ဟိုတစ်လောက မာမားဆီကို ဖုန်းဆက်တော့ ဖုန်းချခါနီး ကျတော်အမြဲပြောလေ့ရှိတဲ့အတိုင်း ကျန်းမာရေးကို ဂရုစိုက်၊ ဆေးမှန်မှန်သောက်ဖို့ မှာတယ်။ မာမားက ဘာပြန်ပြောလဲဆိုတော့ သူဆေးလဲမှန်မှန်သောက်ပါတယ်။ ကျန်းမာရေးလဲ ဂရုစိုက်ပါတယ်တဲ့။ မြေးတွေ ချီ၊ မြေးတွေထိန်းပါ အုံးမယ်တဲ့ဗျ။
မာမားကသာ မြေးတွေထိန်းမယ် ဘာညာပြောနေတာ သူသား ကျတော်မျိုး မစွံတာ သူအသိသား။ နောက်နှစ်ဆို အသက်က ထိပ်စီးဂဏန်းပြော
အဲဒီတော့ လွတ်လပ်သူ ဘလောဂါ ညီမလေးများ စာရင်းသွင်း ကူညီနိုင်ပါတယ် ခင်ဗျား…(စတာနော် စိတ်ဆိုးရဘူး)။
နောင်ငါးနှစ်တဲ့ မတွေးချင်ဘူး။ လုပ်ချင်တာတွေနဲ့ လုပ်ရမဲ့ အရာတွေက တစ်ထပ်တည်း မကျတတ်ဘူးဗျ။ ကျတော်လုပ်ချင်တာ တွေကတော့
၁။ ဆော့ဝဲလ် စီဒီအရောင်းဆိုင် ဖွင့်ချင်တယ်…
၂။ Popular လို စာအုပ်တွေ စာရေးကိရိယာတွေ ရောင်းတဲ့ ဆိုင်ကြီး ဖွင့်ချင်တယ်။ (နောက်ဆုံးမရတော့လဲ လှည်းတန်းက D-Mate လို ဆိုင်လောက်လည်း အိုကေတယ်)
၃။ Country style ဘီယာဆိုင်လေး ဖွင့်ချင်တယ်။
နောက်ငါးနှစ်နေလို့ ရန်ကုန်မြို့ကနေ မိုင် ၆၀၊ ၃ဖာလုံဝေးတဲ့အရပ် လော်လီကားကြီးတွေ အောက်မှာ ဆီဂျီးတပေပေ၊ ဗိုက်ပူပူ ကွမ်းတံတွေး တပျစ်ပျစ်နဲ့ လူကြီးကိုတွေ့ရင် ဘလော်ဂါ ပုလုကွေးလားလို့ မေးကြည့်ပါ ။ ဟုတ်ပါတယ်ဆိုပြီး လဖက်ရည်လိုက်တိုက်လိမ့်မယ်ဗျ။။။