ငါ မနေချင်တဲ့ ငါမုန်းတဲ့ မြို့လေး အကြောင်းကို ငါအိမ်မက် မက်တယ်။အဲဒီမြို့လေးဟာ ဧရာဝတီမြစ် ကမ်းနဖူးမှာတည်ရှိတယ်။ အဲဒီမြို့လေး မှာ ငါ ၆နှစ်လောက် နေဖို့ အကြောင်းဖန်ဖူးပေမဲ ငါတကယ်နေတာ ၁နှစ်တောင် ပြည့်ရဲ့လား မသိဘူး။ အခုအဲဒီမြို့လေးကို ငါလွမ်းနေတယ်။
အဲ့ဒီမြို့လေးကို ငါရန်ကုန်ကနေလာရင် ချစ်စရာကောင်းတဲ့ ဧရာဝတီအလှကို ငါအရင်မြင်ရတယ်။ ငါရောက်တဲ့ အချိန်ဟာ များသောအားဖြင့် ညဘက်ဖြစ်ပေမဲ့ ငါကို ဧရာဝတီကို ဟာနှုတ်ဆက်တယ်။ ဧရာဝတီဟာ သူရဲ့ ချိုမြမြလေပြေတွေနဲ့ အဲ့ဒီမြို့မှာ ငါကို နေဖို့ စွဲဆောင်ပေမဲ့ ငါဟာ မီးခိုးများတဲ့ ရန်ကုန်ကနေ မထွက်ခွာ ချင်ခဲ့ဘူး။
ဧရာဝတီမြစ်ကြီးထဲမှာ ငါရေကူးဖူးတယ်။ ငါဧရာဝတီမြစ်ထဲမှာ ရေကူးဘောင်းဘီ ဖင်ကျပ်လေးနဲ့ ငါကူးတော့ အဲဒီမြို့က လူတွေ ငါကို စူးစမ်းတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ ငါတို့ တခါတလေ ဧရာဝတီကမ်နဖူးပေါ်က ဧရာရဲ့ လှိုင်းတွေကို စီးနေတဲ့ စားသောက်ဆိုင် မှာထမင်းစားရင်း ဧရာဝတီကို ဘီယာနဲ့ မြည်းခဲဘူးတယ်။ ဒဲ့ဒီညမှာ ဧရာဝတီ ဟာ ပျော်မြူးနေတယ်။ တခါတလေ ငါဟာ ဧရာဝတီရဲ့ ရင်ခွင်ကို ဖြတ်ပြီး ကိုဖက်ဒီဘက်ကမ်းကို ဆိုင်ကမ်းလျှောက် မောင်းဖူးတယ်။ ဧရာဝတီရဲ့ လေပြေဟာ ငါကိုကျီစယ်လို့ပေါ့။
အဲဒီမြို့လေးဟာ ငါကြိုက်တက်တဲ့ အစားစာတွေနဲ့ ငါကို ဆွဲဆောင် ဖြားယောင်းလေ့ရှိတယ်။ သူတို့ရဲ့ သင်္ကေတလို့ ဆိုနိုင်တဲ့ စားစရာတစ်ခုဟာ ငါရဲ့မနက်စာ အဖြစ် ငါနေတဲ့ရက်အတွင်းမှာ ခုန်ပေါက် ရောက်ရှိလာလေ့ရှိတယ်။ လက်ဖက်ရေ. ကော်ဖီမကြိုက်တဲ့ ငါ့အတွက် မုန်းဟင်းခါးအစားထိုး မနက်စာတစ်ခု ကို ငါမက်မက်သက်သက်စားခဲ့တယ်။ တချို့ညတွေမှာ ငါဟာ ဗိုလ်ချုပ်ကို အလေးပြုရင်း ဘီယာစုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကတော့ ဘီယာစုပ်နေတဲ့ ငါတို့ကို မြင်းကြီးပေါ်ကနေ ကြည့်ရင်း သတိပေးနေသလိုပဲ။
နောက်ဲဒီဒေသထွက် ယိုမျိုးစုံဟာလည်း နာမည်ကြီးသား။ အေးချမ်းတဲ့ညတွေမှာ ငါတခုတ်တရစားလေ့ရှိတာကတော့ ပြောင်းဖူးမီဖုတ်ပဲ။ သူတို့ဒေသထွက် ပြောင်းဖူးဟာ ချိုမြိန်လှတာမို့ ငါမက်မက်မောမော စားလေ့ရှိတယ်။
အဲ့ဒီမြို့လေးဟာ အညာမဟုတ်ပေမဲ့ အညာဆန်တယ်။ စကားအပြောအဆို အနေအထိုင်တချို့ဟာ အညာရောက်နေသလိုပါပဲ။ သူတို့မြို့လေးနဲ့ ငါတို့အပြောအဆို ကွာခြားချက်တစ်ချို့ကို ငါမှတ်မိနေသား။ ဘာတဲ့“ ဟုတ်လောက်တယ်” ဆိုတဲ့ အသုံးအနှုန်း..ဟုတ်လောက်တယ်ဆိုတာ တကယ်တော့ ငါတို့ အနေနဲ့ ဖြစ်လောက်တယ် ဖြစ်နိုင်ခြေ ရှိတယ်လို့ သုံးပေမဲ့ သူတို့က မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးတယ်။
အဲ့ဒီမြို့လေးက လူတွေဟာ ငါတို့လိုကောင်တွေကို အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ တစ်ခါတလေ ကြည့်တက်တယ်။ ငါတို့ကို လေးစားတက်သလို ငါတို့ဆိုရင် အဲဒီမြို့လေးမှာ အစစအရာရာ ပွဲပြီးသလောက်ပါပဲ။ ဥပမာတစ်ခုအနေနဲပေါ့ ဘဏ်အခက်အခဲတွေ ဖြစ်တုန်းကပေါ့ အဲ့ဒီမြို့လေးမှာ ဘယ်သူ့ကို မှ ပိုက်ပိုက်မထုတ်ပေးချိန်မှာ ငါတို့ ဟာ ငါ့တို့ရဲ့ အမှတ်တဆိပ်ကတ်လေးတွေနဲ့ အိမ်ကပို့တဲ့ ပိုက်ပိုက်၊ စုထားတဲ့ ပိုက်ပိုက်တွေကို သွားထုပ်နိုင်ခဲ့ကြတယ်။
ဧရာဝတီရဲ့ကျေးဇူးကြောင့် အဲ့ဒီမြို့လေးရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ အသီးအနှံဖြစ်ထွန်းအောင်မြင်တယ်။ မြို့လေးရဲ့အထွက်မှာ သစ်သီး အနှံ တွေကို ရန်ကုန်တင်ပို့တဲ့ ကုန်စည်ဒိုင်လေးတွေရှိတယ်။ သြဇာသီးချိန်ဆို ငါဟာ လည်ချောင်းတွေနာလာတဲ့ အထိ သြဇာသီးတွေ တစ်ဝ တပြဲစားခဲတယ်။
အဲ့ဒီမြို့လေးမှာ မနေချင်တဲ့ ငါဟာ သူများတွေထက် ၂နှစ်ပိုနေခဲ့ရတယ်။ သူများတွေ ၄နှစ်လောက်နေတာကို ငါဟာ ၆နှစ်လောက်နေဖို့ အကြောင်းဖန်လာတယ်။
အဲဒီမြို့လေးကို ငါနောက်ဆုံးနှုတ်ဆက်ခဲ့တာ ၂၀၀၆လောက်ကပေါ့။ ပါးပါးမားမားတို့လာကြိုတဲ့ ကားလေးနဲ့ ငါဟာ အဲဒီမြို့တခွင်ကို သွားရင်း နှုတ်ဆက် ခဲတယ်။ နောက်ဆုံးအနေနဲ့ အဲ့ဒီမြို့ရဲ့ မြို့နယ်မှုး(ပါးပါးရဲ့လုပ်ဖော်ကိုင်ဖက်လဲဖြစ်၊ မာမီတပည့်လဲဖြစ်၊ ငါနဲ့ ဇာတိတူလဲဖြစ်သူ…) ကဧည့်ခံကျွေးမွေးတဲ့ နေလည်စာကို တောာင်ဘက်ကြယ် စားသောက်ဆိုင်မှာ စားသောက်ရင်း ငါဟာဧရာဝတီရဲ့ အလှကို နောက်ဆုံးခံစားခဲ့တယ်။
အခုချိန်မှာတော့ ငါမနေချင်တဲ့ ငါမုန်းတဲ့ မြို့လေး ငါလွမ်းနေတယ်။ မြို့လေးရေ လွမ်းတယ်ကွာ…။
………….......................................................................................................................
ဒီပို့စ်လေးမှာ ကျတော်သုံးထားတဲ့ “ငါ” “ငါတို့” ဆိုတဲ့ အသုံးအနှုန်းလေး ဟာ အနည်းငယ် ရိုင်းတာ မို့ ခွင့်လွှတ်ပေးပါ။ “ငါတို့” ဆိုတာ သမုဒ္ဒရာကြီး ဖြစ်ရင် “ငါ”ဆိုတာဟာ သမုဒ္ဒရာထဲက ရေတစ်ပေါက်မျှသာ ဖြစ်ပါတယ်။ ဒီပို့စ်လေးဟာ ကျတော့ မန်မိုရီစတစ်ထဲမှာ ခိုအောင်းနေတာ ဒီညနဲ့ဆို ၉ရက်မြောက်ပြီပေါ့။ ဒီပို့စ်လေးဟာ ကျတော် အိမ်မက်က လန့်နိုးပြီး ထရေးထားတဲ့ ကျတော့ရင်တွင်းဖြစ် စစ်စစ်လေးပါ။ တခြား သောသူများထံမှ မှီငြမ်းထားခြင်း
လုံးဝ လုံးဝ မရှိပါကြောင်း အာမခံပါသည်။ ဓါတ်ပုံလေးကတော့ ကျတောအဖွဲ့တွေ အာလုံးယူနေကြ +x-xx တို့ ရိုက်ထားတဲ့ ပုံလေးတွေထဲက တစ်ခုပါ။