လူတိုင်းမှာ နာရီလေးတစ်လုံးတော့ အနည်းဆုံး ရှိတတ်ကြမှာပါ။ တချို့တချို့မှာဆို နာရီလေးတွေ တော်တော်များများ ရှိနေကြမှာ။ ကျတော့မှာလည်း နာရီလေးတွေ ရှိပါတယ်။
နာရီဆိုတာ အချိန်ကြည့်ဖို့ လိုတဲ့ အခါ မရှိမဖြစ်ပေါ့။ တစ်ခါတလေတော့လည်း ဟိတ်ဟန်ထုတ်ဖို့၊ လူအထင်ကြီးဖို့ ပဲထုတ်ဖို့ အတွက် အသုံးချ တတ်ကြသေးတာလေ။
အဲဒီနာရီလေးနဲ့ ကျတော်စတွေ့တာက ကျတော် ၉တန်းကတည်းကပေါ့။ နာရီလေးဟာ တောက်ပြောင်သလို နာမည်လည်း ကျော်ကြားတယ်။ စတွေ့ စကတော့ နာရီလေးဟာ ကျတော်နဲ့ ခပ်စိမ်းစိမ်းရယ်။ သူ့ကို ကျတော်က သိနေပေမယ့် နာရီလေးက ကျတော်ကို သတိထားမိမယ် မထင်ပေါင်။ ညနေ ကျောင်းဆင်းတိုင်း တွေ့နေကျ နာရီလေးကို ကျတော်ဟာ ငေးကြည့်နေမိတယ်။
ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တော့ နာရီလေးနဲ့ ကျတော့ရဲ့ ရင်းနှီးမှုဟာ ပိုလာခဲ့တယ်။ နာရီလေးနဲ့ ကျတော်ဟာ သွားအတူ ပြန်အတူဖြစ်ခဲ့ကြတယ်။ တစ်ခါတလေ စိတ်ကောက်တတ် သလို တစ်ခါတလေ ပျော်ရွှင်ခဲ့ရတဲ့ ရက်တွေ များစွာ ပိုင်ဆိုင်ခဲ့တယ်။ ဒီလိုနဲ့ နာရီလေးနဲ့ ကျတော် တို့ရဲ့နေ့ရက်တွေဟာ ရွှေရောင်နေ့ရက်တွေ ဖြစ်ခဲ့သလို မုန်တိုင်းတိုက်တဲ့နေ့ တွေလည်း ရှိခဲ့တယ်လေ။ ဒါပေမဲ့ နာရီလေးဟာ ကျတော့ အတွက် အမြဲတမ်း အချိန်မှန်ခဲ့တယ်။
တက္ကသိုလ် ၄တန်း ၅တန်း နှစ်တွေမှာ နာရီလေးနဲ့ ကျတော် တစ်ခါတလေ အဆက်အသွယ် ပြတ်တောက်လိုက်၊ တစ်ခါတလေ တူတူရှိလိုက်နဲ့ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းခဲ့တယ်။ နာရီလေးကိုသာ ကျတော်ဟာ တစ်ခါတလေ ဂရုမစိုက်လိုက် ဂရုစိုက်လိုက် လုပ်နေခဲ့ပေမယ့် နာရီလေးက ကျတော့် အတွက်တော့ အချိန်ပြည့် အဆင်သင့်ရှိနေခဲ့တယ်။
ဖိုင်နယ်ရောက်တော့ ပါးပါးနဲ့ မားမားက ကျတော့ အတွက် လက်ကိုင်ဖုန်းလေး တစ်လုံး ဝယ်ပေးခဲ့တယ်။ လက်ကိုင်ဖုန်းလေး ရတော့ကျတော်ဟာ နာရီလေးကို ဂရုစိုက်မှု ပိုနည်းခဲ့တယ်။ နာရီပတ်ရမှာ စိတ်သိပ်မပါတော့သလိုပဲ။ လက်ကိုင်ဖုန်းလေးထဲက နာရီကို ပဲကြည့်ဖြစ် သုံးဖြစ်ခဲ့တယ်လေ။ နာရီလေးကို မေ့လျော့ခဲ့တယ်ဆိုပါတော့။
ကျောင်းတွေပြီး သင်တန်းတွေတက် တော့လဲ ကျတော်ဟာ နာရီလေးကို ကျတော် အနီးမှာ ရှိနေစေလိုက် အဝေးမှာ ထားလိုက်နဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တယ်။ သယ်ရင်းတစ်ချို့ရဲ့ အားမလို အားမရဖြစ်မှုတွေ ရှိနေခဲ့ပေမယ့် ကျတော်ဟာ နာရီလေးကို ကျတော်နဲ့ တစ်သားတည်းဖြစ်အောင် ကြိုးစားမှု မရှိခဲ့ဘူး။ ဖြစ်လာမယ့် ပြဿနာတွေကို ကျတော် မရင်ဆိုင်ချင်ဖူး။ ဒါပေမယ့် နာရီလေးဟာ ကျတော့အတွက်ဆိုရင် အမြဲအဆင်သင့်ဖြစ်ခဲ့တယ်။ နာရီလေးနဲ့ ကျတော်ရဲ့ ရင်းနှီးမှုတွေဟာ ဖြူစင်စွာပဲ ရှိနေခဲ့တယ်။ ကျတော် နဲ့ နာရီလေးရဲ့ ခင်မင်မှုကို အရောင်တွေ ဆိုးချင်ပေမယ့် ဆေးရဲ့ဆိုးကျိုးတွေ (effect) တွေကို ကျတော်မလိုချင်ပြန်ဘူး။
ဒီလိုနဲ့ ကျတော် သင်တန်းတွေပြီးတော့ နိုင်ငံခြားကို သွားရမယ့် အချိန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ နာရီလေးဟာ ကျတော့်ကို သူ့ရဲ့ ကိုယ်ပွားလေး တစ်ခုကို လက်ဆောင်ပေးခဲ့တယ်။
စလုံးရောက်စနေ့တွေမှာ အခက်အခဲတွေကို ကြုံတိုင်း နာရီလေးကို ရင်ဖွင့်တိုင်ပင်ရင်း ကျတော် အားတွေရှိလာခဲ့တယ်။

စလုံးမှာ နေသားကျလာတော့ ကျတော်ဟာ စလုံးစတိုင် ဖန်စီနာရီလေး တစ်ချို့ကို စိတ်ဝင်စားလာခဲ့မိတယ်။ တစ်ချို့ကို ခဏအငှားသုံးရင်း တစ်ချို့ကို ဝယ်ရင်းနဲ့ နာရီလေး တစ်ချို့ဟာ ကျတော့် သမိုင်းမှာ ပါလာခဲ့မယ်ထင်ပါတယ်။
စင်္ကာပူ လေးတွေထဲက တစ်ယောက်ပေါ့
ဒါပေမဲ့ သူရဲ့ ကိုယ်ပွား နာရီလေးဟာတော့ ကျတော့် အတွက် အမြဲတမ်း အစားထိုးမရတဲ့ တစ်ခုတည်းသော နာရီလေးပါပဲ။
သူမရဲ့ ကိုယ်ပွားလေး
(မမဝါဝါ တဂ်စ်တဲ့ ပို့စ်ပါ။ နားရှုပ်သွားမယ်ထင်ပါတယ်။ ဒါလေးဖတ်ကြည့်နော်။ နဲနဲ သဘောပေါက်သွားပါလိမ့်မယ်။)