Friday, October 3, 2008

ချစ်သော ..နန်း အပိုင်း(၁)

ဒီနှစ် ဒီဇင်ဘာ တော်တော်လေး အေးပါသည်။ ရန်ကုန်မှာတောင် ဒီလောက်အေးတာ ဟိုတောင်ပေါ်မှာ ဘယ်လိုနေလိမ့်မည်မသိ။ သူတစ်ယောက်ကော ချမ်းနေမည်လား။ ချမ်းအေးခြင်းနဲ့ လွမ်းဆွတ်ခြင်း ဝေဒနာကို ဘယ်သူကုစားပေးမှာပါလိမ့်။

နာရီကို ကြည်တော့ နံနက် ၄ နာရီကျော်ကျော်လေးသာ ရှိသေးသည်။ ဒါကြောင်သူ အိပ်ယာမှ မထသေးပဲ နှပ်နေလိုက်သည်။ အမ်ပီသရီး ပလေယာလေးကိုဖွင့် နားကျပ်ကို နားမှာတပ်ပြီး နားထောင်မိတော့ သီချင်းလေးက သူကို လွမ်းအောင်ပိုလုပ်နေပြီလား။

စိုင်းဆိုင်လ်မော် ရဲ့ သီချင်းလေးက နားကျပ်လေးမှတဆင့် သူနား.. နှလုံးသားထဲကို ရောက်လို့လာသည်။


ကုန်လွန်ခဲ့တဲ့ ရက်တွေနှမြောမိတယ်
ကိုယ့်အသဲလေးတွေ ဆွေးကာကျန်ခဲ့မယ်
ချစ်သောနန်းရေ သတိရနေတယ်
ခွဲသွားတော့မဲ့ အလွမ်းပေးသွားတဲ့ နန်းရယ်….
…..


ဒီသင်းတန်းကို စတက်ဖို့ ဘယ်သူက သူကို တိုက်တွန်းတာပါလိမ့်။ အောင်လေး လား.. ဒါမှမဟုတ် ..သူကိုယ်တိုင် တက်ချင်လို့ပဲလား။ ဘားပဲပြောပြော သူအတွက်တော့ သင်တန်းအပ်ပြီးထား တော့ တက်ရမှာပါပဲလေ။ ရန်ကုန်မှာ အင်္ဂလိပ်စကားပြော တက်ရတာ ကလည်းမလွယ်။ သူတို့လို ဟိုမရောက် ဒီမရောက် သူတွေအတွက်ဖြစ်သည်။ တချို့ သင်တန်းတွေက သူတို့အတွက် နိမ့်လွန်းနေသည်။ တချို့သင်တန်းတွေကျတော့ သူတို့ နဲ့လှမ်းလို့မမှိ။မြင့်လွန်းလှသည်။

သင်တန်းစဖွင့်တဲ့နေမှာ အောင်လေးက ”ဟေ့ရောင် …ငါ အတန်းရှေက စောင့်နေမယ်။ ၁၂ခွဲလောက်ရောက်လာခဲ့” ဟုပြောကာ အိမ်မှထွက်သွားခဲ့သည်။ အောင်လေးက ၁၀ နာရီမှာ သင်တန်းတစ်ခုရှိလို စောထွက်သွားခြင်းပင်။

သူသင်တန်းရှိရာ အဆောက်အဦး ရှေရောက်တော့ အောင်လေးကို မမြင်။ ဒီကောင် အခန်းထဲဝင်သွားပြီးထင်တယ်။ ဒါနဲ့ သူလည်း အခန်းမေး ပြီးတော့ အပေါ်ထပ်
တက်လာခဲ့သည်။

သူအတန်းထဲရောက်တော့ လူတော်တော်များနေပြီ။ ဆရာတွေတော့ မရောက်သေး။ သူ.. အောင်လေးနားမှာသွားထိုင်နေမိသည်။
”ဟေရောင် .. နောက်ကျလှချီလား”
”အေး” ဟု သူတစ်လုံးသာ ပြောနိုင်သည်။ အောင်လေးကို သူစကားမပြန်နိုင်သေး ။ သူ့ အကြည့်တွေက တစ်နေရာကနေ မခွာနိုင်သေး။

ခဏနေတော့ တီချယ်တွေ ရောက်လာသည်။ အားလုံးနဲ့ မိတ်ဆက်ပေးပြီး အတန်းသားတစ်ဦးချင်းစီ မိတ်ဆက်ခိုင်းသည်။ တီချယ်က တစ်ယောက်စီ နာမည်တွေ မေးပြီးတော့ nick name ပေးသည်။ပြီးတော့ အတန်းသား အားလုံးရဲ့ နာမည်တွေကို အလွတ် မှတ်ခိုင်းသည်။ ကျတော့ nick name ကို တီချယ်ပေးတာက သားဖြူ တဲ့။ ကျတော့ နာမည်၏ နောက်ဆုံး စလုံး။ သူမ ရဲ့ နာမည်းက နန်း…..။သူ့ ရဲ့ ချစ်သော နန်း..
အတန်းသားလုံး မိတ်ဆက်ပြီးတဲ့ အခါ တီချယ် လက်ချာပေးသည်။ လက်ချာ ပြီးတော့ ၂ယောက်တတွဲ စကားပြောခိုင်းသည်။ ကံကောင်းတာလား.. ကံဆိုးတာလားမသိ…သူနှင့် အတူစကားပြောရတာ ကတော့ သူရဲ့ နန်း….။ သူကစပြီးတော့ နှုတ်ဆက်လိုက်သည်။
”good evening နန်း………”
”good evening ကိုသားဖြူ……..”
သူမနှင့် သူ စကားတော်တော်များများ ပြောဖြစ်ခဲ့သည်။ ပထမဆုံးနေ့ ဆိုတော့ သူအကြောင်း ကိုယ်အကြောင်းတွေသာ အဓိက ပြောဖြစ်သည်။

နောက်တနေ့မှာ သူသင်တန်း ရောက်တော့ သင်းတန်းစဖို့ မိနစ် ၂၀လောက်လိုသေးသည်။ သင်းတန်းအောက်မှ သူတယောက်ထဲ ရပ်ရင်း သူမအလာကို မျှော်နေမိသည်။ သူမလာတော့ ပြုံးပြနှုတ်ဆက်ရင်း ..
”ကိုသားဖြူ .. ဘယ်သူကို မျှော်နေတာလဲဟင်”
”အော် အောင်လေး ကို မျှော်နေတာဗျ” ဟု သူမလိမ်ချင်ပဲ လိမ်နေမိသည်။ သူမျှော်နေတာ သူမဆိုတာ နန်း..သိပါလေစ။

ဒီလိုနဲ့ ရက်တွေတဖြည်းဖြည်းကုန်းရင်း အတန်းသား အာလုံးဟာ မောင်နှမတွေလိုရင်းနှီးလာကြတယ်။ သူနဲ့ နန်းရဲ့ ရင်းနှီးမှုကတော့ သိပ်မတိုးတက်သေး။

နောက်တပတ်မှာ သူကော ၊ သယ်ရင်း အောင်လေးကော သင်တန်းမတက်ဖြစ်ဖို့ အကြောင်းဖန်လာသည်။ သူရောဂါတက်နေတာကို သိတော့ အောင်လေးက နန်းထံစာမေးရင်း ဖုန်းဆက်ဖို့ အကြံပေးသည်။ သူမထံ အရင်က ဖုန်းဆက်ချင်ပေမဲ့ သူဖုန်းမဆက်ရဲ။ ဘာကို လန့်နေတာလဲမသိ။ ဒဲာဒီနေ့က သူမထံ သူဖုန်းဆက်ဖြစ်လိုက်သည်။
”ဟယ်လို.. နန်းxx နဲ့ စကားပြောချင်လို့ပါ”
”ဟုတ်. နန်းxx ပါ. ဘယ်သူလဲဟင်”
”ကျတော် .. သားဖြူပါ””ဟို တစ်နေ့က သင်တန်းမှာ ဘာတွေ သင်လဲလို့”
”အော်… အဲဒီနေ့ကတောင် တီချယ် ဟီလာရီက မေးနေသေးတယ်.. ကိုသားဖြူတို့ နှစ်ယောက် ဘာလို့မတက်တာလဲလို့”
”ဟုတ်တယ်… ကျတော်လည်း အလုပ်နဲနဲ ရှုပ်သွားလို့ဗျ… တီချယ် ဘာတွေသင်သွားလဲ.. ကျတော့ကို ပြန်ရှင်းပြပေးလို့ရမလား”
”သင်တန်းကို စောစော လာခဲ့လေ.. မှတ်မိသလောက် ၇ှင်းပြမယ်.”
”ကျေးဇူးပဲနော်…”လို့ပြောရင်း ကျတော်ဖုန်းချလိုက်မိတယ်။ အဲဒီအချိန် ကျတော်တို့ အိမ်ရှေ့က ရထားလမ်းမှာ ရထားဖြတ်သွားတဲ့ ခုန်းနှုန်းဟာ ကျတော့ ရင်လောက်ခုန်မယ်မထင်ဘူးဗျာ။။။။

--------------------------------------------------------------------------------------------
--------------------------------------------------------------------------------------------
ကျတော် ဒီဝတ္ထုလေးကို မရေးတက် ရေးတက်နဲ့ ရေးထားတာ ကြာလှပါပြီ။ ဒီဝတ္ထု လေးကို ပို့စ် အဖြစ် ကျတော့ ဘလော့လေးမှာ တင်သင်။ မတင်သင့် စဉ်းစားနေတာကလည်း တော်တော်ကြာပြန်ပါကော။ ဘာဖြစ်လို့လဲဆိုတော့ ကျတော်ရဲ့ အရင်းနှီးဆုံး သယ်ရင်း ၂ယောက်ဆီက feedback တွေပြန်လာပြီး ကောင်းချီး ပေး(ဆော်ပလော်တီးမှာ)ကြောက်လို့ဗျ။ အခုတော့ တင်လိုက်ပြီဗျာ......

8 comments:

WWKM said...

ပီးသေးဘူးလေ မောင်လေးရဲ့..ဆက်ရန် လေး လုပ်ပါဦး။ ဖတ်လို့ကောင်းတယ်.. ဆက်ရေးဦးနော်။

flowerworld said...

စရေးတယ်ဆိုပေမယ့်ဖတ်လို့ကောင်းတဲ့ဝတ္ထုလေးတစ်ပုဒ်ပါ အပိုင်း( ၂ )ကိုစောင့်မျော်နေပါတယ

တောင်ပေါ်သား said...

ကိုကြီးပုလု အဲလို ဆက်ငြင်ငြင်ဖြစ်အောင် လုပ်နဲ့လေဗျာ.. ဆက်ရန်ကို စောင့်နေတယ် မြန်မြန်လေး.. နန်းကို သတိရသွားတယ် ဟား ဟား

မသက်ဇင် said...

ပုလုကွေးရေ---
ချစ်သော နန်း ( ၁ ) ကိုလာဖတ်တယ်--
ရသ ကိုချစ်တတ်တယ်နော်--ယနေ့ခေတ်
လူငယ်တွေ ရသ ကိုချစ်ပြီး ရေးသားနေကြ
တာတွေ့ရတော့ အနာဂါတ် မြန်မာစာပေ ယဉ်
ကျေးမှုအတွက် ဝမ်းမြောက်ရပါတယ်---
အရေးအသားက အလားအလာကောင်းတယ်--
ဆက်ရေးပါ--အားပေးနေပါတယ်--ဆရာဒဂုန်
တာရာကလည်း ပြောပါတယ်--ရသ တွေ ပျောက်ကွယ်လုပြီတဲ့-- လူငယ်တွေ စာပေမျိုးဆက် ရှိသင့်တယ်တဲ့လေ--
ရခိုင် အကြောင်းတွေလည်းရေးပါအုံး--
လူမျိုးကြီးတမျိုးဖြစ်တဲ့ ရခိုင် ယဉ်ကျေးမှုတွေကို ဖေါ်ထုတ်သင့်တယ်--

ခင်မင်လျက်
မသက်ဇင်

ဇင်ယော် said...

ဝတ္တုလေးက ဖတ်လို့ ကောင်းတယ်ဗျ။ မြ၀တီလိုတော့ အခန်းဆက်တွေ အများကြီး မလုပ်နဲ့ နော်။ စောင့်ဖတ်သူတွေ လည်ပင်းရှည်ပြီး တိုင်းရင်းသား ကျေးရွာရောက်ကုန်မယ်ဗျ။

လင်းဦး(စိတ်ပညာ) said...

ချစ်သော နန်းဆိုပါလား။ အပိုင်တွေဆက်ဦးမယ်ပေါ့ ။ အားပေးနေပါ့

thonn thonn said...

နာမည်ကိုက တော်တော်ဟုတ်နေပြီ။ ရှမ်းမလေးလားဟေ့။

mabaydar said...

ဒီဇာတ်လမ်းကို ဖတ်ကြည့်လိုက်တော့ မဗေဒါခံစားရတာက Base on True Story of PuLuQue လို့ထင်တယ်နော်.. မှန်မှန်ပြော.. ဟုတ်တယ်ဟုတ်.. အားလုံးမဟုတ်တောင် ကျောရိုးကတော့ ကိုပုလုကွေးရဲ့ ဖြစ်ရပ်မှန်ကုန်ကြမ်းထဲကဖြစ်မယ်... ဟဲ... ဟဲ.. စတာပါ.. အရေးအသားတွေကောင်းလို့ ဖြစ်ရပ်မှန်လို့တောင်မှားသွားတာဖြစ်ရမယ်... မြဝတီတောင်မှ ဆန့်ငြင်ငြင်ဆိုပေမဲ့ ပြမဲ့ရက်ပုံမှန်ရှိတယ်နော်.. ကိုပုလုကွေးရဲ့ အပိုင်း၂ ကဘယ်တော့လဲ...