Sunday, July 27, 2008

အိမ်လွမ်းသူ

ဖုန်းလည်း မဆက်ဘူး
စာလည်း မရေးဘူး
မေးလ် မပို့ဘူး။

သတိရလည်း တစ်ယောက်ထဲပဲ
ကျိတ်ခံစားမည်။
လွမ်းလာရင်လည်း တစ်ယောက်ထဲပဲ
ကျိတ်လွမ်းမည်။
ဆွေးလာရင် တစ်ယောက်ထဲပဲ
ဆွေးကာနေမည်
ငိုချင်ရင်လည်း တစ်ယောက်ထဲပဲ
ရှိုက်ကာငိုမည်။

ဘယ်သူကိုမှ အပြစ်မတင်
ကိုယ်ကိုကိုယ်ပဲ အပြစ်တင်မည်
ကိုယ်အပြစ်နဲ့ကို ရှိပါစေ။ ။

2 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒီကဗျာလေးကို ကြိုက်တယ်...
တစ်ခါတစ်လေ...
အဲလိုပါဘဲ...

thonn thonn said...

ဒီကဗျာလေး ကောင်းတယ် ။ ခံစားချက်နဲ့တိုက်ဆိုင်သွားတော့ ထိတာပေါ့။