Wednesday, January 30, 2008

ဘလော့ရပ်အထူးသတင်း

ဟဲ ဟဲ ဂျာနယ်တွေမှာ စက်ရပ်သတင်းကို အားကျလို့ ကျတော် ဘလော့ရပ်သတင်း ဆိုပြီးခေါင်းစဉ်တယ် လိုက်တာပါ။ ဒီလိုဗျ ကျတော်တို့ နိုင်ငံကို 20နှစ်နီးပါ အုပ်စီးလာတဲ့ တပ်ချုပ်ကြီးဟာ နားတော့မယ်ဆိုပဲ။ တပ်ချုပ်ကြီ ကတော် စမူဆာမကြိုက်တဲ့ ဒေါ်ကြိုင်ကြိုင် ဟာလည်း လေဖြတ်ထားတယ်တဲ့။ ဒို့တာဝန် အရေးသုံးပါးတောင် ဖြောင့်ဖြောင့်မဆိုနိုင်တော့တဲ့တပ်ချုပ်ကြီးကလည်း ကျမ်းမာရေးမကောင်းတေဲာ့ အနားယူတော့မယ်တဲ့လေ။ ဒါပေမဲ့လေ ကိုယ်ကိုယ်တိုင်က မဟုတ်တာတွေလုပ်ထားတော့ အနားယူခဲ့ရင်း သူတို့ အာဏာတွေ စည်းစိမ်တွေကို ပြန်လည်အသိမ်းခံရမှာ တော့ကြောက်တာပေါ့။ အဲ့ဒီတော့ သူသြဇာ ကိုနာခံတဲ့ တပည်တစ်ယောက်ကို အာဏာလွှဲမှာပေါ့။ အစဉ်အတိုင်းဆို မောင်အေးက တပ်ချုပ်ဖြစ်ကမှာပေါ့။ ဒါပေမဲ့ သဘောထားပြင်းထန်တဲ့ မောင်အေးကို တပ်ချုပ်ရားထူးမပေးပဲ သူရရွှေမန်းကို အာဏာပေး မဲ့သဘောပါ။ ဒီသတင်းကို အတည်မပြုနိုင်သေးတဲ့ ကညွတ်ကွင်းမြို့က ရရှိကြောင်းပါ ခင်ဗျား။

Thursday, January 24, 2008

တရားပွဲများ မပိတ်ပါ သို့သော်

ပြီးခဲ့တဲ့ အပတ်က the voice ဂျာနယ်မှာ ဦးကောဝိဒ။ဖြူးဆရာတော်တို့ ကို တရားပွဲများ ပိတ်ထားတာ မဟုတ်ကြောင်း ဆရာတောဦးကောဝိဒရဲ့ အဖြေနဲ့ပါလာပါတယ်။ တကယ်လည်းမပိတ်ပါဘူး။ သို့သော် ….. ဒီလိုခင်ဗျား ….
ဟိုတလောက ပဲခူးနားက ရွာတစ်ရွာမှာ ဆရာတော်ကောဝိဒ တရားပွဲရှိတယ်။ သူတို့ အမေနှစ်ပတ်လည် အတွက်တရားပွဲကျင်းပပေး တာပါ။ တရားပွဲအတွက် ပါမစ်ကို မယက ရုံးမှာသွားလျောက်ရတယ်။ သွားလျောက်တော့ ဘာအတွက်ကျင်းပတာလဲ။ ဘာဖြစ်လို့ ဒီဆရာတော်နဲ့ကျင်းပတာလဲ လို့မေးပါတယ်။ ပြီတော့ ဆရာတော်ကို နိုင်ငံရေးအကြောင်း တွေမဟောပါနဲ့ လို့ လျောက်ပါမယ်ဆိုတဲ့ အကြောင်း ကတိခံဝန်ချက်ရေး၇ပါတယ်။ ပြီးတော့ လည်း ပွဲပြီးရင် သူတို့ဆီကို တိပ်(သို့) vcd ပို့ပေးပါမယ်လို့ ခံဝန်ေ၇း၇ပါတယ်။
ဒါတွေကြောင့် တရားပွဲများ မပိတ်ပါ သို့သော်
စာကြွင်း ။။ တရားပွဲမှာ ငြိစွန်းတာ တခွန်းမှ မဟောပါ။ ဆရာတော်လည်း ဘာခံဝန်တွေ လက်မှက်ထိုးထားရလည်းမသိပါ။

Thursday, January 17, 2008

အားလုံးသတိရှိ ကြပါ

မနေ့က ကျတော်တို့ ပဲခူးနဲ့ ၁၈ မိုင် အကွာ ပျဉ်ပုံ(မိုးယွန်ကြီးအင်းနားက)မှာ ကားဗုံးပေါက်ပါတယ်။ ကားစပယ်ယာလေး သေသွါးပါတယ်။ ခရီးသည်တစ်ဦးမှ ဒဏ်ရာမရပါဘူး။ ကားရပ်ပြီးထမင်းစားနေစဉ် နေလည် ၁၂ နာရီခန့်က ဖြစ်တာပါ။ ကားက ကျောက်ကြီးရွှေကျင်-ရန်ကုန်ကားပါ။ ရွှေခရီး ပါ။
ကြားရတဲ့ သတင်းအရ မန်းတလေးမှာ ဗုံး အလုံး ၃၀ လောက်မိထားတယ် လို့ ကြားရပါတယ်။ အားလုံး သတိရှိစေချင် ပါတယ်။

Wednesday, January 2, 2008

ဖုန်းပိတ်ထား၍ ဆက်သွယ်မှုပြင်ပရောက်နေ

အခုလို နှစ်ကူးချိန်မှာ ကျတော်တို့တွေ ညနက်သန်းခေါင် ကဲလို့ကောင်းနေတာပေါ့။ ဒါပေမဲ့ အိမ်က(သက်ဆိုင်သူတွေက) စိတ်ပူပြီး ဖုန်းတကွီကွီဆက်။ ကဲလို့ကလည်းကောင်းနေ ကြာတော့ ဖုန်းကလည်း မဖြေချင်။ ဖုန်းပိတ်ထားတော့ လည်း ဖုန်းပိတ်ထားလို့ အကောခံ ကအုံးမယ်။ ဒုက္ခ နဲ့လှလှတွေပြီပေါ့။ ဘာလုပ်မလဲ။ ဟဲဟဲ ကျတော် ပြောပြမယ်။ ကော်နက်ရှင် မမိတဲ့နေရာကို ခနသွား။ ပြီတော့ ဖုန်းကိုပိတ်လိုက်။ တခြားဖုန်းတလုံးနဲ ခေါ်ကြည့်။ ဘယ်လိုဖြေမလဲဆိုတော့ ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတယ်လို့စက်ကဖြေမယ်။ ဒါပေမဲ့ ကျတော်တို့ဖုန်းပိတ်ထားတာနော်။ ကော်နက်ရှင်မိတဲ့နေရာမှာ ပိတ်ထားရင် တော့ စက်ပိတ်ထားတယ်လို့ စက်ကဖြေမယ်။ အခုတော့ ပြင်ပရောက်နေတယ်ဆိုတော့ အဲဒီအိမ်မှာ ဖုန်းမမိလို့ ဘာညာ ရွှီးလို့ရတာပေါ့။ ဖုန်းပိတ်ထားလို့ အကွိုင်ခံရတာနဲ့စာရင် လိမ်လို့ရတာပေါ့ဗျာ။
Technorati Tags: rel="tag">GSM, rel="tag"> myanmarGSM

နှာစေးနေလား ဒီဆေးသောက်

အခုတလော ဆောင်းက ပြန်အေးလာတယ်နော်။ ကျတော့ မာမီ(မေမေ) လည်း နှာစေး၊ နှာခေါင်းပိတ် ပြီးနေမကောင်းဖြစ်တာပေါ့။ အရမ်းကြီးဖြစ်တာ မဟုတ်တော့ ဆေးခန်းလည်းမသွားဘူး။ ဟိုဆေးသောက် ဒီဆေးသောက် ပေါ့။ သက်သာလိုက် ပြန်ဖြစ်လိုက်ပေါ့။ ဒါနဲ့ အိမ်က ဒရိုင်ဘာ မိန်းမက အိမ်မှာ လာဝိုင်လုပ်ပေးရင်း မာမီနှာစေးတာ တွေတော့ ဘာဆေးသောက်လဲ ပြောရင်း သူနှာစေးရင်တော့ ကုလားလေးကောင် သောက်တယ်။ ကောင်းတယ်ပေါ့ ။ ဒါနဲ့မာမီက ဘယ်ဆိုင်မှာဝယ်ရလဲပေါ့။ ကုလားလေးကောင် ဆိုတာသူလည်းမကြားဖူးဘူးပေါ့။ သူကဆေးဆိုင်မှာ ကုလားလေးကောင် ဆိုပြီးဝယ်ရင်ရတယ်ဆိုတယ်။ အဲဒါနဲ့ အိမ်ကကောင်မလေးကို ၀ယ်ခိုင်းလိုက်တာပေါ့။ ကုလားလေးကောင်ဆိုတော့ ကျတော်တို့ထင်တာက ဗမာဆေး၊ ထင်တာပေါ. ။ ၀ယ်ခိုင်းတဲ့သူ အိမ်ပြန်ရောက်တော့မှ ကြည်တော့ ကုလားလေးကောင် ဆိုတာ MIXA GRIP ဗျ။ ကုလားလေးကောင်တော့ မဟုတ်ဘူး။ကုလားတကောင် နှပ်ညစ်နေတဲ့ပုံ လေးပုံ ပါတော့ ကုလားလေးကောင် ဖြစ်သွားကောဗျာ။
Technorati Tags: rel="tag">mylife, rel="tag">myanmarfamily