Tuesday, September 16, 2008
Sunday, September 14, 2008
ကျတော်နှင့်တစ်နေ့တာ
မနေ့မနက်က(စနေနေ့) ၇နာရီခွဲလောက် နိုးနေတယ်။ အော် ပိတ်ရက်မှာ သူများတွေက နှက်နေချိန်မှာ ကိုယ်က မအိပ်နိုင်တော့ဘူး။ လူက အကျင့်ဖြစ်သွားပြီလားမသိဘူး။ နိုးလာတော့လည်း လုပ်စရာလေးတွေ လုပ်အုံးမှ။ မျက်နှာသစ်၊သွားတိုက်၊မုတ်ဆိပ်ရိတ်၊ အိပ်သာတက်။ ပြီးတော့ ကျတော် ကွန်ပျုတာဖွင့်ပြီး ကျတော်ပြင်ချင်တဲ့ ကျတော့ တန်းပလိတ်လေးကို ထိုင်ပြင်နေတယ်။ အခုကျတော့ တန်းကလိတ်လေးရဲ့ header က အနီရောင်ဖြစ်သွားပီ။ ကျတော် အနီရောင်ကို မကြိုက်ဘူး။ အစိမ်းရောင်လေးပဲကြိုက်တယ်။ ဒါနဲ့ ဘတ်ဂရောင်းကို အစိမ်းရောင်လေးပေးလိုက်မိတယ်. အနီ နဲ့ အစိမ်း လုံးဝမလိုက်ဖူး။ ဒါပေမဲ့လဲ။
လုပ်နေရင်းနဲ့ ဗိုက်ကဆာလာရော။ မနက်စာဘာစားရင် ကောင်းမလဲ။ ရေခဲသေတ္တာထဲမှာ လက်ဖက် ကျန်သေးလားမသိဘူး။ လက်ဖက်လေးနဲ့ ထမင်းလွေးလိုက်ရရင်ကောင်းမယ်။ လက်ဖက်က သိပ်မကျန်တော့ပါလား။ အင်းဘာစာရင်ကောင်းမလဲ။ နောက်ဆုံးတော့ ကျတော် ယမ်ယမ်ခေါက်ဆွဲထုပ်နဲ့ညားတော့ တာပေါ့။ ခေါက်ဆွဲပြုတ်.ကြက်ဥထည့် ပြီး စားနေမိတယ်။ အော်မြန်မာပြည်ကို လွမ်းလိုက်တာ။ ဟိုမှာလို မနက်စာ လှည်းတန်းဈေးရှေ့က ဟန်ညွှန့် မုန်ဟင်းခါး လေးစားလိုက်ရရင် ကောင်းမယ်။ မုန့်ဟင်းခါးကိုကျတော် ကြိုက်ပေမဲ့ ဆိုင်တိုင်းတော့ ကျတော်မစားဘူး။ မသန့်ရင်ဗိုက်နာမှာဆိုးလို့။ ကျတော် လှည်းတန်းမှာ ဟန်ညွန့်မုန်ဟင်ခါးကို ကြိုက်ပေမဲ့ ဆကာကြီးမုန့်ဟင်ခါးတော့ ကျတော်မကြိုက်ဘူး။ အင်း မန္တလေးမုန်တီသုပ်ကို တော့ လွတ်ကြိုက်ဗျ။ ရခိုင်ဆိုတော့လည်း ရခိုင်မုန့်တီကို သိပ်ကြိုက်။
စားပြီးတော့ လက်စမသပ်သေးတဲ့ တန်းပလိတ်ပြင်တဲ့ အလုပ်ကို ဆက်လုပ်နေမိတယ်။ အဲဒီအချိန်မှာပဲ ဖုန်ကမြည်လာတယ်။ ”ဟယ်လို.. အဖြူလား” ”အင်း ပြော..သယ်ရင်း. ဖြူပြောနေတယ်” ”ဘယ်လိုလဲ စက်အခြေအနေ” ” မရဘူးကွ ငါလည်း အမျိုးစုံ ထရွိုင်းနေတာပဲ” သူနဲ့ကျတော် အနည်းငယ်ဖောရွီးရိုက်လိုက်တယ်။ သူစက် psp က ၁၀၀၀ဗားရှင်းအဟောင်း။ စက်က ကောင်းပေမဲ့ ဂိမ်းကို မန်မိုရီစတစ် ထဲတည့်ကစားလို့မရဖြစ်နေတယ်။ ဒါနဲ့ကျတော် စက်ရဲ့ ဖန်းဝဲကို အပ်ဒိတ် လုပ်ဖို့ အမျိုးမျိုးကြိုးစားနေတာ။ ဒီလိုပဲ ကျတော့ ၀ါသနာက။ ဟိုကလိ ဒီကလိ ရတာကို စိတ်ဝင်စားတယ်။
သူနဲ့ ဖုန်းပြောပြီးတော့ ကျတော့ နောက်သယ်ရင်းတစ်ယောက်ဆီ ကို ကျတော်ဖုန်းဆက်လိုက်မိတယ်။ ”ဟယ်လို ကူးမားရ်လား ဖြူပါ” “အော်.. ဖြူပြော..” ”ဟို singtel ဖုန်းဘေကို အွန်လိုင်းက ဆောင်ပြီးရင် အကြောင်းပြန်လားလို့ သိချင်လိုပါ” ”မပြန်ဘူး ဒါနဲ့ ဘယ်သူ့ဖုန်းနဲ့ ဆက်နေတာလဲ.. ”အော်ဒါလား m1 ကတ်နဲ့ဆက်နေတာ” ”ဟို singtel ကကော” ”သူလည်းသုံတယ်” “ဒါဆို ဖြူဆီကို ဘယ်လိုဆက်ရမလဲ” ” ကြိုက်တဲ့ဖုန်းကို ဆက်လေ” ….. အင်းကျတော်လည်း ကျတော်ကို ဆက်သွယ်ဖို့ ဘယ်ဖုန်းနံပါတ်ကို ပေးရပါမလဲ။
ကျတော် ဖုန်းအပြော ကောင်းတာ နဲ့ အခန်းထဲ ကကောင်တွေနိုးကုန်ပြီဗျ။ နိုးလာတော့ သယ်ရင်တစ်ကောင်က ”ဘလော်ဂါ ကွတ်ကြီး .. ဘာတွေရေးနေတုန်း..”လို့လှမ်း နှုတ်ဆက်ပြီး မျက်နှာသစ်ဖို့ အိမ်နောက်ဖေး ၀င်သွားတယ်. နောက်တစ်ကောင်က ”ပုလုကွေး ဘာတွေရေးနေလဲ လို့လှမ်းပြောပြန်တယ်။ အင်းကျတော်ကို လည်း သယ်ရင်းတွေက အမျိုးမျိုးခေါ်ကြတာပဲ။ သူငယ်ချင်းမတစ်ယောက်ကဆို ကိုကကြီးတဲ့ ။ ကျတော့ ဘလော့နိမ်းကို သူခေါ်တက်သလိုခေါ်တာ။
ကျတော်လည်း တန်းပလိတ်ပြင်တဲ့အလုပ်ကို လက်စသပ်ပြီး ကွန်ပျူတာရှေကနေ ခွာလိုက်မိတယ်။ အခန်းထဲသွား အိပ်ရာပေါ် လှဲ လိုက်ရင်း ဘာစာဖတ်ရင်ကောင်းမလဲ။ ဟိုတလောက လမ်းပြကြယ်က ငှားဖက်တဲ့ ဆရာမခင်ခင်ထူး စာအုပ် ”ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုပါမယ်” ကတော်တော်ကောင်းတာပဲ။ ဆရာမတို့များရေးတက်လိုက်တာ။ အင်း ဂျူး စာအုပ်တွေလည်း မဖတ်ရတာကြာပြီ။ နောက်ဆုံးတော့ ကျတော် အမြဲတမ်းဖက်ဖြစ်တဲ့ The Voice Weekly အဟောင်းလေးကို ပဲထပ်ခါထပ်ခါ ဖက်နေမိတောတယ်။ voice ကတော့ ကျတော်လေးစားရတဲ့ မီဒီယာတစ်ခုပါပဲ။
ခဏနေတော့ သယ်ရင်းတစ်ကောင်က ikea မှာ ကွန်ပျူတာတင်ဖို့ ခုံသွားဝယ်မှာ လိုက်မလားလို့မေးနေတယ်။ လိုက်သွားတာပဲကောင်းပါတယ်။ အိမ်မှာအောင်းနေတာ သွေးလေးတယ်။ ဒါနဲ့ အဝတ်အစားလဲဖို့ အိပ်ရာကနေထလိုက်မိတယ်။ ဟိုနားဒီနားသွားမှာ ဆိုတော့ ဘာပဲဝတ်ဝတ်ဖြစ်ပါတယ်။ အ၀တ်အစားကတော့ ကျတော်ဘာပဲဖြစ်ဖြစ်ဝတ်ပါတယ်။ ကျတော် အ၀တ်အစားလည်း မရွေးတက်ဖူး။ ဟိုမှာတုန်းကတော့ ကျတော့ မာမီ ၀ယ်ပေးတာကို ၀တ်တယ်။ ကျတော်ကိုယ်တိုင်ဝယ်ဝတ်တာ နည်းတယ်။ တခါတလေ ပါးပါးနဲ့ စိတ်ဆိုးထားရင် ကျတော့ ပါးပါးက ကျတော့ ကို ချော့တဲ့ အနေနဲ့ အင်္ကျီ ၀ယ်ပေးလေ့ ၇ှိတယ်။
ဒါနဲ့ကျတော်တို့ ikea ကိုသွားကြတယ်. ဟိုမှာပဲနေလည်စာ စားတယ်။( နေလည်စာဆိုလို သောကြာနေ့က အင်းလေးမျက်နှာချင်းဆိုင်မှာ အသစ်ဖွင့်တဲ့ မြနန္ဒာ ဆိုင်မှာ စားဖြစ်သေးတယ်။ အဲဒီမှာ ကျတော်ကြိုက်တဲ့ ငါးချဉ်သုတ်ရယ် ။ နောက်မြန်မာဟင်းတွေရယ်။ စားရတာ တန်လဲတန်တယ်။ ကောင်းလဲကောင်းတယ်။)
Ikea မှာအချိန်တော်တော်ဖြုန်းပြီး ညနေလောက်ကျတော့ အိမ်ပြန်ရောက်။ အိမ်ရောက်တော့ ရေမိုးချိုး။ ပြီးတော့ ထုံးစံအတိုင်း ကွန်ပျူတာရှေ့ထိုင် ဟိုဝင်ဖက် ဒိဝင်ရေး။ တောင်ပေါ်သား ဘလော့ရောက်တော့ အမေ အကြောင်းရေးထားတာတွေတယ်။ သူလည်းကျတော်လိုပဲ အမေကို အချစ်ဆုံးနဲ့တူပါတယ်။ သူဘလော့မှာ အမေသီချင်းတွေရယ် အမေ့လွမ်းချင်းတွေရယ် ပြည့်နေတယ်။ နောက်ဘလော့ တစ်ခုရောက်တော့ ဗုဒ္ဓအကြောင်းရေးထားတယ်။ ရှင်တော်ဗုဒ္ဓကတော့ ကျတော်အလေးစားဆုံးပဲ။ ကျတော်လည်း နောက်ဘလော့ တွေကို ထပ်ဝင်.. အင်း ရွှေအမြုတေဖတ်လိုက်အုံးမှ။ ရွှေ magazine နဲ့ living color ကတော့ ကျတော် အနှစ်သက်ဆုံးပဲ ။ ညလဲနက်လာတော့ အိပ်တော့မှပဲ။
အိပ်တော့မယ်ဆိုမှ မဗေဒါ ကျတော့ ကို tag ထားတာမေ့နေတယ်။ အင်းဖြေရအုံးမယ်ဗျာ။
Posted by puluque at Sunday, September 14, 2008 2 comments
Labels: ကျတော်နှင့်ပက်သက်သမျှ
Wednesday, September 10, 2008
ဒီကောင်ကြီး
ကျတော်မှာ သံယောဇဉ်တွယ်စရာ သက်ရှိဆိုလို ဖေဖေ(ပါးပါး)၊ မာမီ၊ မကြီး ရယ်၊ညီလေးရယ်။ ပြီးတော့ ဒီကောင်ကြီးရယ်ပဲရှိတယ်။ ဒီကောင်ကြီးကို ကျတော်ဘာကြောင့် သံယောဇဉ်တွယ် မိသလဲဆိုတာတော့ ကျတော်မစဉ်းစာတက်ဘူး။ ဒီကောင်ကြီးကို စတွေတာကတော့ ကျတော့ပါးပါးပဲ. ပါးပါးဟာ သူမိတ်ဆွေတွေကနေ တဆင့် ဒီကောင်ကြီးကို ရန်ကုန်မှာ စတွေခဲ့တာ။ သူကို့သွားခေါ်တော့ ပါးပါး၊မာမီ နဲ့ကျတော် ပြီတော့ အိမ်က ဒရိုင်ဘာရယ် သွားပြီးတော့ ဒီကောင်ကြီးကို ခေါ်လာခဲတာ။
ကျတော်တို့ ရောက်သွားချိန်မှာ ဒီကောင်ကြီးဟာ သစ်ပင်အောက်မှာ ရှိနေတယ်။ သူအရင်ပိုင်ရှင်ဟာ ဒီကောင်ကြီးကို ဒီအတိုင်းပြစ်ထားတာ ကြာလှပေါ့. မိုးရွာရင် မိုးရေထဲမှာ၊ နေပူရင်နေရောင်အောက်မှာ ဒီကောင်ကြီးဟာ ဒီအတိုင်းနေရတာ ကြာလာတော့ သူခမျာ ကျမ်းမာရေးသိပ်မကောင်းဘူး။
ကျတော်တို့ ရောက်သွားတော့ ပါးပါးဟာ ဒီကောင်ကြီးကို အားပြည့်ဖို့ ကျမ်းမာရေးကောင်းမွန်လာဖို့ အတွက် လိုအပ်တာတွေလုပ်ပေးတယ်။ အားလုံးပြီးတော့ မှပဲ ဒီကောင်ကြီး ကို အိမ်ကို ခေါ်လာခဲတယ်။ အိမ်ကို တော့ ကျတော်တို့က အရင်ပြန်နှင့်ပြီး အိမ်က ဒရိုင်ဘာနဲ့ ဒီကောင်ကြီးဟာ ကျတော်တို့ အိမ်ကို ချီတက်လာခဲ့တာပေါ့။
ကျတော်တို့အိမ်ဟာ ရန်ကုန်ကနေ မိုင်၆၀ ၃ဖာလုံတိတိဝေးတယ်။
ဒီကောင်ကြီး အိမ်ကိုဝင်တော့ ကျတော်တို့မေမေဟာ ပြုနေကြအတိုင်း အမွှေးနံသာတွေ၊ ပရိတ်ရေတွေ၊
အဲ့ဒီတုန်းက ကျတော်ကကျောင်းတက်နေတုန်း ပဲ။ များသောအားဖြင့် သောကြာ၊စနေ၊ တနင်္ဂနွေ နေ့တွေမှပဲ အိမ်ပြန်လာတယ်။ကျန်တဲ့ရက်တွေဆို ကျတော်ရန်ကုန်မှာရှိတယ်။ ကျတော်ပြန်လာတဲ့ ပိတ်ရက်တွေဆိုရင် ကျတော်ဟာ သူ့နှာခေါင်းရိုးလေးကို လက်နဲ့ပွတ်သက်ပြီး သူကို လိမ်လိမ်မာမာနေဖို့၊ အလုပ်ကောင်းကောင်းလုပ်ဖို့ ဆုံးမတယ်။ သူဟာကျတော့ စကားကို နားထောင်တာလား၊ တိုက်ဆိုင်တာလား မသိဘူး။ သူအရင်လို သိပ်မဆိုးတော့ဘူး။
မနက် ၅နာရီလောက်ဆိုရင် သူတို့ ၃ကောင်(ဒီကောင်ကြီးအပါအ၀င်ပေါ့) ဟာ လုပ်ငန်းခွင်ဖို့ ထွက်ခွာကြတယ်။ သူတို့ရဲ့ အသံတွေဟာ ဆူညံနေတာပေါ့။ ဆောင်းတွင်းဖက်ဆို ပိုဆိုးသေး။ သူတို့ အသံတွေဟာ တစ်လမ်းလုံးကို ဆူညံနေတာပဲ။ အဲဒီအချိန်မှာ အိပ်ရာထဲနှက်နေတဲ့ ကျတော်ဟာ သူကို ကောင်းကောင်းသွားဖို့ စိတ်ထဲကနေ ပြောနေမိတယ်။
ကျောာင်းပိတ်ရက် ကျတော်အိမ်ပြန်လာတဲ့ နေတွေဆို ည ဖက် ၇နာရီ၊ ၈နာရီလောက် လမ်းဆုံဖက်ကို ကျတော့ ဆိုင်ကယ်လေးနဲ့ထွက်ပြီး ဒီကောင်တွေလာမဲ့ လမ်းဖက်ကနေ စောင့် ကြိုနေလေ့ ရှိတယ်။ ဒီကောင်ကြီးဟာ ကျတော်ကို တွေ့ရင်အသံတွေဘာတွေပြု နှုတ်ဆက်တယ်။ ဒီကောင်ကြီးကတော့ အိမ်မပြန်နိုင်သေးဘဲ သူတင်လာတဲ့ ပစ္စည်းတွေကို သွားချနေရအုံးမယ်လေ။ ၉နာရီ ၊ ၁၀နာရီလောက်မှ ဒီကောင်ကြီး အိမ်ကို ပြန်ဝင်တယ်။
ရာသီတွေ တရွေ့ရွေ့ပြောင်းပြီးရာသီတွေ တရွေ့ရွေ့ပြောင်းပြီး ဒီကောင်ကြီး ကျတော်တို့အိမ်ရောက်တာ ၄ နှစ်ကျော် ၅နှစ်နီးပါးရောက်လာခဲ့တယ်။ တနေ့တော့ ကျတော် အိမ်ပြန်လာ တော့ ပါးပါးက ဒီကောင်ကြီးကို တခြားသူတွေကို ရောင်းလိုက်တော့မယ်လို့ ကျတော့ကို ပြောတယ်။ ဒီကောင်ကြီး အသက်ကလည်း ကြီးလာ၊ နဂိုကျမ်းမာရေးကလည်း မကောင်းတော့ ဟိုနားကဖြစ် ဒိနားကပျက် ဖြစ်တာတွေများလာတာပေါ့။ ဒါကြောင့်မို့ သူကိုပြန်ပြင်ရင်ကုန်မဲ့ငွေ နဲ့ အကြောင်းကြောင်းတွေကို ကျတော့ ကိုတွက်ပြတယ်။ ဘာပဲဖြစ်ဖြစ် ကျတော်ကတော့ သူကို မရောင်စေချင်ဘူး။
ဒီကောင်ကြီးနဲ့ကျတော် ခွဲရမဲ့နေ့ ရောက်လာတယ်။ အဲဒီနေ့က သူကိုဝယ်မဲ့သူ တွေ အိမ်ကိုရောက်လာတယ်။ သူကိုဝယ်မဲ့သူတွေကလည်း တခြားမဟုတ်ပဲ ကျတော်တို့ဆီကပဲ။ ပါးပါးမိတ်ဆွေတွေပါ။ ကျတော်သူကို ကျတော့ ရှေ့မှာ သူတပါးလက်ထဲ ပါသွားတာ မမြင်ချင်ဘူး။ မြင်မိရင် ကျတော် ငိုမိမှာ ကျိန်းသေတယ်။ ဒါကြောင့် ဒီကောင်ကြီး ကို ဝယ်မဲ့သူတွေ လာတော့ ကျတော်သူ့နားသွား ပြီးနှုတ်ဆက်ခဲ့တယ်။ ကျတော့ရင်ထဲမှာ မကောင်းဘူး။ သူလဲငိုနေမလားမသိဘူး။ ကျတော်ပါးပါးနဲ့ ဝယ်သူတွေ စကားပြောနေတုန်း ကျတော်ဟာ ဆိုင်ကယ်ကိုစီးပြီး ကျတော့ သူငယ်ချင်းစီကို ထွက်သွားခဲ့တယ်။ အားလုံး ပြီးသွားလောက်ပြီဆိုတော့ မှ ကျတော်ဟာ အိမ်ကိုပြန်ဝင်လာခဲ့တယ်။ ဒီကောင်ကြီး သူများလက်ထဲရောက်သွားတာကို ကျတော်မကြည်ရက်ဖူးလေ။
ညကျတော့ ကျတော် ဒီကောင်ကြီး အကြောင်း အိမ်မက်မက်တယ်။ သူ အိမ်ကို ပြန်လာချင်တယ်။ သူအခုအိမ်မှာ မပျော်ဘူးတဲ့။ အိမ်မက်ထဲမှာ သူလည်းငို ကျတော်လည်းငိုပေါ့။ ဒီကောင်ကြီး အိမ်ကထွက်သွားပြီး ၂လလောက် ထိကျတော်ဟာ ညနေစောင်းဆို သူရှိရာ အိမ်ဘက်ကို သွားပြီး ဒီကောင်ကြီးကို သွားပြီးချောင်းကြည်လေ့ရှိတယ်။
နောက် ၃လ၊ ၄လ လောက်ကြာတော့ ကျတော်လည်း စင်္ကာပူကို ထွက်လာခဲ့တယ်။ ရောက်စကတော့ အလုပ်ရရေး၊ အလုပ်ရတော့လည်း အလုပ်ထဲမှာ နေသားကျရေးတို့ကို လုပ်နေရတာနဲ့ ဒီကောင်ကြီး အကြောင်း မစဉ်းစားမိသလောက်ပဲ။ နောက်ပိုင်း စလုံးမှာ နေသားကျလာတော့ ဒီကောင်ကြီး အကြောင်းခေါင်းထဲ ကို ခန ခန ရောက်ရောက်လာတယ်။ အိမ်ကို ဖုန်ဆက်မေးတော့ ဒီကောင်ကြီး ဟာ နောက်ထပ်ပိုင်ရှင် အသစ် အညာ ဘက်၊ မန္တလေးဘက်ကို ရောက်သွား ပြီတဲ့။ ကျတော်ကတော့ ဒီကောင်ကြီးကို လွမ်တုန်းပဲဗျာ။
ခင်ဗျား တို့လည်း ကျတော်ရဲ့ ဒီကောင်ကြီးကို မြန်မာပြည် အဝေးပြေးလမ်းတွေပေါ်က တနေရာရာမှာ တွေ့မိရင် ကျတော်သူကို သတိရကြောင်း၊လွမ်းနေကြောင်း ပြောပေးပါဗျာ။ ကျတော်ရဲ့ ဒီကောင်ကြီးဆိုတာ ကိုယ်ပိုင်နံပါတ် ၄ခ/ ၆၁၄၆ နံပါတ်နဲ့ NISSAN ကုပ္မဏီထုတ် PE 330 အင်္ဂျင်နဲ့ ဖက်ဖူးစိမ်းရောင် ၁၀ ဘီးကားကြီးကို ပြောတာပါ။။။
Posted by puluque at Wednesday, September 10, 2008 11 comments
Labels: အက်ဆေး
Monday, September 8, 2008
myanmar blogger gathering party(singapore)
စနေနေ့ sg bloggers gathering party တုန်းးက ကျတော့ ဖုန်း လေးနဲ့ ရိုက်ထားတာလေးတွေကို တင်ထားတာပါ. ဟိုဖြတ် ဒီညှပ်လုပ်ထားတာပါ. ဖုန်းအစုတ်လေးနဲ့ ရိုက်ထားတာဆိုတော့ မလှပါဘူး.သေသေချာချာမြင်ချင်ရင်တော့ ဓါတ်ပုံကို ကလစ်ခေါက်ပြီးတော့ အကြီးချဲ့ကြည်ပါ. ပုံကောင်းကောင်းလေးတွေကြည်ချင်ရင်
တို့ဆီမှာသွားကြည့်ပါလို့ ညွှန်းပါရစေ.
Posted by puluque at Monday, September 08, 2008 3 comments
Labels: ကျတော်နှင့်ပက်သက်သမျှ, တွေဆုံမှု
Thursday, September 4, 2008
ပြည်သူချစ်သော မေရှင်
ပြည်သူချစ်သော အဆိုတော် သရုပ်ဆောင် ဝဏ္ဏကျော်ထင် ဒေါ် မေရှင် တစ်ယောက် မနေ့က ကွယ်လွန်သွားတယ်ဆိုတာ သတင်းတွေထဲမှာ ကျတော်ဖတ်ရပါတယ်. အမေ ဒေါ်မေရှင် ဟာ ကျတော်ကြိုက်တဲ့ ခေတ်ဟောင်း သရုပ်ဆောင်များထဲက တစ်ယောက်ပါ. အမေဟာ လေးစားဖွယ် သိက္ခာ အိနြေ္ဒနဲ့ ပြည်စုံသူတစ်ယောက်ပါ။ အမေဒေါ်မေရှင် ရဲ့ သီချင်းတွေကို ပန်းစကား မှာ သွားရောက်နာားဆင်နိုင်ပါတယ်။ အမေဒေါ်မေရှင် အကြောင်းရေးထားတဲ့ စာအုပ်ကို တော့ ဒီမှာ ဖက်ရှုနိုင်ပါတယ်။
ဒါကတော့ ကျတော် အကြံ အဖန် လုပ်ထားတာပါ။ mp3 format ပြောင်းထားပါတယ်. ၁၂၈kbps နဲ့ပါ။ မေရှင် ၏ အောင်ခြင်းရှစ်ပါး တစ်ခွေလုံး ဒေါင်းလုပ် လုပ်နိုင်ပါတယ်။
ဒါကတော့ စာအုပ်ပါ။
မူရင်း ဆိုဒ်များ.. www.pansagar.com
www.ebooks.mmblogs.net
Posted by puluque at Thursday, September 04, 2008 0 comments
Labels: သီချင်း, ဒေါင်းလုပ်
Wednesday, September 3, 2008
Google ရဲ့ browser အသစ်-- chrome
အင်တာနက်လော ကရဲ့ ဘုရင်တစ်ဆူလို ဖြစ်တဲ့ Goolge ဟာ သူရဲ့ ဘရောက်ဇာ အသစ် chrome ကို မနေ့ ကစတင်ဒေါင်းလုပ်လို့ခွင့်းပေ့းပါတယ်. ကျတော်စမ်းသုံးကြည်တာတော့ မြန်ပါတယ်. ကောင်းတယ်လို့ပြောနိုင်ပါတယ်. နည်းပညာပိုင်း ဆိုင်ရာကတော့ ကျတော်လည်းသိပ်မသိပါ. စမ်းသုံးကြည်တာတော့ ကောင်းပါတယ်. ထူခြားတာတွေကတော့ အိုင်အီးမှာ favourites ကို chrome မှာ bookmark လိုခေါ်ပြီး address bar ရဲ့ အနီးမှာ ရှိနေတော့ ကျတော်တို့ အလွယ်တကူမှတ်ထားလို့ရပါတယ်။
ကျတော် စမ်းကြည်သလောက်ကတော့ ဘရောက်ဇာထဲ မှာတော့ သူအမြန်ဆုံးပါ။ ကျတော် www.dl4all.com ကိုဝင်ကြည်တာ google chrome က ၁၆စက္ကန့်. Mozilla firefox က ၂၆စက္ကန့်. Oprera က ၂၂ စက္ကန့် .ie က ၃၄ စက္ကန့် အသီးသီကြာပါတယ်. Chrome က အမြန်ဆုံးပါပဲ. အဲဒါတွေက တော့ ကျတော့စက်ရဲ့ စွမ်းဆောင်ရည်၇ယ် ကျတော် ရဲ့ အင်တာနက်လိုင်း တွေပေါ်မှာလည်း မူတည်နိုင်ပါတယ်.
နောက်တစ်ခုက new tabs တွေတောင်းတဲ့အခါ တခြား ဘရောက်ဇာတွေနဲ့ မတူပဲ အပေါ်ပိုင်းမှာ ဖော်ပြပေးတာပါပဲ။ ကျတော့ အတွက်တော့ အဲ့ဒါကမကောင်းဘူးဗျ။ new tab တွေများများ တောင်းတဲ့ အခါကျတော့ ဇော်ဂျီ ကီးဘုတ် layout နဲ့သွားညိနိုင်တယ်။ ကျတော့ zawgyi keyboard layout က အပေါ်ပိုင်းမှာ ရှိလို့ပါ။

Chrome=ခရိုမီယမ် သတ္တုစိမ်ထားသော သံထည်၊ သတ္တုထည်။
အောက်က bar chart ကတော့ ပညာရှင်တွေ စမ်းသပ်ထားတာတွေပါ။

Posted by puluque at Wednesday, September 03, 2008 0 comments
Labels: ကျတော်နှင့်ပက်သက်သမျှ, ဒေါင်းလုပ်
Monday, September 1, 2008
ဟိုစပ်စပ် ဒီစပ်စပ်
ကျတော့ကိုဒီအချိန်မှာ ဘာတွေလုပ်နေလဲလို့မေးရင် ကျတော် ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နေတယ်။
ရုံးမှာတော့ ကျတော် autocad ဆွဲတယ်. တခါတလေ တောက်တိုမယ်ရလုပ်တယ်။ ကျတော့ ကို ခန့်ထားတာ တော autocad drafterနဲ့ပါပဲ. ဒါပေမဲ့ တစ်ခါတစ်လေ ဒီဇိုင်းပိုင်းလည်းပါရတယ်။ တတ်သလောက်ပေါ့။ တခါတလေ ရုံးက ကွန်ပျူတာ ပြင်သမားဖြစ်တဲ့ အခါလည်းဖြစ်တယ်။ တခါ တခါမှာတော့ ရုံးကလူတွေ မသိတဲ့ ကွန်ပျူတာပိုင်ဆိုင်ရာတွေကို ကူညီဖြေရှင်းပေရတဲ့ သူလည်းဖြစ်တယ်. ဥပမာ ..user account password ပြောင်းချင်တဲ့ ကိစ္စမျိုးတို့။ outlook မှာ သူတို့လိုချင်တဲ့ အရာမျိုးပြောင်းပေးတာမျိုးတို့..တခါတလေ ရုံးက စာတိုက်ပုံးကို သွားပြီး စာသွားထုပ်က တာမျိုးတို့ ကျတော်လုပ်ပေးရတယ်.
ရုံးသွားရုံးပြန် mrt ပေါ်မှာ တစ်ခါတလေ စာဖတ်တယ်။ တခါတလေ သီချင်းလေးနားထောင်တယ်။ တခါတလေ တရားနာရင်း ရုံးဆင်းရုံးပြန်တယ်။ တခါတလေ ကောင်မလေး ချောချောလေးတွေ ကို လိုက်ငေးတယ်။ ရွှေလေးတွေဆိုရင်တော ပြုံးပြလိုက် မသိသလိုနေလိုက်နဲ့ နှာဘူးကျတယ်.
ရုံးကပြန် အိမ်ရောက်ရင် တခါတလေ ထမင်းချက် ဟင်ချက်တယ်. ကွန်ပျူတာဖွင့် ပြီး ကမ္ဘာပတ်ကာ ကျူတယ်.
တခါတလေ ငါဒီအတိုင်းနေလို့ မဖြစ်ပါဘူး။ အမြဲတမ်းလေ့လာမှ ဆိုပြီး သင်ခန်းစာတွေလေ့လာတယ်. ဟိုတလောက flash လေ့လာတယ်. ဘာမှမသိသေးဘူး ပျင်းတာနဲ့ ဆက်မလေ့လာဖြစ်တော့ဘူး. အခု 3d max ကိုရောက်သွားပြန်တယ်။ နောက်ထပ်လေ့လာဖို့က excel advanced ပိုင်းကိုလေ့လာမလို့ စာအုပ်စုနေတယ်။ နောက်ပြီး ဒိဘလော့လေးရဲ့ template ပြောင်းမလို ကြံရွယ်နေတယ်။
အခုဘာလုပ်နေလဲဆိုရင် နေ့လည်ထမင်းစားနားတုန်း ဒိပို့လေးကို ရေးနေတယ်.
ကျတော့ကိုဒီအချိန်မှာ ဘာတွေလုပ်နေလဲလို့မေးရင် ကျတော် ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နေတယ်။
Posted by puluque at Monday, September 01, 2008 1 comments
Labels: ကျတော်နှင့်ပက်သက်သမျှ


