Friday, February 27, 2009

ဖေဖော်ဝါရီ နေ့ရက်များ

(photo source: http://www.techimo.com/)
ဖေဖော်ဝါရီ ၉ရက်

ဆိုးချက်ကရင့်နင့်စရာ
.
.
.


ဟုတ်ကဲ့ ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။ ကျတော် စလုံးကို ၈ရက်နေ့က ပြန်ရောက်တယ်ဗျာ။ ၈ရက်နေ့ည ၉ရက်နေ့အကူးမှာ ပိုက်ဆံအိတ်နဲ့ ဖုန်းလေးအခိုးခံရတယ်။ ပိုက်ဆံတွေက အရေးမကြီးဘူး။ အထဲမှာပါသွားတာက s-pass card အပါအဝင် ကတ်ပေါင်းစုံ။ s-pass ကတ်က ဒီတစ်ကြိမ်ဆို ပျောက်တာဆို တစ်နှစ်အတွင်း ၂ခါ၊ နောက်တစ်ခါ ဖြစ်ခဲ့ရင်တော့ ဘိုင်ဘိုင် စင်ကာပူရေပေါ့ဗျာ။ ဖုန်းလေးကလဲ ပါသွားတယ်။ ဖုန်းထဲမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေ။ ကျတော်ပြန်တုန်းက မြန်မာပြည်မှာ ပုံတွေကို ကင်မရာနဲ့သိပ်မရိုက်ဖြစ်ဖူး၊ ကိုယ်ဖုန်းလေးနဲ့ပဲ ရိုက်ဖြစ်တယ်။ ပြန်မရနိုင်တော့တဲ့  ပုံတွေ.. တစ်စုံတစ်ယောက် နဲ့ အတူ အင်းလျားရှေ့က မွန်းမှာ စားတုံးကပုံ။ ကိုကြီးတို့ လင်မယား(တကယ့် အစ်ကိုရင်းလိုလေးစားချစ်ခင်ရတဲ့)နဲ့ သူတို့သမီးလေးရဲ့ ဓါတ်ပုံတွေ..ဘယ်လိုပြန်ရတော့မလဲ။ ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။

ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။ ကျတော့ အချစ်ဆုံးသယ်ရင်းရဲ့ဖေဖေ(ကျတော်ကတော့ ဘဘ လို့ခေါ်တယ်)ဟာလဲ ဒီလထဲမှာပဲ ဆုံးပါသွားခဲ့တယ်။ သူဟာ မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ စလုံးမှာဆေးလာကုသေးတယ်။ သိတဲ့အတိုင်း ကင်ဆာပေါ့ဗျာ။ ကျတော်မြန်မာပြည် ပြန်တော့ သူဟာ အပြင်ပိုင်းက အကောင်းအတိုင်းပေမဲ့ ကင်ဆာကြောင့်ကိုက်ခဲမှုတွေ ကြောင့်ဝေဒနာခံစားရတယ်။ ဒါပေမဲ့ အသွားအလာမပျက်ဘူး။ ကျတော်ပြန်မဲ့နေ့ လေဆိပ်ဆင်းတော့ သူတို့ကလဲ အလှူတစ်ခုက အပြန် ကားချင်းလမ်းမှာဆုံလို သူကိုနှုတ်ဆက်ခဲ့ရသေးတယ်။ သူကို နောက်ဆုံးနှုတ်ဆက်ခဲ့တာလို့ ထင်မထားခဲ့မိဘူး။ ဟိုတစ်ပတ်က သူဆုံးပီလို မာမီက ပြောတော့ ကျတော်ဘယ်လိုမှ စိတ်မထိန်းနိုင်ခဲ့ဘူး။ ဒါကြောင့် ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။

ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။ အလုပ်ထဲမှာလဲ အဆင်ပြေသလိုရှိပေမဲ့ စိတ်မကျေနပ်ဘူး။ ကျတော့လုပ်ရမဲ့ အလုပ်တစ်ချို့ကို တခြားသူကိုလွှဲပေးလိုက်ရတယ်။ အကြောင်းကြောင်း ကြောင့်ပေါ့ဗျာ။ ကျတော်ရဲ့ ညံဖျင်းမှုတွေကြောင့်ပေါ့။ ဒါကြောင့် ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။

ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။ ကျတော်မြန်မာပြည်ပြန်တော့ ထင်သလောက် မပျော်ဘူး။ တစ်စုံတစ်ယောက် သော သူနဲ့ ပျော်ရွှင်စွာ တွေ့မယ်လို့ မျှော်မှန်းထားပေမဲ့ သူဟာ ကျတော့ကို သစ္စာဖောက်သွားတယ်။ သူဟာ ကျတော့ထက် ခင်ရတဲ့သူ ချစ်ရမဲ့သူကို ရှာဖွေတွေ့ရှိသွားတယ်။ သူ့ကိုလဲ ကျတော် အပြစ်မတင်ချင်သလို သူနဲ့ပက်သက်သူကို လဲ ဘာမှမပြောချင်ဘူးလေ။ ကျတော့ဟာ ကျတော် နေသာသလို ဝေဒနာပိုက်ပီး နေနေလိုက်တော့တယ်။ ကြာလာတော့လဲမေ့ သွားမယ်ထင်ပါတယ်(မေ့မယ်ထင်သလား…ဝေးသေးတယ်ထင်ပါတယ်) နောက်ပိုင်းတော့လဲ့ သူငယ်ချင်းဆက်ဆံရေးနဲ့ပဲ ၂ပါးသွားကြတာပေါ့။ ဒါကြောင့် ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။

ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။ ဟိုတစ်နေ့က အချစ်ဆုံးသူမ နဲ့စကားများတယ်။ ဖုန်းထဲမှာပါ။ အချစ်ဆုံးသူမဆိုတာ ကျတော်နဲ့ သူမ တို့ နှစ်ဦးသဘောတူ(ကျတော်ကတော့ ထင်တာပဲ နှစ်ဦးသဘောတူလို့)သူငယ်ချင်းအဆင့်ကို ရှောချထားတာပါ။ သူမက မကြာခင် ဂျပန်ကို အလည်သွားမှာလေ။ ဒါကြောင့်ကျတော့က မှာစရာရှိတာတွေမှာ ဖို့ ဖုန်းအဆက် သူက ဘာခိုင်းအုံးမှာလဲတဲ့။ ရိုက်သတ်ချင်စရာ။ ကျတော် စိတ်တိုသွားတာပေါ့။ ဘာမှာအုံးမှာလဲ ဘာလုပ်ပေးရမှာလဲ လို့မမေးပဲ ဘာခိုင်းအုံးမှာလဲတဲ့ ။ ဒါနဲ့ကျတော်လဲ မှာတော့ဘူးဆိုပီး ဒီအတိုင်းနေလိုက်တော့တယ်။ သူက ကျတော်စိတ်တိုတာသိတော့ သူလဲစိတ်မကောင်းဖြစ်တယ်လေ။ သူမနဲ့ ကျတော်ဟာ ဟိုတုန်းကတည်းက တစ်ဦး အကူအညီလိုတာ တစ်ဦး ကူညီပေးနေတဲ့ သူတွေလေ။ သူမကလဲ နောက်နေ့ဆို အင်တာဗျူတစ်ခုဖြေရမှာ။ အဲဒီလို စိတ်ကသိကအောင့် ဖြစ်တော့ သူမအတွက်လဲ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် ဖေဖော်ဝါရီလ ဟာ တကယ်ကို ကျတော့အတွက်တော့ ဆိုးရွားလွန်းတယ်လေ။

Friday, February 20, 2009

မာမီ့မွေးနေ့ အမှတ်တရ

ပြီးခဲ့ 18.02.09 နေ့က ကျတော့ မာမီရဲ့ ၅၄နှစ်မြောက်မွေးနေ့ပါ။ အဲဒီနေ့မတိုင်ခင် ကတည်းက မာမီအတွက် အမှတ်တရ ပို့စ်လေးတစ်ခုခုတင်မလို့ ပါ။ ဒါပေမဲ့ လုံးဝမအားတာနဲ့ မတင်လိုက်ရပါဘူး။ အောက်က ဓါတ်ပုံလေးကတော့ ကျတော့ ရဲ့ မကြီး တို့ အကုန်ကျခံထည့်ပေးတဲ့ မာမီ့မွေးနေ့ အတွက် ဆုတောင်း ပေးထားတဲ့ ဂျာနယ်ဖြတ်ပိုင်း လေးပါ။
ကျတော်ကတော့ မာမီမွေးနေ့အတွက် ထွေထွေထူးထူး လက်ဆောင်မပေးနိုင်ဘူး။ မာမီကြိုက်တဲ့ အမြဲဆိုးတဲ့ rainbow တံဆိပ်လက်သည်းနီရယ်၊ နောက်ပီးတော့ လက်သဲနီထဲမှာ နံပါတ်တစ်လို့ ဆိုင်က ပြောတဲ့ လက်သည်းနီတစ်ပုလင်းရယ်။ လက်ကိုင်ပိုက်ဆံအိတ်တစ်လုံးရယ် ပဲပေးခဲ့ရပါတယ်။ (ကျတော့ အိမ်မှာ ကျတော်က အမွဲဆုံးလေ)။
အောက်က video လေးက စုမိ (SUMI) ဆိုထားတဲ့ “မေမေ” သီချင်းလေးပါ။ youtube မှာ ကျတော်ကိုယ်တိုင်တင်ထားတာပါ။

Monday, February 16, 2009

စကာင်္ပူ ရောက် ၁နှစ်ပြည့်


ကျတော် ဒီနေ့ဆို စလုံးကိုရောက်တာ ၁နှစ်ပြည့်ပီပေါ့။ ကျတော် ဘာတွေလုပ်ခဲ့သလဲ။ ရှုံးသလား မြတ်သလား။ ဘာတွေ အကျိုးရှိခဲ့လဲ။ အကျိုးမရှိခဲ့ဘူးလဲ။

စလုံးရောက်တော့ အလုပ်လုပ်ရတာပေါ့ဗျာ။ အိမ်မှာတော့ ကျတော်ဟာ ဘုရင်မဟုတ်တောင် မင်းသားတစ်ပါးလေ။ စလုံးရောက်တော့ အားလုံးဟာ ကိုယ်ထူ ကိုယ်ထ ကိုယ့်အား ကိုယ်ကိုး စနစ်ပဲ။ ပထမရောက်စကတော့ ပျော်သလိုလိုပါပဲ။ ရောက်ပီး ၁လနေ အလုပ်လုပ်တော့ နဲနဲတော့ စိတ်ပိန်လာတာပေါ့။ အလုပ်မှ မလုပ်ဖူးပဲနော်။ ဒါပေမဲ့နောက်ပိုင်းကျတော့် နေသားကျလာတယ်လေ။

အမှန်အတိုင်း စလုံးမှာ ကျတော် ထင်သလောက်မပျော်ဘူး။ စလုံးရောက်တော့ ကျတော့ အခွင့်အရေးတစ်ချို့ကို လက်လွှတ်ခဲ့ရတယ်။ ကိုယ်ပိုင်အချိန်တွေ နည်းပါလာတယ်။ စာဖတ်အားနဲလာတယ်။ အားရင် အွန်လိုင်းဝင်ပီး နေတက်လာတယ်။ ကျတော်လေ့လာ ချင်တာတွေကို အချိန်မပေးနိုင်တော့ဘူး(ပေးဖို့ အချိန်နည်းလာတယ်ပေါ့)

ကောင်းတာကတော့ ကျတော်ကိုယ်ပိုင် ပိုက်ပိုက် ရှာလာနိုင်တယ်။ ကျတော် ဝယ်ချင်တာတွေ ကို ပေးချင်သူတွေအတွက် ဝယ်ပေးနိုင်တယ်။ ပိုက်ပိုက်စုနိုင်တယ်ပေါ့နော်။ ကျတော် ရှာနိုင်သမျှ ပိုက်ပိုက်တွေကို ကျတော် ပါးပါးမားမားတို့က စုပေးထားတယ်လေ။ (ဟီး ဟီး တိုးပွားအောင် အတိုးပေးထားတယ်ပေါ့်)။ စလုံးတွေရဲ့ အလုပ်လုပ်ပုံ။ အလုပ်အပေါ်မှာ အာရုံစိုက်ပုံတွေကို အားကျအတုယူနေမိတာပေါ့။
စလုံးရောက် ၁နှစ်ပြည် အချိန်ဟာ ကျတော့ အတွက်တော့ သာမန်ဖြတ်သန်းခြင်းမျိုးတစ်ခုပါပဲ။
------------------------------------------------------------------------------------------------------
Blog မရေးတော့ဘူးလို့နေတာ သံယောဇဉ်မဖြတ်နိုင်သေးလို့ရေးနေပါသေးတယ်…ကွိကွိ ..ကွိ။