Monday, May 25, 2009

နိုင်ငံခြားပြန်တစ်ယောက်ရဲ့ ငြီးချင်းလား ???

(photo: by google, ပုံထဲက အိတ်တွေက ပိန်နေတယ် ကျတော့တုန်းက ဖားပြုပ်တွေလို ဖောင်းကားနေ၏)
နိုင်ငံခြားပြန်တစ်ယောက်ရဲ့ ငြီးချင်းလား ကြွားချင်းလားမသိ????


နိုင်ငံခြားပြန်လို့ ဆိုနိုင်မလား။ စင်္ကာပူဆိုတာ အခုချိန်မှာတော့ မြန်မာနိုင်ငံသားတွေ အတွက်တော့ အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ သွားလိုက် လာလိုက်နဲ့ ။ (တစ်နှစ်တစ်ခါ ခွင့်ပြန်တာ အမိမြေချစ်တဲ့ သားတို့မီးတို့…ရန်ကုန်လေဆိပ်ကြီး စည်ကားနေ သူတောင်းစားတွေ ဒုနဲ့ဒေး….အော်မှားကုန်ပါပီး စွယ်တော်ရိပ် သံချပ်တွေနဲ့)

စလုံးရောက်စ ပုလုကွေးရဲ့ နေ့ရက်တွေ ဟာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်ဆိုမလားပဲ။ ယောင်္ကျားလေးတန်မဲ့ မျက်ရည်ကျသလားဆိုတော့ ဟုတ်ကဲ့ ကျပါတယ်..မားမား၊ ပါးပါးကို လွမ်းတာကိုး..အိမ်နဲ့လဲ အကြာကြီးမှမခွဲဘူးတာ။ ဖုန်းပြောပီး ငိုငိုခဲ့တာက ၂ ကြိမ်လား မသိ။ ပီးတော့ အလုပ်မလုပ်ဘူးတော့ အလုပ်ရဲ့ ပရက်ရှာတွေလေ။ နောက်ပိုင်းတော့လဲ နေသားကျသွားတာပေါ့လေ။

ပုလုကွေး အတွက်တော့ ကံကောင်းတာက စလုံးရောက်စမှာ နေစရာအိမ်အတွက်မပူရ၊ အခန်းခလဲမပေးရ။ အားလုံးကို အချစ်ဆုံးသယ်ရင်းက စီစဉ်ပေးထားတယ်လေ။ ပီးတော့ စလုံးက ယာဉ်တွေ စီးဖို့အတွက် Ez link ကဒ်က အစ၊ ဖုန်းကဒ်အဆုံး သူပဲစီစဉ်ပေးထားတာ။ ဘယ်သူလဲသိလား၊ တစ်အိမ်ထဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သယ်ရင်းကြီးပေါ့။

ပုလုကွေး စလုံးလာ အလုပ်လုပ်မယ်ဆိုတော့ တစ်ချို့သောသယ်ရင်းတွေက အံသြကြတယ်။ ဘာရူးတာလဲပေါ့။ မိဘအလုပ်ကို မလုပ်ပဲ ဘာလို့များ သူများအလုပ်ကို လုပ်ချင်ရတာလဲပေါ့။ ပုလုကွေးမိဘတွေကလဲ သဘောတူတယ် လာဖို့ကိုလေ။ အိမ်က အဓိက စီးပွားရေလုပ်ငန်းကို ပါးကြီးက ဦးစီးနိုင်သေးတယ်။ ပုလုကွေးကလဲ အိမ်က အလုပ်ကို သိပ်စိတ်မဝင်စားပါဘူး။ ဒါနဲ့ပဲ စလုံးမှာ အောက်အီးသီးခံပီးနေခဲ့ရတာပေါ့။

ဒီလိုနဲ့ စလုံးရောက် ပီး ၁၁လနဲ့ ခုနစ်ရက်မှာ ပြည်တော်ပြန်ခဲ့တယ်။ ပြည်တော်ပြန်တို့ရဲ့ထုံးစအတိုင်း ပထမဆုံးဆက်ကြေးပေး ..အဲမှားလို့ အခွန်ဆောင်ရတာပေါ့။ အခွန်ဆောင်ရတာက spass သမားတွေထုံးစံ ၈၀ ဆိုပေမဲ့ ၆၀လောက် ၇၀လောက်ရလဲ နဲလားဆိုပီး အန်တီဖက်တီးကြီးကို ငိုပြရတာပေါ့။ နောက်ဆုံးတော့ ၇၀နဲ့ဈေးတည့်သွားတာပေါ့လေ။

ကဲဝယ်ဖို့ချမ်းဖို့ကိစ္စ။ လူတကာက နိုင်ငံဂျားပြန်ဆိုရင် အထင်ကြီးပီး ဟိုလက်ဆောင် ဒီလက်ဆောင်မျှော်တက်ကြတာ ထုံးစံရယ်။ ပုလုကွေးလည်း ဝယ်ဖို့ ချမ်းဖို့ ပြင်ရတာအမောရယ်။ ပါးပါးမားမား ဖို့က တစ်မျိုး။ တစ်ဦးတည်းသော အမအတွက်ကတစ်မျိုး။ နောက် အိမ်နီးချင်းတွေ ဆွေမျိုးမကင်းတွေ အတွက်က တစ်ဖုံဝယ်ရတာ ဖတ်ဖတ်ကိုမောနေတာပဲ။ ကို့ပိုက်ပိုက်နဲ့လဲ ကိုယ်ချိန်နေရသေးတာကိုး…။

မားမားကြိုက်တဲ့ ပင်နဆိုးနစ် ထမင်းပေါင်းအိုးရှာ၇တာက တစ်ဒုက္ခ။ ပီးတော့ ဂျပန် ခွက်ကလေးတွေ အစုံဝယ်ရတာကတစ်မျိုး။ မားမားနဲ့ မကြီးအတွက် လက်ကိုင်အိတ် ဝယ်ရတာကတစ်ဖုံ။ ယောင်္ကျားလေးတန်မဲ့ ဗိုက်ဖုံးအင်္ကျီ ရှာရတာက လဲ တစ်ဒုက်ခရယ်။ စလုံးမတွေ ဝတ်တဲ့ အင်္ကျီ ရှည်ရှည်ကို မကြီးက ဗိုက်ဖုံးအင်္ကျီပုံစံမျိုး ဝတ်ချင်သပ ဆိုလို့ Esprit သွားပီး မျက်နှာပူပူနဲ့ ဝင်မွှေရတာတဲ့ အကြိမ်လဲမနည်းဖူးဗျ။(စိတ်မကောင်းစရာက ကျတော့တူလေးလား တူမလေးလားမသိတဲ့ သူကလေးဟာ လူ့လောကထဲကို ရောက်ရှိမလာခဲ့ဖူး)

နောက်ပီး မာမီအတွက် ခြံပုဝါလေးတွေ ဝယ်ရတာကလည်း မသေးဘူးခင်ဗျ။ (ဒါတောင်မားမားက အနီရောင်နဲ့ အညိုရောင်မပါသေးဘူးတဲ့ …ခုနှစ်ထည်လောက်ကို သူတစ်ဦးထဲ မောင်ပိုင်စီး သွားတယ်လေ..) ကျတော့ဆရာမအတွက်တောင် တစ်ထည် မနည်းပြောယူထားရတာ…ဟိဟိ သိရင်စိတ်ဆိုးမှာ…)။


နောက်ပီး အိမ်က ဒရိုင်ဘာတွေ စပယ်ယာတွေ အတွက်။ ဘာဝယ်၇မလဲ.ဈေးလဲသက်သက်သာနဲ့ နောက်ဆုံးတော့ ဘလန်နို ရှပ်တွေကို ၁၀ထည်လောက်ဆွဲသွားရတယ်ခင်ဗျား။ ဒါတောင် မရတဲ့သူက သားကြီး ဘယ်မှာလဲ လက်ဆောင်ဆိုတော့ ဟီး ဟီး ဆိုပီး သွားဖြဲပြ၇တယ်။ စလုံးက လူရဲ့ဒုက်ခ ကို သူတို့မသိဘူး။

နောက်ဆွေမျိုးမကင်းတစ်ကင်းတွေ အတွက် ရေမွှေး..မူစတာဖာသွားပီး revelon ရေမွှေး ၁၅ ပုလင်းလောက်ကိုလဲ ထိုးသိပ်ခဲ့ရသေးသဗျ။

အိမ်က ခိုင်းတဲ့ကောင်မလေးတွေ ကောင်လေးတွေ အတွက်ကတော့ လက်ပတ်နာရီတစ်လုံးစီ ကို မြန်မာပြည်က မာမီကို ကြိုတင်အချိန်းအချက်လုပ်ပီး ဝယ်ခိုင်းထားရတယ်။ စလုံးမှာက ဈေးကြီးတယ်လေ။ ဟိုရောက်တော့ စလုံးက ဝယ်လာသလိုလိုနဲ့ ညာတာပါတေးပေါ။ အဲဒါကလဲ တစ်ဒုက္ခ။

နောက်ပီး ကျတော့တို့ ငယ်ငယ်ကတည်း အိမ်မှာ အမြဲလာကူပေးနေတဲ့ ဒရိုင်ဘာမိန်းမအတွက်၊ သူ့ သားနဲ့သမီးအတွက် အင်္ကျီ ..ဒါကိုလဲမာမီကို ပဲ အပူကပ်ပီး တိုးတိုးတိတ်တိတ် မြန်မာပြည်က ပဲကြိုဝယ်ခိုင်းထား၇သေးသဗျ။ သူတို့အတွက်ကလဲ မပါလို့ မဖြစ်ဘူးလေ။ သူတို့က ကျတော်ပြန်လာပီဆို သီမ်းစရာတွေ ဘာတွေကို ဒိုင်ခံသိမ်းပေး၊ စားစရာတွေကို ဒိုင်ခံကြော်လှော်ပေးနေကျ။ အိမ်က အောက်ခြေသိမ်းကို သူတို့ပဲလုပ်ပေးနေတာ။ ပဲခူးစိန်ဟင်းက ပစ္စည်းတွေ ဟာ စလုံးဖြစ် ဖြစ်လိုဖြစ်ပေါ့ဗျာ။

အော်ပြောဖို့မေ့နေတာ။ အချစ်ဆုံးသူမ(သယ်ရင်းနော် တလွဲမတွေကြနဲ့) အတွက် လက်ဆောင်။ သူမဖို့ ရေမွှေး ကောင်းကောင်းလေးရယ်။ ကျတော်ကော သူမကော ကြိုက်တဲ့ အစိမ်းရောင်..ပိုက်ဆံအိတ်..နောက်ပိး နောက်ပိး…သူမအတွက် လက်ဆောင်တွေပေါ့။ ဒါကတော့ ဒုက္ခမဟုတ်…သုခဗျ (ဘယ်သူလဲဆိုတာ မပြောနဲ့နော် တက်ထားတဲ့ မမရေ)။

သယ်ရင်းအထီးတွေအတွက် esprit၊ G2000, girodano နဲ့ hang ten အမျိုးမျိုးပေါ့။ သယ်ရင်းမတွေ အတွက် ပိုက်ဆံအိတ် အသေးလေးတွေ။
နောက် မချစ် တချစ်တွေ အတွက်ကော လက်ဆောင်တွေပေါ့။ ဘယ်သူတွေလဲ မမေးနဲ့ ပြောဘူး အသေသတ်။

ကဲဝယ်စရာတွေ ဝယ်တာစုံတော့ ပြည်တော်ပြန်ဖို့လေဆိပ်ကို ဆင်းပေါ့။ baggage က အသေးတစ်လုံး အကြီးတစ်လုံး။ ကျောပိုးအိတ်ရယ်၊ လက်ကဆွဲတာ တစ်ထုတ်ပေါ့။ ဟီး ဟီး ။ baggage အကြီး က ကီလို ၃၀ ကွတ်တိ။ အသေးက ၁၀ကီလိုကျော်နေတော့ ဆောင်ပေအုံးတော့ ဒေါ်လာ ၂၀ ။ ပလုံ ပလုံ။ လေဆိပ်ဆင်းတာက တစ်ယောက်ထဲ။ သောကြာနေဆိုတော့ ဘယ်သူမှမလိုက်ပို့နိုင်။ တစ်ယောက်ထဲ ဒုက်ခတွေနဲ့ပေါ့။ gate pass ဖြတ်တော့ အခုပဲထည့်ထားလိုက်တဲ့ လက်မှတ် ဘယ်ရောက်သွားလဲ။ ရှာပေအုံးတော့ တစ်ယောက်ထဲ။ လူက ထူပီး ဘာမှမမြင်တော့ဘူး။ နောက်မှတွေတော့ အထဲဝင်။

မြန်မာပြည်ဝင်တော့ လက်ကျန်ခြင်္သေ့ ၃ကောင်ညှပ်ပေးတာတောင် သူများတွေက စလုံးပေးတယ်တဲ့။ ညီက ခြင်္သေ့တွေတဲ့ အစ်ကိုတို့ ကို စေတနာမရှိဘူးလားတဲ့။ ပုလုကွေး ဘီလိုပြောရမလဲဟင်။ အိတ်ထဲမှာ ကျန်တာဆိုလို့ စလုံးငွေ ၃၀ကျော် ၄၀နီးပါးရယ်။ ဘီလိုမှ မပြောတော့ပဲ မကြားချင်ယောင်ဆောင်နေလိုက်တယ်။ ဘဏ်ကဒ်ထဲမှာကလည်း သယ်ရင်းကြီး ဆီက ချေးလာတဲ့ စလုံး ၅၀၀မှာ ၂၀၀ကျော်ကျန်တာရယ်။

ဒီလိုနဲ့ Baggage ကိုရွေး။ အကောက်အခွန်ကို ဖြတ်။ မားမားရဲ့ ကြိုဆို အနမ်းတွေကိုခံယူရင်း အမိမြေကို နိုင်ငံဂျားပြန်တစ်ယောက် ခြေချခဲ့တယ်။ အမိမြေမှာ သုံးစရာဆိုလို့ ခြူးတစ်ပြားမှ မရှိ။ ဒီတော့လဲ ပါးကြီးဆီက ပေးတဲ့ မုန်းဖိုး ၂သိန်းခွဲ။ မားမီပေးတဲ့ ၁သိန်းခွဲ၊ မကြီးပေးတဲ့ မုန့်ဖိုး ၁သိန်းနဲ့ သယ်ရင်းတွေကို ဟိုဟာဝယ်ကျွေး၊ ဒီမှာဧည့်ခံ သုံးဖြုန်းခဲ့ရတာပေါ့။ ကျတော် လစဉ်လွှဲထားတဲ့ ပိုက်ပိုက်ကတော့ အလျော့ခံလို့ ဖြစ်မလားဗျ။ မိန်းမယူဖို့ စုထားတာ၊ တိုးပွားအောင် အတိုးပေးထားတာကိုး ..ဟိဟိ။(နောက်တာနော် အတည်ပြောတာ)

(ငြီးချင်းကလဲ အကြွားပို့စ် ဖြစ်သွားရင်လဲ ခံရုံမှတစ်ပါးအခြားမရှိ။ ကျတော့ မှာ ငြီးစရာဆိုလို့ ဒါပဲရှိတာ။ အရင်းနှီးဆုံးသယ်ရင်းတွေပြောပြောနေတဲ့ ဟန်းဖုန်း ခုနှစ်လုံး၊ ဆယ်ဘီးကားလေးစီးကလဲ ကျတော်ပိုင်တာမဟုတ်ပါကြောင်း(ဆိုင်သာဆိုင် မပိုင်ပါ)။ ပို့စ်ဖက်ပီး သိပ်အထင်မကြီးပါနဲ့ခင်ဗျား ပုလုကွေးတို့အိမ်ကရန်ကုန်ကနေ မိုင်၆၀ သုံးဖာလုံတိတိ မှာရှိ့ပီး ရွာမှာနေတဲ့ ရွာသားတစ်ယောက်ပါ)
မမဝါဝါ ရဲ့ တက်စ်ပို့စ်လေးကို အဆုံးသတ်ရင်း ဆက်တက်မှာက တက်စ်ပို့ဆို ရေးလေ့မရှိတဲ့ တောင်ငူသား၊ နောက်ပီး ကျတော့ကို နာမည်ဖျတ်ပီး ကိုကိုးဂွေးလို့ခေါ်တဲ့ အသက်လေး ။ နှစ်ကျောင်းအတူဆင်း သယ်ရင်းကြီး july…ဒါဆိုတော်လောက်ပါပီထင်ပါတယ်)

12 comments:

Rita said...

ကြွား ကြွားတား ကြွားတက်စ်
:D

သက်ပိုင်သူ said...

ဟွန်း....
မပြောချင်ဘူး..
သူများတပ်ဂ်တာကျတော့ အရင်မရေးဘဲ ယယ ပြန်တဂ်တယ်.. ကျေနပ်ဘူး

khin oo may said...

ဖတ်၏

Taungoo said...

သူမြားတွေ ဋပ် ဋာက
မသိဋာကို သိခြင်ဠို့
ဋပ် ဋာ။
ဏင်က ဋစ်အိန်ဌဲ ဏေပျီး
ဠာ ဋပ် ဏေဋယ်။

ဏင့်ယှေ့မှာ ဋပ်ဌားဋဲ့ ဠူ ယှိသေးဋယ် စေါင့်ပေဋော့

Bino said...

:D

WWKM said...

ဟတ်ဟတ်ဟတ်... ရယ်လိုက်ရတာ မျက်ရည်တောင်ကျတယ် ပုလုကွေး ရေ....
သူငြီးချင်းကလည်း မငိုရဘူး ရယ်ရတယ်တော့...း)))

ညီမလေးနဲ့ အဆင်ပြေစေချင်ပါတယ်..
ညီမလေးက အရမ်းချောတယ်နော်...
စကားပြောတာလည်း ချစ်စရာအရမ်းကောင်းတာပဲ..
ကြိုးစား သူကတီရုပ်ဆိုရင် ပုလုကွေးလည်းတီရုပ်လုပ်
လိုက်ပေါ့.. ပုလုကွေးက တရုပ်နဲ့တူတာပဲ..း))
( မဖွပါဘူး.. ပြောရုံပြောပြသွားတာ မမ၀ါက) အဟတ်

ရေးပေးတာကျေးဇူး..

တောင်ပေါ်သား said...

ဖတ်သွားတယ်ဗျာ ကျနော်လဲ ဘာကြွားရမလဲ စဉ်းစားတာ ဘယ်လို လုပ် ကြွားရမလဲ မသိဘူး (ဘာမှ မရှိဘူးကော)


လေးစားလျက်
တောင်ပေါ်သား

JulyDream said...

ပုလုကွေးများ တရုတ်နဲ့တူတယ်တဲ့။ ဘယ်သူပြောလဲ။ မ၀ါတစ်ယောက် မျက်မှန်ကို ပါဝါတိုးဖို့ လိုနေပြီ။ ဒီရုပ်ကိုများ တရုတ်နဲ့တူရင် ၀က်တွေ မျက်နှာ ပြောင်းပေးရမလို ဖြစ်နေပြီ။ ဟဟ...

အိမ် said...

ဒုက္ခ..ဒုက္ခ တွေ...။ ဒီလိုပဲ ကိုပုရေ လူတိုင်း အတူတူ ခံစားရတဲ့ ဒုက္ခတွေပါပဲဗျာ။
ဒီလိုပေါ့ ဗျာ.. နော ... စိတ်ဓာတ်တော့ မကျပါနဲ့လေ..။

မိုးခါး said...

အကြွားပို့ .. ဟုတ်ပါဘူး တဂ်ပို့ ဖတ်သွားပါ၏နော် .. :D

mgnge said...

နောက်နှစ်ဆိုရင် ညီ့အတွက်ပါ ပို ၀ယ်လာနော် နယ် သား ကြီး....။ ညီလည်းနောက်နှစ်ဆိုပြန်တော့မှာ....
ဟီးးး
စာရင်းပေးထားတာ

နွေးနေခြည် said...

တခါမှ မပြန်ဖူးသေးဘူး။ ဒါဖတ်ပြီးမှ အိမ်က အလုပ်သမားတွေအတွက် လက်ဆောင်ဝယ်ပေးဖို့ သတိရသွားတယ်း) ဟူးးးးးးးးးးး