
ပြီးခဲ့တဲ့ တစ်ပတ်က PUB Ulu-Pandan WRP ရုံးထဲသွားပြီး ပါမစ် သွားတင်တယ်။ Consultant က လူကြီးရုံးထဲ ဝင်ပြီး လက်မှတ်ထိုးနေတုန်း ကျတော်က အပြင်မှာနေခဲ့ရင်း သူတို့ Notice Board မှာ ဟိုလျှောက်ဖက် ဒီလျှောက်ဖက်ရင်း အောက်က စာလေးတွေကို တွေ့လို့ ပြန်တင်လိုက်ပါတယ်ဗျာ။ စင်္ကာပူ ဘဝ တွေထင်ဟတ်တာပေါ့။
In Singapore, the majority of us live in Highly Dangerous Buildings (HDB),And most people have already got used to Paying and Paying (PAP).Not only do you have to pay, you Pay Until Bankrupt (PUB).
When you fall sick and happen to be admitted to a Money Operating Hospital (MOH),You might be able to use your Cash Prior to Funeral (CPF) fund.If you are out of luck, you may meet doctors who Never Use Heart (NUH) to treat you,And you will be Sure to Give up Hope (SGH).
To help ease the traffic, motorists have to pay Cash On Expressway (COE).If that doesn't help, they can always Eternally Raise Prices (ERP) on the roads.If you don't own a car, you can always make a Mad Rush to the Train (MRT),OR get squashed in a bus Side By Side (SBS).
Lastly, under all these pressures, there are not many places we can relax,Not even the good old place we used to go because it has becomeSo Expensive and Nothing To See Actually (SENTOSA)!!!
HDB= Housing Development Board # Highly Dangerous Building
PAP= People's Action Party # Pay And Pay
PUB= Public Utilities Board #Pay Until Broke
CPF=Central Provident Fund Cash Prior to Funeral or Coffin Provision Fund # Cash Prior to Funeral
NUH=National University Hospital# Never Use Heart
SGH=Singapore General Hospital# Sure Giveup Hope
ERP=Electronic Road Pricing # Everytime Raise Price
MRT=Mass Rapid Transit# Mad Rush to Train
SBS=Singapore Bus Service # Side by Side
SENTOSA = So Expensive and Nothing To See Actually
(မမဝါဝါ လာရင် MRT (Mad Rush to the Train) ကြီး စီးပြီး ဈေးကြီးပြီး တကယ်ဘာမှ ကြည့်စရာမရှိတဲ့ Sentosa ကို သွားကြတာပေါ့ဗျာ။
Showing posts with label စင်္ကာပူ ဘဝ. Show all posts
Showing posts with label စင်္ကာပူ ဘဝ. Show all posts
Wednesday, August 26, 2009
Singapore = စင်္ကာပူ # ဆင့်ကာပူ
Posted by puluque at Wednesday, August 26, 2009 12 comments
Labels: စင်္ကာပူ ဘဝ
Tuesday, May 5, 2009
YTU 2004 batch gathering and my May day
ဒီအပတ် ပိတ်ရက် ၃ ရက်ဆက်တိုက်မှာ ပုလုကွေး တစ်ယောက် လုပ်စရာတွေ တော်တော်များခဲ့တယ်လေ။
ကြာသပတေးနေ့က ည ၂ နာရီလောက်မှ အိပ်ပျော်တယ်လေ။ မနက်ဆိုရင် လုပ်စရာတွေ ရှိတာမို့ အိပ်ပေမဲ့လဲ စိတ်ကပူနေလို့ အိပ်မပျော်ဘူး။ အဲဒီမေဒေးလ်နေ့်ဟာ ကျတော့ ပါကြီး (ဖေဖေ)ရဲ့ ၅၉ နှစ်မြောက်မွေးနေလေ။ ပါးပါးအတွက် မွေးနေ့ဆုတောင်းစကားကို မနက်စောစော ပြောဖို့ သတိထားနေမိတယ်။ စလုံးအချိန် ၈နာရီခွဲလောက်(မြန်မာအချိန် ၇နာရီလောက်)ရောက်တော့ ရွာကို ဖုန်းခေါ်ပီး ပါးပါးကို မွေးနေဆုတောင်း လုပ်လိုက်တယ်လေ။ ပါးပါးနဲ့ မားမားကတော့ အိပ်ရာက မထသေးဘူး။ (ဟီး ဟီး ကျတော်တို့ အိမ်က မနက်ဖက်ဆို အိပ်ရာထအမြဲနောက်ကျတယ်)။ ကျတော်ဖုန်းဆက်တော့ ပါးပါးက အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်တယ်။ ကျတော်တို့ မောင်နှမ သုံးယောက်နဲ့ယောက်ဖက ပါးပါး၊ မားမားတို့နဲ့ အဝေးကို ရောက်နေကြတာလေ။ ပါးပါးကို မွေးနေဆုတောင်း စကားပြောပီးတော့ မားမားနဲ့ ဖုန်းဆက်ပြောဖြစ်တယ်။
မားမားနဲ့ ဖုန်းပြောပီးနောက်မှာ မြန်မာပြည်ကို ဖုန်းထပ်ခေါ်ရမယ်လေ။ ကျတော့ အစ်ကိုကြီးတစ်ယောက်လို ခင်တဲ့ သူငယ်ချင်း အစ်ကိုကြီးတို့ရဲ့ သမီးလေး မွေးနေ့ကလဲ ဒီနေ့ မေဒေးနေ့မှာပဲ။ သူတို့ဆီကိုဖုန်းခေါ် စကားနဲနဲပြောလိုက်တယ်။
နောက်ထပ် လုပ်စရာတစ်ခုက စင်္ကာပူမှာ အတူနေ တစ်ကျောင်းထဲသယ်ရင်း လင်းမယားရဲ့ ၂ နှစ်မြောက်မင်္ဂလာ နေ့လေ။ သူတို့ကို မင်္ဂလာ ဆုတောင်းစကား မက်ဆေ့ပို့ပီးတော့ ပြန်အိပ်ရင်ကောင်းမလား စဉ်းစားမိတယ်။
.
ဒါပေမဲ့ တစ်ယောက်သောသူက သူ့ချစ်ချစ်နဲ့ ဒီနေ့မှာ ဘုရားဖူး ခရီးထွက်မှာမို့ သူဆီကို ပျော်ရွှင်ဖွယ် ခရီးဖြစ်ပါစေကြောင်း ဆုတောင်း မက်ဆေ့စ်ပို့ရအုံးမယ်လေ။
ဒါပေမဲ့ တစ်ယောက်သောသူက သူ့ချစ်ချစ်နဲ့ ဒီနေ့မှာ ဘုရားဖူး ခရီးထွက်မှာမို့ သူဆီကို ပျော်ရွှင်ဖွယ် ခရီးဖြစ်ပါစေကြောင်း ဆုတောင်း မက်ဆေ့စ်ပို့ရအုံးမယ်လေ။
.
အဲဒီလိုနဲ့ ကျတော့ ရဲ့မေဒေးနေ့ မနက်ခင်းတစ်ခုဟာ ကုန်ဆုံးခဲ့တယ်။ညနေခင်းရောက်တော့ ကျတော်… YTU 2004 batch (YTU ရဲ့နောက်ဆုံးမျိုးဆက်) တွေရဲ့ Gathering Party ရှိရာ East Coast ကို ချီတက်ခဲ့တယ်လေ။ ဟိုရောက်တော့ သယ်ရင်းတစ်ချို့ရောက်နေကြပီ။
အဲဒီမှာ သယ်ရင်းတွေ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြ၊ အကင်တွေ ကင်ကြ၊ အအေးတွေသောက်ကြနဲ့ ပျော်စရာ ညနေချမ်းလေးကို ဖြတ်သန်းဖြစ်ခဲ့တယ်။ နောက်တော့ မေဂျာအစုံပါတာမို့ တစ်ယောက်နဲ့ တယောက် ပိုမိုရင်းနှီးအောင် မိတ်ဆက်ကြ၊ အကင်တွေစားကြနဲ့ ပျော်ပျော်ပါးပါးရှိခဲ့ ကြပါတယ်။ တစ်ဝက်လောက် စားသောက်ပီးတော့ ဂိမ်းကစားဖို့ အတွက်ကမ်းခြေဘက် ထွက်ခဲ့တယ်။ ကမ်းခြေရောက်တော့ ချက်ချင်း ဂိမ်းမကစားနိုင်ပဲ ဓါတ်ပုံတွေ ရိုက်ကြတယ်။ အားလုံးစုပီးတော့ကော အဖွဲလိုက်ကော ရိုက်နေကြတာ အများကြီးပဲ။ နောက်တော့ ဂိမ်းကစားကြတယ်။ ဂိမ်းကြီးလေးမျိုး ကစားဖို့အားလုံးအဖွဲတွေ ခွဲပီး ကစားကြတယ်ဗျာ။
.
ကစားတာတွေက တော်တော်ပျော်ဖို့ကောင်းပါတယ်။ ကျတော်က ဂိမ်း ၂ မျိုးပဲ ကစားရသေးတယ်။ သယ်ရင်းလင်းမယားက ဘူကစ်စ် မှာ Steam Boatစားဖို့လှမ်းခေါ်နေပီ။ ဒါနဲ့ပဲ ကျတော်တို့ သယ်ရင်းလေးယောက် ကျန်ခဲ့တဲ့သယ်ရင်းတွေကို နှုတ်ဆက်ပီး ဘူကစ်စ်ကို တက်စ်စီနဲ့ အမြန်ချီတက်ကြတယ်။ ဟိုရောက်တော့ ကျတော်တို့ က ဗိုက်တင်းနေပီမို့ Steam Boat မစားတော့ပဲ သူတို့ရဲ့ စားအပြီးကို စောင့်ပီး Clark Quay ကို ဆက်လှမ်းခဲ့ကြတယ်။ Clark Quay ရဲ့မြောင်းနံဘေးမှာ သယ်ရင်းတွေ စုထိုင်ပီး ဘီယာစုပ်ကာ မစီးရဲတဲ့ Gmax ကို ငေးရင်း အေးချမ်းတဲ့ ညလေးကို ဖြတ်သန်းခဲ့တယ်…
အောက်က youtube video လေးကတော့ ကျတော့ဖုန်းအစုပ်လေး (nokia 5800) ရိုက်ထားတဲ့ ပုံလေးတွေကို video ပြန်ပြောင်းထားတာပါ။ သူများတွေကိုသာ ဓါတ်ပုံရိုက်နေတာ ကျတော့ပုံက အဖွဲ့တွေထဲမှာ မပါဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ တစ်ယောက်ထဲ ရိုက်ခဲ့တဲ့ ပြူးတူးပြဲတဲ ပုံတစ်ပုံကို အမှတ်တရအနေနဲဖြတ်ညှပ်ကပ်တင်လိုက်ပါတယ်။ YTU ကျောင်းသီချင်လေး လိုချင်ရင် ယူနိုင်ဖို့ပါ။
အမှတ်တရ May Day နေ့လေးပေါ့ဗျာ….
အောက်က youtube video လေးကတော့ ကျတော့ဖုန်းအစုပ်လေး (nokia 5800) ရိုက်ထားတဲ့ ပုံလေးတွေကို video ပြန်ပြောင်းထားတာပါ။ သူများတွေကိုသာ ဓါတ်ပုံရိုက်နေတာ ကျတော့ပုံက အဖွဲ့တွေထဲမှာ မပါဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ တစ်ယောက်ထဲ ရိုက်ခဲ့တဲ့ ပြူးတူးပြဲတဲ ပုံတစ်ပုံကို အမှတ်တရအနေနဲဖြတ်ညှပ်ကပ်တင်လိုက်ပါတယ်။ YTU ကျောင်းသီချင်လေး လိုချင်ရင် ယူနိုင်ဖို့ပါ။
အမှတ်တရ May Day နေ့လေးပေါ့ဗျာ….
Posted by puluque at Tuesday, May 05, 2009 5 comments
Labels: rit thingyan, စင်္ကာပူ ဘဝ, တွေဆုံမှု
Thursday, April 16, 2009
မင်္ဂလာ နှစ်သစ်ပါ
မင်္ဂလာနှစ်သစ်ပါခင်ဗျာ။
.
.
အားလုံးပဲ မိမိတို့ သွင်းအားစုများနဲ့ ထိုက်တန်သော အကျိုးခံစားခွင့်များကို
.
ရရှိပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
ပုလုကွေး
Posted by puluque at Thursday, April 16, 2009 3 comments
Labels: စင်္ကာပူ ဘဝ, ရောက်တက်ရာရာ
Subscribe to:
Posts (Atom)