ဒီအချိန်ရောက်ရင် ကျတော့ စိတ်တွေ ဖောက်ဖောက်လာတယ်။ စိတ်ပိန်တယ်..တကယ်ပါ။ စနေ၊ တနင်္ဂနွေ ရောက်ရင် ဒီအလုပ်ကို မဖြစ်မနေ လုပ်ကိုလုပ်ရတယ်။ ကျတော် ကလည်း အဲဒီအလုပ်လောက် မလုပ်ချင်တာ အဲဒီအလုပ်ပဲ။ အမေရိကန် သမ္မလုပ်ပါဆိုရင်တောင် ဒီလောက် ငြင်းဖြစ်မယ်မထင်ဘူး..ဟိဟိ..
အဲဒီအလုပ်ကိုတော့ လုပ်ရမှာ သေမလောက် ကြောက်တယ်။ မလုပ်လို့လဲ မဖြစ်ဘူး။ ဒီနိုင်ငံမှာက ကိုယ်မလုပ်ရင် ဘယ်သူမှ လာကူလုပ်ပေးမှာ မဟုတ်ဘူး။ အဲ့ဒီအလုပ်ကို လုပ်ရတာကလဲ မစားသာဘူးဗျ။ လက်ကလည်း ရှေ့တိုးနောက်ဆုပ် လုပ်ရတယ်။ စိတ်ကလည်း အဲ့ဒီထဲမှာ နှစ်ထားရသေးတယ်။ လူကလည်း တစ်ခါတလေ မတ်တပ်ရပ်. ချွေးကလည်းထွက်သေး။ ပင်ကလည်း ပင်ပန်းသေး။
အဲ့ဒီအလုပ်ကို လုပ်နေလို့ ကျတော် ဘလော့လဲမလည်နိုင်. စာတွေလည်း ကောင်းကောင်းမဖတ်နိုင်ဗျာ။ တကယ်စိတ်ပိန်တယ်။ အခုလဲ ဘလော့ပို့စ်လေးရေးမယ် လုပ်နေတာ အဲဒီအလုပ်ကို လုပ်ရတော့မယ်။ ..
.
.
.
.
.
.
.
ဘိုင်ဘိုင် ကျတော် မီးပူသွားတိုက်လိုက်အုံးမယ်…တာ့တာ..။
.
.
.
.
7 comments:
အယ်ဗျာ မီးပူတိုက်တာ တောင်စွန်းနားမှာ သွားတိုက်၇တယ်လို့ဗျာ
ဝေးးးးးးးးး ဒီတခါ မှန်းလိုက်တာ တော်သွားတယ် အမှန်ပဲ ဟား ဟား မှန်မှာပေါ့ ကျနော်လဲ အဲဒါပဲ လုပ်ရတာလေ မလုပ်ချင်ဆုံးကိုက အဲဒါပဲ
တောင်စောင်းပေါ်မှာ မီးလာတယ်လား... :P
တောက်ခ် စိတ်ထဲမှာ မြင်ယောင်နေတာ မြင်ယောင်နေတာ...
နောက်မှ မီးပူသွားတိုက်မယ်တဲ့
ဘာများလဲလို့ လက်စသတ်တော့သူကိုး...ဟတ်ဟတ်
မီးပူကယ်လို့ မဟုတ်ရင် နာထင်တာမှန်တယ်။ ဒါနဲ့ မီးပူမတိုက်ရတဲ့ အင်္ကျီမျိုးဝယ်ဝတ်ပေါ့ဗျ။ အေးရော။
မီးပူကတော့ တနင်္ဂနွေနေ့ ညတိုင်း တိုက်ရတယ်။ ရှောင်လို့မှ မလွတ်တာ လုပ်ရပြီပေါ့။
Post a Comment