Showing posts with label ဒေါင်းလုပ်. Show all posts
Showing posts with label ဒေါင်းလုပ်. Show all posts

Thursday, September 4, 2008

ပြည်သူချစ်သော မေရှင်

ပြည်သူချစ်သော အဆိုတော် သရုပ်ဆောင် ဝဏ္ဏကျော်ထင် ဒေါ် မေရှင် တစ်ယောက် မနေ့က ကွယ်လွန်သွားတယ်ဆိုတာ သတင်းတွေထဲမှာ ကျတော်ဖတ်ရပါတယ်. အမေ ဒေါ်မေရှင် ဟာ ကျတော်ကြိုက်တဲ့ ခေတ်ဟောင်း သရုပ်ဆောင်များထဲက တစ်ယောက်ပါ. အမေဟာ လေးစားဖွယ် သိက္ခာ အိနြေ္ဒနဲ့ ပြည်စုံသူတစ်ယောက်ပါ။ အမေဒေါ်မေရှင် ရဲ့ သီချင်းတွေကို ပန်းစကား မှာ သွားရောက်နာားဆင်နိုင်ပါတယ်။ အမေဒေါ်မေရှင် အကြောင်းရေးထားတဲ့ စာအုပ်ကို တော့ ဒီမှာ ဖက်ရှုနိုင်ပါတယ်။

ဒါကတော့ ကျတော် အကြံ အဖန် လုပ်ထားတာပါ။ mp3 format ပြောင်းထားပါတယ်. ၁၂၈kbps နဲ့ပါ။ မေရှင် ၏ အောင်ခြင်းရှစ်ပါး တစ်ခွေလုံး ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

ဒါကတော့ စာအုပ်ပါ။

မူရင်း ဆိုဒ်များ.. www.pansagar.com

                     www.ebooks.mmblogs.net

Wednesday, September 3, 2008

Google ရဲ့ browser အသစ်-- chrome

အင်တာနက်လော ကရဲ့ ဘုရင်တစ်ဆူလို ဖြစ်တဲ့ Goolge ဟာ သူရဲ့ ဘရောက်ဇာ အသစ် chrome ကို မနေ့ ကစတင်ဒေါင်းလုပ်လို့ခွင့်းပေ့းပါတယ်. ကျတော်စမ်းသုံးကြည်တာတော့ မြန်ပါတယ်. ကောင်းတယ်လို့ပြောနိုင်ပါတယ်. နည်းပညာပိုင်း ဆိုင်ရာကတော့ ကျတော်လည်းသိပ်မသိပါ. စမ်းသုံးကြည်တာတော့ ကောင်းပါတယ်. ထူခြားတာတွေကတော့ အိုင်အီးမှာ favourites ကို chrome မှာ bookmark လိုခေါ်ပြီး address bar ရဲ့ အနီးမှာ ရှိနေတော့ ကျတော်တို့ အလွယ်တကူမှတ်ထားလို့ရပါတယ်။
ကျတော် စမ်းကြည်သလောက်ကတော့ ဘရောက်ဇာထဲ မှာတော့ သူအမြန်ဆုံးပါ။ ကျတော် www.dl4all.com ကိုဝင်ကြည်တာ google chrome က ၁၆စက္ကန့်. Mozilla firefox က ၂၆စက္ကန့်. Oprera က ၂၂ စက္ကန့် .ie က ၃၄ စက္ကန့် အသီးသီကြာပါတယ်. Chrome က အမြန်ဆုံးပါပဲ. အဲဒါတွေက တော့ ကျတော့စက်ရဲ့ စွမ်းဆောင်ရည်၇ယ် ကျတော် ရဲ့ အင်တာနက်လိုင်း တွေပေါ်မှာလည်း မူတည်နိုင်ပါတယ်.
နောက်တစ်ခုက new tabs တွေတောင်းတဲ့အခါ တခြား ဘရောက်ဇာတွေနဲ့ မတူပဲ အပေါ်ပိုင်းမှာ ဖော်ပြပေးတာပါပဲ။ ကျတော့ အတွက်တော့ အဲ့ဒါကမကောင်းဘူးဗျ။ new tab တွေများများ တောင်းတဲ့ အခါကျတော့ ဇော်ဂျီ ကီးဘုတ် layout နဲ့သွားညိနိုင်တယ်။ ကျတော့ zawgyi keyboard layout က အပေါ်ပိုင်းမှာ ရှိလို့ပါ။

 
V8 လို့ခေါ်တဲ့ JavaScript Virtual Machine ပါဝင်လို့ ဘရောက်ဇာ speed ကို ပိုမြန်စေတယ်လို့ ပြောတာပါပဲ။ဒီပို့လေးကို chrome ကနေတဆင့်တင်လိုက်တာပါ.
Chrome=ခရိုမီယမ် သတ္တုစိမ်ထားသော သံထည်၊ သတ္တုထည်။

အောက်က bar chart ကတော့ ပညာရှင်တွေ စမ်းသပ်ထားတာတွေပါ။



Sunday, August 3, 2008

Kaspersky antivirus activation key



kaspersky antivirus ရဲ့ licence key/activation key black list ဖြစ်နေရင် ကျတော် ဆီကိုမေးပို့ပေးပါ။ ဒါမှမဟုတ် စီပုံးမှာ မေးပေးခဲပါ။ ကျတော် အပတ်စဉ် key အသစ်တွေပို့ပေးပါမယ်။ တောင်းတဲ့အခါမှာ kaspersky internet security or kaspersky antivirus version ဘယ်လောက်ဆိုတာပါပြောပေးပါ။ ကျတော်မေးလ် နဲ့ပို့ပေးပါမယ်။ ကိုယ်စက်က ဘာ ဗားရှင်းလည်းဆိုတာ အောက်က ပုံလေးလို ချက်ကြည်နိုင်ပါတယ်။
ကျတော့မေးလ်က puluque (at) gmail. com ပါ။ atကို @ပြောင်းရိုက်ပေးပါ။ စပေ့ တွေဖြုတ်ပေးပါ။

Sunday, July 6, 2008

အရှိကို အရှိအတိုင်း

အရှိကို အရှိအတိုင်း
အတုခိုးနေရင်တော့ အတုပဲရမယ်ဆိုတာသိပြီ
အစစ်ဆိုတာ ကိုယ်တိုင်ဖန်တီးရတဲ့ ကိစ္စ

ခေတ်နောက်လူတွေလိုက် ခေတ်နောက်လိုက်သူ ဘယ်အခါခေတ်မမှီ
သစ်လွင်တာတွေ တစ်ချိန်မှာ အိုမင်းဟောင်းနွမ်းသွား


အစကကျတော်မသိဘူး ရိုးသားခြင်းတကယ်ကို ဆန်းကြယ်
ဆန်းတယ်ဆိုတာဟာ တကယ်ကို ရိုးသားခြင်း

မင်းကိုလိုချင်တာ မင်းက ကိုယ်ကိုလိုချင်လို့ပါ
ကိုယ်ပိုင်ရှင်မှန်း ကိုယ်ပိုင်ဆိုင်တာက အချစ်တစ်ခုပေါ့

အရှိကို အရှိအတိုင်း အကောင်းပဲ
အရှိကို အရှိအတိုင်းဟာ လွတ်လပ်ပေါ့ပါးတဲ့
အခြေအနေမှန်တယ်
အရှိကို အရှိအတိုင်း နေချင်ပါတယ်
အရှိကို အရှိအတိုင်း ဖြစ်ပါရစေတော့
အကောင်းဆုံးထဲက အကောင်းဆုံးပေါ့
ကျတော်ရေးထားတာ မဟုတ်ပါဘူး။ ဗဒင်ရဲ့ အရှိကို အရှိအတိုင်း သီချင်းလေးပါ။
boomp3.com