Wednesday, September 3, 2008

Google ရဲ့ browser အသစ်-- chrome

အင်တာနက်လော ကရဲ့ ဘုရင်တစ်ဆူလို ဖြစ်တဲ့ Goolge ဟာ သူရဲ့ ဘရောက်ဇာ အသစ် chrome ကို မနေ့ ကစတင်ဒေါင်းလုပ်လို့ခွင့်းပေ့းပါတယ်. ကျတော်စမ်းသုံးကြည်တာတော့ မြန်ပါတယ်. ကောင်းတယ်လို့ပြောနိုင်ပါတယ်. နည်းပညာပိုင်း ဆိုင်ရာကတော့ ကျတော်လည်းသိပ်မသိပါ. စမ်းသုံးကြည်တာတော့ ကောင်းပါတယ်. ထူခြားတာတွေကတော့ အိုင်အီးမှာ favourites ကို chrome မှာ bookmark လိုခေါ်ပြီး address bar ရဲ့ အနီးမှာ ရှိနေတော့ ကျတော်တို့ အလွယ်တကူမှတ်ထားလို့ရပါတယ်။
ကျတော် စမ်းကြည်သလောက်ကတော့ ဘရောက်ဇာထဲ မှာတော့ သူအမြန်ဆုံးပါ။ ကျတော် www.dl4all.com ကိုဝင်ကြည်တာ google chrome က ၁၆စက္ကန့်. Mozilla firefox က ၂၆စက္ကန့်. Oprera က ၂၂ စက္ကန့် .ie က ၃၄ စက္ကန့် အသီးသီကြာပါတယ်. Chrome က အမြန်ဆုံးပါပဲ. အဲဒါတွေက တော့ ကျတော့စက်ရဲ့ စွမ်းဆောင်ရည်၇ယ် ကျတော် ရဲ့ အင်တာနက်လိုင်း တွေပေါ်မှာလည်း မူတည်နိုင်ပါတယ်.
နောက်တစ်ခုက new tabs တွေတောင်းတဲ့အခါ တခြား ဘရောက်ဇာတွေနဲ့ မတူပဲ အပေါ်ပိုင်းမှာ ဖော်ပြပေးတာပါပဲ။ ကျတော့ အတွက်တော့ အဲ့ဒါကမကောင်းဘူးဗျ။ new tab တွေများများ တောင်းတဲ့ အခါကျတော့ ဇော်ဂျီ ကီးဘုတ် layout နဲ့သွားညိနိုင်တယ်။ ကျတော့ zawgyi keyboard layout က အပေါ်ပိုင်းမှာ ရှိလို့ပါ။

 
V8 လို့ခေါ်တဲ့ JavaScript Virtual Machine ပါဝင်လို့ ဘရောက်ဇာ speed ကို ပိုမြန်စေတယ်လို့ ပြောတာပါပဲ။ဒီပို့လေးကို chrome ကနေတဆင့်တင်လိုက်တာပါ.
Chrome=ခရိုမီယမ် သတ္တုစိမ်ထားသော သံထည်၊ သတ္တုထည်။

အောက်က bar chart ကတော့ ပညာရှင်တွေ စမ်းသပ်ထားတာတွေပါ။



Monday, September 1, 2008

ဟိုစပ်စပ် ဒီစပ်စပ်

ကျတော့ကိုဒီအချိန်မှာ ဘာတွေလုပ်နေလဲလို့မေးရင် ကျတော် ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နေတယ်။
ရုံးမှာတော့ ကျတော် autocad ဆွဲတယ်. တခါတလေ တောက်တိုမယ်ရလုပ်တယ်။ ကျတော့ ကို ခန့်ထားတာ တော autocad drafterနဲ့ပါပဲ. ဒါပေမဲ့ တစ်ခါတစ်လေ ဒီဇိုင်းပိုင်းလည်းပါရတယ်။ တတ်သလောက်ပေါ့။ တခါတလေ ရုံးက ကွန်ပျူတာ ပြင်သမားဖြစ်တဲ့ အခါလည်းဖြစ်တယ်။ တခါ တခါမှာတော့ ရုံးကလူတွေ မသိတဲ့ ကွန်ပျူတာပိုင်ဆိုင်ရာတွေကို ကူညီဖြေရှင်းပေရတဲ့ သူလည်းဖြစ်တယ်. ဥပမာ ..user account password ပြောင်းချင်တဲ့ ကိစ္စမျိုးတို့။ outlook မှာ သူတို့လိုချင်တဲ့ အရာမျိုးပြောင်းပေးတာမျိုးတို့..တခါတလေ ရုံးက စာတိုက်ပုံးကို သွားပြီး စာသွားထုပ်က တာမျိုးတို့ ကျတော်လုပ်ပေးရတယ်.
ရုံးသွားရုံးပြန် mrt ပေါ်မှာ တစ်ခါတလေ စာဖတ်တယ်။ တခါတလေ သီချင်းလေးနားထောင်တယ်။ တခါတလေ တရားနာရင်း ရုံးဆင်းရုံးပြန်တယ်။ တခါတလေ ကောင်မလေး ချောချောလေးတွေ ကို လိုက်ငေးတယ်။ ရွှေလေးတွေဆိုရင်တော ပြုံးပြလိုက် မသိသလိုနေလိုက်နဲ့ နှာဘူးကျတယ်.
ရုံးကပြန် အိမ်ရောက်ရင် တခါတလေ ထမင်းချက် ဟင်ချက်တယ်. ကွန်ပျူတာဖွင့် ပြီး ကမ္ဘာပတ်ကာ ကျူတယ်.
တခါတလေ ငါဒီအတိုင်းနေလို့ မဖြစ်ပါဘူး။ အမြဲတမ်းလေ့လာမှ ဆိုပြီး သင်ခန်းစာတွေလေ့လာတယ်. ဟိုတလောက flash လေ့လာတယ်. ဘာမှမသိသေးဘူး ပျင်းတာနဲ့ ဆက်မလေ့လာဖြစ်တော့ဘူး. အခု 3d max ကိုရောက်သွားပြန်တယ်။ နောက်ထပ်လေ့လာဖို့က excel advanced ပိုင်းကိုလေ့လာမလို့ စာအုပ်စုနေတယ်။ နောက်ပြီး ဒိဘလော့လေးရဲ့ template ပြောင်းမလို ကြံရွယ်နေတယ်။
အခုဘာလုပ်နေလဲဆိုရင် နေ့လည်ထမင်းစားနားတုန်း ဒိပို့လေးကို ရေးနေတယ်.
ကျတော့ကိုဒီအချိန်မှာ ဘာတွေလုပ်နေလဲလို့မေးရင် ကျတော် ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နေတယ်။

Wednesday, August 27, 2008

တခါတလေ

တခါတလေ ကျတော်နှာစီးနေတက်သည်။
လူတွေဟာ ပိုက်ဆံကုန်ပြီး ဟိတ်ကြီးဟန်ကြီး ထုတ်ပြီးလုပ်ပြမှ အထင်ကြီးတက်ကြတယ်။ အလကားနီးပါးရတာတွေ၊ အခမဲဆောက်ရွက်ပေးလို့ ရလာတွေကို အထင်သေးတက်ကြတယ်။ အဒီလို လူမျိုးတွေနဲ့ နောက်တစ်ခါတွေတဲ့ အခါမျိုးမှာ ကျတော်ဟာ နှာစီးနေတက်တယ်။
ကျတော်ဟာ အကူအညီလိုတဲ့ လူတိုင်းကို ကျတော်တတ်သလောက် အကူအညီပေးလေ့ရှိတယ်. ကျတော်သိသလောက် အကူအညီပေးတာဖြစ်လို့ professional သမားတစ်ယောက်လိုတော့ အလုံးစုံကောင်းမွန် ပါမလဲ။ သူတို့အတွက်တော့ ယာယီ အဆင်ပြေသွားမှာပေါ့။ ဒါပေမဲ့ ကျတော့ စေတနာကို အရောင်ဆိုးတဲလူတွေနဲ့ နောက်တစ်ခါဆက်ဆံတဲ့ အခါ ကျတော်ဟာ နှာစီးနေတက်တယ်။
လူတွေဟာ ကျတော်အကူအညီပေး၊လုပ်ပေးကိုင်ပေ်းတာ သိတော့ လိုတာထက်ပိုလာ ကြတယ်။ ဒီကောင် ငါဘာခိုင်းခိုင်း ခိုင်းလို့ရတယ်လို့ ထင်လာတယ်။ အားနာမှုဆိုတာ မရှိတော့ဘူး။ အဲဒီလို လူမျိုးတွေနဲ့ နောက်တစ်ခါ ကြုံလာတဲ့ အခါမျိုးမှာ ကျတော်ဟာ နှာစီးနေတက်တယ်၊
တခါတလေ ကျတော် နှာစီးနေတက်တယ်။

Saturday, August 23, 2008

မိုး ..



ဒီနေ့မနက် ကတည်းက တစိမ့်စိမ့် ၇ွာနေတဲ့မိုး အခုချိန်ထိမစဲသေးဘူး. မိုးရွာတော့ အမေ့အိမ်ကိုလွမ်းတယ်. ဟိုငယ်ငယ်တုန်းက ဘ၀ကိုလွမ်းတယ်. အခုလိုမိုးတွေရွာရင် အိမ်တံစက်မြိတ်မှာ မိုးရေချိုး။ ဟိုလျှောက်ပြေး ဒိလျှောက်ပြေး ပြီး မိုးရေချိုး ရတာကိုသတိရတယ်.သရက်ပင်အောက်မှာ လေတိုက်လို့ကြွေတဲ့ သရက်သီးတွေလိုက်ကောက်။ မိုးရွာလို ရေတွေဆင်းတဲ့ ဆင်ခြေလျောလေးတွေမှာ ခြေထောက်လေး နဲ့ပိတ်ပြီး ကစားခဲ့ရတာတွေ။ အခုတော့ အားလုံးဟာ အတိတ်မှာကျန်ခဲ့ပါပြီ။ စလုံးမှာ မိုးရွာတော့ ဘာလုပ်လဲဆိုတော့ ဒီနေ့ ပိတ်ရက်လည်းဖြစ်တော့ စကားပုံလေးအတိုင်း ကိုက်ညီသွားအောင် ကျတော်ကျင့်ကြံလိုက်တာပေါ့။ ဘာစကားပုံလည်း ဆိုတော့ မိုးတစ်စိမ့်စိမ့် မအိပ်လူပျင်း တဲ့ဗျ။ ကျတော်လူပျင်းဖြစ်မှာ ကြောက်လို့ အိပ်လိုက်တာ တနေကုန်ပဲ။
ဒါနဲ့စကားမစပ် - ကျတော်တို့ ပဲခူးမှာလည်း အစဉ်အလာမပျက် ရေကြီးနေပြန်ပါပြီး။အောက်က ပုံကတော့ the voice weekly ထဲကပုံပါ။



Monday, August 18, 2008

ရခိုင်မုန့်တီ

လည်လည်လာသူ အားလုံးကို ရခိုင်-ဗမာ ကပြားလေး ပုလုကွေးက ရခိုင်မုန်တီနဲ့ ဧည့်ခံပါရစေ။ ကိုယ်တိုင်ချက်ထားတာပါ။ အရင်တုန်းက တော့မာမီချက်တာ စားနေကြ။ ဒီရောက်တော့ ကိုယ်စားချင်တာ ကိုယ်ချက်စားနေရတယ်။ ချက်နည်းကတော့ မာမီဆီကို ဖုန်းနဲ့ လှမ်းမေးပြီးသင်ထားတာ။ ချက်ရတာက လွယ်လွယ်လေးပါ။ ပထမဆုံးရေနွေး အရင်တည်။ ပြီးရင် ပုဇွန်ငပိထည့်။ နောက်ပြီး ကြက်သွန်ဖြူ. နဲ့ ငရုတ်ကောင်းကို ထောင်းထည်.(ငရုတ်ဆုံမရှိရင်တော့ မွှေစက်နဲ့မွှေ..အိမ်မှာတော့ ငရုတ်ဆုံရှိတယ်ဗျ)။ အဲဒီမှာ မတူတာက စစ်တွေဖက်က ရခိုင်မုန်တီက ပတဲကောဆိုတဲ့ ပူပူအပင်ကိုသုံးပြီး ကျတော်တို့ ကျောက်ဖြူဘက်က ငရုတ်ကောင်းကို သုံးတယ်. ပြီရင် ငါးပြုတ်ထားတာကို အသားနွှာပြီးတော့ ထည့်လိုက်။
မုန့်ဖက်ကတော ကျတော်ကောင်းစုံက မုန်ဖက်ခြောက်ဝယ်ပြီ ရေနွေဆူဆူနဲပြုတ်လိုက် တာ။ နံနံပင် ။အချဉ်နဲ့ အကြော်ထည့် ပြီး ၇င်စားလိုရပါပြီ။ အားလုံး အ၀စားသွားကြပါ။ နောက် တစ်ပတ်မှ ရခိုင်မုန်တီးအသုပ်(စနဲသုပ်)သုပ်ကျွေးမယ်ဗျာ..

Sunday, August 17, 2008

ယူကြအုံးမလား ဖုံးကဒ်တွေ

ဖုံးကဒ်မျိုးစုံ ရမယ်။အစုံပါတယ်။ တော့ပတ် ကဒ်တွေလည်းရမယ်။ star hub လည်းရမယ်။singtel hot 100 ကောရမယ်။ ဗျာ 1818 လား၊ ရမယ် သူက အများဆုံးပဲ။ ရွှေတွေက သူကို အားပေတယ်။ ၈ကျပ်ထဲနော်။ callback ကဒ်လား ..sealion ကောင်းတာပေါ. သူက ၅ကျပ်တန်၊ ၁၀ တန် ကြိုက်တာရမယ်။ ၁၀တန်က ၂၅မိနစ်ရတယ်။ singtel hello လား၊ သူလည်း callback ရတယ်။ သူက ၈ကျပ်- ၁၇ မိနစ်ကျော်ကျော်ခေါ်လို့ရတယ်။ နောက်ဆုံး ပေါပြူလာဖြစ်နေတဲ smart tel လား.
သူက မိနစ် ၅၀ လောက်ခေါ်လို့ရတယ်. ၈ ကျပ်ထဲ. ဒါပေမဲ လိုင်းကြောင်တယ်။ ဖုံးနံပါတ် အသစ်ကို သူ website www.smarttel.com.sg မှာဝင်ကြည့်။
ကဒ်ထဲက နံပါတ်က တစ်ခါတစ်လေ မရဘူး။ သူလည်း callback ကော။ ဒါရိုက်ကော ခေါ်လို့၇တယ်။ နည်းနည်းတော့ လိုင်းကြောင်တယ်နော်။ ယူကြပါအုံးဗျို့
ဖုံးကဒ်တွေ ယူကြအုံးမလားဗျို့။ ဟီး ..ဟီး အကုန်တွေ။ ပုလုကွေး တို့ စလုံးရောက်တာ လေး၊ငါး လအတွင်း စုဆောင်းထားတာဆိုလို့ ဒါတွေပဲရှိတယ်။ ဒါတွေဟာ အရင်တုန်းက တော့ ပိုက်ပိုက်တွေပေါ့နော်။ အခုတော့ ဘ၀ပြောင်းသွားပြီး ပလက်စတစ်ကဒ်တွေ အဖြစ်စုတေသွားပြီ။ ဘိုင်ဘိုင်….၀ူးမောလိုက်တာ.. စာရိုက်ရတာ..

Saturday, August 16, 2008

သင်ယူခြင်း Vs ခွဲခွာခြင်း

ကျွန်တော်-- ငယ်ငယ်တုန်းက
-မိဘတွေကပြောတယ်
မငှ်းမသိသေးပါဘူးတဲ့
-ဆရာသမားတွေက ပြောတယ်
မင်းမတတ်သေးပါဘူးတဲ့
-အစ်ကို အစ်မတွေက ပြောတယ်
မင်း နားမလည်သေးပါဘူးတဲ့


ဒီလိုနဲ့ကျွန်တော်
မသိတာတွေကို သိအောင်
မတတ်တာတွေကို တက်အောင်
နားမလည်တာတွေကို နားလည်အောင်
ကြိုးစားသင်ယူခဲတယ်။


ဒီလိုနဲ့ကျွန်တော်
မသိတာတွေ သိလာ
မတတ်တာတွေ တက်လာ
နားမလည်တာတွေ နားလည်လာ
အဲဒီအချိန်မှာပဲ ကျတော် ဒီဘ၀ကြီးနဲ့
ခွဲခွာရ တော့မှာပါလား။ ။