Sunday, March 29, 2009

ဝါသနာ

ပုလုကွေး ဘာဝါသနာပါလဲဆိုတော့ စာဖတ်တာ အရမ်းဝါသနာပါတယ်ဗျ။ ဒါပေမဲ့ တက်ကျမ်းတို့၊ သိုင်းစာအုပ်တို့ ဘာတို့ကိုလုံးဝ မဖတ်ဘူး။ တော်တော်များများသော အချစ်ဝတ္ထုတွေကိုလဲ မဖတ်ဘူး။ အကြိုက်ဆုံး ဂျာနယ်နဲ့ မဂ္ဂဇင်းတွေက the voice weekly ၊ living color magazine နဲ့ အရင်က ဓန ….etc ။ မိုးအေးအေးမှာ စာအုပ်လေး တစ်အုပ်နဲ့ အိပ်ယာပေါ်မှာ ကွေးခဲ့တဲ့ ဟိုတစ်ချိန်ကို သတိရမိတယ်။

နောက်ပီး ကွန်ပျူတာကို ဖျက်ရမယ်ဆို လဲ အရမ်းဝါသနာပါတယ်။ သူများ ကွန်ပျူတာ တစ်ခုခုဖြစ်လို့ ပျင်ရမယ်ဆိုလဲ အလကား ပြင်ပေးတယ်။ လိုအပ်ရင် ဘတ်ကတ်လုပ်ဖို့ စီဒီတောင် စိုက်ပေးသေးတယ်။ ဒါပေမဲ့ ကွန်ပျူတာ ပြင်တာ ကတော့ သူများတွေလို စနစ်ကျကျလေ့လာထားတာ မဟုတ်တော့ အရမ်းကြီး တော့မကျွမ်းဘူးဗျ။ ဆီပျောက် မီးပျောက်လောက်တော့ရပါတယ်။ သူများစက်ကို မပြင်ရရင် ကို့ကွန်ပျူတာကို ကလိနေတယ်။ ဒါကြောင့် ကျတော့ ဟာလူးလေးဆို ဝယ်တာ တစ်နှစ်မပြည်သေးဘူး ဖောမတ်ရိုက်တာ ၅ကြိမ်လောက်ရှိပီ။ ဟဟ။

နောက်ပီး ဆော့ဝဲလ် တွေ စုတာ ဝါသနာပါတယ်။ ဘယ်က အလကား ရမလဲ။ ဘယ်လို ဒေါင်းကမလဲဘဲ ချောင်းနေတာ။ နောက်တစ်ချိန်တော့ ရန်ကုန်မှာ ဆော့ဝဲလ်သူခိုးဆိုင်ကြီး ပြန်ဖွင့်မယ်။ အခုလို ခေတ်ပျက်တုန်းပဲ ဆိုရင်ပေါ့လေ။ (ဟုတ်တယ်လေ ခေတ်ကောင်းရင် ကော်ပီရိုက်တွေ ကော်ပီလက်ဖ် တွေနဲ့ ညိကုန်မပေါ့)။

ကဲဘာဝါသနာပါသေးလဲ … အခုလောလောဆယ် စဉ်းစားမိတာ ဒါအကုန်ပဲဗျ။ ကဲ အသက် လို့ ကျတော်ခေါ်တဲ့ သက်ပိုင်သူ ရေ ကျေနပ်တော့နော်….။ ဘယ်သူကိုမှလဲ လက်မလွှဲတော့ဘူး။

Friday, March 27, 2009

ရွှေ ၆၂ ထဲက ကျွန်တော်ရဲ့ ရွှေ (မြွေအိမ်)---အပိုင်း ၂

အပိုင်း (၂)
မြွေအိမ်
ရေးသူ…ထက်ငြိမ်းဝေ
အမှတ် ၁၂၂၊ ဇန်နဝါရီလ၊ ၂၀၀၀ ပြည့်နှစ်
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း


အပိုင်း (၂)

“ရွှတ်ရွှတ်.. ဘရားသား၊ ရှိတယ် လာလာ”


ဧည်ကြိုကောင်လေး ခေါ်ရာနောက်ကို လိုက်ဝင်လာခဲသည်။ အခန်းကျယ်ကြီးထဲမှာ ခုံတန်းရှည်သုံးခု ချထားသည်။ တစ်ဖက်ခြမ်းမှာတော့ တံခါးတွေ စေ့ရုံပိတ်ထားသော အခန်ကျဉ်း လေးငါးခု ကိုတွေ့ရည်။ အခန်းကျယ်ထဲက လူတွေကို တစ်ချက်ဝေ့ကြည့်လိုက်တော့ မိန်းကလေး သုံးယောက်နှင့် ယောင်္ကျားအရွယ်စုံ ဆယ်ယောက်ခန့်။ အင်း ..မျက်နှာသိ တစ်ယောက်မှ မပါလို့ တော်ပါသေးရဲ့။

“ဘရားသား ကြိုက်ရာရွေးနော်။ အသစ်ကလေးတွေ ရောက်နေတယ်။ တိုကင် ကြိုယူထားပါလား”

“ဘယ်လောက်ပေးရမလဲ”

“သုံးရာ”

“မများဘူးလား၊ ကျတော့ သူငယ်ချင်က ပြောလိုက်တာ နှစ်ရာတဲ့”

“ဟာ ..မရတော့ဘူး ဘရားသား၊ ဈေးတက်သွားပြီး”

“ကဲ…ပေးပေး၊ တိုကင်တစ်ခု”


တိုကင် ယူပြီးမှ ရွေးချယ်ဖို့ စေ့စေစပ်စပ် ကြည်လိုက်သည်။ စိတ်ကြိုက် မတွေ့ရ။ အခန်းထဲမှ ထွက်လာသူများကို စောင့်ကြည့်ပြန်သည်။ အကြိုက် မတွေ့ပြန်။ တစ်ခုမဟုတ် တစ်ခု မယ်ခရားလေးတွေ တွေ့နေရသည်။

“ဘရားသား မြန်မြန်ရွေးနော်။ အခန်းလွတ်၇ှိနေတုန်း ဝင်ရအောင် ။ တော်ကြာ နောက်လူတွေ ရောက်လာရင် ကျပ်ကုန်မယ်”


နောက်လူတွေ။ ဧည့်သည် အသစ်တွေ ရောက်လာနိုင်သည် ။ ထိုအထဲတွင် မျက်နှာသိ ပါလာနိုင်သည်။ ပြီးတော့ သည်အထဲမှာ ထိုင်နေရတာ စိတ်မလုံ။ “ပေးပြီး ကမ်းပြီးသား စိတ်ချရတယ်” ဆိုပေမယ့် ဘာကို မှန်းမသိ သူ စိုးရိမ်နေသည်။ သည်တော့ စိတ်ကြိုက်မဟုတ်ပေမယ့် နည်းနည်း သင့်မည် ထင်တာကို မြန်မြန်ရွေးချယ် လိုက်ရသည်။

“လာ…အစ်ကို၊ ဒီအခန်းအားတယ်”
သူမ ဦးဆောင်ရာနောက်ကို လိုက်ဝင်ခဲ့သည်။

“ပေးလေ…. တိုကင်”
လက်ထဲကိုင်ထားသော တိုကင်ကို လှမ်းပေးလိုက်သည်။

“မုန့်ဖိုးပေးရမှာနော်”

“ဟာ….အဲဒီမှာ သုံးရာတန် တိုကင်ပေးပြီးပြီပဲ”

“အဲဒီအထဲက ကျွန်မတို့က ခြောက်ဆယ်ပဲ ရတာ။ အစ်ကိုတို့ သနားလို့ မုန်းဖိုးပေးမှသာ”

“အင်း ကျွန်တော်လဲ သိပ်ပါတာ မဟုတ်ဘူး။ ဒီမှာ သုံဆယ်ပဲ ကျန်တော့တယ်”

“ကဲကဲ ရှိတာသာပေး”
မကြည်မလင်နှင့် လှမ်းယူသည်။

“ကဲ.. မြန်မြန် ၊ ကြာလို့မဖြစ်ဘူး။ နောက်လူတွေ ရှိသေးတယ်”
မျက်နှာထားနှင့် အမိန့်ပေးပြန်သည်။


“ဟာ…အဲဒါကြီးက အလကားရှုပ်လိုက်တာ”
အကာအကွယ် ပစ္စည်းလေးကို အိတ်ထောင်ထဲမှ ထုတ်ယူလိုက်တော့ စိတ်မရှည်သံနှင့် ပြန်ပြောသည်။
သည်နောက်တွင်…။

မည်မည်ရရ ပြောစရာဆိုလို့ ရင်တုန်တာရယ်( ရင်ခုန်တာမဟုတ်) ထင်သလောက်လည်း မဟုတ်သဖြင့် စိတ်ထဲမကျေနပ်တာရယ်၊ လူ့အဆင့်အတန်း အရ အောက်ဆုံးမှာ ရှိနေသူက မာရေကြောရေ ဆက်ဆံတာကို ခံရတာရယ်၊ ပြီးတော့ မသတီတာရယ်။

လူတစ်ကိုယ်လုံး နုံးချိသွားသည်။ နောင်တ ရတာလိုလို၊ ဝမ်းနည်းတာလိုလို၊ ကိုယ်ကိုယ်ကိုယ် နှမြောတာလိုလို ဖြစ်လာသည်။ မသတီစိတ်က ပိုမိုတိုးလာသဖြင့် ရုတ်ချည်း ထပြီး ရေအိမ်ဆီသို့ ပြေးသည်။ ရေအထပ်ထပ် သုံးသည်။ သို့သော် မသတီစိတ်က လျော့မသွား။

အိမ်အပြင် ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ စက်ဘီးကို ဆွဲယူပြီး ခပ်သွက်သွက်လေး နင်းမိသည်။ ခေါင်းထဲမှာ သည်အိမ်နှင့် မြန်မြန်ဝေးလိုစိတ်သာ ကြီးစိုးနေသည်။

အတော်လေး ခရီးပေါက်လာတော့ စိတ်ထဲမှာ အနည်းငယ် သက်သာသလို ခံစားရသည်။ ရင်တုန်တာ နည်းနည်းပြေလာသည်။ မွန်းကျပ်သလို ဖြစ်နေတာ နည်းနည်း လျောသွားသည်။ သို့သော်…

“ဟင်”
အနံတစ်ခုကို သတိထားလိုက်မိသည်။ အပေါစား မိက်ကပ်နံ ခပ်စူးစူး။ ပြီးတော့ ဘာရယ်လို့ တိတိကျကျ မပြောနိုင်သည့် မနှစ်သက်ဖွယ် အနံတစ်ခု။

သည်လောက် ဆေးလာတာတောင် သည်အနံက ကပ်ပါလာတာ။ ဧကန္တ နှာခေါင်းဆီက ဖြစ်မည်။ လက်ကိုင်ပုဝါကို ထုတ်ယူပြီး မျက်နှာတစ်ပြင်လုံးကို သုတ်လိုက်သည်။ ပြီးတော့ လက်ကိုင်ပဝါကို လမ်းဘေးသို့ အနှမြောမရှိ လွင့်ပစ်လိုက်သည်။

အနံရတာ သက်သာသလိုလို ဖြစ်သွားသည်။ သို့သော် လုံးလုံး ပျောက်မသွား။ တစ်ချက် တစ်ချက် အနံက ဝေ့ခနဲ၊ ဝေခနဲ ဖြစ်နေသည် ထင်မိသည်။ မတက်နိုင်တော့။

အင်း..အကာအကွယ် ပစ္စည်းလေး သုံးခဲ့တော့ ရောဂါတော့ မကူးလောက်ဘူး ထင်ပါရဲ့။ ကိုးဆယ့်ငါး ရာခိုင်နှုန်းလောက်တော့ စိတ်ချရတယ် ဆိုပဲ။

ဂုဏ်သိက္ခာကိုတော့ လျှာထိုးဦးထုပ်လေးနှင့် ကာကွယ်မိသည်။ တကယ်တမ်းတော့ နှစ်ဆယ်ရာနှုန်း ပင် ကာကွယ်နိုင်မည် မထင်။ စိတ်စင်ကြယ်မှုကို တော့ လုံးဝပင် အကာအကွယ် မပေးနိုင်ခဲ။ လွန်ခဲပြီ။
စိတ်ညစ်ညစ်နှင့် အိမ်ပြန်ရောက်လာခဲသည်။ မိသားစုက ဧည်ခန်းမှာ ထိုင်ရင် တီဗွီကြည့်နေကြသည်။ အိမ်ထဲဝင်ရမှာ မဝံ့မရဲ ဖြစ်နေပြန်သည်။ ကိုယ်ဆီက အနံကို အဖေတို့၊ အမေတို့ သတိထားမိသွားမှာ စိုးရိမ်နေမိပြန်သည်။ ပြီးတော့ ဧည့်ခန်းမှာ ညီမလေးလည်း ရှိနေသည်။ ညီမလေးနှင့် မျက်လုံးချင်း မဆုံချင်။
အိမ်ဘေးက ပတ်ပြီး နောက်ဖေးပေါက်မှ ဝင်ခဲသည်။ အိမ်ထဲရောက်တော့ အဝတ်အစားတွေကို အလျင်အမြန် ချွတ်ပြိး အဝေးဆုံးသို့ လွှင်ပစ်လိုက်သည်။ ပြီးတော့ ညကြီးအချိန်မတော် ရေတဗွမ်းဗွမ်း ချိုးးကာ ဆပ်ပြာအထပ်ထပ် တိုက်နေမိသည်။

“ဟဲ့ကောင် ဘယ်လိုဖြစ်လာတာလဲ၊ ညကြီး မင်းကြီး”

“မြောင်းပုပ်ထဲ ချော်ကျလာလို့ အဖေ”


ရေချိုးပြီး အဝတ်အစား အသစ်လဲကာ ပိုစိတ်ချရအောင် ရေမွှေးနည်နည်း ဖြန်းလိုက်သည်။ ရလောက်ပီ ထင်ပါရဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်စူးစမ်း ကြည်လိုက်သည်။ ရေမွှေးနံ သင်းသင်းကြားမှာ မနှစ်မြို့ဖွယ် အနံက တစ်ချက် တစ်ချက် စူးထွက်လာလေသည်။ ။။။။။။။။
---------------------------------------------------- --------------------------------------------------
အား ပါး လက်တော်တော်ညောင်းသွားပီ။ ဒီဝတ္ထုလေးကို ကျတော် ရွှေအမြုတေ မဂ္ဂဇင်းမှာ ကတည်းက ဖတ်ပီးနေတာ။ နောက်ထပ်ဖက်ချင်လို့ ပြန်ရှာတော့ ဘယ်လထုတ်မှန်း မသိတော့ ထပ်မဖက်ရတော့ဘူး။ ဒါနဲ့ ဦးဝင်းငြိမ်း ရဲ့ ရွှေ ၆၀ ထွက်လာတော့ ပါလာမလားလို့ ။ စောင့်ဖက်နေမိတယ်။ ပါမလာဘူး။ ရွှေ ၆၁ ထွက်လာတော့လဲ မာမီကဝယ်တယ်။ ဒီဝတ္ထုလေး များပါလာမလားလို့ မျှော်နေမိတယ်။ ပါမလာပြန်ဘူး။ မြန်မာပြည် ပြန်တော့ ရွှေ ၆၂ ထွက်တာတွေတာနဲ့ ကျတော်ဝယ်လာမိတယ်။ အခုမှပဲ ဒီဝတ္ထုလေး ကိုပြန်ဖတ်၇တော့တယ်။ ဒါကြောင့် ကျတော်ရဲ့ ဘာမဟုတ်တဲ့ ဘလော့လေးမှာ တင်မိတယ်။ ကျတော်မှတ်မိနေတာက ဒီဝတ္ထုလေးကြောင့် အရမ်းချစ်ကြတဲ့ အယ်ဒီတာကြီးနှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် မခေါ်မပြော ဖြစ်တာတော်တော်ကြာဆိုပဲ။ နောက်တော့မှ မင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေက ပြန်ပေါင်းစည်းပေးတော့မှပဲ ကျေအေးကြသတဲ့ဗျာ….အဲ့ဒီလို အဲ့ဒီလို…(ကျတော် အမှတ်မှားနေရင်တော့ ဆောရီး)။

Tuesday, March 17, 2009

ရွှေ ၆၂ ထဲက ကျွန်တော်အကြိုက်ဆုံးရွှေ (မြွေအိမ်)


မြွေအိမ်
စာရေးဆရာ…ထက်ငြိမ်းဝေ
အမှတ် ၁၂၂၊ ဇန်နဝါရီလ၊ ၂၀၀၀ ပြည့်နှစ်
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

(photo by google)

၅၈လမ်းအတိုင်း တောင်ဘက်ကို တည့်တည့်သွား အောင်စစ်သူ ကားဂိတ်တောင်ဘက်နားက ကုန်းမြင့်ဘက်ပေါ်မှာ အလယ်တန်း ကျောင်းကြီးတစ်ကျောင်း တွေ့လိမ့်မယ်။


ဟုတ်ပြီ တွေ့ပြီ။


အဲဒီကနေ တောင်ဘက်ကို နှစ်ပြကျော်ကျော်လောက် ဆက်သွားလိုက်၊ လမ်းအရှေ့ဘက် အစွန်ဆုံးက အိမ်ဟာ မင်းသွားချင်တဲ့ အိမ်ပဲ။


စက်ဘီးကို ခြေတစ်ဖက် ထောက်ရပ်လိုက်ပြီး ရှေ့ နှစ်ပြကျော်ကျော် သို့လှမ်းကြည့် လိုက်သည်။
အလို.. မှောင်စပျိုးအချိန် ဆိုပေမယ့် လမ်းမီးတွေနဲ့ လင်းထိန်နေပါလား။ လူတွေကလည်း သွားကြလာကြ စည်စည်ကားကားပဲ။ ကိုယ်ထင်ထားသလို မြို့အစွန် ချောင်ကလေးထဲက လူသွား လူလာနည်းတဲ့ ခပ်မှောင်မှောင် နေရာတစ်ခုမဟုတ်ပါလား။


ဆက်သွားရမှာပင် ရှက်သလိုလို ရွံသလိုလို ဖြစ်သွားသည်။


အင်း..လူမမြင် သူမမြင် နေရာမှတ်လို့ လာခဲ့တာ၊ လူတွေ အများကြီး ဆိုတော့ မခက်ဘူးလား။ မတော် အသိတစ်ယောက်ယောက် နဲ့တွေ့နေရင် ဘယ်လိုလုပ်မလဲ။ သည်ကို ဘာလာလုပ်လဲ မေးရင် ဘယ်လိုဖြေမလဲ။ အကြောင်း ပြချက်တစ်ခုခုတော့ စဉ်းစားထားရမယ်။ ဒါပေမယ့် ယုံပါမလား။ ကိုယ်ပြောတာကို မယုံဘဲ ပြုံးဖြီးဖြီးကြီး လုပ်နေရင် ပိုပြီးအနေခက်ရောမယ်။


နောက်ကြောင်းပြန် လှည့်ရကောင်းမလား စဉ်းစားမိပြန်သည်။


အို …ဒီလောက်အဝေးကြီး စက်ဘီးနင်းလာခဲ့ပြီးမှ ဘာမှမဟုတ်ဘဲ လှည့်ပြန်ရရင် မောစရာ။


ပြီးတော့ ဒီကိုလာနိုင်ဖို့ ဆယ့်ငါးရက်လောက် လက်ဖက်ရည် အငတ်ခံပြီး ပိုက်ဆံစုခဲ့ရတာ။ အရင့်အရင် လတွေတုန်းကလည်း သွားမယ်သွားမယ် တစ်ခေါက်လောက်တော့ သွားကြည့်ဦးမယ်နဲ့ စိတ်ကူးပဲ ရှိပြီး ရွံတွန့်ရွံတွန့် ဖြစ်နေတာနဲ့ မရောက်ခဲ့ဘူး။ ဒီနေ့တော့ စိတ်ကို ရဲရဲပိုင်းဖြတ်ပြီး ထွက်လာခဲ့တာ။ လိုရာရောက်ဖို့လည်း လက်တစ်ကမ်းပဲ လိုတော့တဲ့ဟာ။ ဒီလောက်ထိ ရောက်ပြီးမှ လှည့်ပြန်ရရင် မဟုတ်သေးဘူး။


ပြီးတော့ ဒီနေရာက ကိုယ်နေတဲ့ နေရာနဲ့ဆို တော်တော်တော့ လှမ်းတာပဲ။ ဒီအရပ်မှာ ကိုယ့်ရဲ့ အသိတော မရှိလောက်ဘူး ထင်ပါရဲ့။ တကယ်လို့ မျက်နှာသိ ရှိနေတောင် လျှာထိုးဦးထုပ်နဲ့၊ နေကာမျက်မှန်နဲ့ ဖြစ်နေတဲ့ ကိုယ့်ကို ရုတ်တရတ်တော့ မှတ်မိမှာ မဟုတ်ပါဘူး။ ဆက်သွားလိုက်တာ ကောင်းပါတယ်လေ။


နေဦး၊ နေမပူဘဲ ဦးထုပ်နဲ့ နေကာမျက်မှန်နဲ့ ဆိုတော့ ကောင်းပါ့မလား။ လူတွေ ပိုပြီး သတိထားမိအောင် လုပ်သလို ဖြစ်နေမလား။ မျက်မှန်တော့ ချွတ်ထားတာ ကောင်းမယ်ထင်ပါတယ်။ ဦးထုပ်ကတော့ တချို့လည်း နေမပူဘဲ ဒီလိုဆောင်း တက်ကြတာပဲ။ မျက်မှန်ချွတ်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားလိုက်မယ်။ ခေါင်းငုံ့ထားရင် မျက်နှာကို သူများကို မမြင်နိုင်တော့ဘူး။ အသေအချာ မကြည့်ရင် ပေါ့လေ။

အဲ..တစ်ခုတော့ ရှိတယ်။ အဲဒီအိမ် ရောက်ရင်တော့ ခေါင်းအမြဲငုံ့ထားလို့တော့ မရတော့ဘူး။ ခေါင်းမော့ပြီး ဟိုဟိုသည်သည် ကြည့်ရတော့မယ်။ ဒါဆိုရင် အဲ့ဒီအိမ်မှာရှိတဲ့ လူတွေနဲ့ အဲဒီအိမ်ကို လာတဲ့ ကိုယ်လိုလူတွေကတော့ ကိုယ့်မျက်နှာကို သေသေချာချာ မြင်ရမှာပဲ။ အဲဒီအထဲမှာကော ကိုယ့်အသိ မရှိနိုင်ဘူးလား။ အင်း.. ရှိနိုင်တာပေါ့။ အဲဒီိလိုများ တွေ့ခဲ့ရင် မျက်နှာကို ဘယ်လိုထားရပါ့။ တစ်သက်လုံး ရိုးရိုးအေးအေး နေခဲ့သမျှ သိက္ခာတွေ ရေစုန်မျောကုန် မှာပဲ။ “တစ်ခါခိုးစား၊ တစ်ခါမိ” ဆိုသလို ဖြစ်နေရင် ဒုက္ခ။

အိုလေ.. ကိုယ်လည်း လောကီသား သွေးနဲကိုယ်၊ သားနဲ့ကိုယ်ပဲဟာ။ တစ်ခါတလေတော့ ရှိမှာပေါ့။ သူများတွေလို ခဏ ခဏ အလွန်အကျွံမှ မဟုတ်တာ။ ပြီးတော့ ဒီအိမ်မှာ ဆုံကြပြီး ဆိုမှတော့ “သည်ပုတ်ထဲက သည်ပဲ” ပဲပေါ့။ ဆင်ဖြူမျက်နှာသာ ဆင်မည်း မကြည့်ဝံတာ။ ဆင်းမည်း ဆင်မည်း ချင်းတော့ ဘာလို့ ဝံ့ရမှာလဲ။

စိတ်ကို တင်းပြီး စက်ဘီးကို ဆက်နင်းလာခဲ့သည်။ ရောက်လိုသော အိမ်နှင့် နီးလာတော့ ရင်ခုန်နှုန်က တော်တော်လေး မြန်လာသည်။ တကယ်ဆို အသက် ၃၃နှစ် အရွယ် လူပျိုကြီး တစ်ယောက်အနေနှင့် မိန်မပျိုလေးတစ်ယောက်ကို သည်မျှရင်ခုန်နေဖို့ မကောင်းဟု ထင်သည်။ ဒါပေမယ့် သူ့ဘာသာသူ အလိုလို ခုန်လာတာတော့ ဘာမှမတက်နိုင်။ သည် အတိုင်း ပင် ဆက်နင်းလာခဲ့သည်။ အိမ်ရှေ့ တည့်တည့်ကို ရောက်တော့ ရင်ထဲက ဟာတာလိုလို၊ မောတာလိုလို ဖြစ်နေပြီး မျက်နှာက ထူပူရှိန်းဖိန်းနေပြန်သည်။
နောက်တစ်ပိုင်း သောကြာနေ့တင်ပါမည် ။ ည ( ရ )နာရီ

Wednesday, March 11, 2009

အမြန်လမ်းမပေါ် ခဏတာ

ပုလုကွေးလေး မြန်မာပြည် ပြန်တော့ ဘယ်ရောက်ခဲ့လဲဆို ဟီးဟီး ဘယ်မှထွေထွေထူးထူး မသွားဖြစ်ခဲ့ဘူး။ ပထမတော့ ပါကြီး၊ မာမီ၊ မကြီး(ကျတော့ရဲ့ တစ်ဦးတည်းသော အစ်မ) အပါအဝင် အိမ်က ကလေးတွေနဲ့ အားလုံး ချောင်းသာသွားပီး ဂျလန်း ဂျလန်းလုပ်ဖို့ စီစဉ်ထားပေမဲ့ မကြီး ကျန်းမာရေးကြောင့် မသွားဖြစ်ခဲ့ဘူး။

တနေ့တော့ ပုလုကွေးတို့ အိမ်နဲ့နီးတဲ့ အမြန်လမ်းကို ပါကြီးက သွားမယ်ဆိုတာနဲ့ ပုလုကွေးလဲ လိုက်ခဲ့တယ်။ အမြန်လမ်းတလျှောက်ပုလုကွေးလဲ ဓါတ်ပုံတွေ ရိုက်နိုင်သလောက် ရိုက်ခဲ့တယ်။ အဲ့ ဒီအမြန်လမ်းမှာ ပုလုကွေး အချစ်ဆုံး ဒီကောင်ကြီးလဲ အရင်က အလုပ်လုပ်ခဲ့ဘူးတယ်။ ခုတော့ ပုလုကွေးတို့အိမ်မှာ ဒီကောင်ကြီး မရှိတော့ပေမဲ့ ဒီကောင်ကြီးရဲ့ အစ်ကိုတွေ ညီတွေကတော့ အလုပ်လုပ်တုန်းဗျ။ (ဒီကောင်ကြီး အကြောင်းကို မသိသေးရင် ဒီမှာဖတ်ပေးပါနော်)
ဒါက အမြန်လမ်းမ မရောက်ခင် အမြန်လမ်းမနဲ့ လက်ရှိရန်ကုန်မန်လေး ဆက်သွယ်ပေးမဲ့ ဖြတ်လမ်း
ဒါကတော့ တံတားပေါ်က အမြန်လမ်းမနဲ့ တံတားအောက် ကျေးရွာချင်းဆက် လမ်းတွေ (အမြန်လမ်းမပေါ်ကနေ ဘယ်လမ်းမှပေးမဖြတ်ဘူး လမ်းအောက်ကပဲ တံတားပုံစမျိုးဖောက်ထားတယ်)


အမြန်လမ်းမ ပေါ်ရောက်ပါပီ
လမ်းတွေက ဟောဒီလိုမျိုး ဖြူးနေတာပဲ
ဘိလပ်မြေဖျော်စက်တဲဗျ (အဲဒီလို စက်မျိုး ဆယ်မိုင်မှာ တစ်လုံးရှိတယ်)
ဒါက ဝါးကတုတ်ဆည်ဗျ (လမ်းမှာ ဒါးက ဆည်လဲတွေ့ခဲ့သေးတယ်)
လှမ်းမြင်နေရတဲ တောင်ဂုံးဘေးက နီနီ အဆောက်အဦးတွေက အမြောက်တပ်ဆိုပဲ
(လေးကြောင်းအရံတပ်လား အမြောက်တပ်လားမမှတ်မိတော့ဘူး)
ဆီဆိုင်တွေလဲ ဆောက်ပေးထားတယ်ဗျ
ဒါက တော့ အပြန်ပေါ့ဗျာ
--------------------------------------------------------------------

Saturday, March 7, 2009

စိတ်ကူးယဉ် အိမ်မက်များ

ကျတော်ငယ်ငယ်က တောာ်တော်ကို စိတ်ကူးယဉ်တက်တဲ့ ကောင်ဗျ။ စိတ်အလို မကျတာ စိတ်မကျေနပ်တာတွေ ရှိရင် ကိုယ်ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်ပီး လျှောက်လုပ်နေမိတယ်။ အသက်ကလေးရလာတော့ တိလွင့်လေလို ဖြစ်နေတဲ့ စိတ်တွေကို အသိကလေးကပ်ပီး ထိန်းထားနိုင်လာတယ်လေ။

အခုအချိန်မှာ ငယ်ငယ်ကလောက် မများတော့ ပေမဲ့ စိတ်ကူးယဉ်မှုလေးတွေက တော့ ရှိနေတုန်းပဲလေ။
ဒါနဲ့ ကျတော်ငယ်ငယ်က စာအုပ်လေးတွေကို အရမ်းချစ်တာ။ စာအုပ်လေးတွေ ဖက်နေရရင်၊ စာအုပ်သစ်လေးတွေ ကိုင်နေရရင် လူကို မော့မော့ မော့မော့နဲ့။ ကျောင်း တက်တုန်းကလဲ ဆရာမများ စာအုပ်တွေ ၊ ဂိုက်ရှိလ် အသစ်လေးတွေ များပေးလို့ကတော့လေ ပျော်နေတာပေါ့။

ယူနီရောက်တော့ လည်း ဒီလိုပါပဲ။ ဒါပေမဲ့ ကျတော်တက်ခဲ့ရတဲ့ကျောင်း က လိုက်ဘရီမှာ စာအုပ်ဆိုလို ဗီရို ၃၊ ၄လုံးပဲရှိတာ။ ဒါတောင် တချို့ဆို ကျတော်တို့ ငှားလို့ မရတဲ့ for show တွေပဲ။ ကြို့ ကုန်းကျောင်းကြီးမှာတော့ အများကြီးပေါ့။ ဒါပေမဲ့ ကြို့ကုန်းကျောင်းဆိုတာ ကျတောာ်တို့ အပတ်တိုင်း သွားနိုင်တာမှ မဟုတ်တာလေ။ ကျတော့ စိတ်ကလဲ တစ်မျိုး၊ ကျောင်းက တစ်ခုသင်လိုက်ရင် သူနဲ့ ပတ်သက်တာတွေ သက်ဆိုင်တဲ့ reference တွေ ထပ်ဖက်လိုက်ရမှ ကျေနပ်တာ။ ရန်ကုန်မှာတုန်းက တော့ စာအုပ်တွေ ရှာရတာ မလွယ်ဘူးလေ။ အရင်ကလဲ အခုလောက်မှ ဂူးဂဲတစ်တွေ ဟိုမွှေ ဒီနှောက်တွေ သိပ်မသုံးတက်သေး။ သာမန်လောက်ပဲ ရှာတက်တာလေ။

တနေ့တော့ ကျတော် လိုင်ဘရီတစ်ခုကို သွားတွေတယ်လေ။ အဲဒါက mmopenlibrary လေ။ အဲ့ဒါမှာ ကျတော်ဖတ်ချင်တဲ့ လေ့လာချင်တဲ့စာအုပ်တွေ တော်တော်များများကို သွားတွေ့တယ်။ အားလုံးကို အလွယ်တကူဒေါင်းလို့ ရအောင် လုပ်ပေးထားတယ်။ တော်တော်ပျော်သွားပေါ့ဗျာ။ mmopenlibrary လေးမှာ ကျတော်လိုချင်တာတွေ ဒေါင်မယ်။ ကျတော့မှာ ရှိတာတွေကို ပြန်ဝေမျှမယ်ပေါ့။ ကျတော့ ရဲ့ အပျော်လေးဟာ ကြာကြာမခံပါဘူး။ မကြာခင်ပဲ mmopenlibrary ဝဘ်ဆိုဒ် လေးဒေါင်းသွားတယ်။ ပထမတော့ အော်ပြန်တက်လာနိုး ပြန်တက်လာနိုးပေါ့။ အဲ့ဒီအချိန်တုန်းကလလည်း ကိုကြီးဒီဘီအေ တို့ ဘာတို့နဲ့ သိပ်မရင်းနှီးသေဘူးလေ။ နေတိုင်း အင်တာနက်ဝင်ရင် mmopenlibrary လေးကို ဝင်ကြည့်ရတာက အမော။ အခုအချိန်ထိတော့ mmopenlibrary လေးကို ပြန်မတွေရသေးဘူး။ သူတို့ မှာလဲ မူပိုင်ခွင့်တွေ ဘာတွေ ရှိနေမယ်ထင်ပါတယ်။

ကျတော့ စိတ်ကူးအိမ်မက်လေးကတော့ တနေ့မှာ ရန်ကုန်မှာ လိုင်ဘရီလေးတစ်ခုဖွင်ချင်ပါတယ်။ အဲ့ဒီလိုင်ဘရီလေးမှာ hardcopy စာအုပ်လေးတွေ သိပ်မရှိပဲ ကွန်ပျူတာလေးတွေရယ်၊ စာအုပ်လေးတွေရဲ့ softcopy လေးတွေရယ် နောက် ဈေးနှုန်းချိုသာစွာ ပရင့်ထုပ်လို့ရမဲ့ ပရင်တာရယ်၊ မိတ္တူကူးစက်လေး
ရယ်ပဲရှိမယ်။ နောက်ဆုံထွက် စာအုပ်တွေကို ဒေါင်းပီးတော့ ဆာဗာထဲမှာ သိမ်းပေးထားမယ်။ လိုချင်တဲ့ စာအုပ်ကို ယူပေါ့ဗျာ။ ပထမပိုင်းတော့ rs လို မျိုးဆိုဒ်တွေက နေ ခိုးကူးမယ်ပေါ့ဗျာ။ နောက်ပိုင်း တော့ ပိုက်ပိုက်တက်နိုင်တဲ့ အခါ မူပိုင် ဝယ်မယ်ပေါ့ဗျာ။ အဲ့ဒီိလို အွန်လိုင်းမဟုတ်တောင် အော့လိုင်း ဖရီးလိုင်ဘရီလေးတစ်ခု ဖွင့်ချင်မိတယ်ဗျာ။

ကျတော့ စိတ်ကူး အိမ်မက်လေးတွေဟာ တစ်နေ့တော့ အကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်ရင်း ညီမလေး မိဂူးမီ နဲ့ ညီမငယ် ဝှိုက်တို့ရဲ့ tag ဂိမ်းလေးကို ပြန်ရေးလိုက်ပါတယ်။ နောက်ကျလွန်းမက နောက်ကျတဲ့အတွက် ခွင်လွှတ်ပါလို့ ပြောချင်ပါသေးတယ်။