ဟိုတနေ့က အိမ်မှာတယောက်ထဲ ရှောက်သီးသုပ်စားတယ်။ သယ်ရင်းတွေက imm သွားပြီး အပြင်မှာစားကြတယ်။ ဒါနဲ့ကျတော်လည်း တစ်ယောက်ထဲ ရှောက်သီးသုပ်စားတယ်။ ရခိုင်ရှောက်သီးသုပ်က ဗမာရှောက်သီးသုပ်နဲ့ သိပ်မတူဘူး။ နည်းနည်းကွာတယ်။ ဒီမှာက ရှောက်သီး မရှိတော့ ကျတော် သံပုယိုသီးနဲ့သုပ်စားတယ်။ ရခိုင်ရှောက်သီးသုပ် ဖို့ဘာတွေလိုလဲဆိုတော့ ရှောက်သီး(သံပုယိုသီး)၊ ကြက်သွန်၊ ပုဇွန်ခြောက်၊ ငရုတ်ကောင်း(သူကထဲ့လဲ၇တယ်. မထဲ့လဲရတယ်) ၊ ပုဇွန်ငပိတို့ပဲဗျ။
ဆား၊ အချိုမှုန့်တို့ကို ထည့်ပါ။ ခွာထားတဲ့ ရှောက်သီးနဲ့ ရောနယ်လိုက်တဲ့အခါ ရခိုင်ရှောက်သီးသုပ် စားလို့ရပါပြီ။။
စားသွားပါအုံးဗျ.ရှူး ရှူး…(နည်းနည်း စပ်သွားလို့ဗျ)
8 comments:
အမလေး..သားရေတွေကျလာတယ်ဟ။ ဒီလူတော်တော်နောက်တယ်..ဟွန့်။
သွားရည်တွေ ကျလာတယ်နော့် အစ်ကို စားချင်လာပြီးနော့်
ဟုတ်တယ်နော်
ငရုတ်သီးစပ်သွားတယ်
အားးးးးး
နဲနဲပဲပါ
ရေတစ်ခွက်လောက်
သွားရည်ကျပြီး အရမ်းစား ချင်တာတဲ့ ငတ်လိုက်တာ တော်တော် လေးစပ်သွားတယ်.. နောက်ဆို ရေခဲရေ လေးပါ ထည့်ထားပေးပါဗျာ....
အကြိုက်ပဲဗျို့။ စပ်မှ ကြိုက်တာ.. ရှူးရှူး ရှဲရှဲလေးနဲ့ :)
နှိပ်စက်တယ်ပေါ့လေ။ ဖတ်နေရင်းနဲ့  သားရေယို လာလို့ ။ စာတင်မက ပုံလေးပါတွဲတင်ထားတော့ ဟီးဟီး ကြည့်နေရင်း ငရုတ်သီးပါ စပ်သွားသလိုပဲ။ နောက်တခါ သုပ်ရင် လက်တို့ လိုက်ပါလား။ ငတ်ကြီးကျမလို့  ဟေဟေ့။
ကိုပုလုကွေးရေ… လာလည်တာ ရခိုင်ရှောက်သီးသုတ်နဲ့ တွေ့ သွားတယ်… ဟုတ်တယ်… နဲနဲစပ်တယ်…
ရှူးရှဲလေး နောက်တစ်ပွဲလောက်ဗျာ။ ဒီတခါ gathering လုပ်ကြရင် ခင်ဗျား ရခိုင်ရှောက်သီးသုပ်နဲ့ ဧည့်ခံဖို့ အကြံပြုမယ်နော်။း)
Post a Comment