖြေချင်ဘူး။ ရှက်လည်းရှက်တယ်.ကိုယ်မဆွံမှန်း လူတွေသိမှာစိုးလို့ဗျ။ ဟီးဟီး တစ်ခုမှလုပ်ဖူးဘူး။ အခုထိလဲရှိသေးဘူး (သားသား ရှက်ရှက်) ။ ( urgent need)။


ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — ဝတ္ထု ဆိုရင်တော့ ဂျူးရဲ့ ပင်လယ်နှင့် တူသောမိန်းမများ။ (သယ်ရင်းတစ်ယောက်ကို ငှားတာအပျောက်ရိုက်သွားတယ်.. စလုံးကို မလာခင်က ထပ်ဝယ်ထားတယ် )


ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — ၂၀၀၁ခု ဇန်န၀ါရီ --နေ့


ပထမဆုံး ရဖူးတဲ့လက်ဆောင် — သယ်ရင်းလား ချစ်ချစ်လား အခုထိမကွဲပြားသေးသော သူလေးဆီက ရတဲ့မွေးနေလက်ဆောင်။


ပထမဆုံး အလုပ် —(အိမ်က အလုပ်တွေကို ကူလုပ်ပေးတာမပါ) အခုလက်ရှိ စလုံးမှာလုပ်နေတဲ့ အလုပ်၊(တကယ်ပြောတာ အဲဒီမတိုင်ခင်က ဘာမှ လောက်လောက်လားလားလုပ်ဖူးဘူး၊ မိဘပိုက်ပိုက် ထိုင်ဖြုန်းပြီး တစ်ခုပြီးတစ်ခုဆက်တက်နေတာ။ ဘာမှလဲ မတက်ပါဘူး.. ၂ နေရာမှာပဲ အသုံးဝင်မှာ)


ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ပြင်ဦးလွင်ရောက်နေတဲ့ ညီလေးဆီကို။


ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်—ငယ်ငယ်တုန်းကတော့ ခိုးသောက်ဖူးတယ်(သေသေချာချာ မှတ်မိတော့ဘူး)


ပထမဆုံး သောက်ဖူးတဲ့ဘီယာ — ၉၉ လောက်က central hotel မှာ။ အဲဒိကတည်းက သောက်တာ။ ၂ဂျားလောက်ကို တစ်ယောက်ထဲ အေးဆေးသောက်ခဲ့ တာလဲ ၇ှိပေါ့။ (ဘီယာ ကို အဲဒီလောက် ကြိုက်တာ...အမြဲတမ်းတော့ ဟုတ်ဘူး)။ စလုံးရောက်တော့ limit တွေကျကုန်ပြီ (ဈေးကြီးလို့) ။ အိမ်ကို တိုင်ပြောနဲ့နော် အိမ်ကသိဘူး အိမ်ကသိရင် ရိုက်လိမ့်မယ် (နှုတ်ပိတ်ခ ဘီယာတိုက်မယ်)။


ပထမဆုံး သောက်ဖူးတဲ့အရက် — အခုထိလျှာပေါ် မတင်ဘူးသေးဘူး။


ပထမဆုံး တက်ဖူးသော ဆေးရုံ — တစ်ခါမှ ဆေးရုံတက်ဖူးဘူး။


ပထမဆုံး ဘလော့ပို့စ် — ပထဆုံးသော ပို့လေးနဲ့ ဘလော့လေးရှိတောဘူး။ ဖျက်ပစ်လိုက်ပြီ။ ဟိုတုန်းက တစ်ယောက်ထဲ လျှောက်လုပ်ထားတာ။ ဘလော့ ခေတ်ဦး က အစ်ကိုတွေကိုအားကျပြီး လုပ်ထားတာ


ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — ဆူးသီဟ ခေါ် ဆူးရဲ။ သူလဲ မရေးတော့ဘူး။


ပထမဆုံး အကြိမ် ထီပေါက်ခြင်း — ဗမာ ၂လုံးတုန်းက ၂၀၀ဖိုးပေါက်ဖူးတယ်။


ပထမဆုံး ရင်ခုန်ဖူးခြင်း — ရင်ခုန်တာတွေက များတော့ မှတ်မိတောဘူး


ပထမဆုံး တီးဖူးတဲ့ဂစ်တာ — သယ်ရင်းဆီမှာ ဂီတာတီးသင်တာ ပထမဆုံးလက်ကွက်ကနေ ဆက်မသင်တော့တာ ခုထိပဲ။ c key လားပဲ။ အဲဒီလောက် ပါရမီပါတာ ငှဲငှဲ..။


ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — တရုတ်ပြည် နယ်စပ် ။


ကျတော်ဆက်လက် ပြီး tag ချင်တာကတော့ ညီငယ် ကျားလေးနဲ့ iceos တို့ကို ပါပဲ။ ညီလေးတို့ရေ.. အားရင်ဖြေပေးကြပါအုံး။။

Saturday, September 27, 2008

ကျတော် ဘီလျံနာ


မနေ့က funan ဘက်ရောက် ရင်း ဟိုဝင် ဒီဝင် ဝင်ကြည့်ရင်း ဆော့ဝဲလ်တွေ တွေ့လို့ ဈေးနှုန်းတွေကြည့်မိတယ်။ လား..လား ။ဈေးတွေက မသေးပါနော်။ ဆော့ဝဲလ် တွေမြင်ရင် ရင်ခုန်နေတက်တဲ့ ကျတော်ရင်တုန်သွားတယ်ဗျာ။ အနည်းဆုံး ဆော့ဝဲလ် ပိညှောက်လေးတောင် စလုံး ၄၀ ။ ၅၀ဗျာ။ ဂိမ်းပိညှောက်လေးတွေက ၁၈ကျပ် ၂၀ဗျာ။ အကြီးကြီးတွေက ရာကနေ ထောင်ချီ ရှိတယ်။ မလွယ်ပါလားနော်။ အဲ့ ဒီတော့လည်း rapidshare အကူအညီနဲ့ ခိုးသုံးတာပဲ ကောင်းပါတယ်။



ကျတော့ စက်မှာဆို os ကလွဲလို့ ကျန်တာ pirate တွေကြီးပဲ။ ရန်ကုန်ကနေ မလာတဲ့ dvd ၁၀ ချပ်စာဆော့ဝဲလ်တွေရယ် ။ ဒီမှာ rs အကူအညီနဲ့ ဒေါင်း ထားတာ ရယ်။ ဟီး ဟီး တကယ်ပေါက်ဈေးနဲဆိုရင် ကျတော် မီလျံနာလောက် ချမ်းသာတယ်။ ဒါတောင် ဂိမ်းခွေတွေ ပါသေးဘူး။ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အချပ် ၅၀ စာလောက် ဆော့ဝဲလ်တွေ ပေါင်းလိုက်ရင်
ကျတော် ဘီလျံနာ ပဲ။။ ကျတော် ဘီလျံနာ ပဲ။ ကျတော် ဘီလျံနာ။

Monday, September 22, 2008

အား နေလို့ပါ...



ဒီနေ့ ရုံးမှာ အားနေတာနဲ့ လျှောက်ဆွဲထားတာပါ။ 3d max တို့မှာ ဆွဲတာလောက်တော့ မလှပါဘူး။ 3d max မတက်သေးတော့လည်း ကိုယ်တတ်တာလေးနဲ့ ဆွဲထားတာပါ။ အော်တိုကတ် အခြေခံရှိတဲ့ ဘယ်သူမဆို အလွယ်တကူဆွဲ နိုင်ပါလိမ့်မယ်။ ပြီးတော့ rendering လည်းမလုပ်တက်တော့ မလှဘူးပေါ့။


အောက်ကပုံလေးကတော နေလည်ထမင်းစားပြီးမှဆွဲထားတာပါ။ ရုံးက dell မော်နီတာလေးအတိုင်း ဆွဲထားတာ. ဆွဲပြီးတော့ desktop ကို fs-screen capture လေးနဲ့ ဖမ်းပြီး ပြန်ထပ်လိုက်တာ။ ဘယ်လိုဖြစ်တယ်မသိဘူး.. ပုံမှာ အိုင်ကွန်တွေက ဘယ်ညာပြောင်းသွားတယ်..လုပ်တက်သလောက်လေး လျှောက်လုပ်ထားတာ ..ဝေဖန်ပေးပါအုံး..



Friday, September 19, 2008

ရခိုင်ရှောက်သီးသုပ်

ဟိုတနေ့က အိမ်မှာတယောက်ထဲ ရှောက်သီးသုပ်စားတယ်။ သယ်ရင်းတွေက imm သွားပြီး အပြင်မှာစားကြတယ်။ ဒါနဲ့ကျတော်လည်း တစ်ယောက်ထဲ ရှောက်သီးသုပ်စားတယ်။ ရခိုင်ရှောက်သီးသုပ်က ဗမာရှောက်သီးသုပ်နဲ့ သိပ်မတူဘူး။ နည်းနည်းကွာတယ်။ ဒီမှာက ရှောက်သီး မရှိတော့ ကျတော် သံပုယိုသီးနဲ့သုပ်စားတယ်။ ရခိုင်ရှောက်သီးသုပ် ဖို့ဘာတွေလိုလဲဆိုတော့ ရှောက်သီး(သံပုယိုသီး)၊ ကြက်သွန်၊ ပုဇွန်ခြောက်၊ ငရုတ်ကောင်း(သူကထဲ့လဲ၇တယ်. မထဲ့လဲရတယ်) ၊ ပုဇွန်ငပိတို့ပဲဗျ။


ရှောက်သီးကို ခွာပြီးရေစိမ်ထားပါ။ ပုဇွန်ခြောက်ကို ထောင်းထားပါ။ ငရုတ်ဆုံ မရှိရင်တော့ blender နဲ့ မွှေပါ။ (အိမ်မှာတော့ သယ်ရင်တစ်ယောက် မြန်မာပြည်က တကူးတက သယ်လာလို့ ငရုတ်ဆုံ ရှိတယ်)။ ပြီးတော့ ငရုတ်သီးစိမ်း၊ ကြက်သွန်၊ငပိတို့ကို ရောထောင်းပါ။
ဆား၊ အချိုမှုန့်တို့ကို ထည့်ပါ။ ခွာထားတဲ့ ရှောက်သီးနဲ့ ရောနယ်လိုက်တဲ့အခါ ရခိုင်ရှောက်သီးသုပ် စားလို့ရပါပြီ။။


စားသွားပါအုံးဗျ.ရှူး ရှူး…(နည်းနည်း စပ်သွားလို့ဗျ)

တွေးမိတွေရာ ရေးမိရေးရာ

ပြင်လို့မရတဲ့ အမှားတွေနဲ့ ငါ နောင်တရနေမှာလား။

ကြင်နားမှုတွေနဲ့ ငါကိုဖေးမကူမှာလား။

ကိုယ်တို့နှစ်ယောက်ကြောင့်တော့ ခိုင်မြဲလှတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးမပျက် ချင်ဘူး။

ကောင်းကင်မှာ ကြယ်တွေစုံပေမဲ့ ငါမော့မကြည်ခဲ့မိဘူး။

အမြဲမွှေးတဲ့ ခရေပန်းကို ငါမနှစ်သက်ဘူး။

ဒါပေမဲ့ မင်းနဲ့ ငါ အခင်အမင် မပျက်ချင်ဘူး။



Tuesday, September 16, 2008

ယခင်. ယခု






ကြင်နာခြင်းတွေ၊ နာကျင်ခြင်း
မဖြစ်စေဖို့
ငါ့ရင်ကိုခွဲ၊ အသဲကိုထုတ်
မြေမြုပ်ပြစ်လိုက်ပြီ်။။






Sunday, September 14, 2008

ကျတော်နှင့်တစ်နေ့တာ

မနေ့မနက်က(စနေနေ့) ၇နာရီခွဲလောက် နိုးနေတယ်။ အော် ပိတ်ရက်မှာ သူများတွေက နှက်နေချိန်မှာ ကိုယ်က မအိပ်နိုင်တော့ဘူး။ လူက အကျင့်ဖြစ်သွားပြီလားမသိဘူး။ နိုးလာတော့လည်း လုပ်စရာလေးတွေ လုပ်အုံးမှ။ မျက်နှာသစ်၊သွားတိုက်၊မုတ်ဆိပ်ရိတ်၊ အိပ်သာတက်။ ပြီးတော့ ကျတော် ကွန်ပျုတာဖွင့်ပြီး ကျတော်ပြင်ချင်တဲ့ ကျတော့ တန်းပလိတ်လေးကို ထိုင်ပြင်နေတယ်။ အခုကျတော့ တန်းကလိတ်လေးရဲ့ header က အနီရောင်ဖြစ်သွားပီ။ ကျတော် အနီရောင်ကို မကြိုက်ဘူး။ အစိမ်းရောငလေးပဲကြိုက်တယ်။ ဒါနဲ့ ဘတ်ဂရောင်းကို အစိမ်းရောင်လေးပေးလိုက်မိတယ်. အနီ နဲ့ အစိမ်း လုံးဝမလိုက်ဖူး။ ဒါပေမဲ့လဲ။

လုပ်နေရင်းနဲ့ ဗိုက်ကဆာလာရော။ မနက်စာဘာစားရင် ကောင်းမလဲ။ ရေခဲသေတ္တာထဲမှာ လက်ဖက် ကျန်သေးလားမသိဘူး။ လက်ဖက်လေးနဲ့ ထမင်းလွေးလိုက်ရရင်ကောင်းမယ်။ လက်ဖက်က သိပ်မကျန်တော့ပါလား။ အင်းဘာစာရင်ကောင်းမလဲ။ နောက်ဆုံးတော့ ကျတော် ယမ်ယမ်ခေါက်ဆွဲထုပ်နဲ့ညားတော့ တာပေါ့။ ခေါက်ဆွဲပြုတ်.ကြက်ဥထည့် ပြီး စားနေမိတယ်။ အော်မြန်မာပြည်ကို လွမ်းလိုက်တာ။ ဟိုမှာလို မနက်စာ လှည်းတန်းဈေးရှေ့က ဟန်ညွှန့် မုန်ဟင်းခါး လေးစားလိုက်ရရင် ကောင်းမယ်။ မုန့်ဟင်းခါးကိုကျတော် ကြိုက်ပေမဲ့ ဆိုင်တိုင်းတော့ ကျတော်မစားဘူး။ မသန့်ရင်ဗိုက်နာမှာဆိုးလို့။ ကျတော် လှည်းတန်းမှာ ဟန်ညွန့်မုန်ဟင်ခါးကို ကြိုက်ပေမဲ့ ဆကာကြီးမုန့်ဟင်ခါးတော့ ကျတော်မကြိုက်ဘူး။ အင်း မန္တလေးမုန်တီသုပ်ကို တော့ လွတ်ကြိုက်ဗျ။ ရခိုင်ဆိုတော့လည်း ရခိုင်မုန့်တီကို သိပ်ကြိုက်။

စားပြီးတော့ လက်စမသပ်သေးတဲ့ တန်းပလိတ်ပြင်တဲ့ အလုပ်ကို ဆက်လုပ်နေမိတယ်။ အဲဒီအချိန်မှာပဲ ဖုန်ကမြည်လာတယ်။ ”ဟယ်လို.. အဖြူလား” ”အင်း ပြော..သယ်ရင်း. ဖြူပြောနေတယ်” ”ဘယ်လိုလဲ စက်အခြေအနေ” ” မရဘူးကွ ငါလည်း အမျိုးစုံ ထရွိုင်းနေတာပဲ” သူနဲ့ကျတော် အနည်းငယ်ဖောရွီးရိုက်လိုက်တယ်။ သူစက် psp က ၁၀၀၀ဗားရှင်းအဟောင်း။ စက်က ကောင်းပေမဲ့ ဂိမ်းကို မန်မိုရီစတစ် ထဲတည့်ကစားလို့မရဖြစ်နေတယ်။ ဒါနဲ့ကျတော် စက်ရဲ့ ဖန်းဝဲကို အပ်ဒိတ် လုပ်ဖို့ အမျိုးမျိုးကြိုးစားနေတာ။ ဒီလိုပဲ ကျတော့ ၀ါသနာက။ ဟိုကလိ ဒီကလိ ရတာကို စိတ်ဝင်စားတယ်။

သူနဲ့ ဖုန်းပြောပြီးတော့ ကျတော့ နောက်သယ်ရင်းတစ်ယောက်ဆီ ကို ကျတော်ဖုန်းဆက်လိုက်မိတယ်။ ”ဟယ်လို ကူးမားရ်လား ဖြူပါ” “အော်.. ဖြူပြော..” ”ဟို singtel ဖုန်းဘေကို အွန်လိုင်းက ဆောင်ပြီးရင် အကြောင်းပြန်လားလို့ သိချင်လိုပါ” ”မပြန်ဘူး ဒါနဲ့ ဘယ်သူ့ဖုန်းနဲ့ ဆက်နေတာလဲ.. ”အော်ဒါလား m1 ကတ်နဲ့ဆက်နေတာ” ”ဟို singtel ကကော” ”သူလည်းသုံတယ်” “ဒါဆို ဖြူဆီကို ဘယ်လိုဆက်ရမလဲ” ” ကြိုက်တဲ့ဖုန်းကို ဆက်လေ” ….. အင်းကျတော်လည်း ကျတော်ကို ဆက်သွယ်ဖို့ ဘယ်ဖုန်းနံပါတ်ကို ပေးရပါမလဲ။

ကျတော် ဖုန်းအပြော ကောင်းတာ နဲ့ အခန်းထဲ ကကောင်တွေနိုးကုန်ပြီဗျ။ နိုးလာတော့ သယ်ရင်တစ်ကောင်က ”ဘလော်ဂါ ကွတ်ကြီး .. ဘာတွေရေးနေတုန်း..”လို့လှမ်း နှုတ်ဆက်ပြီး မျက်နှာသစ်ဖို့ အိမ်နောက်ဖေး ၀င်သွားတယ်. နောက်တစ်ကောင်က ”ပုလုကွေး ဘာတွေရေးနေလဲ လို့လှမ်းပြောပြန်တယ်။ အင်းကျတော်ကို လည်း သယ်ရင်းတွေက အမျိုးမျိုးခေါ်ကြတာပဲ။ သူငယ်ချင်းမတစ်ယောက်ကဆို ကိုကကြီးတဲ့ ။ ကျတော့ ဘလော့နိမ်းကို သူခေါ်တက်သလိုခေါ်တာ။

ကျတော်လည်း တန်းပလိတ်ပြင်တဲ့အလုပ်ကို လက်စသပ်ပြီး ကွန်ပျူတာရှေကနေ ခွာလိုက်မိတယ်။ အခန်းထဲသွား အိပ်ရာပေါ် လှဲ လိုက်ရင်း ဘာစာဖတ်ရင်ကောင်းမလဲ။ ဟိုတလောက လမ်းပြကြယ်က ငှားဖက်တဲ့ ဆရာမခင်ခင်ထူး စာအုပ် ”ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုပါမယ်” ကတော်တော်ကောင်းတာပဲ။ ဆရာမတို့များရေးတက်လိုက်တာ။ အင်း ဂျူး စာအုပ်တွေလည်း မဖတ်ရတာကြာပြီ။ နောက်ဆုံးတော့ ကျတော် အမြဲတမ်းဖက်ဖြစ်တဲ့ The Voice Weekly အဟောင်းလေးကို ပဲထပ်ခါထပ်ခါ ဖက်နေမိတောတယ်။ voice ကတော့ ကျတော်လေးစားရတဲ့ မီဒီယာတစ်ခုပါပဲ။

ခဏနေတော့ သယ်ရင်းတစ်ကောင်က ikea မှာ ကွန်ပျူတာတင်ဖို့ ခုံသွားဝယ်မှာ လိုက်မလားလို့မေးနေတယ်။ လိုက်သွားတာပဲကောင်းပါတယ်။ အိမ်မှာအောင်းနေတာ သွေးလေးတယ်။ ဒါနဲ့ အဝတ်အစားလဲဖို့ အိပ်ရာကနေထလိုက်မိတယ်။ ဟိုနားဒီနားသွားမှာ ဆိုတော့ ဘာပဲဝတ်ဝတ်ဖြစ်ပါတယ်။ အ၀တ်အစားကတော့ ကျတော်ဘာပဲဖြစ်ဖြစ်ဝတ်ပါတယ်။ ကျတော် အ၀တ်အစားလည်း မရွေးတက်ဖူး။ ဟိုမှာတုန်းကတော့ ကျတော့ မာမီ ၀ယ်ပေးတာကို ၀တ်တယ်။ ကျတော်ကိုယ်တိုင်ဝယ်ဝတ်တာ နည်းတယ်။ တခါတလေ ပါးပါးနဲ့ စိတ်ဆိုးထားရင် ကျတော့ ပါးပါးက ကျတော့ ကို ချော့တဲ့ အနေနဲ့ အင်္ကျီ ၀ယ်ပေးလေ့ ၇ှိတယ်။

ဒါနဲ့ကျတော်တို့ ikea ကိုသွားကြတယ်. ဟိုမှာပဲနေလည်စာ စားတယ်။( နေလည်စာဆိုလို သောကြာနေ့က အင်းလေးမျက်နှာချင်းဆိုင်မှာ အသစ်ဖွင့်တဲ့ မြနန္ဒာ ဆိုင်မှာ စားဖြစ်သေးတယ်။ အဲဒီမှာ ကျတော်ကြိုက်တဲ့ ငါးချဉ်သုတ်ရယ် ။ နောက်မြန်မာဟင်းတွေရယ်။ စားရတာ တန်လဲတန်တယ်။ ကောင်းလဲကောင်းတယ်။)

Ikea မှာအချိန်တော်တော်ဖြုန်းပြီး ညနေလောက်ကျတော့ အိမ်ပြန်ရောက်။ အိမ်ရောက်တော့ ရေမိုးချိုး။ ပြီးတော့ ထုံးစံအတိုင်း ကွန်ပျူတာရှေ့ထိုင် ဟိုဝင်ဖက် ဒိဝင်ရေး။ တောင်ပေါ်သား ဘလော့ရောက်တော့ အမေ အကြောင်းရေးထားတာတွေတယ်။ သူလည်းကျတော်လိုပဲ အမေကို အချစ်ဆုံးနဲ့တူပါတယ်။ သူဘလော့မှာ အမေသီချင်းတွေရယ် အမေ့လွမ်းချင်းတွေရယ် ပြည့်နေတယ်။ နောက်ဘလော့ တစ်ခုရောက်တော့ ဗုဒ္ဓအကြောင်းရေးထားတယ်။ ရှင်တော်ဗုဒ္ဓကတော့ ကျတော်အလေးစားဆုံးပဲ။ ကျတော်လည်း နောက်ဘလော့ တွေကို ထပ်ဝင်.. အင်း ရွှေအမြုတေဖတ်လိုက်အုံးမှ။ ရွှေ magazine နဲ့ living color ကတော့ ကျတော် အနှစ်သက်ဆုံးပဲ ။ ညလဲနက်လာတော့ အိပ်တော့မှပဲ။

အိပ်တော့မယ်ဆိုမှ မဗေဒါ ကျတော့ ကို tag ထားတာမေ့နေတယ်။ အင်းဖြေရအုံးမယ်ဗျာ။

Wednesday, September 10, 2008

ဒီကောင်ကြီး

သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့ခတ်တယ်။ လူအချင်းချင်း၊ သက်ရှိအချင်းချင်းမှ သံယောဇဉ်တွယ်တာ ဟုတ်ဘူး။ တချို့ဆို အရုပ်လေးတွေ၊ ကစားစရာ လေးတွေကို သိပ်ချစ်၊ သိပ်သံယောဇဉ် ဖြစ်ကြတယ်။

ကျတော်မှာ သံယောဇဉ်တွယ်စရာ သက်ရှိဆိုလို ဖေဖေ(ပါးပါး)၊ မာမီ၊ မကြီး ရယ်၊ညီလေးရယ်။ ပြီးတော့ ဒီကောင်ကြီးရယ်ပဲရှိတယ်။ ဒီကောင်ကြီးကို ကျတော်ဘာကြောင့် သံယောဇဉ်တွယ် မိသလဲဆိုတာတော့ ကျတော်မစဉ်းစာတက်ဘူး။ ဒီကောင်ကြီးကို စတွေတာကတော့ ကျတော့ပါးပါးပဲ. ပါးပါးဟာ သူမိတ်ဆွေတွေကနေ တဆင့် ဒီကောင်ကြီးကို ရန်ကုန်မှာ စတွေခဲ့တာ။ သူကို့သွားခေါ်တော့ ပါးပါး၊မာမီ နဲ့ကျတော် ပြီတော့ အိမ်က ဒရိုင်ဘာရယ် သွားပြီးတော့ ဒီကောင်ကြီးကို ခေါ်လာခဲတာ။

ကျတော်တို့ ရောက်သွားချိန်မှာ ဒီကောင်ကြီးဟာ သစ်ပင်အောက်မှာ ရှိနေတယ်။ သူအရင်ပိုင်ရှင်ဟာ ဒီကောင်ကြီးကို ဒီအတိုင်းပြစ်ထားတာ ကြာလှပေါ့. မိုးရွာရင် မိုးရေထဲမှာ၊ နေပူရင်နေရောင်အောက်မှာ ဒီကောင်ကြီးဟာ ဒီအတိုင်းနေရတာ ကြာလာတော့ သူခမျာ ကျမ်းမာရေးသိပ်မကောင်းဘူး။

ကျတော်တို့ ရောက်သွားတော့ ပါးပါးဟာ ဒီကောင်ကြီးကို အားပြည့်ဖို့ ကျမ်းမာရေးကောင်းမွန်လာဖို့ အတွက် လိုအပ်တာတွေလုပ်ပေးတယ်။ အားလုံးပြီးတော့ မှပဲ ဒီကောင်ကြီး ကို အိမ်ကို ခေါ်လာခဲတယ်။ အိမ်ကို တော့ ကျတော်တို့က အရင်ပြန်နှင့်ပြီး အိမ်က ဒရိုင်ဘာနဲ့ ဒီကောင်ကြီးဟာ ကျတော်တို့ အိမ်ကို ချီတက်လာခဲ့တာပေါ့။
ကျတော်တို့အိမ်ဟာ ရန်ကုန်ကနေ မိုင်၆၀ ၃ဖာလုံတိတိဝေးတယ်။

ဒီကောင်ကြီး အိမ်ကိုဝင်တော့ ကျတော်တို့မေမေဟာ ပြုနေကြအတိုင်း အမွှေးနံသာတွေ၊ ပရိတ်ရေတွေ၊
ရွှေရေ၊ငွေရည်တွေနဲ့ ဒီကောင်ကြီးကို ကြိုဆိုတယ်။ ပါးပါးကတော့ သပြေပန်းနဲ့ အမွှေးနံသာတွေကို ဒီကောင်ကြီး တစ်ကိုယ်လုံးအနှံ လိုက်လံဖျန်ပတ်ပေးတယ်။

ဒီကောင်ကြီး မရောက်ခင် ကျတော်တို့အိမ်မှာ သူလိုကောင် မျိုး (၂)ကောင် အရင်ရှိတယ်။ သူရောက်လာတော့ အားလုံးပေါင်း ၃ ကောင်ဖြစ်သွားတာပေါ့။ ဒီကောင်ကြီးဟာ ကျတော်တို့အိမ်ကို နောက်ဆုံးမှ ရောက်လာပေမဲ့ အငယ်ဆုံး မဖြစ်ဘူးဗျ။ သူ့အရင်နှစ်ကောင်မှာ တစ်ကောင်က အငယ်မို့လို့ သူဟာ အလတ်ဖြစ်သွားတာပေါ့။ ဒါကြောင့် မို့လဲ သားအလတ်ဖြစ်တဲ့ ကျတော်သူကို ပိုပြီးသံယောဇဉ် တွယ်မိတာ ဖြစ်မယ်ထင်တယ်။

ဒီကောင်ကြီးကို ကျတော်တို့ အိမ်မှာ ပြုပြင်စရာ၊ လုပ်စရာတွေကို ၁ပတ်၊ ၂ပတ် လောက်လုပ်ပေး ပြီးမှ သူကို လုပ်ငန်းခွင် ၀င်ခိုင်းတယ်။ ဒီကောင်ကြီးရဲ့ မူလအရောင်ကမွဲပြာရောင်၊ ဒါကို ကျတော့ ပါးပါးက အစိမ်းရောင်နဲ့ အဖြူရောင်စပ်ကြားလေး ပြောင်းလိုက်တော့ သူဟာသစ်လွင်သွားတော့တာပေါ့။

ဒီကောင်ကြီးဟာ စိတ်ထားကောင်းပေမဲ့ တစ်ခါတလေ ညဉ်ဆိုးရှိတယ်။ သူဟာတစ်ခါတစ်လေ ဟို သူနဲ့ချိတ်၊ ဒီလူနဲ့ ချိတ်။ သူတို့ အချင်းချင်းချိတ် သုံးလေးခါလောက်ဖြစ်ဘူးတယ်။ ဒါကို ရဲအရာရှိဟောင်းဖြစ်တဲ့ ကျတော့ ပါပါးဟာလိုက်လံဖြေရှင်းပေးရတယ်။ ဒါနဲ့ ကျတော်က မဖြစ်သေးဘူးဆိုပြီး သူကို ချော့မော့ ရတာပေါ။

အဲ့ဒီတုန်းက ကျတော်ကကျောင်းတက်နေတုန်း ပဲ။ များသောအားဖြင့် သောကြာ၊စနေ၊ တနင်္ဂနွေ နေ့တွေမှပဲ အိမ်ပြန်လာတယ်။ကျန်တဲ့ရက်တွေဆို ကျတော်ရန်ကုန်မှာရှိတယ်။ ကျတော်ပြန်လာတဲ့ ပိတ်ရက်တွေဆိုရင် ကျတော်ဟာ သူ့နှာခေါင်းရိုးလေးကို လက်နဲ့ပွတ်သက်ပြီး သူကို လိမ်လိမ်မာမာနေဖို့၊ အလုပ်ကောင်းကောင်းလုပ်ဖို့ ဆုံးမတယ်။ သူဟာကျတော့ စကားကို နားထောင်တာလား၊ တိုက်ဆိုင်တာလား မသိဘူး။ သူအရင်လို သိပ်မဆိုးတော့ဘူး။

မနက် ၅နာရီလောက်ဆိုရင် သူတို့ ၃ကောင်(ဒီကောင်ကြီးအပါအ၀င်ပေါ့) ဟာ လုပ်ငန်းခွင်ဖို့ ထွက်ခွာကြတယ်။ သူတို့ရဲ့ အသံတွေဟာ ဆူညံနေတာပေါ့။ ဆောင်းတွင်းဖက်ဆို ပိုဆိုးသေး။ သူတို့ အသံတွေဟာ တစ်လမ်းလုံးကို ဆူညံနေတာပဲ။ အဲဒီအချိန်မှာ အိပ်ရာထဲနှက်နေတဲ့ ကျတော်ဟာ သူကို ကောင်းကောင်းသွားဖို့ စိတ်ထဲကနေ ပြောနေမိတယ်။

ကျောာင်းပိတ်ရက် ကျတော်အိမ်ပြန်လာတဲ့ နေတွေဆို ည ဖက် ၇နာရီ၊ ၈နာရီလောက် လမ်းဆုံဖက်ကို ကျတော့ ဆိုင်ကယ်လေးနဲ့ထွက်ပြီး ဒီကောင်တွေလာမဲ့ လမ်းဖက်ကနေ စောင့် ကြိုနေလေ့ ရှိတယ်။ ဒီကောင်ကြီးဟာ ကျတော်ကို တွေ့ရင်အသံတွေဘာတွေပြု နှုတ်ဆက်တယ်။ ဒီကောင်ကြီးကတော့ အိမ်မပြန်နိုင်သေးဘဲ သူတင်လာတဲ့ ပစ္စည်းတွေကို သွားချနေရအုံးမယ်လေ။ ၉နာရီ ၊ ၁၀နာရီလောက်မှ ဒီကောင်ကြီး အိမ်ကို ပြန်ဝင်တယ်။

ရာသီတွေ တရွေ့ရွေ့ပြောင်းပြီးရာသီတွေ တရွေ့ရွေ့ပြောင်းပြီး ဒီကောင်ကြီး ကျတော်တို့အိမ်ရောက်တာ ၄ နှစ်ကျော် ၅နှစ်နီးပါးရောက်လာခဲ့တယ်။ တနေ့တော့ ကျတော် အိမ်ပြန်လာ တော့ ပါးပါးက ဒီကောင်ကြီးကို တခြားသူတွေကို ရောင်းလိုက်တော့မယ်လို့ ကျတော့ကို ပြောတယ်။ ဒီကောင်ကြီး အသက်ကလည်း ကြီးလာ၊ နဂိုကျမ်းမာရေးကလည်း မကောင်းတော့ ဟိုနားကဖြစ် ဒိနားကပျက် ဖြစ်တာတွေများလာတာပေါ့။ ဒါကြောင့်မို့ သူကိုပြန်ပြင်ရင်ကုန်မဲ့ငွေ နဲ့ အကြောင်းကြောင်းတွေကို ကျတော့ ကိုတွက်ပြတယ်။ ဘာပဲဖြစ်ဖြစ် ကျတော်ကတော့ သူကို မရောင်စေချင်ဘူး။

ဒီကောင်ကြီးနဲ့ကျတော် ခွဲရမဲ့နေ့ ရောက်လာတယ်။ အဲဒီနေ့က သူကိုဝယ်မဲ့သူ တွေ အိမ်ကိုရောက်လာတယ်။ သူကိုဝယ်မဲ့သူတွေကလည်း တခြားမဟုတ်ပဲ ကျတော်တို့ဆီကပဲ။ ပါးပါးမိတ်ဆွေတွေပါ။ ကျတော်သူကို ကျတော့ ရှေ့မှာ သူတပါးလက်ထဲ ပါသွားတာ မမြင်ချင်ဘူး။ မြင်မိရင် ကျတော် ငိုမိမှာ ကျိန်းသေတယ်။ ဒါကြောင့် ဒီကောင်ကြီး ကို ဝယ်မဲ့သူတွေ လာတော့ ကျတော်သူ့နားသွား ပြီးနှုတ်ဆက်ခဲ့တယ်။ ကျတော့ရင်ထဲမှာ မကောင်းဘူး။ သူလဲငိုနေမလားမသိဘူး။ ကျတော်ပါးပါးနဲ့ ဝယ်သူတွေ စကားပြောနေတုန်း ကျတော်ဟာ ဆိုင်ကယ်ကိုစီးပြီး ကျတော့ သူငယ်ချင်းစီကို ထွက်သွားခဲ့တယ်။ အားလုံး ပြီးသွားလောက်ပြီဆိုတော့ မှ ကျတော်ဟာ အိမ်ကိုပြန်ဝင်လာခဲ့တယ်။ ဒီကောင်ကြီး သူများလက်ထဲရောက်သွားတာကို ကျတော်မကြည်ရက်ဖူးလေ။

ညကျတော့ ကျတော် ဒီကောင်ကြီး အကြောင်း အိမ်မက်မက်တယ်။ သူ အိမ်ကို ပြန်လာချင်တယ်။ သူအခုအိမ်မှာ မပျော်ဘူးတဲ့။ အိမ်မက်ထဲမှာ သူလည်းငို ကျတော်လည်းငိုပေါ့။ ဒီကောင်ကြီး အိမ်ကထွက်သွားပြီး ၂လလောက် ထိကျတော်ဟာ ညနေစောင်းဆို သူရှိရာ အိမ်ဘက်ကို သွားပြီး ဒီကောင်ကြီးကို သွားပြီးချောင်းကြည်လေ့ရှိတယ်။

နောက် ၃လ၊ ၄လ လောက်ကြာတော့ ကျတော်လည်း စင်္ကာပူကို ထွက်လာခဲ့တယ်။ ရောက်စကတော့ အလုပ်ရရေး၊ အလုပ်ရတော့လည်း အလုပ်ထဲမှာ နေသားကျရေးတို့ကို လုပ်နေရတာနဲ့ ဒီကောင်ကြီး အကြောင်း မစဉ်းစားမိသလောက်ပဲ။ နောက်ပိုင်း စလုံးမှာ နေသားကျလာတော့ ဒီကောင်ကြီး အကြောင်းခေါင်းထဲ ကို ခန ခန ရောက်ရောက်လာတယ်။ အိမ်ကို ဖုန်ဆက်မေးတော့ ဒီကောင်ကြီး ဟာ နောက်ထပ်ပိုင်ရှင် အသစ် အညာ ဘက်၊ မန္တလေးဘက်ကို ရောက်သွား ပြီတဲ့။ ကျတော်ကတော့ ဒီကောင်ကြီးကို လွမ်တုန်းပဲဗျာ။

ခင်ဗျား တို့လည်း ကျတော်ရဲ့ ဒီကောင်ကြီးကို မြန်မာပြည် အဝေးပြေးလမ်းတွေပေါ်က တနေရာရာမှာ တွေ့မိရင် ကျတော်သူကို သတိရကြောင်း၊လွမ်းနေကြောင်း ပြောပေးပါဗျာ။ ကျတော်ရဲ့ ဒီကောင်ကြီးဆိုတာ ကိုယ်ပိုင်နံပါတ် ၄ခ/ ၆၁၄၆ နံပါတ်နဲ့ NISSAN ကုပ္မဏီထုတ် PE 330 အင်္ဂျင်နဲ့ ဖက်ဖူးစိမ်းရောင် ၁၀ ဘီးကားကြီးကို ပြောတာပါ။။။

Monday, September 8, 2008

myanmar blogger gathering party(singapore)




စနေနေ့ sg bloggers gathering party တုန်းးက ကျတော့ ဖုန်း လေးနဲ့ ရိုက်ထားတာလေးတွေကို တင်ထားတာပါ. ဟိုဖြတ် ဒီညှပ်လုပ်ထားတာပါ. ဖုန်းအစုတ်လေးနဲ့ ရိုက်ထားတာဆိုတော့ မလှပါဘူး.သေသေချာချာမြင်ချင်ရင်တော့ ဓါတ်ပုံကို ကလစ်ခေါက်ပြီးတော့ အကြီးချဲ့ကြည်ပါ. ပုံကောင်းကောင်းလေးတွေကြည်ချင်ရင်

Mrdba

Emotion of mind

 တို့ဆီမှာသွားကြည့်ပါလို့ ညွှန်းပါရစေ. 

Thursday, September 4, 2008

ပြည်သူချစ်သော မေရှင်

ပြည်သူချစ်သော အဆိုတော် သရုပ်ဆောင် ဝဏ္ဏကျော်ထင် ဒေါ် မေရှင် တစ်ယောက် မနေ့က ကွယ်လွန်သွားတယ်ဆိုတာ သတင်းတွေထဲမှာ ကျတော်ဖတ်ရပါတယ်. အမေ ဒေါ်မေရှင် ဟာ ကျတော်ကြိုက်တဲ့ ခေတ်ဟောင်း သရုပ်ဆောင်များထဲက တစ်ယောက်ပါ. အမေဟာ လေးစားဖွယ် သိက္ခာ အိနြေ္ဒနဲ့ ပြည်စုံသူတစ်ယောက်ပါ။ အမေဒေါ်မေရှင် ရဲ့ သီချင်းတွေကို ပန်းစကား မှာ သွားရောက်နာားဆင်နိုင်ပါတယ်။ အမေဒေါ်မေရှင် အကြောင်းရေးထားတဲ့ စာအုပ်ကို တော့ ဒီမှာ ဖက်ရှုနိုင်ပါတယ်။

ဒါကတော့ ကျတော် အကြံ အဖန် လုပ်ထားတာပါ။ mp3 format ပြောင်းထားပါတယ်. ၁၂၈kbps နဲ့ပါ။ မေရှင် ၏ အောင်ခြင်းရှစ်ပါး တစ်ခွေလုံး ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

ဒါကတော့ စာအုပ်ပါ။

မူရင်း ဆိုဒ်များ.. www.pansagar.com

                     www.ebooks.mmblogs.net

Wednesday, September 3, 2008

Google ရဲ့ browser အသစ်-- chrome

အင်တာနက်လော ကရဲ့ ဘုရင်တစ်ဆူလို ဖြစ်တဲ့ Goolge ဟာ သူရဲ့ ဘရောက်ဇာ အသစ် chrome ကို မနေ့ ကစတင်ဒေါင်းလုပ်လို့ခွင့်းပေ့းပါတယ်. ကျတော်စမ်းသုံးကြည်တာတော့ မြန်ပါတယ်. ကောင်းတယ်လို့ပြောနိုင်ပါတယ်. နည်းပညာပိုင်း ဆိုင်ရာကတော့ ကျတော်လည်းသိပ်မသိပါ. စမ်းသုံးကြည်တာတော့ ကောင်းပါတယ်. ထူခြားတာတွေကတော့ အိုင်အီးမှာ favourites ကို chrome မှာ bookmark လိုခေါ်ပြီး address bar ရဲ့ အနီးမှာ ရှိနေတော့ ကျတော်တို့ အလွယ်တကူမှတ်ထားလို့ရပါတယ်။
ကျတော် စမ်းကြည်သလောက်ကတော့ ဘရောက်ဇာထဲ မှာတော့ သူအမြန်ဆုံးပါ။ ကျတော် www.dl4all.com ကိုဝင်ကြည်တာ google chrome က ၁၆စက္ကန့်. Mozilla firefox က ၂၆စက္ကန့်. Oprera က ၂၂ စက္ကန့် .ie က ၃၄ စက္ကန့် အသီးသီကြာပါတယ်. Chrome က အမြန်ဆုံးပါပဲ. အဲဒါတွေက တော့ ကျတော့စက်ရဲ့ စွမ်းဆောင်ရည်၇ယ် ကျတော် ရဲ့ အင်တာနက်လိုင်း တွေပေါ်မှာလည်း မူတည်နိုင်ပါတယ်.
နောက်တစ်ခုက new tabs တွေတောင်းတဲ့အခါ တခြား ဘရောက်ဇာတွေနဲ့ မတူပဲ အပေါ်ပိုင်းမှာ ဖော်ပြပေးတာပါပဲ။ ကျတော့ အတွက်တော့ အဲ့ဒါကမကောင်းဘူးဗျ။ new tab တွေများများ တောင်းတဲ့ အခါကျတော့ ဇော်ဂျီ ကီးဘုတ် layout နဲ့သွားညိနိုင်တယ်။ ကျတော့ zawgyi keyboard layout က အပေါ်ပိုင်းမှာ ရှိလို့ပါ။

 
V8 လို့ခေါ်တဲ့ JavaScript Virtual Machine ပါဝင်လို့ ဘရောက်ဇာ speed ကို ပိုမြန်စေတယ်လို့ ပြောတာပါပဲ။ဒီပို့လေးကို chrome ကနေတဆင့်တင်လိုက်တာပါ.
Chrome=ခရိုမီယမ် သတ္တုစိမ်ထားသော သံထည်၊ သတ္တုထည်။

အောက်က bar chart ကတော့ ပညာရှင်တွေ စမ်းသပ်ထားတာတွေပါ။



Monday, September 1, 2008

ဟိုစပ်စပ် ဒီစပ်စပ်

ကျတော့ကိုဒီအချိန်မှာ ဘာတွေလုပ်နေလဲလို့မေးရင် ကျတော် ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နေတယ်။
ရုံးမှာတော့ ကျတော် autocad ဆွဲတယ်. တခါတလေ တောက်တိုမယ်ရလုပ်တယ်။ ကျတော့ ကို ခန့်ထားတာ တော autocad drafterနဲ့ပါပဲ. ဒါပေမဲ့ တစ်ခါတစ်လေ ဒီဇိုင်းပိုင်းလည်းပါရတယ်။ တတ်သလောက်ပေါ့။ တခါတလေ ရုံးက ကွန်ပျူတာ ပြင်သမားဖြစ်တဲ့ အခါလည်းဖြစ်တယ်။ တခါ တခါမှာတော့ ရုံးကလူတွေ မသိတဲ့ ကွန်ပျူတာပိုင်ဆိုင်ရာတွေကို ကူညီဖြေရှင်းပေရတဲ့ သူလည်းဖြစ်တယ်. ဥပမာ ..user account password ပြောင်းချင်တဲ့ ကိစ္စမျိုးတို့။ outlook မှာ သူတို့လိုချင်တဲ့ အရာမျိုးပြောင်းပေးတာမျိုးတို့..တခါတလေ ရုံးက စာတိုက်ပုံးကို သွားပြီး စာသွားထုပ်က တာမျိုးတို့ ကျတော်လုပ်ပေးရတယ်.
ရုံးသွားရုံးပြန် mrt ပေါ်မှာ တစ်ခါတလေ စာဖတ်တယ်။ တခါတလေ သီချင်းလေးနားထောင်တယ်။ တခါတလေ တရားနာရင်း ရုံးဆင်းရုံးပြန်တယ်။ တခါတလေ ကောင်မလေး ချောချောလေးတွေ ကို လိုက်ငေးတယ်။ ရွှေလေးတွေဆိုရင်တော ပြုံးပြလိုက် မသိသလိုနေလိုက်နဲ့ နှာဘူးကျတယ်.
ရုံးကပြန် အိမ်ရောက်ရင် တခါတလေ ထမင်းချက် ဟင်ချက်တယ်. ကွန်ပျူတာဖွင့် ပြီး ကမ္ဘာပတ်ကာ ကျူတယ်.
တခါတလေ ငါဒီအတိုင်းနေလို့ မဖြစ်ပါဘူး။ အမြဲတမ်းလေ့လာမှ ဆိုပြီး သင်ခန်းစာတွေလေ့လာတယ်. ဟိုတလောက flash လေ့လာတယ်. ဘာမှမသိသေးဘူး ပျင်းတာနဲ့ ဆက်မလေ့လာဖြစ်တော့ဘူး. အခု 3d max ကိုရောက်သွားပြန်တယ်။ နောက်ထပ်လေ့လာဖို့က excel advanced ပိုင်းကိုလေ့လာမလို့ စာအုပ်စုနေတယ်။ နောက်ပြီး ဒိဘလော့လေးရဲ့ template ပြောင်းမလို ကြံရွယ်နေတယ်။
အခုဘာလုပ်နေလဲဆိုရင် နေ့လည်ထမင်းစားနားတုန်း ဒိပို့လေးကို ရေးနေတယ်.
ကျတော့ကိုဒီအချိန်မှာ ဘာတွေလုပ်နေလဲလို့မေးရင် ကျတော် ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နေတယ်။