ဒီနေ့ဟာ ကျတော်တို့ နိုင်ငံရဲ့တော်လှန်ရေးနေ့ (အခုအခေါ် တပ်မတော်နေ့) ပါ။
ကျတော်နဲ့ ကျတော့မာမီဟာ ညနေစောင်း(၅နာရီခွဲ ၆နာရီ)လောက်ဆို အိမ်ရှေ့က ခုံးလေးမှာထိုင်ပြီး ရောက်တက်ရာရာတွေ ပြောတက်ကြပါတယ်။ ဟိုနှစ်က ဒီနေလို တော်လှန်ရေးနေမှာ မာမီက ကျတော့ကို ပြောဖြစ်တာလေးတွေပါ။ မာမီက ငယ်ငယ်က ပုဇွန်တောင်မှာနေတာပါ။ သူတို့ငယ်ငယ်က ဒီလို တော်လှန်ရေးနေမှာ မနက်လေးနာရီ မတိုင်မီ ဝေလီဝေလင်းမှာ မာမီတို့သူငယ်ချင်းတသိုက်ဟာ တော်လှန်ရေးနေချီတက်ပွဲ ကို သွားမလို ပြင်ဆင်ကြပါတယ်။ မနေကတည်းက စပယ်ပန်းကုံးတွေကို အော်ဒါမှာ ၀ယ်ထားတာပါ။ ဧရာဝဏ်ဆေးတိုက်က အီတူးသောင်ဇင်ကားလေးနဲ့ တော်လှန်ရေးပန်ခြံကို သွားကြတာလိုပြောပါတယ်။ အရမ်းလည်း ပျော်စရာ ကောင်းတယ်လို ပြောပါတယ်။ သူတို့တွေထဲမှာ ဘယ်သူမှ တပ်မတော်နဲပက်သက်တာ တယောက်မှ မပါဘူးလို့ပြောပါတယ်။ အခုတော့ တပ်မတော်နဲ့ပက်သက်နေတဲသူတွေ(ကျတော်ဆိုလိုတာက အစ်ကို ညီ ဆွေမျိုးတယောက်ယောက် စစ်သားကိုဆိုလိုတာပါ) တောင်တော်လှန်ရေးနေကို မေ့နေကြတာကိုပါ။ ဘာကြောင့်လည်းတော့ ကျတော်မသိပါဘူး။
ကျတော်လည်းရောက်တက် ရာရာတွေးရေးမိတာပါ။
ဒီနေ့ဟာ ကျတော်တို့ နိုင်ငံရဲ့တော်လှန်ရေးနေ့ (အခုအခေါ် တပ်မတော်နေ့) ပါ။
Thursday, March 27, 2008
တော်လှန်ရေးနေ နှင့် ရောက်တက်ရာရာ အတွေးများ
Posted by puluque at Thursday, March 27, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment