Wednesday, September 2, 2009


ဘုန်းဘုန်း ရာဇိန္ဒ ( ရဝေနွယ် (အင်းမ)) ရဲ့ မင်္ဂလာ အတွေးများ စာအုပ်ကို ပြီးခဲ့တဲ့ လကတည်းက စဖတ်မိပါတယ်။ ဘုန်းဘုန်းရဲ့ စာတွေကို ကျတော် စဖတ်ဖူးတာက အချစ်နှင့် ဝိပဿနာ စာအုပ်ပါ။

အခု မင်္ဂလာအတွေးများ စာအုပ်ကိုတော့ မာမီ မြန်မာပြည်ကနေ ပြီးခဲ့တဲ့ လက ပို့ပေးလို့ဖတ်ရတာပါ။ (စာတိုက်ကနေ စာအုပ်တွေပို့ဖို့ အစစ အရာ စီစဉ် ပေးတာက အချစ်ဆုံးသူမပေါ့..)။

ဘုန်းဘုန်းရဲ့ မင်္ဂလာအတွေးများ စာအုပ်ကို ဖတ်ရတော့ ကျတော်မှာ ဆင်ခြင်စရာ၊ ဗဟုသုတတွေ၊ မြတ်ဗုဒရဲ့ အဆုံအမတွေကို မှတ်သား ရပါတယ်။ ဘုန်ဘုန်းဟာ မင်္ဂလာအတွေးများ စာအုပ်ကို ရှေးရှေးရဟန်းစာဆို၊ လူစာဆိုတို့ ရေးသားခဲ့တဲ့ မင်္ဂလာသုတ်ဆိုင်ရာ စာအုပ်တွေကို အဓိကထားပြီး ရေးတယ်လို့လဲဆိုထားပါတယ်။ သပြေကန်ဆရာတော်ဘုရားကြီးရဲ့ ပရိတ်ကြီး နိဿယသစ်ကို လက်ကိုင်ထားပြီး ရေးတယ်လို့လဲ ဆိုပါတယ်။

ကျတော် ဒီစာအုပ်လေးကို ဖတ်ပြီးတော့ နှစ်သက်တာလေးကောက်နှုတ်ပြီး ပို့စ်တစ်ပုဒ် ၊ ဆောင်းပါးတစ်ပုဒ်လုံးကို ပို့စ်တစ်ပုဒ် စုစုပေါင်း ၂ ပုဒ် ဖြစ် ကျတော့ ဘလော့လေးမှာ တင်ဖူးပါတယ်။ ကျတော် အဲဒီလိုတင်တော့ သယ်ရင်းတစ်ချို့က စာအုပ်ကို ဖတ်ချင်တယ်လို့ ပြောလာပါတယ်။ ဒါကြောင့် မြန်မာအီးဘွတ်ခ်တွေ ရှိတဲ့ http://www.foreverspace.com/ ရှာကြည့်ပါတယ်။ ဝယ်လို့ရရင်လဲ ဝယ်မယ်ပေါ့။ ပြီးမှ capture ပြန်ဆွဲ- pdf ဖိုင်ပြန်ခုတ်ပြီး ဖတ်ချင်တဲ့သူတွေ ဖတ်ရအောင် တင်ပေးမယ် စိတ်ကူးပါတယ်။ (ကျတော့်မှာက အဲ့ဒီ forever ebook ဆိုဒ်ရဲ့ prepaid အကောင့်ရှိတယ်လေ။ ဘယ်သူ ဝယ်ပေးတာလဲ မပြောဘူး အသေသတ်)။

ဖော်အဲဗား အီဘွတ်ခ် ဆိုဒ်ထဲမှာ ကြည့်တော့ စာအုပ်ကို free ပေးထားပါတယ်။ ဒေါင်းလုဒ်ဆွဲလိုက်တာ ဒေါင်းလုပ်လင့်က အလုပ်မလုပ်တော့ပါဘူး။ ဒါနဲ့ ဘယ်မှာများ ရှိမလဲလို့ googling လုပ်လိုက်တော့ ဒီဆိုဒ်တွေမှာ တွေ့တာနဲ့ အားလုံးအတွက် လမ်းညွှန်လိုက်ပါတယ်။
ဒါက online ကနေ တိုက်ရိုက်ဖတ်ဖို့ပါ
ဒါကတော့ အပိုင်သိမ်းချင်ရင် သိမ်းဖို့အတွက် ဒေါင်းလုဒ် လင့်ပါ။

၁။ စိတ်ကောင်းနှလုံးကောင်း မွေးမြူဖို့
၂။ ပရဟိတလုပ်ဖို့
၃။ ပညာတက်ဖို့
၎။ ဝိပဿနာ တရားများ ပွားများအားထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ရေးသားထားတဲ့ ဘုန်ဘုန်း ရာဇိန္ဒ @ ရဝေနွယ် (အင်းမ) ရဲ့ မင်္ဂလာ အတွေးများ စာအုပ်ကို လူမျိုး ဘာသာမရွေး လူတိုင်းဖတ်သင့် မှတ်သင့် ကာ လိုက်နာကျင့်သုံးသင့်တယ်လို့ ကျတော် ထင်ပါတယ်။

5 comments:

မောင်ဖားကြီး said...

share လုပ်တာလည်း လုပ်ပေါ့ အစ်ကိုရာ ကြော်ငြာလေးလည်းထိုးပေးပေါ့ :P စတာအစ်ကို .. ကျေးဇူးပဲခင်ဗျာ မျှဝေပေးတာ

Rita said...

ကျေးဇူးတင်ပါတယ် အချစ်ဆုံးသူမ
:D
(အလကားနေရင်း ကြော်ညာတွေ စွတ်ဝင်နေတာပဲ.. စိတ်ကုန်)

နွေးနေခြည် said...

ကျေးဇူးပါ။ ဒေါင်းလုပ်လုပ်ပြီး ဖတ်လိုက်ပါဦးမယ်

Anonymous said...

ယူသွားတယ်ဗျ.. ကျေးဇူးပါဗျာ...။

Anonymous said...

ငါလဲယူသွားတ