Tuesday, May 5, 2009

YTU 2004 batch gathering and my May day

ဒီအပတ် ပိတ်ရက် ၃ ရက်ဆက်တိုက်မှာ ပုလုကွေး တစ်ယောက် လုပ်စရာတွေ တော်တော်များခဲ့တယ်လေ။


ကြာသပတေးနေ့က ည ၂ နာရီလောက်မှ အိပ်ပျော်တယ်လေ။ မနက်ဆိုရင် လုပ်စရာတွေ ရှိတာမို့ အိပ်ပေမဲ့လဲ စိတ်ကပူနေလို့ အိပ်မပျော်ဘူး။ အဲဒီမေဒေးလ်နေ့်ဟာ ကျတော့ ပါကြီး (ဖေဖေ)ရဲ့ ၅၉ နှစ်မြောက်မွေးနေလေ။ ပါးပါးအတွက် မွေးနေ့ဆုတောင်းစကားကို မနက်စောစော ပြောဖို့ သတိထားနေမိတယ်။ စလုံးအချိန် ၈နာရီခွဲလောက်(မြန်မာအချိန် ၇နာရီလောက်)ရောက်တော့ ရွာကို ဖုန်းခေါ်ပီး ပါးပါးကို မွေးနေဆုတောင်း လုပ်လိုက်တယ်လေ။ ပါးပါးနဲ့ မားမားကတော့ အိပ်ရာက မထသေးဘူး။ (ဟီး ဟီး ကျတော်တို့ အိမ်က မနက်ဖက်ဆို အိပ်ရာထအမြဲနောက်ကျတယ်)။ ကျတော်ဖုန်းဆက်တော့ ပါးပါးက အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်တယ်။ ကျတော်တို့ မောင်နှမ သုံးယောက်နဲ့ယောက်ဖက ပါးပါး၊ မားမားတို့နဲ့ အဝေးကို ရောက်နေကြတာလေ။ ပါးပါးကို မွေးနေဆုတောင်း စကားပြောပီးတော့ မားမားနဲ့ ဖုန်းဆက်ပြောဖြစ်တယ်။

မားမားနဲ့ ဖုန်းပြောပီးနောက်မှာ မြန်မာပြည်ကို ဖုန်းထပ်ခေါ်ရမယ်လေ။ ကျတော့ အစ်ကိုကြီးတစ်ယောက်လို ခင်တဲ့ သူငယ်ချင်း အစ်ကိုကြီးတို့ရဲ့ သမီးလေး မွေးနေ့ကလဲ ဒီနေ့ မေဒေးနေ့မှာပဲ။ သူတို့ဆီကိုဖုန်းခေါ် စကားနဲနဲပြောလိုက်တယ်။

နောက်ထပ် လုပ်စရာတစ်ခုက စင်္ကာပူမှာ အတူနေ တစ်ကျောင်းထဲသယ်ရင်း လင်းမယားရဲ့ ၂ နှစ်မြောက်မင်္ဂလာ နေ့လေ။ သူတို့ကို မင်္ဂလာ ဆုတောင်းစကား မက်ဆေ့ပို့ပီးတော့ ပြန်အိပ်ရင်ကောင်းမလား စဉ်းစားမိတယ်။
.
ဒါပေမဲ့ တစ်ယောက်သောသူက သူ့ချစ်ချစ်နဲ့ ဒီနေ့မှာ ဘုရားဖူး ခရီးထွက်မှာမို့ သူဆီကို ပျော်ရွှင်ဖွယ် ခရီးဖြစ်ပါစေကြောင်း ဆုတောင်း မက်ဆေ့စ်ပို့ရအုံးမယ်လေ။
.
အဲဒီလိုနဲ့ ကျတော့ ရဲ့မေဒေးနေ့ မနက်ခင်းတစ်ခုဟာ ကုန်ဆုံးခဲ့တယ်။ညနေခင်းရောက်တော့ ကျတော်… YTU 2004 batch (YTU ရဲ့နောက်ဆုံးမျိုးဆက်) တွေရဲ့ Gathering Party ရှိရာ East Coast ကို ချီတက်ခဲ့တယ်လေ။ ဟိုရောက်တော့ သယ်ရင်းတစ်ချို့ရောက်နေကြပီ။
အဲဒီမှာ သယ်ရင်းတွေ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြ၊ အကင်တွေ ကင်ကြ၊ အအေးတွေသောက်ကြနဲ့ ပျော်စရာ ညနေချမ်းလေးကို ဖြတ်သန်းဖြစ်ခဲ့တယ်။ နောက်တော့ မေဂျာအစုံပါတာမို့ တစ်ယောက်နဲ့ တယောက် ပိုမိုရင်းနှီးအောင် မိတ်ဆက်ကြ၊ အကင်တွေစားကြနဲ့ ပျော်ပျော်ပါးပါးရှိခဲ့ ကြပါတယ်။ တစ်ဝက်လောက် စားသောက်ပီးတော့ ဂိမ်းကစားဖို့ အတွက်ကမ်းခြေဘက် ထွက်ခဲ့တယ်။ ကမ်းခြေရောက်တော့ ချက်ချင်း ဂိမ်းမကစားနိုင်ပဲ ဓါတ်ပုံတွေ ရိုက်ကြတယ်။ အားလုံးစုပီးတော့ကော အဖွဲလိုက်ကော ရိုက်နေကြတာ အများကြီးပဲ။ နောက်တော့ ဂိမ်းကစားကြတယ်။ ဂိမ်းကြီးလေးမျိုး ကစားဖို့အားလုံးအဖွဲတွေ ခွဲပီး ကစားကြတယ်ဗျာ။
.
ကစားတာတွေက တော်တော်ပျော်ဖို့ကောင်းပါတယ်။ ကျတော်က ဂိမ်း ၂ မျိုးပဲ ကစားရသေးတယ်။ သယ်ရင်းလင်းမယားက ဘူကစ်စ် မှာ Steam Boatစားဖို့လှမ်းခေါ်နေပီ။ ဒါနဲ့ပဲ ကျတော်တို့ သယ်ရင်းလေးယောက် ကျန်ခဲ့တဲ့သယ်ရင်းတွေကို နှုတ်ဆက်ပီး ဘူကစ်စ်ကို တက်စ်စီနဲ့ အမြန်ချီတက်ကြတယ်။ ဟိုရောက်တော့ ကျတော်တို့ က ဗိုက်တင်းနေပီမို့ Steam Boat မစားတော့ပဲ သူတို့ရဲ့ စားအပြီးကို စောင့်ပီး Clark Quay ကို ဆက်လှမ်းခဲ့ကြတယ်။ Clark Quay ရဲ့မြောင်းနံဘေးမှာ သယ်ရင်းတွေ စုထိုင်ပီး ဘီယာစုပ်ကာ မစီးရဲတဲ့ Gmax ကို ငေးရင်း အေးချမ်းတဲ့ ညလေးကို ဖြတ်သန်းခဲ့တယ်…

အောက်က youtube video လေးကတော့ ကျတော့ဖုန်းအစုပ်လေး (nokia 5800) ရိုက်ထားတဲ့ ပုံလေးတွေကို video ပြန်ပြောင်းထားတာပါ။ သူများတွေကိုသာ ဓါတ်ပုံရိုက်နေတာ ကျတော့ပုံက အဖွဲ့တွေထဲမှာ မပါဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ တစ်ယောက်ထဲ ရိုက်ခဲ့တဲ့ ပြူးတူးပြဲတဲ ပုံတစ်ပုံကို အမှတ်တရအနေနဲဖြတ်ညှပ်ကပ်တင်လိုက်ပါတယ်။ YTU ကျောင်းသီချင်လေး လိုချင်ရင် ယူနိုင်ဖို့ပါ။
အမှတ်တရ May Day နေ့လေးပေါ့ဗျာ….


5 comments:

တောင်ပေါ်သား said...

အကိုရေ ပျော်ရွှင်စရာ ပွဲလေးပါ။ သီချင်းလေးနားထောင်ပြီ လူပါ ငိုင်သွားမိတယ် တော်တော်လေး ကောင်းတယ်ဗျာ... ပျော်ရွှင်စရာတွေ အပြည့်နဲ့ပဲ စကားမစပ် သီချင်းလေး ကြိုက်တယ် ပို့ပေးပါ့လား


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ပါးပါးမွေးနေ့အတွက် ဆုတောင်းပေးသွားပါတယ်ဗျို့ ပါးပါးသက်ကျော်
ရာကျော်ရှည်ပါစေဗျာ

WWKM said...

ပျော်စရာကြီး..ကြည့်သွားတယ် ပုလုကွေးရေ..
ပုလုကွေးက ဘလက်အန်ဝှိုက် ပေါ့..း)

Rita said...

အသိ တယောက်ပါတယ်။ နိုင်ဝင်း လေ။
ပုလုကွေး က ဘယ်ဟာတုန်း။

Orange Chit Thu said...

ha ha...
Pu Lu...
nin ka top lay...
thu photo kya top hla hla lay, nga doe photo twe kya top kyi own, bae tone ka yike twer mhan ma thi buu.
Hoonnnnnn.....
Hoonnnnnn.....
Orange Chit Thu