Tuesday, January 27, 2009

သနပ်ခါး မိတ်ကပ်ကြော်ငြာ

မနေ့က ရုံးကို သွားမလို့ ဓါတ်လှေကားနားရောက်တော့ ကြော်ငြာတီဗီကို ဖျက်ခနဲ ကြည့်လိုက်မိတယ်။ အရင်ကဆိုရင် အမှုမဲ အမှတ်မဲပဲ။ ဒဲာဒီနေ့မှပဲ ကြည်မိတာ ကြော်ငြာ မော်ဒယ်လေးတွေ ဝတ်ထားတာ မြန်မာအဝတ်အစားနဲ့ တူလို့ ။ နောက်သေသေချာ ချာ ရပ်ကြည်လိုက်တော့ အောက် ကကြော်ငြာလေးကိုတွေတယ်။ မိတ်ကပ်ကြော်ငြာလေးပါ။

 မြန်မာသနပ်ခါးကနေ ထုတ်လုပ်ထားတဲ့ အကြောင်း ရိုက်ကူးထားတာပါ။ ကြော်ငြာလေးမှာ အနည်းငယ် လွှဲမှားနေတာလေးတွေ ပါပေမဲ့ ကိုယ်နိုင်ငံက သနပ်ခါး အကြောင်းလေးကို ပြောရင်း ကြော်ငြာသွားတာမို့လို စိတ်ဝင်တစား ကြည့်မိတယ်။ ရုံးရောက်တော့ ကွန်ပျူတာလေးကို ဖွင့်ပြီး တာနဲ့ ရှာကြည်လိုက်မိတယ်။ ခံစားကြည့်ပါအုံး။

Friday, January 23, 2009

၁၁ လနဲ့ ၇ရက်( လီလီရေ)

လီလီရေ.. ဒီအချိန်ဆိုရင် မင်းဆီကို ပြန်ဖို့ ကိုယ်လေယာဉ်ပျံပေါ်ကို ရောက်နေလောက်ပြီ။ ဒီနေ့ 23.1.09 နေ့ဆိုတော့ မင်းနဲ့ ခွဲခွာခဲ့တာ 11 လ 7 ရက် ရှိပြီပေါ့။ ၁နှစ်တောင် မပြည့်သေးပဲ မြန်မာပြည်ကို ပြန်လာလို့ တချို့ က ကို့ကို ပြောကြတော့ မယ်။ ဒါပေမဲ့ ကိုယ် ဖေဖေ၊ မေမေနဲ့ အားလုံးကို သတိရတယ်လေ။ ကိုယ် နောက် အနည်းဆုံး ၅နာရီလောက်ဆိုရင် မင်းဆီကို ရောက်မယ်။ မင်းကော ကိုယ့်ကို မျှော်နေမလား။ ကိုယ်ကတော့ မင်းနဲ့ တကွ မြန်မာပြည်ကြီး က လွမ်းစရာတွေ အားလုံးကို လွမ်းတယ်။
ကိုယ်ကတော့ ဒီနိုင်ငံမှာ လုံးဝမပျော်ဘူး ဆိုတာ မင်းလဲသိမယ်ထင်ပါတယ်။ ရောက်စကတော့ သိပ်မသိသာပေမဲ့ နောက်ပိုင်း ကျတော့ပို လွမ်းလာတယ်။ ရောက်ပြီးတစ်လနေတော့ပေါ့။ အလုပ်လည်းရ အိမ်ကိုကလည်းလွမ်း ဆိုတော့ပိုဆိုးတာပေါ့။ အလုပ်ရတော့ ပိုဆိုးတယ်ဆိုတာက ကိုယ်မှတစ်ခါမှ သူများဆီမှာမှ အလုပ် မလုပ်ဖူးတာလေ။ အဲဒီတော့ ခံစားရတဲ့ ဒုက္ခက ပိုဆိုးတာပေါ့ကွာ။
ကိုယ်မြန်မာပြည်မှာ ၁၆ရက်လောက်နေဖြစ်မယ်။ ၈ရက်နေ့ နေလည် ပြန်မယ်။ စင်ကာပူဆိုနိုင်ငံကို ကိုယ်ပြန်လာချင်လွန်းလို့တော့ ဟုတ်ဖူး။ တကယ်ဆိုရင် မြန်မာပြည်မှာပဲ နေပီး စီပွားရေးလုပ်ချင်တယ်။ ဒါပေမဲ့ ကိုယ် မိဘတွေနဲ့ အတိုက်အခံ မဖြစ်ချင်ဘူးလေ။ ကိုယ့် အကြောင်းလဲသိသားနဲ့ လီလီ။ ကိုယ်က မိဘက အဖြူဆိုရင် လုံးဝဖြူချင်တယ်။ မိဘစကားကို လုံးဝ နားထောင်တဲ့ သားပဲ ဖြစ်ချင်တယ်။ အဲ့ ဒီတော့ ပါးပါး၊ မားမားတို့နဲ့ အတိုက်အခံ မဖြစ်ချင်ဘူးလေ။ ဘယ်တုန်းကမှလဲ အတိုက်အခံ မလုပ်၊ ပြန်မပြော ပြောသမျှစကားနားထောင်တာ မင်းလဲအသိလေ။ ဒါကြောင့် နောက်တစ်နှစ်လောက်တော့ စင်ကာပူမှာဆက်နေမယ်။
နောက်နှစ် ဒီအချိန် ဒါမှမဟုတ် နောက်နှစ်တရုတ်နှစ်ကူး အပြီး ရင်တော့ မြန်မာပြည်ကို အပြီးပြန်ဖြစ်မယ်။ ဒီနှစ် ကိုယ်ပြန်တဲ့ အချိန်အတွင်း မှာ ပါးပါး၊မားမားတို့ကို ကိုယ်လုပ်ချင်တဲ့ စီးပွားရေးကို ချပြရမယ်။ သူတို့က အိုကေဆိုရင်တော့ ပျော်စရာပဲပေါ့။ ကိုယ်အကြောင်းလဲ မင်းသိသားနဲ့ ကိုယ်က စက်မှုမေဂျာနဲ့ သာကျောင်းပြီးတာ၊ ကွန်ပျူတာကို ပိုပြီးခုံမင်တယ်။ အဲဒီတော့ ကိုယ်အလုပ်ကလည်း ကွန်ပျူတာနဲ့ ပဲဆက်နွယ်နေမှာပါ။
ဒါနဲ့ ကိုယ်မင်းအတွက် အပေါင်းအဖော်တစ်ယောက်ခေါ်လာတယ်။ သူကိုတော့ ကိုယ်က ဟာလူး လို့ခေါ်တယ်။ မင်းရဲ့ ညီလေးဆိုလဲဟုတ် ညီမလေးဆိုလဲဟုတ်ပေါ့။ ဒါနဲ့ မင်း ကျန်မာရေးကော ကောင်းရဲ့လား။ ကိုယ်ပြန်ရောက်မှ လိုအပ်တာတွေ အားလုံးလုပ်ပေးတော့မယ်။ ကိုယ်မသွားခင် ပျက်သွားတဲ့ cooling fan ကော၊ နောက်ပြီးတော့ လိုအပ်ရင် ဖောမတ်ချပြီး လိုအပ်တာတွေ ပြန်တင်ပေးမယ်။ မင်းကို ဘဝ အသစ် ပြန်စပေးမယ်ပေါ့ကွာ။။ လီလီရေ..မျှော်နေကွာ….
(ကျတော့ရဲ့ ဟာလူးလေး)

Tuesday, January 20, 2009

ဘဝအမောပြေ

မနေ့က အိမ်ကိုရောက် မေးစစ်တော့ ချစ်ညီလေး တစ်ယောက်က စာပြန်ထားတယ်။ သူရဲ့ပြန် စာလေးကို ဖတ်လိုက်ရတော့ စိတ်မကောင်းဖြစ်မိသွားတယ်။ ဘာလို့ဆို သူမြန်မာပြည်ကို ပြန်ရတော့မဲ့ အကြောင်း သိလိုက်ရလို့ပဲ။ မေးလ်မှာကြည့်လိုက်တော့ သူပြန်မရောက်သေးဘူး။ ဒါနဲ့ သူအိမ်သွားတော့ သူပြန်ရတော့မဲ့ အကြောင်း ပို့စ်လေးကို တွေ့လိုက်ရတယ်။
စင်္ကာပူ အစိုးရက ဒီလိုလုပ်နေတာသိရပေမဲ့ ကျတော့ ပတ်ဝန်းကျင်က သယ်ရင်းတွေ တစ်ယောက်မှ ဖြစ်သေးတာ မဟုတ်တော့ ဒီလောက်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲမိဘူးလေ။ တကယ်လဲ သူ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ စလုံး ဆိုတာ ကျတော့တို့အတွက် အချိန်မရွေးလာနိုင်တဲ့ တိုင်းပြည်ဖြစ်ပေမဲ့ အခုလို ပြင်ဆင်ထားခြင်းမရှိပဲ ခွဲခွာရတော့မှာဆိုတော့ နည်းနည်းတော့ စိတ်ထိခိုက်တာပေါ့ဗျာ။

ညဘက် ဂျီတော့ ပေါ်ရောက်တော့ သူအားလားမေးတော့ သူ့မေမေနဲ့ စကားပြောနေတယ်ဆိုတာနဲ့ ခန စောင့်လိုက်တယ်။ သူ့မေမေနဲ့ စကားပြောပီးတော့ ကျတော့ကို နှုတ်ဆက်တော့ အကျိုးအကြောင်းမေးမြန်း စုံစမ်းမိတယ်။ သူနဲ့ စကားလေးတွေ ပြောပီးတော့ သူဘာလုပ်နေလဲဆိုတော့ သူက ဂျီတော့ကနေ ဖုန်းလှမ်းခေါ်တယ်။ နားထောင်ကြည့်တော့ သူသီချင်းဆိုနေတာဗျ။ သူက သူ့သီချင်းလေးကို လှမ်းပို့ပေးတာနဲ့ ကျတော်လဲ ကျတော့ ဘလော့လေးမှာတင်လိုက်မိတယ်။ သူကတော့ အေးဆေးပဲတဲ့။ စလုံးထက် မြင့်တဲ့ တစ်နေရာကို ဒိုးမယ်တဲ့။ အခုတော့ သူအသံလေးကို မတင်နိုင်သေးဘူး ။ နောက်နေ့ မှ သူရဲ့ ချစ်စရာ အသံလေးကို တင်ပေးတော့မယ်။ (သူမသိခင် ခိုးပီး ရက်ကောဒင်းထားမယ်)

သီချင်လေးတွေဆိုတာ တခါတလေတော့ ကျတော့ တို့ရဲ့ ဘဝအမောလေးတွေကို ပြေပျောက်စေတယ်။ သီချင်းလေးတွေဖွင့် စိတ်ပါလက်ပါလေး လိုက်ဆိုလိုက်ရရင် ရင်ထဲမှာတင်းကျပ်နေတာလေးတွေ ခံစားမှုလေးတွေ ခနတာပျောက်ကွယ်ကာ စိတ်ကို ရွှင်လန်းစေတယ်လေ။ အားလုံးခံစားလို့ရအောင် ဆိုဒ်ဘားမှာတင်ပေးလိုက်ပါတယ်။
သီချင်းလေးက ဇော်ပိုင်ရဲ့နှလုံးသားနဲ့ယုံပါ

Friday, January 16, 2009

ကဲ ဘာရွေးမလဲ သင့်သဘောပါ

ပြီးခဲ့တဲ့ တစ်ပတ်က မာမီက ကျတော့ ကို စလုံးမှာ ချစ်ချစ်တွေ ဘာတွေ ရနေပြီးလားလို့မေးတယ်။ (သူတို့ကတော့ အမြဲပဲကျစ်နေကျ)။ ကျတော့်က မာမီ့ သားကြီး အရင်းအတိုင်း မပြောင်းလဲသေးပဲ တစ်ကိုယ်ထဲပါလို့။ သူတို့ က ကျတော့ကို ကျတော်တို့နဲ့ ခင်မင်ရင်းစွဲ ရှိတဲ့သူ တစ်ယောက်ရဲ့ သမီးနဲ့ ဆိုရင် ဘယ်လိုလဲလို့ ပြောတော့ ကျတော်က တစ်လုံးထဲ “နိုး” လို့ပြောလိုက်မိတယ်။ ကျတော်ကသူ့ကိုမှ မချစ်တာလေ။ ဒါအပြင် ကျတော်တို့ အသက်အရွယ်ကလဲ အချစ်တစ်ခုထဲနဲ့ပဲ ပေါင်းစပ်လို့ မဖြစ်နိုင်တော့တဲ့ အရွယ်လေ။ အစစ အရာရာ စဉ်းစားရတာပေါ့။


ဒါနဲ့ ကျတော့အသိ အစ်ကို ဆရာဝန်တစ်ယောက်ရဲ့ ကြင်ဖက်ရွေးချယ်ပုံကို သွားသတိရနေမိတယ်။ သူက တရုတ်တစ်ယောက်လဲ ဖြစ်တော့ သူရွေးချယ်ပုံလေးကို အားလုံးကို ပြန်လည်မျှဝေလိုက်ပါတယ်။

သူက သူကြင်ဖက်ကို ကားတစ်စီး အဖြစ်တင်စားပီး ရွေချယ်ခဲ့တယ်။ ကားဆိုလို့ နိုင်ငံတကာ မျက်စိနဲ့တော့ မကြည့်နဲ့ပေါ့။ မြန်မာပြည်သားဆိုတော့ မြန်မာပြည်က လက်ရှိကားဈေးလေးနဲ့ နှိုင်းယှဉ်ကြည့်ပါနော်။



ဒါလေးက ဆိုက်ကားပေါ့နော်။ သူကတော့ နီးနီးနားနားသွား ပစ္စည်းသယ်လောက်တော့ အသုံးကျတာပေါ့။ ခရီးဝေးသွား ပွဲလန်းသဘင်တက်၊ မြို့ပြအဖို့ကတော့ ဘယ်လိုပွဲလယ်တင့်မလဲနော်။
-----------------------ထ-----ထ-----ထ---------ထ----------------------



နောက်တစ်ခုကတော့ ဟိုင်းလတ်ပေါ့။ သူကတော့ ပစ္စည်းတင် ဖို့ ကောင်းတယ်။ အကြမ်းခံတယ်။ဒါပေမဲ့ ဇိမ်ခံစီးဖို့ ဘယ်ကောင်းမလဲနော်။
-----------------------ထ-----ထ-----ထ---------ထ----------------------
ဒါကတော့ စူပါရုဒ်ဗင် ပေါ့ဗျာ။ အဲသူက တော့ ဟိုင်းလတ်လောက် ပစ္စည်းပစ္စတင်တာ မဆန့်ပေမဲ့ တော်ရုံတန်ရုံ ပွဲလန်းမျိုးအတွက်တော့ သူက အဆင်ပြေတယ်။ ပြီးတော့ အကြမ်းလဲခံတယ်လေ။ ဒါပေမဲ့ တကယ်ပွဲကြီး ပွဲကောင်းမျိုးဆို သူနဲ့သာဆို မျက်နှာငယ်ရမှာပေါ့နော်။
-----------------------ထ-----ထ-----ထ---------ထ----------------------


ဒါကတော့ စလွန်းပေါ့။ သူက ဇိမ်ခံစီးဖို့ကောင်းတယ်။ လမ်းကြမ်းလွန်းရင်တော့ သူလေးနဲ့ ဘယ်အဆင်ပြေမလဲ။ လမ်းကောင်းကောင်းမှာဆိုရင်တော့ ညက်ညောနေတာပေါ့နော့်။
-----------------------ထ-----ထ-----ထ---------ထ----------------------



ဒါကတော့ အကောင်းစားလို့ ကျတော်တို့ဆီမှာ ပြောနိုင်မဲ့ ကားအမျိုးအစားပေါ့။ လမ်းလဲသိပ်မရွေးသလို ခန့်လဲခန့်တယ်။ ပွဲလမ်းသဘင် တက်ဖို့ အတွက်လဲ အဟန့်ရှိတာပေါ့။ ဒါပေမဲ့ ကို့ယ်ကားက တန်ဖိုးကြီးလွန်းတော့ ကိုမရှိတုန်း ဘယ်ကောင်များ ဘော်ဒီဆေးကို ချစ်သွားမလဲ၊ လက်ဆော့တဲ့ ကောင်တွေများ ကလိသွားမလားလို့ စိတ်တော့ ပူရတာပေါဗျာ။


ကားတွေမှာက အမျိုးမျိုးရှိတယ်နော်။ ဥပမာ စလွန်းလို့ ယေဘူယျ ဆိုရင်တောင် စလွန်းမှာ အမျိုးပေါင်းများစွာ ရှိနေတာပါပဲ။ အဲဒီလိုပဲ ကျတော်တို့ အတွက် ငွေကြေး၊ ဂုဏ်၊ ပညာ ၊ ရုပ်ရည် စတဲ့ အချက်အလက်တွေနဲ့ စံပေါင်းများစွာ ရှိနေမှာပါ။ ဘဝကြင်ဖော်ဘက်ရွေးဖို့ အတွက် အရေးအကြီး ဆုံးလို့ ပုလုကွေးလေး ထင်တာကတော့ တစ်ဦး နဲ့တစ်ဦးနားလည်မှုရှိရှိနဲ့ မေတ္တာထား နိုင်ဖို့ ၊ ကြင်နာမှု ရှိဖို့က အဓိကပါလေ။
-------------------------------------------------------------------------------------------------------------
ပုံလေးတွေကို google အကူအညီနဲ့ နေရာပေါင်းများစွာက ယူထားတာပါနော်။ ဒီပို့လေးကို ကိုရေခဲငှက်ကြီး ညွှန်ပြထားသလို schedule လေးနဲ့တင်လိုက်တာပါဗျာ။ ကိုကြီးရန်အောင် ရေ thanks  နော်။

Saturday, January 10, 2009

ဟူး.. စိတ်ပိန်လိုက်တာနော်


ဗုဒ္ဓဟူးနေ့…..........လာမဲ့ သောကြာနေ့ ရုံးမတက်ဘူးဆိုတာခွင့်တင်ခဲ့။


ကြာသပတေးနေ့… ညနေ ၆:၁၅ ရုံးဆင်း အိမ်ပြန်
ည ၉နာရီ ၄၅မိနစ် ..အိမ်မှထွက် ကားစီး..သံရုံးသွား
ည ၁၀နာရီ ၁၂မိနစ်……သံရုံးရောက်
“ဘယ်မှာနာမည်ရေး. စာရင်းပေးရမလဲ”
“အဲဒီ တံခါးသံဘောင်မှာအနီရောင်ကြိုးနဲ့ ချည်ထားတဲ့ စာရွက်မှာ”
“အဲဒီစာ ၇ွက်အစုပ်မှာ”
“ဟုတ်ရဲ့ လား”
“မသိဘူး ..သူများတွေလဲ ရေးသွားတာပဲ”
“နာမည်ရေး.. အိမ်ပြန်ဖို့ ကားပြန်စီး
ည ၁၁နာရီ၅၀..အိမ်ပြန်ရောက်
“သံဘောင်မှာ ချည်ထားတဲ့ စာရွက် အစုတ်မှာ ရေးရတာလား”
“ဟုတ်တယ်လေ..ငါတို့တုန်းကတော့ မှန်မရှိတော့တဲ့ ပုံးထဲမှာ“


ည၁၂နာရီ ၁၀မိနစ်
အိပ်ရာဝင်


သောကြာနေ့
မနက် ၆နာရီ၄၅မိနစ်


ဖုန်းမှ နိုးစက်မြည်
အိပ်ရာထ. မျက်နှာသစ်..
အင်္ကျီလဲ..အင်္ကျီအကောင်းလေးဝတ်မယ်စိတ်ကူး ..အင်္ကျီအဟောင်း ခပ်နွမ်းနွမ်း လေးပဲဝတ်လိုက်သည်( သံရုံးသွားရင် တောက်တောက်ပြောင်ပြောင် ဘယ်တော့မှမသွားနဲ့ ..နွမ်းနွမ်းပါးပါးပဲဝတ်သွား..ဈေးစစ်လို့ ရအောင်…သယ်ရင်တစ်ယောက်ပြောစကားအရ)
ကိတ်မုန့်တစ်ချပ် ပါးစပ်ထဲထိုးသိပ်ထည့် …..ရေကို မော့သောက်


နံနက် ရနာရီ--မိနစ်
အိမ်က ထွက် ..ကားစီး…


နံနက် ၈နာရီ
သံရုံးရောက်
တံခါးဖွင့်တော့ အထဲဝင်
မနေ့ ကရေးထားတဲ့ ကိုယ်နာမည် အစီအစဉ်အတိုင်း ဟုတ်မဟုတ်ကြည့်
အခွန် ၁၀% ပေးဆောင်မည့် အကြောင်း ဖောင်ဖြည့်
ထိုင်ခုံမှာထိုင် …
စာအုပ်တစ်အုပ်ထုပ်..ဖတ်


နံနက် ၉နာရီ

ကားတစ်စီရောက်…လာ …အန်တီကြီးပါလာပြီလား…..oh! no..
စာအုပ်ဆက်ဖက်နေတယ်


နံနက် ၉နာရီ ၁၀မိနစ်
နောက်ထပ်ကားတစ်စီးဝင်လာ…သူမ ပါမလာသေး ။စာရီခြုံထားတဲ့ မလေးမတစ်ယောက်လာ ဖြည့်ထားတဲ့ နာမည်စာရင်းတွေကို ကောင်တာပေါ်တင်သွား


နံနက် ၉နာရီ ၂၀မိနစ်
ကားတစ်စီးထပ်ဝင်လာ…ဟော အန်တီကြီး လှုပ်တုပ်လှုပ်တုပ်နဲ့ ဆင်းလာ အခန်းထဲဝင်သွား


နံနက် ၉နာရီခွဲ
အန်တီကြီး ဝင်လာ


“နံပါတ် ၁မှ ၅လူတွေ လာပါ”
“wp ဆို ၄၀ ၊ ၂၄လ နော်”
“သက်တမ်း တိုးအုံးမှာလား”
“ဟုတ်”
“သက်တမ်းတိုး ၃၀၀နဲ့ ၂၄လ ပေါင်း ၁၂၆၀ ကျမယ်နော်၊ ဘောင်ချာဖွင့်လိုက်မယ်”

..........


နံနက် ၁၀နာရီ ၅မိနစ်
”နံပါတ် ၈မှ ၁၀လူတွေလာပါ”
ကျတော် စာအုပ်နဲ့ ဇိမ်ကျနေဆဲ…


တဖက်ခြမ်းမှာ ကျောင်းသားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားးသူဖြစ်ကြောင်း ထောက်ခံစာလုပ်ပေးသူ မျက်မှန်နှင့် နှုတ်ခမ်းမွေးစစ ခပ်ဝဝ နွဲနွဲလူကြီးက ဆောင်ရွက်နေ


” s-pass ဆို ၈၀လေ၊ သမီးရဲ့ ၆၀နဲ့ မရဘူး”
“ဟို သမီးတို့ ရုံးက ၆၀၀ပဲရတယ်၊ ဘယ်လိုလုပ်ရမလဲ”
“ဒါဆို ၇၀ နဲ့ဆောင်သွား”
“ဟုတ်”
“သက်တမ်းတိုးအုံးမှာလား”
“ဟင့်အင်း”
“ဘယ်လက အလုပ်စဆင်းလဲ”
“ဟို မတ်လကလေ”(တကယ်ဆင်းတာက ဖေဖော်ဝါရီလထဲက)
“ဘယ်နှရက်နေ့လဲ”
“၁၆ ရက်နေ့”
“ဒါဆို ဧပြီလက စဆောင်”
“ဘယ်နှလ ဆောင်မလဲ”
“၁၀လ”
နံနက် ၁၀နာရီခွဲ
ဗိုက်ထဲက ပိုးပေါင်းစုံထကြွလာပြီ၊ ထိုင်ရတာလဲ ညောင်းလှပြီ…လမ်းလျှောက်အုံးမှ…


နံနက် ၁၀နာရီ ၄၀မိနစ်
အန်တီကြီးဘေးမှ လူကြီးကဲ..ပိုက်ဆံးပေးဖို့အတွက်လူစခေါ် အခန်းထောင့်မှ စပီကာမှထွက်လာတာက
“ဂွမ်းပုံ”“ချစ်ချော” “ဘွေးတုတ်”“ထွန်းလင်း”“တောက်ပြောင်”“ငမွဲ”“ငြိမ်းငြိမ်း” “ကျော်ဇံ” “အောင်ပိုင်”
လူတွေ တန်းစီပြီး ပိုက်ဆံပေးဖို့ အသီးသီး စောင့်နေ။ ပိုက်ပိုက်ပေး။
နောက်တစ်ခါ ထိုလူကြီးထံမှ


“ထွန်းလင်း” “ငြိမ်းငြိမ်း” “အောင်ပိုင်” ..ထိုလူကြီးထပ်ခေါ်
“ကျတော် အောင်ပိုင်”
“မင်းလား သံရုံးကို ဖုန်းဆက်တာ”
“ခင်ဗျာ”
“မင်း သံရုံးကို ၃ ခါတောင် ဖုန်းဆက်တာ သံရုံးကို နှောက်ယှက်တာလား”
“ဖုန်းဆက်တာ ဟုတ်ပါတယ်” စကားပြောခွက် မိုက်ကိုဖွင့်လျက်(အားလုံးကြားအောင် တမင်ဖွင့်ပီး မိုက်ကို အသံမြှင်လျက်)
“မင်းသံရုံးကို ဖုန်းဆက်တာ ဘာလဲကွ မင်းငါတို့ မခန့်လေးစားလုပ်တာလား..မင်းတို့ ပိုက်ဆံးပေးနိုင်တိုင်း မခံလေးစားလုပ်လို့ရမယ်။ နိုင်ငံသားစွန့်လွှတ်လို့ ရမယ်တယ်သလား” “စင်ကာပူမှာ isa မှာ law တွေရှိသလို ငါတို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးမှာလဲ ဥပဒေတွေ ရှိတယ်ကွ နာလည်လား..မင်းတို့ကို နိုင်ငံသားစွန့်လွှတ်ကြောင်း မလုပ်ပေးပဲ ဆိုင်းငံထားလို့ရတယ်ကွ..နားလည်လား” ဟိုကောင် မျက်နှာငယ်လေးဖြင့်..(ရင်ထဲမှာတော့ ဘယ်လိုနေမသိ)


“ခနနေ အုံး သွားစောင့်နေ၊ နောက် တစ်ယောက် ထွန်းလင်း ”
“ကျတော်ပါ“
“မင်းခုန က ဘယ်ရောက်နေလဲ”
“ရှိပါတယ်“
ထွန်းလင်းဆိုသူ ပေးရန် ပိုက်ဆံရေကာ ပိုက်ဆံတစ်ရွက်ပြုတ်ကျသွား
“ဟေကောင် ဒါသံရုံးကွ ဈေးသည်မဟုတ် သံရုံးကို ဘာမှတ်လဲ မင်းလဲစောင့်နေအုံး”(ငွေသွင်းပြီးကြောင်း စာရွက် ပေးလို့ ရသားနဲ့ မပေး)


နံနက် ၁၀နာရီ ၅၉မိနစ်
တိုက်ပွဲပြင်းထန်နေတာ ငြိမ်သွား..


“ဒါတမင် ဖြဲခြောက်တာ”
“အပြင်မှာဆို ဒီဘဲ မလွယ်ဘူး”
“ဘာကောင်လဲ မသိ”


နံနက် ၁၁နာရီ..
နံပါတ် ၁၁ကနေ ၁၅ထိ
အန်တီကြီးခေါ်သံ
အဟား ငါ့ကို ခေါ်ပဟ
နံပါတ်--
..
နံပါတ် --ကောင်မလေး..ဒါပီးရင် ကျတော်
ကောင်မလေးအလှည့်
” s-pass ဆို ၈၀၊ နော်..သက်တမ်းတိုးအုံးမလား”
“ဟုတ်..သက်တမ်းမတိုးတော့ဘူး”
“၆လဆို ၄၈၀နော်”
….
နံပါတ်--
“ကျတော်ပါ”
“spass နော် ၆၀နဲ့ ဘယ်ရမလဲ”
“ဟို ကျတော်တို့ ရုံးက လစာနဲတယ်”
“ဒာန်တီတို့ဆီမှာ spass ကို ၈၀ သတ်မှတ်ထားတယ်”
“ဒါဆို ကျတော် ဘယ်လောက်နဲ့ ဆောင်၇မှာလဲ”(သနားစရာ လေသံလေးဖြင့်)
“၇၀ နဲ့ဆောင်သွား”
“သတ်တမ်းတိုးအုံးမလား”
“မတိုးတော့ဘူး”
“ဘယ်နှစ်လဆောင်မလဲ”
“ဆယ်လ ဆောင်မယ်”
..
နံနက် ၁၁ခွဲ


ပိုက်ဆံပေးဖို့ စောင့်နေတယ်

နံနက် ၁၁ နာရီ ၄၅မိနစ်
ဆက်စောင့်နေဆဲ

နံနက် ၁၁နာရီ ၅၀မိနစ်
ဟော ပိုက်ဆံသွင်ရးတော့မယ်
ပိုက်ဆံသွင်း…
ဟူး ဂလု မောလိုက်တာနော်
အခုမှပဲ အလုံးကြီး ကျသွားတော့တယ်..
ပျော်ရွှင်စွာနဲ့ စိန့်မာတင် ဒရိုက်ကနေ ထွက်ခွာခဲ့တောတယ်. တာတာ့ပဲ ..နောက်နှစ် မှပြန်ဆုံကြတော့တာပေါ့..။
---------------------------------------------------------------------------------------------------------------
မည်သူကို မျှထိခိုက်စေလိုခြင်းမရှိ ..ကြုံသမျှကို တင်လိုက်ခြင်းသာ

Monday, January 5, 2009

စလယ်ဝင်အိုး

တမြန်နေ့က ပျင်းပျင်းရှိတာနဲ့ မြန်မာသီချင်းတွေ ကို youtube မှာလိုက်ကြည့်နားထောင် နေမိတယ်။ ရတနာဦးဆိုတဲ့ စလယ်ဝင်အိုး သီချင်းလေးကို နားထောင်မိတော့ ၁ စလယ် ကို ဘယ်လောက်ရှိမယ်မှန်း မသိဘူး။ သိချင်လာတယ်ဗျ ။ ငယ်ငယ် တုန်းက လည်း ရွက် ခဲ့ ရတဲ့ မြန်မာအလေးချိန် အခြင်အတွယ်လေး ပြန်ရွတ်ကြည့်တော့လဲ မပါဘူးဗျ။ မှတ်မိနေတာကတော့

နို့ဆီဘူး ၈လုံး ၊ ၁ ပြည်
၁၆ပြည်၊ တစ်တင်း
၂စိတ် ၊ ၁ခွဲ
၂ခွဲ၊ ၁ တင်း

အဲ့ဒီလောက်ပဲ မှတ်မိတော့တယ်။ ဒါနဲ့ ဘာလိုလို အားကို ရတဲ့ လက်ဆွဲတော် ဂူဂဲလ် မှာ “မြန်မာ့ အလေးချိန် အခြင်အတွယ်” လိုရှာမိတော့ မရှိဘူး။ ဒါနဲ့ နောက်တစ်မျိုးပြောင်း ရှာကြည့်တယ်။ “စလယ်” ဆိုပြီးထပ်ရှာတော့ တွေ့ပါတယ်။ အဲ့ဒါမှ စလယ်ဆိုတာ ကျတော်တို့ မြန်မာ အချိန်အတွယ် နို့ဆီဘူး ၂လုံးစာ ဆိုတာကိုပါ။

(၂) လက်မြူ (၁) လက်မြတ်
(၂) လက်မြတ် (၁) လက်မယ်
(၂) လက်မယ် (၁) စလယ်
(၂) စလယ် (၁) ခွက်
(၂) ခွက် (၁) ပြည်
(၄) ပြည် (၁) စိတ်
(၂) စိတ် (၁) ခွဲ
(၂) ခွဲ (၁) တင်း

အပေါ်က ဟာလေးက ကျတော် ဂူးဂဲလ်မှာ ရှာတဲ့ အခါ တွေတဲ့ သံစဉ်လှိုင်း ဖိုရမ်ထဲက ရယူထားတာပါ။ အဲဒါကြောင့်ပြောတာ ဘာပဲလိုလို ဂူဂဲလ် မှာ ရှာလို့ ရပါတယ်လို့။။။

Saturday, January 3, 2009

နားထောင်ကြည့်ပါအုံး

ကျတော် ဒီသီချင်းလေးတွေကို MMAမှာ ကို ME တင်ထားတာတွေတော့ နားထောင်ကြည့်တာ ကောင်းတာနဲ့ ကျတော့ ဘလော့လေးကို လာလည်သူတွေ အတွက် နှစ်သစ်ကူးလက်ဆောင် အနေနဲ့ ရှဲလိုက်ပါတယ်။ အားလုံးလဲ နှစ်သက်မယ်လို့ ထင်ပါတယ်။….
သီချင်းလေးကို ဒေါင်းချင်ရင်တော့ သီချင်းစာသား ခေါင်းစဉ် လေး အပေါ်မှာ ကလစ်လိုက်ပါဗျာ။
နားထောင်ချင်ရင်တော့ စပီကာလေးသာ ဖွင့်လိုက်ပါ။ side bar က သကောင့်သားလေးက နားထောင်ချင်မှန်းမသိ မနားထောင် ချင်မှန်းမသိ အော်တို ပွင့်နေမှာပါ။
သန်းမြတ်စိုး... အကျင်းဆိုး
ဒို့ဗမာ
ဒါလေးက တော့ MMA မှာ ကို ME ရေးထားတဲ့ အားဘော်လေးပါ။

အခုခေတ်မှာအရမ်းရှားပါးပြီးနားထောင်ရခက်တဲ့
သီချင်းလေး ၂ ပုဒ်ကိုတင်လိုက်ပါတယ်။ နံပါတ် ၁ က ဒို့ဗမာ ပါ
နောက်တစ်ပုဒ်ကတော့ အကျင့်ဆိုး ပါ။
ဒီသီချင်းမျိုးနားမထောင်ဘူးတဲ့
သူတွေနားထောင်ရအောင်ပေါ့။
လူတိုင်းနားထောင်သင့်ပါတယ်။
ကျွန်တော်မှာ ၂ပုဒ်ဘဲရှိလို့ ၂ပုဒ်ဘဲတင်ပေးလိုက်တယ်နော်။
ဟစ်ဟော့တွေလိုက်မမှီတဲ့စာသားတွေနဲ့ရေးထားပါတယ်။ အပျက်အသက်ကွာပါတယ်။
သီချင်းကြီးဆိုပြီးမပိတ်လိုက်နဲ့နော် သီချင်းဒေါင်းပြီရင်ဆုံးတဲ့အထိနားထောင်။
အရမ်းကောင်းတဲ့သိချင်းတွေပါ။
တင်ဆက်သူ = အကြွင်း ME

...................................................................................................................................
ဒါနဲ့ စကားမစပ် ကျတော် ဒီဘလော့ လေးကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တယ်။ စိတ်အရမ်းညစ်နေလို့ ... ဒါပေမဲ့ မရဘူးဗျ..နှစ်ကူးတုန်းက ကျတော့ကို လာနှုတ်ဆက်ကြတဲ့ အစ်ကိုတွေ အစ်မတွေ ညီငယ် ညီမငယ်တွေ အားလုံးကို ပြန်မနှုတ်ဆက်နိုင်ဘူးဗျာ။ ဒါကြောင့် ကျတော့ ရဲ့ ရိုင်းစိုင်း မှုကို တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ။